သူလျှိုဂြိုလ်တုဓါတ်ပုံများကို အသုံးပြု၍ ရှေးဟောင်းသုတေသနပညာရှင်တို့က အီရတ်နိုင်ငံ ရှေးဟောင်းသမိုင်း တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်ရန် ကြိုးပမ်း

 504

Htay Oung (NP News) - နိုဝင်ဘာ ၁၄

ဗြိတိန်နဲ့ အီရတ်ရှေးဟောင်းသုတေသနပညာရှင်များအဖွဲ့ဟာ ၁၉၇ဝ ပြည့်နှစ်များအတွင်း လျှို့ဝှက်အဆင့် သတ် မှတ်ထားရာမှ ပယ်ဖျက်လိုက်တဲ့ အမေရိကန်သူလျှိုဂြိုလ်တုဓာတ်ပုံများကို လေ့လာနေကြပါတယ်။ အဲဒီဓါတ်ပုံ တွေဟာ ၇ ရာစု အီရတ်နိုင်ငံတောင်ပိုင်း “အယ်လ် ကာဒီစီယာ” တိုက်ပွဲဖြစ်ပွားရာလို့ ယူဆရတဲ့နေရာလည်း ပါဝင် နေတယ်လို့ “အေဘီစီသတင်းအေဂျင်စီ” နိုဝင်ဘာလ ၁၂ ရက်က ရေးသားပါတယ်။
ပထမကမ္ဘာစစ်ကာလအထိ မက်ဆိုပိုတေးမီးယားအဖြစ် လူသိများခဲ့တဲ့ လက်ရှိအီရန်နိုင်ငံနေထိုင်သူများဟာ အာရပ်များဖြစ်ကြပေမယ့် အိမ်နီးချင်းတိုင်းပြည် အီရန်ကတော့ အာရပ် မဟုတ်ပဲ မတူကွဲပြားနေပါတယ်။ အေဒီ ၆၃ဝ ပြည့်နှစ်များ အာရပ်မွတ်စလင်များနဲ့ “ဆက်ဆန်နိတ် ပါရှား” တို့အကြား တိုက်ပွဲဟာ အစ္စလာမ်သာသနာ ပြန့်ပွားခြင်း သမိုင်းအတွက် အရေးကြီးပါတယ်။ အာရပ်တို့ အနိုင်ရရှိခြင်းနဲ့အတူ ပါရှားတို့ရဲ့ ဆက်ဆန်နိတ် အင်ပါယာပြိုလဲသွားပြီး အတိတ်ကာလ ဇိုရိုအက်စတာ ကိုးကွယ်နေရာမှ မွတ်စလင်တိုင်းပြည်ဖြစ်သွားပါတယ်။ ၁၃-ရာစု မွန်ဂိုတို့ကျူးကျော် သိမ်းပိုက်ခံရချိန်မှလွဲပြီး တစ်ချိန်က အီရန်ဟာ ဆွန်နီမွတ်စလင်တိုင်းပြည်ဖြစ်ခဲ့ပါ တယ်။ ၁၆ ရာစု ဆာဖာဗစ်မင်းဆက် အီရန်နိုင်ငံဟာ ရှီအာမွတ်စလင်များအဖြစ် တရားဝင်ရပ်တည်လာပါတယ်။ အီရတ်မှ မက္ကာမြို့သို့ ရှေးခေတ်ဘုရားဖူးလမ်းကြောင်းကို ပုံဖော်နေတဲ့ ဗြိတိန်-အီရတ်ပညာရှင်များဟာ အယ်လ် ကာဒီစီယာ တိုက်ပွဲသမိုင်းမှတ်တမ်းများနဲ့ ကိုက်ညီတဲ့ နာဂျဖ်ပြည်နယ်ရှိ နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ကတုတ်ကျင်းများ၊ ခံတပ်နှစ်ခုနဲ့ ရှေးဟောင်းမြစ်တစ်စင်းတို့လို အဓိက အချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး အချိန် ကာလတစ်ခုမှ အိုးခွက်ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။
