အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ

 232

တင်ဇာ (NP News) - နိုဝင်ဘာ ၁၅

(၂၀၂၄) ခုနှစ်တွင် ကမ္ဘာကြီးသည် ယူကရိန်းမှ စ၍ ယီမင်ပဋိပက္ခ၊ အီသီယိုးပီးယား၊ မြန်မာတို့အပြင် စစ်ပွဲပေါင်း (၅၀) ကျော်နှင့် ရင်ဆိုင်နေရသည်။ ဤ စစ်ပွဲများနှင့်ပဋိပက္ခများသည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသာမက အကျိုးအမြတ်များသော လက်နက်တင်ပို့ ရောင်းချမှုများကိုပါ တည်တံ့စေကြာင်း ဖော်ပြနေသည်။ နှစ်စဉ် ဒေါ်လာ ဘီလျံ(၆၀)ကျော်တန်ဖိုးရှိသော ကမ္ဘာ့ လက်နက်ကုန်သွယ်မှုသည် ယင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားစေရန်အတွက် အဓိက အခန်း ကဏ္ဍမှပါဝင်နေ သကဲ့သို့ ကမ္ဘာ့အကြီးဆုံးလက်နက်တင်ပို့ရောင်းချသူ အများအပြားကလည်း ပဋိပက္ခ ကြီးထွားစေရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ပတ်သက်နေသည်။ (၂၀၂၄)ခုနှစ်တွင် ကမ္ဘာလုံး ဆိုင်ရာ လက်နက်ကုန် သွယ်မှုသည် တုန်လှုပ်ချောက်ချားဖွယ်ရာ အထွတ်အ ထိပ်သို့ ရောက်ရှိခဲ့ပြီး လက်နက်ထုတ်လုပ်သူများသည် ပဋိပက္ခဇုန်များအတွင်း အကြမ်း ဖက်မှုနှင့် မတည်မငြိမ် မှုများမြင့်မား လာသည့်အလျောက် လက်နက်ထုတ်လုပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့ ထိပ်တန်း လက်နက် ရောင်းချသည့်နိုင်ငံများသည် ငြိမ်းချမ်းရေးမြှင့်တင်ရန် လူကြားကောင်းအောင် တောင်းဆိုနေ သော်လည်း အမြတ်အစွန်းအတွက် စစ်ပွဲများကို တစ်ဖက်တစ်လမ်းက လှုံ့ဆော်ပေးနေသည် ဟု စွပ်စွဲ ချက်များထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ စစ်မှန် သောရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျင့်ဝတ်ဆိုင်ရာမေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)၏အဆိုအရ ကမ္ဘာလုံးဆိုင်ရာ လက် နက်တင်ပို့မှု၏ (၄၀)ရာခိုင်နှုန်းကျော်ကို အမေ ရိကန်တစ်နိုင်ငံတည်းကဦးဆောင်နေပြီး ၎င်းနောက်တွင် မှ ရုရှားနှင့်ပြင်သစ်တို့က ဒုတိယနှင့်တတိယနေရာတွင်ရှိကြောင်း သိရသည်။ ဤလက်နက်များကြောင့် အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေပြီး ပဋိပက္ခများကို ရှည်ကြာစေကာ သွေးထွက်သံယိုအပြင်းထန်ဆုံး စစ် မြေပြင်သို့ရောက်ရှိသွားတတ်ကြသည်။ ငြိမ်းချမ်းရေးအတွက် ကတိပြုနေကြသော်လည်း ကမ္ဘာလုံးဆိုင် ရာ လက်နက်ကုန်သွယ်မှုသည် နှေးကွေးသွားမည့် အရိပ်အယောင်မပြဘဲ ထိပ်တန်းလက်နက် တင်ပို့သည့် နိုင်ငံများ၏ ခေါင်းဆောင်များသည် အမျိုးသားလုံခြုံရေး နှင့် နိုင်ငံတကာကျင့်ဝတ်တာဝန်များကြား မကြာခဏ လမ်းပျောက်နေတတ်ကြောင်းတွေ့ရသည်။

လက်ရှိအချိန်အထိ (၂၀၂၄) ဘဏ္ဍာနှစ်အတွက် အမေရိကန်၏ နိုင်ငံခြားသို့ စစ်လက်နက် ရောင်းချမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၈၀)ဘီလျံကျော် ရှိပြီး ယခုနှစ်ကုန်တွင် အမေရိကန် ဒေါ်လာ ဘီလျံ (၁၀ဝ)အထိ ရောက်ရှိနိုင်သည်ဟု မကြာသေးမီက အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ ဤစံချိန်တင်ပမာဏသည် (၂၀၂၃) ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ (၆၆ ဒသမ ၂) ဘီလျံကို ကျော်လွန်သွားသည်။

