Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း

 2566

ရောင်နီ (NP News) - အောက်တိုဘာ ၁၈

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ အစီရင်ခံစာအရ Coca-Cola ဟာ Minute Maid Zero Sugar Lemonade တံဆိပ်တပ်ထားတဲ့ ပုလင်းတွေမှာ Full - Sugar version ပါရှိနေတာ တွေ့ရတာကြောင့် အချိုရည်ပုလင်း (၁၃,၀၀၀)ကျော် ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

Coca-Cola ရဲ့ Minute Maid Lemonade တစ်ဗူးမှာ သကြား (၄၀)ဂရမ် ပါဝင်နေတယ်လို့ Amazon ရဲ့ ထုတ်ကုန်အချက်အလက်တွေအရ သိရပါတယ်။ ဒါကြောင့် FDA က ကျန်းမာရေး အန္တရာယ်နဲ့ပတ်သက်ပြီး အန္တရာယ်အဆင့် II ထိ သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ အချိုရည်တွေကို အမေရိကန် အင်ဒီယားနား၊ ကန်တပ်ကီနဲ့ အိုဟိုင်းယိုးပြည်နယ်ရှိ လက်လီရောင်းချရေး စတိုးဆိုင်တွေဆီ တင်ပို့ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဝယ်ယူသူတွေက ပါကင်မှာရိုက်နှိပ်ထာတဲ့ Minute Maid Lemonade ရဲ့ ကုဒ်နံပါတ် FEB1725CNA သို့မဟုတ် FEB1725CNB ကုဒ်တွေကို သတိထား ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ပြန်လည်သိမ်းဆည်းမှုဟာ စက်တင်ဘာလ အစောပိုင်းတည်းက စတင်ခဲ့တာ ဖြစ်ပေမယ့် အဲဒီအချိန်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။ FDA ရဲ့ အဆိုအရတော့ ဒီပြန်လည်သိမ်းဆည်းမှု လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version
Coca-Cola ရဲ႕ Zero Sugar လီမြန္နိတ္မွာ Full Sugar version စစ္ေဆးေတြ႕ရွိရတာေၾကာင့္ အခ်ိဳရည္ပုလင္း ေထာင္ေပါင္းမ်ားစြာ ျပန္လည္သိမ္းဆည္း
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၈

အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲမႈအဖြဲ႕ အစီရင္ခံစာအရ Coca-Cola ဟာ Minute Maid Zero Sugar Lemonade တံဆိပ္တပ္ထားတဲ့ ပုလင္းေတြမွာ Full - Sugar version ပါရွိေနတာ ေတြ႕ရတာေၾကာင့္ အခ်ိဳရည္ပုလင္း (၁၃,၀၀၀)ေက်ာ္ ျပန္လည္သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။

Coca-Cola ရဲ႕ Minute Maid Lemonade တစ္ဗူးမွာ သၾကား (၄၀)ဂရမ္ ပါဝင္ေနတယ္လို႔ Amazon ရဲ႕ ထုတ္ကုန္အခ်က္အလက္ေတြအရ သိရပါတယ္။ ဒါေၾကာင့္ FDA က က်န္းမာေရး အႏၲရာယ္နဲ႔ပတ္သက္ၿပီး အႏၲရာယ္အဆင့္ II ထိ သတ္မွတ္ခဲ့ပါတယ္။ အဆိုပါ အခ်ိဳရည္ေတြကို အေမရိကန္ အင္ဒီယားနား၊ ကန္တပ္ကီနဲ႔ အိုဟိုင္းယိုးျပည္နယ္ရွိ လက္လီေရာင္းခ်ေရး စတိုးဆိုင္ေတြဆီ တင္ပို႔ထားၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ ဝယ္ယူသူေတြက ပါကင္မွာ႐ိုက္ႏွိပ္ထာတဲ့ Minute Maid Lemonade ရဲ႕ ကုဒ္နံပါတ္ FEB1725CNA သို႔မဟုတ္ FEB1725CNB ကုဒ္ေတြကို သတိထား ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

အဆိုပါ ျပန္လည္သိမ္းဆည္းမႈဟာ စက္တင္ဘာလ အေစာပိုင္းတည္းက စတင္ခဲ့တာ ျဖစ္ေပမယ့္ အဲဒီအခ်ိန္က သတင္းထုတ္ျပန္ခဲ့ျခင္း မရွိခဲ့ပါဘူး။ FDA ရဲ႕ အဆိုအရေတာ့ ဒီျပန္လည္သိမ္းဆည္းမႈ လုပ္ငန္းစဥ္ကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.