မျက်မှောက်ကမ္ဘာကြီးမှာ နိုင်ငံရေးအယူအဆနဲ့ စီးပွားရေးလွှမ်းမိုးမှုအတွက် ကမ္ဘာ့အရှေ့ ဆိုဗီယက်အုပ်စုနဲ့ အမေရိကန်အနောက်အုပ်စုအကြား ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှု “စစ်အေးခေတ်” ကာလတစ်ခုရှိခဲ့ဖူးပါ တယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် ၁၉၄၇-ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲတဲ့ ၁၉၉၁-ခုနှစ်အတွင်း ဂြိုလ်တုများကို အသုံးပြုပြီး နှစ်ဖက် အပြန်အလှန်ထောက်လှမ်းသူလျှိုလုပ်ကြရာမှာ အတိတ်ကာလမှ ယခုနောက်ပိုင်းပြောင်းလဲသွားတဲ့ သွင်ပြင်အင်္ဂါရပ်များကိုလည်း ဖော်ထုတ်နိုင်ကြပါတယ်။ အဲဒီဓါတ်ပုံတွေဟာ အရှေ့အလယ်ပိုင်းဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင်များအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်မြေပုံကို ရရှိသလိုဖြစ်နေပါတယ်။ ပညာရှင်များအဖွဲ့ဟာ သူလျှိုဂြိုလ်တုဓါတ်ပုံတွေ့ရှိချက်များကို မြေပြင်အမှန်တကယ် တူးဖော်မှုများမှတစ်ဆင့် အတည်ပြုခဲ့ပါတယ်။
ယခုခေတ် အီရတ်နိုင်ငံနေ မွတ်စလင် ၅၅-၆၀% ဟာ ရှီအာများ့ဖြစ်ကြပြီး ခရစ်ယာန်ဘာသာ၊ ယာဇီဒီဘာသာ၊ ဇိုရိုအက်စတာနဲ့ ဂျူဒါးဝါဒတို့လို ကိုးကွယ်ယုံကြည်မှုများနဲ့ ဆွန်နီမွတ်စလင်ရာခိုင်နှုန်းအနည်းငယ် ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀၀ ကျော်ခန့်က ကမ္ဘာ့ရှေးအကျဆုံးမြို့များ၊ အင်ပါယာများနဲ့ စာအရေးအသား-သင်္ချာ-ဲပြက္ခဒိန်-နက္ခတ္တဗေဒပညာရပ်တို့ စတင်ရာဒေသရဲ့ အယ်လ် ကာဒီစီယာတိုက်ပွဲဟာ လက်ရှိ လူဦးရေ ၄၆-သန်း နေထိုင်ရာ အီရတ်ရဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု အပြောင်းအလဲအတွက် အရေးပါမှုရှိပါတယ်။
သူလျှိုဂြိုလ်တု ဓါတ်ပုံတွေဟာ အထူးသဖြင့် ဆက်ဒမ်ခေတ်လွန်ကာလ အီရတ်ပြည်တွင်း နိုင်ငံရေးနဲ့ ယဉ်ကျေး မှုဆိုင်ရာအခြေအနေများကို လေ့လာရာမှာ အရေးပါမှုရှိပြီး အီရန်နဲ့ ဆက်ဆံရေးအပေါ် အီရတ်ရဲ့သဘောထား အမြင်များ၊ အမျိုးသားရေးလက္ခဏာနဲ့ ဆက်စပ်နေတဲ့အတွက် ဖြစ်ပါတယ်။