ကမ္ဘာ့စီးပွားရေးအပေါ် ဖိအားများတိုးလာခြင်း နှင့် နိုင်ငံတကာလုံခြုံရေးတွင် မတည်မငြိမ်ဖြစ်မှု များ ကြားတွင် အမေရိကန်၏ လက်နက်တင်ပို့မှုသည် ဆန့်ကျင်ဘက်အနေဖြင့်မြင့်မားလာခဲ့ပြီး တစ် ကမ္ဘာလုံးကို လွှမ်းမိုးနေခဲ့သည်။ ဤသည်မှာ လုံခြုံရေးစိုးရိမ်မှုများကို အသုံးချခြင်း၊ ပဋိပက္ခနှင့် ထိပ် တိုက်ရင်ဆိုင်မှုများကို မြှင့်တင်ခြင်းနှင့် စစ်ပွဲမှရရှိလာသောအကျိုးအမြတ်များကို ကာလရှည်ကြာ ကျင့်သုံးနေသည့် အမေရိကန်၏အလေ့အထကို မီးမောင်းထိုးပြနေသည်။

အထူးကုန်စည်တစ်ခုအနေဖြင့် လက်နက် တင်ပို့မှုသည် စီးပွားရေး၊ ဗျူဟာမြောက်လုံခြုံရေးနှင့် သံတမန်ရေးရာအပါအဝင် များစွာသော အကျိုးသက်ရောက်မှုများကို သယ်ဆောင်လာသောကြောင့် ရိုးရှင်းသော စီးပွားရေးအရောင်းအဝယ်ပုံစံနှင့် ကွဲပြားနေသည်။ အမေရိကန်၏ လက်နက်တင်ပို့မှုမူဝါဒ သည် မည်သည့်အလှည့်အပြောင်းတွင်မဆို ၎င်း၏ ကြီးမားသောအကျိုးစီးပွားကို ဖော်ဆောင်ရန် တွက် ချက်ထား လေ့ရှိသည်။

စီးပွားရေးကဏ္ဍတွင် အမေရိကန်၏စီးပွားရေးသည် ဒုတိယကမ္ဘာစစ်ကတည်းက ၎င်း၏ စစ်တပ် နှင့် ဆက်စပ်နေခဲ့သည်။ ဆယ်စုနှစ်များအတွင်း ၎င်း၏စစ်တပ်၊ ကာကွယ်ရေး ကန်ထရိုက်တာများနှင့် နိုင်ငံ ရေးသမားများသည် စစ်ရေး-စက်မှုဆိုင်ရာ ပေါင်း စပ်မှုကို ဖွဲ့စည်းဖန်တီးခဲ့ပြီး အမေရိကန်၏မူဝါဒ များ နှင့် လူထုအမြင်အပေါ် နက်နက်ရှိုင်းရှိုင်းလွှမ်းမိုး လာခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီး ကတည်းက Lockheed Martin, RTX, General Dynamics, Boeing နှင့် Northrop Grumman
အပါအဝင် အမေရိကန် လက်နက်ကုမ္ပဏီကြီးများ သည် ဤစစ်တပ်-စက်မှုလုပ်ငန်း ရောယှက်မှုကို အသုံးချခြယ်လှယ်ကာ ကြီးမားသော အမြတ် အစွန်းများကို ရယူခဲ့သည်။

