Google က ကွန်ပျူတာတွေထက် လုပ်ဆောင်အား သာလွန်တဲ့ AI ကို တီထွင်ဖို့ ပြင်ဆင်နေ
302
ရောင်နီ (NP News) - အောက်တိုဘာ ၂၈
Google ဟာ Research နဲ့ ဈေးဝယ်ခြင်းလို အလုပ်တွေအတွက် browser ကို ကျော်နိုင်မယ့် AI နည်းပညာကို တီထွင်နေတယ်လို့ The Information သတင်းဌာနက စနေနေ့(အောက်တိုဘာ ၂၆ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
Googleဟာ သူ့ရဲ့ Gemini AI မော်ဒယ် ပြီးနောက် နောက်ဆုံးထွက်ရှိမှာဖြစ်တဲ့ "Project Jarvis" AI ကို လာမယ့် ဒီဇင်ဘာလမှာ ပြသဖို့ စီစဉ်ထားတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက Microsoft (MSFT.O) ကျောထောက်နောက်ခံ AI ဖြစ်တဲ့ OpenAI ဟာ ၎င်းရဲ့ AI မော်ဒယ် တွေကို ဝက်ဘ်ဆိုက် ရှာဖွေတွေ့ရှိမှုအပေါ်အခြေခံပြီး ဆောင်ရွက်နိုင်တဲ့ "CUA” သို့မဟုတ် ကွန်ပျူတာ လက်ထောက်အေးဂျင့်ရဲ့အကူအညီနဲ့ ဝက်ဘ်တွေကို အလိုအလျောက်ရှာဖွေခြင်းနဲ့ research လုပ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
အဲဒီနောက် AI safety and research ကုမ္ပဏီAnthropic နဲ့ Google က လူတစ်ဦးရဲ့ ကွန်ပြူတာ (သို့မဟုတ်) Browser နဲ့တိုက်ရိုက် အပြန်အလှန်ဆက်သွယ်နိုင်တဲ့ ဆော့ဖ်ဝဲလ်အေးဂျင့်အယူအဆကို နောက်ထပ် AI နည်းပညာ သစ်အဖြစ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းဖို့ ကြိုးစားနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
Zawgyi Version;
Google က ကြန္ပ်ဴတာေတြထက္ လုပ္ေဆာင္အား သာလြန္တဲ့ AI ကို တီထြင္ဖို႔ ျပင္ဆင္ေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈
Google ဟာ Research နဲ႔ ေဈးဝယ္ျခင္းလို အလုပ္ေတြအတြက္ browser ကို ေက်ာ္ႏိုင္မယ့္ AI နည္းပညာကို တီထြင္ေနတယ္လို႔ The Information သတင္းဌာနက စေနေန႔(ေအာက္တိုဘာ ၂၆ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။
Googleဟာ သူ႔ရဲ႕ Gemini AI ေမာ္ဒယ္ ၿပီးေနာက္ ေနာက္ဆုံးထြက္ရွိမွာျဖစ္တဲ့ "Project Jarvis" AI ကို လာမယ့္ ဒီဇင္ဘာလမွာ ျပသဖို႔ စီစဥ္ထားတယ္လို႔ အစီရင္ခံစာက ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လက Microsoft (MSFT.O) ေက်ာေထာက္ေနာက္ခံ AI ျဖစ္တဲ့ OpenAI ဟာ ၎ရဲ႕ AI ေမာ္ဒယ္ ေတြကို ဝက္ဘ္ဆိုက္ ရွာေဖြေတြ႕ရွိမႈအေပၚအေျခခံၿပီး ေဆာင္႐ြက္ႏိုင္တဲ့ "CUA” သို႔မဟုတ္ ကြန္ပ်ဴတာ လက္ေထာက္ေအးဂ်င့္ရဲ႕အကူအညီနဲ႔ ဝက္ဘ္ေတြကို အလိုအေလ်ာက္ရွာေဖြျခင္းနဲ႔ research လုပ္ႏိုင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
အဲဒီေနာက္ AI safety and research ကုမၸဏီAnthropic နဲ႔ Google က လူတစ္ဦးရဲ႕ ကြန္ျပဴတာ (သို႔မဟုတ္) Browser နဲ႔တိုက္႐ိုက္ အျပန္အလွန္ဆက္သြယ္ႏိုင္တဲ့ ေဆာ့ဖ္ဝဲလ္ေအးဂ်င့္အယူအဆကို ေနာက္ထပ္ AI နည္းပညာ သစ္အျဖစ္ ေျခလွမ္းတစ္လွမ္း ထပ္လွမ္းဖို႔ ႀကိဳးစားေနတယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။