ဆက်ဒမ်ကို ဖြုတ်ချခဲ့တဲ့ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင် အီရတ်ကျူးကျော်မှု နောက်ပိုင်း နိုင်ငံအတွင်း သြ ဇာချဲ့ထွင်လာခဲ့တဲ့ အီရန်အပေါ်ထားတဲ့ သူတို့ရဲ့ခံစားချက်ပေါ်မူတည်ပြီး အတိတ်ကာလ အယ်လ်ကာဒီစီယာ တိုက်ပွဲအပေါ် အီရတ်တို့ရဲ့ အမြင်သဘောထားမှာလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။
ယခု ရှာဖွေတွေ့ရှိမှုဟာ ဒေသတွင်း ပျက်သုဉ်းပျောက်ကွယ်လုနီးပါး ရှေးဟောင်းသုတေသနနေရာများကို မှတ်တမ်း တင်ရန်အတွက် ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး ပိုမိုကျယ်ပြန့်တဲ့ ပရောဂျက်တစ်ခုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ထွက်ပေါ် လာခြင်းဖြစ်ပါတယ်။
လူ့ယဉ်ကျေးမှု အစပျိုးရာဒေသအဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိတဲ့ အီရတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာကြာမြင့်တဲ့ ပဋိပက္ခများကြောင့် ရှေးဟောင်းသုတေသန တူးဖော်မှုများ ရပ်တန့်သွားပြီး သောင်းနဲ့ချီတဲ့ ရှေးဟောင်းပစ္စည်းများ လုယက်ခြင်း ခိုးယူခံရခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။
မကြာသေးမီနှစ်များအတွင်း တူးဖော်မှုများ ပြန်လည်စတင်နိုင်လာပြီး လွှဲပြောင်းပေးကြတဲ့ ခိုးယူခံ ရှေးဟောင်း ပစ္စည်း ထောင်ဂဏန်းမျှလောက်တော့ အီရတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
(ကောင်းကင်ဂြိုလ်တုအချို့ဟာ ယခုလို အတိတ်ကာလ မြေမျက်နှာသွင်ပြင်များကိုလည်း စူးစမ်းဖော်ထုတ်နိုင် ကြောင်း သိရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပိဋကက်သုံးပုံစောင့် နတ်သမီးအဖြစ် မှတ်ယူနေကြတဲ့ “သူရဿ တီ” ဆိုတာဟာ ယခု အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပန်ဂျပ်ပြည်နယ်ရှိ တိမ်ကောသွားတဲ့ မြစ်တစ်စင်းဖြစ် တယ်လို့ ဆိုပါတယ်။
“ရေနှင့် အတူတကွရှိသော နတ်သမီး” ချိုသာစွာ_ပြောဆိုလေ့ရှိသော နတ်သမီး” လို့ အဓိပ္ပါယ်ရရှိပြီး ရေမြေ တောတောင်တို့ ကို ယုံကြည်ကိုးကွယ်မှု ထွန်းကားတဲ့ အိန္ဒိယတိုက်ငယ်မှာ သူရဿတီကို ဗြဟ္မာမင်းရဲ့ ကြင် ယာတော်အဖြစ်လည်း မှတ်ယူကြပါတယ်။ ။သတင်းဘာသာပြန်သူ)))