သံတမန်ရေးအရ လက်နက်တင်ပို့မှုသည် အမေရိကန်အတွက် ၎င်း၏မဟာမိတ်စနစ်ကို ထူထောင် ထိန်းသိမ်းရန် အရေးကြီးသောနည်းလမ်းဖြစ်ပြီး တင် သွင်းသည့်နိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများကို လွှမ်းမိုးရန် အားကောင်းသည့် ကိရိယာတစ်ခုလည်း ဖြစ်သည်။ မဟာမိတ်များနှင့် မဟာမိတ်မဖြစ်တဖြစ်နိုင်ငံများထံသို့ လက်နက်တင်ပို့ မှုတိုးမြှင့်ခြင်းနှင့် အဆိုပါ နိုင်ငံ များနှင့် စစ်ဘက် ဆက်ဆံရေး ခိုင်မာစေခြင်းသည် မဟာမိတ်အဖွဲ့အစည်းအတွင်း ၎င်း၏ဦးဆောင်မှုကို သရုပ်ပြရန်နှင့် ၎င်း၏မဟာမိတ်များအပေါ်ထောက်ပံ့မှုကို ပြသရန် အတွက် အဓိကအချက်ဖြစ်နေသည်။ လက်ရှိတွင် နိုင်ငံတကာလုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်း ကြောင့် အမေရိကန်၏ တာဝန်မဲ့ လက်နက်တင်ပို့မှုသည် ပြင်းထန်လာပြီး ကမ္ဘာနှင့်အဝှမ်း ထိခိုက်နစ်နာ လာစေသည်။ ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်သည် မီးထဲလောင်စာထည့်သကဲ့သို့ လက်နက် များတင်ပို့ကာ စစ်ပွဲမှ အမြတ်ထုတ်ခဲ့သည်။ ၎င်းသည် စစ်ပွဲကို ပြင်းထန်လာစေပြီး ပြဿနာဖြေရှင်းမှုကို နှောင့်နှေးစေသည့် အဓိကအချက်များထဲမှ တစ်ခုဖြစ် ကြောင်း သုံးသပ်ရသည်။ အမေရိကန်သည် စစ်ဘက် ဆိုင်ရာ ထောက်ပံ့မှုများကို အစိုးရမဟုတ်သော အဖွဲ့ အစည်းများထံသို့လည်းပေးပို့ခဲ့ပြီး ခဲယမ်းလက်နက် အမြောက်အမြားမှာ ခြေရာခံ၍မရသလို အကြမ်းဖက် အဖွဲ့များနှင့် အစွန်းရောက်တပ်ဖွဲ့များထံသို့ပင် ရောက်ရှိမှုများရှိနေသည်။ ထို့ပြင် အမေရိကန်သည် ယူကေ၊ ဩစတြေးလျတို့နှင့်အတူ နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပြီး ထိုကဲ့သို့ လက်နက်အဆင့်နျူကလီးယား ပစ္စည်းများကို နျူကလီးယားလက်နက်မရှိသောနိုင်ငံများသို့ လွှဲပြောင်းခြင်းမှာ နျူကလီးယားပြန့်ပွားမှု အန္တရာယ်ကို မြင့်မားစေသည်။

ထို့ပြင် အမေရိကန်၏ တာဝန်မဲ့လက်နက်တင်ပို့ရောင်းချမှုသည် လူသားချင်းစာနာထောက်ထား မှု ဆိုင်ရာ အကျပ်အတည်းများကို ဆိုးရွားစွာဖြစ်ပေါ် စေခဲ့သည်။ မကြာသေးမီက အချက်အလက်များ အရ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ စစ်ဆင်ရေးများကြောင့် ပါလက်စတိုင်း (၄၀ဝဝဝ)ကျော် သေဆုံးကာ (၁၀ဝယဝဝဝ)ကျော် ဒဏ်ရာရခဲ့ကြောင်းသိရ သည်။ အစ္စရေးသို့ လက်နက်နှင့် စစ်လက်နက်ပစ္စည်း တန်ချိန် (၅၀ယဝဝဝ) ကျော် ပေးပို့ထားပြီး ဖြစ်သော်လည်း အမေရိကန်သည် လက်နက်များ ပိုမိုရောင်းချရန်ဆန္ဒရှိနေသည်။ အမေရိကန် အစိုးရ သည် အစ္စရေး သို့ ဒေါ်လာဘီလျံ(၂၀)တန်ဖိုးရှိ လက်နက်များရောင်း ချရန် ဩဂုတ်လလယ်က အတည်ပြုခဲ့သည်။ ထို့ပြင် အမေရိကန်သည် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ယူကရိန်းထံ အတွဲလိုက်ဗုံးများနှင့် ယူရေနီယံ ဓာတ်သတ္တုဗုံးများကဲ့သို့ ထိခိုက်ပျက်စီးမှုများစေသော လက်နက်များကို ထောက်ပံ့ပေးခြင်း ဖြင့် နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်လျက်ရှိသည်။ လက်နက်ကုန်သွယ်မှုမှ ကြီးမား သောအမြတ်အစွန်း များ ရရှိနေသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လက်နက်ကုမ္ပဏီများ ၏ထောက်ပံ့မှုမှာ အနည်းငယ်မျှသာ ဖြစ်သည်။ SIPRI အရ ကမ္ဘာလုံးဆိုင်ရာ လက်နက်ထုတ်လုပ် သူများ၏ နှစ်စဉ်အမြတ်အစွန်း (၁) ရာခိုင်နှုန်းအောက်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင် သည်ဟု ခန့်မှန်းထားသည်။ အမေရိကန်အ ခြေစိုက် Lockheed Martin နှင့် Raytheon ကဲ့သို့သော လက်နက်ကုမ္ပဏီများ၏ အမြတ်ငွေသည် (၂၀၂၄) ခုနှစ်တွင် ဒေါ်လာ (၅၀) ဘီလျံနှင့် ဒေါ်လာ (၂၅)ဘီလျံ အသီးသီးထက်ကျော်လွန်သော်လည်း ယင်းကုမ္ပဏီများသည် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာကဏ္ဍများအတွက် ပမာဏအနည်းငယ်ကိုသာ ခွဲဝေပေးကြောင်းတွေ့ရသည်။ ထိုကဲ့သို့ ငြိမ်း ချမ်းရေးတည်ဆောက်မှုအတွက် ဘတ်ဂျက်သုံးစွဲမှု လျော့နည်းလာသော်လည်း အခြားတစ်ဖက်တွင်မူ ကမ္ဘာလုံးဆိုင်ရာ လက်နက်အသုံးစရိတ်သည် အပြိုင်အဆိုင် မြင့်တက်လာခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်း၏ (၂၀၂၄) မိန့်ခွန်းတွင် “ကမ္ဘာ ကြီးကို လက်နက်များတပ်ဆင်ပေးနေသ၍ ငြိမ်းချမ်းရေးအတွက် မျှော်လင့်နိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးရှာမူဝါဒများကို ပြန်လည်သုံးသပ်ပြီး အမြတ်အစွန်းထက် လူသားဆန်မှုကို ဦးစားပေးရမည့်အချိန်ဖြစ်ပါကြောင်း” ပြောကြား ခဲ့သည်။ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးမျှော်လင့်ချက် နှင့် စစ်ပွဲမှ အမြတ်ထုတ်ခြင်းတို့၏ ဆိုးရွားလှသော လက်တွေ့ဖြစ်ရပ်နှစ်ခုအကြားလွန်ဆွဲနေပြီး နိုင်ငံတ ကာစည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ခံမှုတို့သည် မည်သည့်အခါမျှ အရေးတယူလုပ်ခံခဲ့ရခြင်းမရှိပါ။

