ကမ္ဘာ့အချမ်းသာဆုံးသူ‌ဋ္ဌေးကြီးအီလွန်မတ်ကို စုံစမ်းစစ်ဆေးဖို့ ဒီမိုကရက်တစ်ပါတီအမတ်တွေ တောင်းဆို

 793

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆

ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော အီလွန်မတ်ကို စုံစမ်း စစ်ဆေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ရုရှားသမ္မတ ပူတင် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပြီး အဲဒီအတွက် စုံစမ်းစစ်ဆေးပေးဖို့ ဒီမိုကရက် တစ်ပါတီလွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက " ရုရှားအစိုးရ နဲ့ အီလွန်မတ်ကြားဆက်ဆံရေးကို စစ်ဆေးရ မယ်။ အီလွန်မတ်ဟာ အမေရိကန်အစိုးရရဲ့ကန်ထရိုက်တာတစ်ဦးလည်းဖြစ်တယ်။ အမေရိကန်အစိုးရရဲ့လျှို့ဝှက်ချက်နဲ့ လုံခြုံရေးတွေကို သိထားသူဖြစ်တယ်။ အီလွန်မတ် နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးဟာ အမေရိကန်နိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်မယ့်အခြေနေတွေရှိကောင်းရှိလာနိုင်တယ်" လို့ပြောပါတယ်။ အီလွန်မတ်ဟာ SpaceX ရဲ့ စီးအီးအို တစ်ဦးဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။
အီလွန်မတ်ဟာ လက်ရှိအချိန်မှာ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရအောင် အဓိက ကူညီပေးခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရအဖွဲ့အသစ်မှာလည်း ပါဝင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါ တယ်။ အီလွန်မတ်ဟာ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အမေရိကန်အစိုးရအဖွဲ့ရဲ့ ယူကရိန်းစစ်ပွဲမှာ ပါဝင်ကူညီထောက်ပံ့ပေးနေ ခြင်းတွေကို ဝေဖန်ပြစ်တင်ခဲ့သူလည်းဖြစ်ပါတယ်။
ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ပက်ကောဗ့်ကတော့ ဘီလျံနာ အီလွန်မတ် နဲ့ ရုရှားသမ္မတပူတင်တို့ ဖုန်းဆက်ဆွေးနွေးခဲ့ဖူးတယ်ဆိုတဲ့ Wall Street Journal ရဲ့ဖော်ပြချက်တွေက မှန်ကန်မှုမရှိဘူးလို့ ပြောပါတယ်။ သမိုင်းမှာ ရုရှားသမ္မတ နဲ့ အီလွန်မတ်တို့ ဆက်ဆံပြောဆိုခဲ့ဖူးတာဟာ တစ်ကြိမ်သာရှိတယ်လို့ပြောပါတယ်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံးသူ‌ေ႒းႀကီးအီလြန္မတ္ကို စုံစမ္းစစ္ေဆးဖို႔ ဒီမိုကရက္တစ္ပါတီအမတ္ေတြ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆

ဒီမိုကရက္တစ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ေသာ အီလြန္မတ္ကို စုံစမ္း စစ္ေဆးဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။ အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ႐ုရွားသမၼတ ပူတင္ အပါအဝင္ ႐ုရွားအစိုးရတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးတာေတြရွိခဲ့ၿပီး အဲဒီအတြက္ စုံစမ္းစစ္ေဆးေပးဖို႔ ဒီမိုကရက္ တစ္ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ဒီမိုကရက္တစ္ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးက " ႐ုရွားအစိုးရ နဲ႔ အီလြန္မတ္ၾကားဆက္ဆံေရးကို စစ္ေဆးရ မယ္။ အီလြန္မတ္ဟာ အေမရိကန္အစိုးရရဲ႕ကန္ထ႐ိုက္တာတစ္ဦးလည္းျဖစ္တယ္။ အေမရိကန္အစိုးရရဲ႕လွ်ိဳ႕ဝွက္ခ်က္နဲ႔ လုံၿခဳံေရးေတြကို သိထားသူျဖစ္တယ္။ အီလြန္မတ္ နဲ႔ ႐ုရွားႏိုင္ငံၾကား ဆက္ဆံေရးဟာ အေမရိကန္ႏိုင္ငံအတြက္ အႏၲရာယ္ရွိလာႏိုင္မယ့္အေျခေနေတြရွိေကာင္းရွိလာႏိုင္တယ္" လို႔ေျပာပါတယ္။ အီလြန္မတ္ဟာ SpaceX ရဲ႕ စီးအီးအို တစ္ဦးျဖစ္သလို ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္။
အီလြန္မတ္ဟာ လက္ရွိအခ်ိန္မွာ သမၼတေဟာင္းေဒၚနယ္ထရမ့္ကို အေမရိကန္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရေအာင္ အဓိက ကူညီေပးခဲ့သူျဖစ္ၿပီး အေမရိကန္အစိုးရအဖြဲ႕အသစ္မွာလည္း ပါဝင္ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနသူျဖစ္ပါ တယ္။ အီလြန္မတ္ဟာ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့အေမရိကန္အစိုးရအဖြဲ႕ရဲ႕ ယူကရိန္းစစ္ပြဲမွာ ပါဝင္ကူညီေထာက္ပံ့ေပးေန ျခင္းေတြကို ေဝဖန္ျပစ္တင္ခဲ့သူလည္းျဖစ္ပါတယ္။
႐ုရွားအစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ပက္ေကာဗ့္ကေတာ့ ဘီလ်ံနာ အီလြန္မတ္ နဲ႔ ႐ုရွားသမၼတပူတင္တို႔ ဖုန္းဆက္ေဆြးေႏြးခဲ့ဖူးတယ္ဆိုတဲ့ Wall Street Journal ရဲ႕ေဖာ္ျပခ်က္ေတြက မွန္ကန္မႈမရွိဘူးလို႔ ေျပာပါတယ္။ သမိုင္းမွာ ႐ုရွားသမၼတ နဲ႔ အီလြန္မတ္တို႔ ဆက္ဆံေျပာဆိုခဲ့ဖူးတာဟာ တစ္ႀကိမ္သာရွိတယ္လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.