ဖိလစ်ပိုင်အစိုးရ၏ ရေကြောင်းဥပဒေအသစ်ကို မလေးရှားအစိုးရ ကန့်ကွက်
174
Pika (NP News) - နိုဝင်ဘာ ၁၆
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်အစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့သော ရေကြောင်းဆိုင်ရာ ဥပဒေအသစ်များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ကန့်ကွက်စာတစ်စောင်ကို ဖိလစ်ပိုင်ထံသို့ ပေးပို့ပေးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဒုဝန်ကြီး မိုဟာမက် အလာမင်းက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ရေကြောင်းဇုန်များ အက်ဥပဒေနှင့် ပင်လယ်လမ်းကြောင်းများ အက်ဥပဒေတို့ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးနောက် မလေးရှားဘက်က ကန့်ကွက်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဥပဒေအသစ်များမှာ ၎င်း၏ ရေကြောင်းပိုင်နက်ဆိုင်ရာပိုင်ဆိုင်မှုကို ပိုမိုအားကောင်းလာစေရန် နှင့် နယ်မြေစိုးမိုးရေး တို့ကို မြှင့်တင်ရန်ရည်ရွယ်ထားခြင်းမျိုးဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြောခဲ့သည်။
မလေးရှားအစိုးရသည် ဖိလစ်ပိုင်၏ရေ ကြောင်းဥပဒေအသစ်များနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို သုံးသပ်ခဲ့ ပြီးနောက် အဆိုပါဥပဒေ အသစ်များမှာ ဘော်နီယိုကျွန်းပေါ်ရှိ မလေးရှားပြည်နယ် Sabah ၏ အချုပ်အခြာ အာဏာ အပေါ်သက်ရောက်မှုများရှိခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း မိုဟာမက်အလာမင်းက ပြောကြားခဲ့သည်။ မိုဟာမက် အလာမင်း က ‘‘Sabah ပြည်နယ်ရဲ့အချုပ်အခြာအာဏာအခွင့်အရေးနဲ့ ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အတွက် ကန့်ကွက်စာ တစ်စောင်ကို ဖိလစ်ပိုင်အစိုးရကို ပေးပို့ပေးသွားမှာပါ” ဟုပြောခဲ့သည်။
အဆိုပါပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ဖိလစ္ပိုင္အစိုးရ၏ ေရေၾကာင္းဥပေဒအသစ္ကို မေလးရွားအစိုးရ ကန႔္ကြက္
Pika (NP News) - ႏိုဝင္ဘာ ၁၆
ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္၍ ဖိလစ္ပိုင္အစိုးရက မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ ေရေၾကာင္းဆိုင္ရာ ဥပေဒအသစ္မ်ားကို ဆန႔္က်င္ကန႔္ကြက္သည့္အေနျဖင့္ ကန႔္ကြက္စာတစ္ေစာင္ကို ဖိလစ္ပိုင္ထံသို႔ ေပးပို႔ေပးသြားမည္ ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဒုဝန္ႀကီး မိုဟာမက္ အလာမင္းက ေျပာၾကားသည္။
ဖိလစ္ပိုင္ႏိုင္ငံ၏ ေရေၾကာင္းဇုန္မ်ား အက္ဥပေဒႏွင့္ ပင္လယ္လမ္းေၾကာင္းမ်ား အက္ဥပေဒတို႔ကို တ႐ုတ္ႏိုင္ငံက ျပင္းျပင္းထန္ထန္ကန႔္ကြက္ခဲ့ၿပီးေနာက္ မေလးရွားဘက္က ကန႔္ကြက္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ အဆိုပါ ဥပေဒအသစ္မ်ားမွာ ၎၏ ေရေၾကာင္းပိုင္နက္ဆိုင္ရာပိုင္ဆိုင္မႈကို ပိုမိုအားေကာင္းလာေစရန္ ႏွင့္ နယ္ေျမစိုးမိုးေရး တို႔ကို ျမႇင့္တင္ရန္ရည္႐ြယ္ထားျခင္းမ်ိဳးျဖစ္ေၾကာင္း ဖိလစ္ပိုင္အစိုးရက ထုတ္ျပန္ေျပာခဲ့သည္။
မေလးရွားအစိုးရသည္ ဖိလစ္ပိုင္၏ေရ ေၾကာင္းဥပေဒအသစ္မ်ားႏွင့္သက္ဆိုင္သည့္ စာ႐ြက္စာတမ္းမ်ားကို သုံးသပ္ခဲ့ ၿပီးေနာက္ အဆိုပါဥပေဒ အသစ္မ်ားမွာ ေဘာ္နီယိုကြၽန္းေပၚရွိ မေလးရွားျပည္နယ္ Sabah ၏ အခ်ဳပ္အျခာ အာဏာ အေပၚသက္ေရာက္မႈမ်ားရွိခဲ့သည္ကို ေတြ႕ရွိခဲ့ေၾကာင္း မိုဟာမက္အလာမင္းက ေျပာၾကားခဲ့သည္။ မိုဟာမက္ အလာမင္း က ‘‘Sabah ျပည္နယ္ရဲ႕အခ်ဳပ္အျခာအာဏာအခြင့္အေရးနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔ အတြက္ ကန႔္ကြက္စာ တစ္ေစာင္ကို ဖိလစ္ပိုင္အစိုးရကို ေပးပို႔ေပးသြားမွာပါ” ဟုေျပာခဲ့သည္။
အဆိုပါေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား ႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း ေျပာဆိုထားၿပီး နယ္ေျမအျငင္းပြားမႈမ်ား ျဖစ္ပြားေနလ်က္ရွိေၾကာင္း သိရသည္။