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေခြင်း သည် တစ်ကမ္ဘာလုံးကလက်ခံထားသော အရာတစ်ခု ဖြစ်သော်လည်း စစ်နှင့်သေကျေပျက်စီးခြင်းသည် တရားမျှတမှုအတွက် မေးခွန်းထုတ်စရာဖြစ်နေသည်။ အဓိက အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် အမေရိ ကန်သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လက်နက် တင်ပို့သည့်မူဝါဒကိုချမှတ်သင့်ပြီး ကမ္ဘာတစ်ဝန်း စစ်မီးတောက်များကို ငြှိမ်းသတ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုသင့်ပါ ကြောင်း။

zawgyi version
အေမရိကန္၏ လက္နက္အေရာင္းအဝယ္ (သို႔မဟုတ္) ကမာၻလုံးဆိုင္ရာပဋိပကၡမ်ားအတြက္ ေလာင္စာ
တင္ဇာ (NP News) - ႏိုဝင္ဘာ ၁၅

(၂၀၂၄) ခုႏွစ္တြင္ ကမာၻႀကီးသည္ ယူကရိန္းမွ စ၍ ယီမင္ပဋိပကၡ၊ အီသီယိုးပီးယား၊ ျမန္မာတို႔အျပင္ စစ္ပြဲေပါင္း (၅၀) ေက်ာ္ႏွင့္ ရင္ဆိုင္ေနရသည္။ ဤ စစ္ပြဲမ်ားႏွင့္ပဋိပကၡမ်ားသည္ လူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းမ်ားသာမက အက်ိဳးအျမတ္မ်ားေသာ လက္နက္တင္ပို႔ ေရာင္းခ်မႈမ်ားကိုပါ တည္တံ့ေစၾကာင္း ေဖာ္ျပေနသည္။ ႏွစ္စဥ္ ေဒၚလာ ဘီလ်ံ(၆၀)ေက်ာ္တန္ဖိုးရွိေသာ ကမာၻ႔ လက္နက္ကုန္သြယ္မႈသည္ ယင္းပဋိပကၡမ်ား ဆက္လက္ျဖစ္ပြားေစရန္အတြက္ အဓိက အခန္း က႑မွပါဝင္ေန သကဲ့သို႔ ကမာၻ႔အႀကီးဆုံးလက္နက္တင္ပို႔ေရာင္းခ်သူ အမ်ားအျပားကလည္း ပဋိပကၡ ႀကီးထြားေစေရးအတြက္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ပတ္သက္ေနသည္။ (၂၀၂၄)ခုႏွစ္တြင္ ကမာၻလုံး ဆိုင္ရာ လက္နက္ကုန္ သြယ္မႈသည္ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ရာ အထြတ္အ ထိပ္သို႔ ေရာက္ရွိခဲ့ၿပီး လက္နက္ထုတ္လုပ္သူမ်ားသည္ ပဋိပကၡဇုန္မ်ားအတြင္း အၾကမ္း ဖက္မႈႏွင့္ မတည္မၿငိမ္ မႈမ်ားျမင့္မား လာသည့္အေလ်ာက္ လက္နက္ထုတ္လုပ္မႈမ်ားကိုလည္း တိုးျမႇင့္လုပ္ေဆာင္ခဲ့သည္။ ကမာၻ႔ ထိပ္တန္း လက္နက္ ေရာင္းခ်သည့္ႏိုင္ငံမ်ားသည္ ၿငိမ္းခ်မ္းေရးျမႇင့္တင္ရန္ လူၾကားေကာင္းေအာင္ ေတာင္းဆိုေန ေသာ္လည္း အျမတ္အစြန္းအတြက္ စစ္ပြဲမ်ားကို တစ္ဖက္တစ္လမ္းက လႈံ႕ေဆာ္ေပးေနသည္ ဟု စြပ္စြဲ ခ်က္မ်ားထြက္ေပၚလာခဲ့ၿပီး ၎တို႔၏ စစ္မွန္ ေသာရည္႐ြယ္ခ်က္မ်ားႏွင့္ပတ္သက္၍ က်င့္ဝတ္ဆိုင္ရာေမးခြန္းမ်ား ထြက္ေပၚလာခဲ့သည္။