#အယ်လ်_ကာဒီစီယာ_တိုက်ပွဲ #ဆွန်နီ #ရှီအာ #ဆက်ဆန်နိတ်_ပါရှား #အီရတ် #အီရန် #သူရဿတီ #မက်ဆိုပိုတေးမီးယား
(ABC.,12 November 2024,” Spy satellite images lead archeologists to the site of a historic battle in Iraq” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
သူလွ်ိဳၿဂိဳလ္တုဓါတ္ပုံမ်ားကို အသုံးျပဳ၍ ေရွးေဟာင္းသုေတသနပညာရွင္တို႔က အီရတ္ႏိုင္ငံ ေရွးေဟာင္းသမိုင္း တစ္စိတ္တစ္ပိုင္းကို ေဖာ္ထုတ္ရန္ ႀကိဳးပမ္း
Htay Oung (NP News) - ႏိုဝင္ဘာ ၁၄

ၿဗိတိန္နဲ႔ အီရတ္ေရွးေဟာင္းသုေတသနပညာရွင္မ်ားအဖြဲ႕ဟာ ၁၉၇ဝ ျပည့္ႏွစ္မ်ားအတြင္း လွ်ိဳ႕ဝွက္အဆင့္ သတ္ မွတ္ထားရာမွ ပယ္ဖ်က္လိုက္တဲ့ အေမရိကန္သူလွ်ိဳၿဂိဳလ္တုဓာတ္ပုံမ်ားကို ေလ့လာေနၾကပါတယ္။ အဲဒီဓါတ္ပုံ ေတြဟာ ၇ ရာစု အီရတ္ႏိုင္ငံေတာင္ပိုင္း “အယ္လ္ ကာဒီစီယာ” တိုက္ပြဲျဖစ္ပြားရာလို႔ ယူဆရတဲ့ေနရာလည္း ပါဝင္ ေနတယ္လို႔ “ေအဘီစီသတင္းေအဂ်င္စီ” ႏိုဝင္ဘာလ ၁၂ ရက္က ေရးသားပါတယ္။
ပထမကမာၻစစ္ကာလအထိ မက္ဆိုပိုေတးမီးယားအျဖစ္ လူသိမ်ားခဲ့တဲ့ လက္ရွိအီရန္ႏိုင္ငံေနထိုင္သူမ်ားဟာ အာရပ္မ်ားျဖစ္ၾကေပမယ့္ အိမ္နီးခ်င္းတိုင္းျပည္ အီရန္ကေတာ့ အာရပ္ မဟုတ္ပဲ မတူကြဲျပားေနပါတယ္။ ေအဒီ ၆၃ဝ ျပည့္ႏွစ္မ်ား အာရပ္မြတ္စလင္မ်ားနဲ႔ “ဆက္ဆန္နိတ္ ပါရွား” တို႔အၾကား တိုက္ပြဲဟာ အစၥလာမ္သာသနာ ျပန႔္ပြားျခင္း သမိုင္းအတြက္ အေရးႀကီးပါတယ္။ အာရပ္တို႔ အႏိုင္ရရွိျခင္းနဲ႔အတူ ပါရွားတို႔ရဲ႕ ဆက္ဆန္နိတ္ အင္ပါယာၿပိဳလဲသြားၿပီး အတိတ္ကာလ ဇို႐ိုအက္စတာ ကိုးကြယ္ေနရာမွ မြတ္စလင္တိုင္းျပည္ျဖစ္သြားပါတယ္။ ၁၃-ရာစု မြန္ဂိုတို႔က်ဴးေက်ာ္ သိမ္းပိုက္ခံရခ်ိန္မွလြဲၿပီး တစ္ခ်ိန္က အီရန္ဟာ ဆြန္နီမြတ္စလင္တိုင္းျပည္ျဖစ္ခဲ့ပါ တယ္။ ၁၆ ရာစု ဆာဖာဗစ္မင္းဆက္ အီရန္ႏိုင္ငံဟာ ရွီအာမြတ္စလင္မ်ားအျဖစ္ တရားဝင္ရပ္တည္လာပါတယ္။ အီရတ္မွ မကၠာၿမိဳ႕သို႔ ေရွးေခတ္ဘုရားဖူးလမ္းေၾကာင္းကို ပုံေဖာ္ေနတဲ့ ၿဗိတိန္-အီရတ္ပညာရွင္မ်ားဟာ အယ္လ္ ကာဒီစီယာ တိုက္ပြဲသမိုင္းမွတ္တမ္းမ်ားနဲ႔ ကိုက္ညီတဲ့ နာဂ်ဖ္ျပည္နယ္ရွိ ေနရာတစ္ခုကို ေတြ႕ရွိခဲ့ပါတယ္။ ကတုတ္က်င္းမ်ား၊ ခံတပ္ႏွစ္ခုနဲ႔ ေရွးေဟာင္းျမစ္တစ္စင္းတို႔လို အဓိက အခ်က္မ်ားကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး အခ်ိန္ ကာလတစ္ခုမွ အိုးခြက္ပစၥည္းမ်ားကိုလည္း ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရွိရပါတယ္။
မ်က္ေမွာက္ကမာၻႀကီးမွာ ႏိုင္ငံေရးအယူအဆနဲ႔ စီးပြားေရးလႊမ္းမိုးမႈအတြက္ ကမာၻ႔အေရွ႕ ဆိုဗီယက္အုပ္စုနဲ႔ အေမရိကန္အေနာက္အုပ္စုအၾကား ပထဝီႏိုင္ငံေရးဆိုင္ရာ တင္းမာမႈ “စစ္ေအးေခတ္” ကာလတစ္ခုရွိခဲ့ဖူးပါ တယ္။ ဒုတိယကမာၻစစ္ ၿပီးဆုံးခ်ိန္ ၁၉၄၇-ခုႏွစ္ ဆိုဗီယက္ယူနီယံၿပိဳကြဲတဲ့ ၁၉၉၁-ခုႏွစ္အတြင္း ၿဂိဳလ္တုမ်ားကို အသုံးျပဳၿပီး ႏွစ္ဖက္ အျပန္အလွန္ေထာက္လွမ္းသူလွ်ိဳလုပ္ၾကရာမွာ အတိတ္ကာလမွ ယခုေနာက္ပိုင္းေျပာင္းလဲသြားတဲ့ သြင္ျပင္အဂၤါရပ္မ်ားကိုလည္း ေဖာ္ထုတ္ႏိုင္ၾကပါတယ္။ အဲဒီဓါတ္ပုံေတြဟာ အေရွ႕အလယ္ပိုင္းဆိုင္ရာ ေရွးေဟာင္းသုေတသနပညာရွင္မ်ားအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ရတနာသိုက္ေျမပုံကို ရရွိသလိုျဖစ္ေနပါတယ္။ ပညာရွင္မ်ားအဖြဲ႕ဟာ သူလွ်ိဳၿဂိဳလ္တုဓါတ္ပုံေတြ႕ရွိခ်က္မ်ားကို ေျမျပင္အမွန္တကယ္ တူးေဖာ္မႈမ်ားမွတစ္ဆင့္ အတည္ျပဳခဲ့ပါတယ္။
ယခုေခတ္ အီရတ္ႏိုင္ငံေန မြတ္စလင္ ၅၅-၆၀% ဟာ ရွီအာမ်ား့ျဖစ္ၾကၿပီး ခရစ္ယာန္ဘာသာ၊ ယာဇီဒီဘာသာ၊ ဇို႐ိုအက္စတာနဲ႔ ဂ်ဴဒါးဝါဒတို႔လို ကိုးကြယ္ယုံၾကည္မႈမ်ားနဲ႔ ဆြန္နီမြတ္စလင္ရာခိုင္ႏႈန္းအနည္းငယ္ ရွိပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၈၀၀၀ ေက်ာ္ခန႔္က ကမာၻ႔ေရွးအက်ဆုံးၿမိဳ႕မ်ား၊ အင္ပါယာမ်ားနဲ႔ စာအေရးအသား-သခ်ၤာ-ဲျပကၡဒိန္-နကၡတၱေဗဒပညာရပ္တို႔ စတင္ရာေဒသရဲ႕ အယ္လ္ ကာဒီစီယာတိုက္ပြဲဟာ လက္ရွိ လူဦးေရ ၄၆-သန္း ေနထိုင္ရာ အီရတ္ရဲ႕ ႏိုင္ငံေရးနဲ႔ ယဥ္ေက်းမႈ အေျပာင္းအလဲအတြက္ အေရးပါမႈရွိပါတယ္။
