ဖိလစ်ပိုင်နိုင်ငံမှာ ထရာမီမုန်တိုင်းကြောင့် လူပေါင်း အနည်းဆုံး ၁၀၀ ကျော် သေဆုံး

 216

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇

ဖိလစ်ပိုင်နိုင်ငံမှာ ထရာမီမုန်တိုင်းကြောင့်သေဆုံးသူအရေအတွက် လူပေါင်း ၁၀၀ ကျော်အထိ မြင့်တက်လာနေကြောင်း သိရပါတယ်။ ထရာမီမုန်တိုင်းဟာ အောက်တိုဘာ ၂၄ ရက်မှာ ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်း ၅ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရပါတယ်။

အဲဒီမုန်တိုင်းဟာ ယခုနှစ်အတွင်း အရှေ့တောင်အာရှဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ လူအသေပျောက်အများဆုံးမုန်တိုင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘီကိုလ်ဒေသ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို ဟာ ကူညီကယ်ဆယ်ပေးဖို့ တောင်းဆိုမှုတွေ အများအပြားရထားတယ်။တတ်စွမ်းသမျှ ကူညီပေးနေတယ်။ သေဆုံးသူအရေတွက် ထပ်မံ မတိုးမြင့်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ မုန်တိုင်းကြောင့် ပိတ်မိနေသူတွေကို ရှာဖွေနိုင်ဖို့ ကြိုးပမ်းနေပြီး အခက်ခဲများရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ထရာမီမုန်တိုင်းဒဏ်ကိုဘီကိုလ်အရပ်ဒေသက အဆိုးရွားဆုံးခံစားခဲ့ရပြီး အဲဒီအရပ်ဒေသမှာ လူပေါင်း အနည်းဆုံး ၃၅ ဦးသေဆုံးခဲ့ပြီးပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်အာဏာပိုင်တွေက ထရာမီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်း ပျောက်ဆုံးနေသူအနည်းဆုံး ၃၆ ဦး ရှိနေတယ်လို့ ပြောပါတယ်။ အရပ်သားတွေ ကာကွယ်ရေးအဖွဲ့ရဲ့အကြီးအကဲတစ်ဦးဖြစ်သူက "ကယ်ဆယ်ရေးသမားတွေဟာ မြို့အစွန်နေရာတွေကို ရောက်ရှိလာတယ်။ သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံမွာ ထရာမီမုန္တိုင္းေၾကာင့္ လူေပါင္း အနည္းဆုံး ၁၀၀ ေက်ာ္ ေသဆုံး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇

ဖိလစ္ပိုင္ႏိုင္ငံမွာ ထရာမီမုန္တိုင္းေၾကာင့္ေသဆုံးသူအေရအတြက္ လူေပါင္း ၁၀၀ ေက်ာ္အထိ ျမင့္တက္လာေနေၾကာင္း သိရပါတယ္။ ထရာမီမုန္တိုင္းဟာ ေအာက္တိုဘာ ၂၄ ရက္မွာ ဖိလစ္ပိုင္ႏိုင္ငံကိုဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ လူေပါင္း ၅ သိန္းေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရေၾကာင္း သိရပါတယ္။

အဲဒီမုန္တိုင္းဟာ ယခုႏွစ္အတြင္း အေရွ႕ေတာင္အာရွေဒသကို ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းေတြထဲမွာ လူအေသေပ်ာက္အမ်ားဆုံးမုန္တိုင္းျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဘီကိုလ္ေဒသ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက "ကြၽန္ေတာ္တို ဟာ ကူညီကယ္ဆယ္ေပးဖို႔ ေတာင္းဆိုမႈေတြ အမ်ားအျပားရထားတယ္။တတ္စြမ္းသမွ် ကူညီေပးေနတယ္။ ေသဆုံးသူအေရတြက္ ထပ္မံ မတိုးျမင့္ဖို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာပါတယ္။

ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြဟာ မုန္တိုင္းေၾကာင့္ ပိတ္မိေနသူေတြကို ရွာေဖြႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီး အခက္ခဲမ်ားရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ ထရာမီမုန္တိုင္းဒဏ္ကိုဘီကိုလ္အရပ္ေဒသက အဆိုး႐ြားဆုံးခံစားခဲ့ရၿပီး အဲဒီအရပ္ေဒသမွာ လူေပါင္း အနည္းဆုံး ၃၅ ဦးေသဆုံးခဲ့ၿပီးေပ်ာက္ဆုံးေနသူေတြလည္းရွိေနတယ္လို႔ သိရပါတယ္။

ဖိလစ္ပိုင္အာဏာပိုင္ေတြက ထရာမီမုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံအတြင္း ေပ်ာက္ဆုံးေနသူအနည္းဆုံး ၃၆ ဦး ရွိေနတယ္လို႔ ေျပာပါတယ္။ အရပ္သားေတြ ကာကြယ္ေရးအဖြဲ႕ရဲ႕အႀကီးအကဲတစ္ဦးျဖစ္သူက "ကယ္ဆယ္ေရးသမားေတြဟာ ၿမိဳ႕အစြန္ေနရာေတြကို ေရာက္ရွိလာတယ္။ ေသဆုံးသူအေရအတြက္ ပိုမိုျမင့္တက္လာဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.