စေတာ့ဟုမ္း ႏိုင္ငံတကာၿငိမ္းခ်မ္းေရး သုေတသနဌာန (SIPRI)၏အဆိုအရ ကမာၻလုံးဆိုင္ရာ လက္ နက္တင္ပို႔မႈ၏ (၄၀)ရာခိုင္ႏႈန္းေက်ာ္ကို အေမ ရိကန္တစ္ႏိုင္ငံတည္းကဦးေဆာင္ေနၿပီး ၎ေနာက္တြင္ မွ ႐ုရွားႏွင့္ျပင္သစ္တို႔က ဒုတိယႏွင့္တတိယေနရာတြင္ရွိေၾကာင္း သိရသည္။ ဤလက္နက္မ်ားေၾကာင့္ အၾကမ္းဖက္မႈကို ပိုမိုဆိုး႐ြားေစၿပီး ပဋိပကၡမ်ားကို ရွည္ၾကာေစကာ ေသြးထြက္သံယိုအျပင္းထန္ဆုံး စစ္ ေျမျပင္သို႔ေရာက္ရွိသြားတတ္ၾကသည္။ ၿငိမ္းခ်မ္းေရးအတြက္ ကတိျပဳေနၾကေသာ္လည္း ကမာၻလုံးဆိုင္ ရာ လက္နက္ကုန္သြယ္မႈသည္ ေႏွးေကြးသြားမည့္ အရိပ္အေယာင္မျပဘဲ ထိပ္တန္းလက္နက္ တင္ပို႔သည့္ ႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ားသည္ အမ်ိဳးသားလုံၿခဳံေရး ႏွင့္ ႏိုင္ငံတကာက်င့္ဝတ္တာဝန္မ်ားၾကား မၾကာခဏ လမ္းေပ်ာက္ေနတတ္ေၾကာင္းေတြ႕ရသည္။

လက္ရွိအခ်ိန္အထိ (၂၀၂၄) ဘ႑ာႏွစ္အတြက္ အေမရိကန္၏ ႏိုင္ငံျခားသို႔ စစ္လက္နက္ ေရာင္းခ်မႈ တန္ဖိုးသည္ အေမရိကန္ေဒၚလာ (၈၀)ဘီလ်ံေက်ာ္ ရွိၿပီး ယခုႏွစ္ကုန္တြင္ အေမရိကန္ ေဒၚလာ ဘီလ်ံ (၁၀ဝ)အထိ ေရာက္ရွိႏိုင္သည္ဟု မၾကာေသးမီက အေမရိကန္ကာကြယ္ေရးဌာနက ထုတ္ျပန္ခဲ့သည္။ ဤစံခ်ိန္တင္ပမာဏသည္ (၂၀၂၃) ဘ႑ာႏွစ္ထက္ အေမရိကန္ေဒၚလာ (၆၆ ဒသမ ၂) ဘီလ်ံကို ေက်ာ္လြန္သြားသည္။

