လွှတ်တော်ရွေးကောက်ပွဲတွင် သီရိလင်္ကာသမ္မတအသစ် ဦးဆောင်သောညွန့်ပေါင်းအဖွဲ့အနိုင်ရ
161
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅
သိရီလင်္ကာသမ္မတအသစ် ဦးဆောင်သော လက်ဝဲညွန်ပေါင်းပါတီသည် နိုဝင်ဘာ ၁၅ ရက်တွင်ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲတွင် နေရာအများအပြား အနိုင်ရခဲ့ကြောင်း သိရသည်။
ပြည်သူအာဏာပါတီဦးဆောင်သော လက်ဝဲညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်ရွေးကောက်ပွဲတွင် နေရာပေါင်း ၂၂၅ နေရာအနက် အနည်းဆုံး ၁၂၃ နေရာကို အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
၎င်းပါတီ၏ အတိုက်ခံပါတီများဖြစ်သော United People’s Power Party ပါတီသည် လွှတ်တော်ရွေးကောက်ပွဲတွင် နေရာပေါင်း ၃၁ နေရာသာ အနိုင်ရခဲ့ကြောင်း သိရသည်။ ဒစ်ဆာနာယာကီသည် ပြည်သူအာဏာပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် သမ္မတအဖြစ် ရွေးကောက်ခံရကာ စီးပွားရေးအခက်အခဲများနှင့်ရင်ဆိုင်နေရသော သီရိလင်္ကာနိုင်ငံကို စီးပွားရေးပိုမိုကောင်းမွန်စေရန် ကြိုးပမ်းရမည်ဖြစ်သည်။
၎င်းတို့ပါတီသည် သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံကိုအုပ်ချုပ်ခဲ့သော နိုင်ငံရေးပါတီများနှင့်မတူညီဘဲ အစဉ်အလာမှ ခွဲထွက်နေသောပါတီဖြစ်ကြောင်း သိရသည်။ ဒစ်ဆာနာယာကီ သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ၎င်း၏ပါတီဖြစ်သော ပြည်သူအင်အားပါတီသည် ပြီးခဲ့သောနှစ်လထက်လူထုထောက်ခံမှု ပိုမိုရရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့သောရွေးကောက်ပွဲတွင် လွှတ်တော်ရွေးကောက်ပွဲတွင် ပြည်သူအာဏာပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် မဲပေးခွင့်ရှိသူအားလုံး၏ ဆန္ဒမဲအရေအတွက် ၆ ဒသမ ၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ သီရိလင်္ကာသမ္မတအသစ်က "ကျွန်တော်တို့နိုင်ငံဟာ အလှည့်အပြောင်းကိုတွေ့မြင်နေရတယ်။ ခိုင်မာအားကောင်းတဲ့လွှတ်တော်ဖွဲ့နိုင်အောင်
ပြည်သူကလည်း လုပ်ပိုင်ခွင့်ပေးထားတယ်" ဟု ပြောသည်။
သမ္မတ ဒစ်ဆာနာယာကီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် နိုင်ငံမြောက်ပိုင်းရှိ တမီးလ်လူမျိုး များ၏ အဓိကနေရာဖြစ်သော ဂျက်အက်ဖ်နာပြည်နယ် အပါအဝင် တိုင်းရင်းသားလူဦးရေ နည်းပါး သော အရပ်ဒေသများတွင် အခိုင်အမာထောက်ခံမဲများ ရရှိခဲ့ကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သောနှစ်အတွင်း စီးပွားရေးပြဿနာများ အပါအဝင် အထွေထွေအကျပ်တည်းများကြောင့်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး သမ္မတအပြောင်းအလဲများဖြစ်ခဲ့ရကြောင်း သိရသည်။
Zawgyi Version;
လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္ သီရိလကၤာသမၼတအသစ္ ဦးေဆာင္ေသာၫြန္႔ေပါင္းအဖြဲ႕အႏိုင္ရ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
သိရီလကၤာသမၼတအသစ္ ဦးေဆာင္ေသာ လက္ဝဲၫြန္ေပါင္းပါတီသည္ ႏိုဝင္ဘာ ၁၅ ရက္တြင္က်င္းပခဲ့ေသာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္ ေနရာအမ်ားအျပား အႏိုင္ရခဲ့ေၾကာင္း သိရသည္။
ျပည္သူအာဏာပါတီဦးေဆာင္ေသာ လက္ဝဲၫြန္႔ေပါင္းအဖြဲ႕သည္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္ ေနရာေပါင္း ၂၂၅ ေနရာအနက္ အနည္းဆုံး ၁၂၃ ေနရာကို အႏိုင္ရခဲ့ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ခဲ့သည္။
၎ပါတီ၏ အတိုက္ခံပါတီမ်ားျဖစ္ေသာ United People’s Power Party ပါတီသည္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္ ေနရာေပါင္း ၃၁ ေနရာသာ အႏိုင္ရခဲ့ေၾကာင္း သိရသည္။ ဒစ္ဆာနာယာကီသည္ ျပည္သူအာဏာပါတီ၏ ေခါင္းေဆာင္ျဖစ္ၿပီး စက္တင္ဘာ ၂၁ ရက္တြင္ သမၼတအျဖစ္ ေ႐ြးေကာက္ခံရကာ စီးပြားေရးအခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရေသာ သီရိလကၤာႏိုင္ငံကို စီးပြားေရးပိုမိုေကာင္းမြန္ေစရန္ ႀကိဳးပမ္းရမည္ျဖစ္သည္။
၎တို႔ပါတီသည္ သီရိလကၤာႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ ႏိုင္ငံကိုအုပ္ခ်ဳပ္ခဲ့ေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္မတူညီဘဲ အစဥ္အလာမွ ခြဲထြက္ေနေသာပါတီျဖစ္ေၾကာင္း သိရသည္။ ဒစ္ဆာနာယာကီ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ၎၏ပါတီျဖစ္ေသာ ျပည္သူအင္အားပါတီသည္ ၿပီးခဲ့ေသာႏွစ္လထက္လူထုေထာက္ခံမႈ ပိုမိုရရွိခဲ့ေၾကာင္းသိရသည္။
ႏိုဝင္ဘာ ၁၄ ရက္က က်င္းပခဲ့ေသာေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္ ျပည္သူအာဏာပါတီဦးေဆာင္ေသာ ၫြန႔္ေပါင္းအဖြဲ႕သည္ မဲေပးခြင့္ရွိသူအားလုံး၏ ဆႏၵမဲအေရအတြက္ ၆ ဒသမ ၈ သန္းေက်ာ္ ရရွိခဲ့ေၾကာင္း သိရသည္။ သီရိလကၤာသမၼတအသစ္က "ကြၽန္ေတာ္တို႔ႏိုင္ငံဟာ အလွည့္အေျပာင္းကိုေတြ႕ျမင္ေနရတယ္။ ခိုင္မာအားေကာင္းတဲ့လႊတ္ေတာ္ဖြဲ႕ႏိုင္ေအာင္
ျပည္သူကလည္း လုပ္ပိုင္ခြင့္ေပးထားတယ္" ဟု ေျပာသည္။
သမၼတ ဒစ္ဆာနာယာကီ ဦးေဆာင္ေသာ ၫြန္႔ေပါင္းအဖြဲ႕သည္ ႏိုင္ငံေျမာက္ပိုင္းရွိ တမီးလ္လူမ်ိဳး မ်ား၏ အဓိကေနရာျဖစ္ေသာ ဂ်က္အက္ဖ္နာျပည္နယ္ အပါအဝင္ တိုင္းရင္းသားလူဦးေရ နည္းပါး ေသာ အရပ္ေဒသမ်ားတြင္ အခိုင္အမာေထာက္ခံမဲမ်ား ရရွိခဲ့ေၾကာင္း သိရသည္။ သီရိလကၤာႏိုင္ငံတြင္ ၿပီးခဲ့ေသာႏွစ္အတြင္း စီးပြားေရးျပႆနာမ်ား အပါအဝင္ အေထြေထြအက်ပ္တည္းမ်ားေၾကာင့္ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ၿပီး သမၼတအေျပာင္းအလဲမ်ားျဖစ္ခဲ့ရေၾကာင္း သိရသည္။