ကမာၻ႔စီးပြားေရးအေပၚ ဖိအားမ်ားတိုးလာျခင္း ႏွင့္ ႏိုင္ငံတကာလုံၿခဳံေရးတြင္ မတည္မၿငိမ္ျဖစ္မႈ မ်ား ၾကားတြင္ အေမရိကန္၏ လက္နက္တင္ပို႔မႈသည္ ဆန႔္က်င္ဘက္အေနျဖင့္ျမင့္မားလာခဲ့ၿပီး တစ္ ကမာၻလုံးကို လႊမ္းမိုးေနခဲ့သည္။ ဤသည္မွာ လုံၿခဳံေရးစိုးရိမ္မႈမ်ားကို အသုံးခ်ျခင္း၊ ပဋိပကၡႏွင့္ ထိပ္ တိုက္ရင္ဆိုင္မႈမ်ားကို ျမႇင့္တင္ျခင္းႏွင့္ စစ္ပြဲမွရရွိလာေသာအက်ိဳးအျမတ္မ်ားကို ကာလရွည္ၾကာ က်င့္သုံးေနသည့္ အေမရိကန္၏အေလ့အထကို မီးေမာင္းထိုးျပေနသည္။

အထူးကုန္စည္တစ္ခုအေနျဖင့္ လက္နက္ တင္ပို႔မႈသည္ စီးပြားေရး၊ ဗ်ဴဟာေျမာက္လုံၿခဳံေရးႏွင့္ သံတမန္ေရးရာအပါအဝင္ မ်ားစြာေသာ အက်ိဳးသက္ေရာက္မႈမ်ားကို သယ္ေဆာင္လာေသာေၾကာင့္ ႐ိုးရွင္းေသာ စီးပြားေရးအေရာင္းအဝယ္ပုံစံႏွင့္ ကြဲျပားေနသည္။ အေမရိကန္၏ လက္နက္တင္ပို႔မႈမူဝါဒ သည္ မည္သည့္အလွည့္အေျပာင္းတြင္မဆို ၎၏ ႀကီးမားေသာအက်ိဳးစီးပြားကို ေဖာ္ေဆာင္ရန္ တြက္ ခ်က္ထား ေလ့ရွိသည္။

စီးပြားေရးက႑တြင္ အေမရိကန္၏စီးပြားေရးသည္ ဒုတိယကမာၻစစ္ကတည္းက ၎၏ စစ္တပ္ ႏွင့္ ဆက္စပ္ေနခဲ့သည္။ ဆယ္စုႏွစ္မ်ားအတြင္း ၎၏စစ္တပ္၊ ကာကြယ္ေရး ကန္ထ႐ိုက္တာမ်ားႏွင့္ ႏိုင္ငံ ေရးသမားမ်ားသည္ စစ္ေရး-စက္မႈဆိုင္ရာ ေပါင္း စပ္မႈကို ဖြဲ႕စည္းဖန္တီးခဲ့ၿပီး အေမရိကန္၏မူဝါဒ မ်ား ႏွင့္ လူထုအျမင္အေပၚ နက္နက္ရႈိင္းရႈိင္းလႊမ္းမိုး လာခဲ့သည္။ ႐ုရွား-ယူကရိန္း ပဋိပကၡ ျဖစ္ပြားၿပီး ကတည္းက Lockheed Martin, RTX, General Dynamics, Boeing ႏွင့္ Northrop Grumman
အပါအဝင္ အေမရိကန္ လက္နက္ကုမၸဏီႀကီးမ်ား သည္ ဤစစ္တပ္-စက္မႈလုပ္ငန္း ေရာယွက္မႈကို အသုံးခ်ျခယ္လွယ္ကာ ႀကီးမားေသာ အျမတ္ အစြန္းမ်ားကို ရယူခဲ့သည္။

သံတမန္ေရးအရ လက္နက္တင္ပို႔မႈသည္ အေမရိကန္အတြက္ ၎၏မဟာမိတ္စနစ္ကို ထူေထာင္ ထိန္းသိမ္းရန္ အေရးႀကီးေသာနည္းလမ္းျဖစ္ၿပီး တင္ သြင္းသည့္ႏိုင္ငံမ်ား၏ ႏိုင္ငံေရး၊ လုံၿခဳံေရးႏွင့္ ႏိုင္ငံျခားေရးမူဝါဒမ်ားကို လႊမ္းမိုးရန္ အားေကာင္းသည့္ ကိရိယာတစ္ခုလည္း ျဖစ္သည္။ မဟာမိတ္မ်ားႏွင့္ မဟာမိတ္မျဖစ္တျဖစ္ႏိုင္ငံမ်ားထံသို႔ လက္နက္တင္ပို႔ မႈတိုးျမႇင့္ျခင္းႏွင့္ အဆိုပါ ႏိုင္ငံ မ်ားႏွင့္ စစ္ဘက္ ဆက္ဆံေရး ခိုင္မာေစျခင္းသည္ မဟာမိတ္အဖြဲ႕အစည္းအတြင္း ၎၏ဦးေဆာင္မႈကို သ႐ုပ္ျပရန္ႏွင့္ ၎၏မဟာမိတ္မ်ားအေပၚေထာက္ပံ့မႈကို ျပသရန္ အတြက္ အဓိကအခ်က္ျဖစ္ေနသည္။ လက္ရွိတြင္ ႏိုင္ငံတကာလုံၿခဳံေရးအေျခအေန ယိုယြင္းလာျခင္း ေၾကာင့္ အေမရိကန္၏ တာဝန္မဲ့ လက္နက္တင္ပို႔မႈသည္ ျပင္းထန္လာၿပီး ကမာၻႏွင့္အဝွမ္း ထိခိုက္နစ္နာ လာေစသည္။ ႐ုရွား-ယူကရိန္း ပဋိပကၡတြင္ အေမရိကန္သည္ မီးထဲေလာင္စာထည့္သကဲ့သို႔ လက္နက္ မ်ားတင္ပို႔ကာ စစ္ပြဲမွ အျမတ္ထုတ္ခဲ့သည္။ ၎သည္ စစ္ပြဲကို ျပင္းထန္လာေစၿပီး ျပႆနာေျဖရွင္းမႈကို ေႏွာင့္ေႏွးေစသည့္ အဓိကအခ်က္မ်ားထဲမွ တစ္ခုျဖစ္ ေၾကာင္း သုံးသပ္ရသည္။ အေမရိကန္သည္ စစ္ဘက္ ဆိုင္ရာ ေထာက္ပံ့မႈမ်ားကို အစိုးရမဟုတ္ေသာ အဖြဲ႕ အစည္းမ်ားထံသို႔လည္းေပးပို႔ခဲ့ၿပီး ခဲယမ္းလက္နက္ အေျမာက္အျမားမွာ ေျခရာခံ၍မရသလို အၾကမ္းဖက္ အဖြဲ႕မ်ားႏွင့္ အစြန္းေရာက္တပ္ဖြဲ႕မ်ားထံသို႔ပင္ ေရာက္ရွိမႈမ်ားရွိေနသည္။ ထို႔ျပင္ အေမရိကန္သည္ ယူေက၊ ဩစေၾတးလ်တို႔ႏွင့္အတူ န်ဴကလီးယား ေရငုပ္သေဘၤာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို စတင္ခဲ့ၿပီး ထိုကဲ့သို႔ လက္နက္အဆင့္န်ဴကလီးယား ပစၥည္းမ်ားကို န်ဴကလီးယားလက္နက္မရွိေသာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းျခင္းမွာ န်ဴကလီးယားျပန႔္ပြားမႈ အႏၲရာယ္ကို ျမင့္မားေစသည္။

ထို႔ျပင္ အေမရိကန္၏ တာဝန္မဲ့လက္နက္တင္ပို႔ေရာင္းခ်မႈသည္ လူသားခ်င္းစာနာေထာက္ထား မႈ ဆိုင္ရာ အက်ပ္အတည္းမ်ားကို ဆိုး႐ြားစြာျဖစ္ေပၚ ေစခဲ့သည္။ မၾကာေသးမီက အခ်က္အလက္မ်ား အရ အစၥေရး-ပါလက္စတိုင္း ပဋိပကၡျဖစ္ပြားၿပီးေနာက္ ဂါဇာကမ္းေျမာင္တြင္ အစၥေရး၏ စစ္ဆင္ေရးမ်ားေၾကာင့္ ပါလက္စတိုင္း (၄၀ဝဝဝ)ေက်ာ္ ေသဆုံးကာ (၁၀ဝယဝဝဝ)ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္းသိရ သည္။ အစၥေရးသို႔ လက္နက္ႏွင့္ စစ္လက္နက္ပစၥည္း တန္ခ်ိန္ (၅၀ယဝဝဝ) ေက်ာ္ ေပးပို႔ထားၿပီး ျဖစ္ေသာ္လည္း အေမရိကန္သည္ လက္နက္မ်ား ပိုမိုေရာင္းခ်ရန္ဆႏၵရွိေနသည္။ အေမရိကန္ အစိုးရ သည္ အစၥေရး သို႔ ေဒၚလာဘီလ်ံ(၂၀)တန္ဖိုးရွိ လက္နက္မ်ားေရာင္း ခ်ရန္ ဩဂုတ္လလယ္က အတည္ျပဳခဲ့သည္။ ထို႔ျပင္ အေမရိကန္သည္ ႐ုရွား-ယူကရိန္း ပဋိပကၡအတြင္း ယူကရိန္းထံ အတြဲလိုက္ဗုံးမ်ားႏွင့္ ယူေရနီယံ ဓာတ္သတၱဳဗုံးမ်ားကဲ့သို႔ ထိခိုက္ပ်က္စီးမႈမ်ားေစေသာ လက္နက္မ်ားကို ေထာက္ပံ့ေပးျခင္း ျဖင့္ ႏိုင္ငံတကာ သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္လ်က္ရွိသည္။ လက္နက္ကုန္သြယ္မႈမွ ႀကီးမား ေသာအျမတ္အစြန္း မ်ား ရရွိေနေသာ္လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ လက္နက္ကုမၸဏီမ်ား ၏ေထာက္ပံ့မႈမွာ အနည္းငယ္မွ်သာ ျဖစ္သည္။ SIPRI အရ ကမာၻလုံးဆိုင္ရာ လက္နက္ထုတ္လုပ္ သူမ်ား၏ ႏွစ္စဥ္အျမတ္အစြန္း (၁) ရာခိုင္ႏႈန္းေအာက္သာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မ်ားတြင္ ပါဝင္ သည္ဟု ခန႔္မွန္းထားသည္။ အေမရိကန္အ ေျခစိုက္ Lockheed Martin ႏွင့္ Raytheon ကဲ့သို႔ေသာ လက္နက္ကုမၸဏီမ်ား၏ အျမတ္ေငြသည္ (၂၀၂၄) ခုႏွစ္တြင္ ေဒၚလာ (၅၀) ဘီလ်ံႏွင့္ ေဒၚလာ (၂၅)ဘီလ်ံ အသီးသီးထက္ေက်ာ္လြန္ေသာ္လည္း ယင္းကုမၸဏီမ်ားသည္ လူသားခ်င္းစာနာေထာက္ထား မႈဆိုင္ရာက႑မ်ားအတြက္ ပမာဏအနည္းငယ္ကိုသာ ခြဲေဝေပးေၾကာင္းေတြ႕ရသည္။ ထိုကဲ့သို႔ ၿငိမ္း ခ်မ္းေရးတည္ေဆာက္မႈအတြက္ ဘတ္ဂ်က္သုံးစြဲမႈ ေလ်ာ့နည္းလာေသာ္လည္း အျခားတစ္ဖက္တြင္မူ ကမာၻလုံးဆိုင္ရာ လက္နက္အသုံးစရိတ္သည္ အၿပိဳင္အဆိုင္ ျမင့္တက္လာခဲ့သည္။

ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ၎၏ (၂၀၂၄) မိန႔္ခြန္းတြင္ “ကမာၻ ႀကီးကို လက္နက္မ်ားတပ္ဆင္ေပးေနသ၍ ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ႏိုင္ဖြယ္မရွိေၾကာင္း၊ ႏိုင္ငံမ်ား အေနျဖင့္ ၎တို႔၏ ကိုယ္က်ိဳးရွာမူဝါဒမ်ားကို ျပန္လည္သုံးသပ္ၿပီး အျမတ္အစြန္းထက္ လူသားဆန္မႈကို ဦးစားေပးရမည့္အခ်ိန္ျဖစ္ပါေၾကာင္း” ေျပာၾကား ခဲ့သည္။ ကမာၻႀကီးသည္ ၿငိမ္းခ်မ္းေရးေမွ်ာ္လင့္ခ်က္ ႏွင့္ စစ္ပြဲမွ အျမတ္ထုတ္ျခင္းတို႔၏ ဆိုး႐ြားလွေသာ လက္ေတြ႕ျဖစ္ရပ္ႏွစ္ခုအၾကားလြန္ဆြဲေနၿပီး ႏိုင္ငံတ ကာစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ တာဝန္ခံမႈတို႔သည္ မည္သည့္အခါမွ် အေရးတယူလုပ္ခံခဲ့ရျခင္းမရွိပါ။

အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ယေန႔ကမာၻႀကီးတြင္ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ရွာေဖြျခင္း သည္ တစ္ကမာၻလုံးကလက္ခံထားေသာ အရာတစ္ခု ျဖစ္ေသာ္လည္း စစ္ႏွင့္ေသေက်ပ်က္စီးျခင္းသည္ တရားမွ်တမႈအတြက္ ေမးခြန္းထုတ္စရာျဖစ္ေနသည္။ အဓိက အင္အားႀကီးႏိုင္ငံတစ္ခုအေနျဖင့္ အေမရိ ကန္သည္ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေသာ လက္နက္ တင္ပို႔သည့္မူဝါဒကိုခ်မွတ္သင့္ၿပီး ကမာၻတစ္ဝန္း စစ္မီးေတာက္မ်ားကို ျငႇိမ္းသတ္ကာ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေရွးရႈသင့္ပါ ေၾကာင္း။

Related news

© 2021. All rights reserved.