သူလွ်ိဳၿဂိဳလ္တု ဓါတ္ပုံေတြဟာ အထူးသျဖင့္ ဆက္ဒမ္ေခတ္လြန္ကာလ အီရတ္ျပည္တြင္း ႏိုင္ငံေရးနဲ႔ ယဥ္ေက်း မႈဆိုင္ရာအေျခအေနမ်ားကို ေလ့လာရာမွာ အေရးပါမႈရွိၿပီး အီရန္နဲ႔ ဆက္ဆံေရးအေပၚ အီရတ္ရဲ႕သေဘာထား အျမင္မ်ား၊ အမ်ိဳးသားေရးလကၡဏာနဲ႔ ဆက္စပ္ေနတဲ့အတြက္ ျဖစ္ပါတယ္။
ဆက္ဒမ္ကို ျဖဳတ္ခ်ခဲ့တဲ့ ၂၀၀၃ ခုႏွစ္ အေမရိကန္ဦးေဆာင္ အီရတ္က်ဴးေက်ာ္မႈ ေနာက္ပိုင္း ႏိုင္ငံအတြင္း ၾသ ဇာခ်ဲ႕ထြင္လာခဲ့တဲ့ အီရန္အေပၚထားတဲ့ သူတို႔ရဲ႕ခံစားခ်က္ေပၚမူတည္ၿပီး အတိတ္ကာလ အယ္လ္ကာဒီစီယာ တိုက္ပြဲအေပၚ အီရတ္တို႔ရဲ႕ အျမင္သေဘာထားမွာလည္း အမ်ိဳးမ်ိဳးကြဲျပားသြားပါတယ္။
ယခု ရွာေဖြေတြ႕ရွိမႈဟာ ေဒသတြင္း ပ်က္သုဥ္းေပ်ာက္ကြယ္လုနီးပါး ေရွးေဟာင္းသုေတသနေနရာမ်ားကို မွတ္တမ္း တင္ရန္အတြက္ ၂၀၁၅ ခုႏွစ္မွာ စတင္ခဲ့ၿပီး ပိုမိုက်ယ္ျပန႔္တဲ့ ပေရာဂ်က္တစ္ခုရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ထြက္ေပၚ လာျခင္းျဖစ္ပါတယ္။
လူ႔ယဥ္ေက်းမႈ အစပ်ိဳးရာေဒသအျဖစ္ မၾကာခဏ ရည္ၫႊန္းေလ့ရွိတဲ့ အီရတ္ႏိုင္ငံမွာ ဆယ္စုႏွစ္မ်ားစြာၾကာျမင့္တဲ့ ပဋိပကၡမ်ားေၾကာင့္ ေရွးေဟာင္းသုေတသန တူးေဖာ္မႈမ်ား ရပ္တန႔္သြားၿပီး ေသာင္းနဲ႔ခ်ီတဲ့ ေရွးေဟာင္းပစၥည္းမ်ား လုယက္ျခင္း ခိုးယူခံရျခင္းမ်ားျဖစ္ေပၚခဲ့ပါတယ္။
မၾကာေသးမီႏွစ္မ်ားအတြင္း တူးေဖာ္မႈမ်ား ျပန္လည္စတင္ႏိုင္လာၿပီး လႊဲေျပာင္းေပးၾကတဲ့ ခိုးယူခံ ေရွးေဟာင္း ပစၥည္း ေထာင္ဂဏန္းမွ်ေလာက္ေတာ့ အီရတ္ႏိုင္ငံကို ျပန္လည္ေရာက္ရွိလာပါတယ္။
(ေကာင္းကင္ၿဂိဳလ္တုအခ်ိဳ႕ဟာ ယခုလို အတိတ္ကာလ ေျမမ်က္ႏွာသြင္ျပင္မ်ားကိုလည္း စူးစမ္းေဖာ္ထုတ္ႏိုင္ ေၾကာင္း သိရွိရပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ပိဋကက္သုံးပုံေစာင့္ နတ္သမီးအျဖစ္ မွတ္ယူေနၾကတဲ့ “သူရႆ တီ” ဆိုတာဟာ ယခု အိႏၵိယနဲ႔ ပါကစၥတန္အၾကား ပန္ဂ်ပ္ျပည္နယ္ရွိ တိမ္ေကာသြားတဲ့ ျမစ္တစ္စင္းျဖစ္ တယ္လို႔ ဆိုပါတယ္။
“ေရႏွင့္ အတူတကြရွိေသာ နတ္သမီး” ခ်ိဳသာစြာ_ေျပာဆိုေလ့ရွိေသာ နတ္သမီး” လို႔ အဓိပၸါယ္ရရွိၿပီး ေရေျမ ေတာေတာင္တို႔ ကို ယုံၾကည္ကိုးကြယ္မႈ ထြန္းကားတဲ့ အိႏၵိယတိုက္ငယ္မွာ သူရႆတီကို ျဗဟၼာမင္းရဲ႕ ၾကင္ ယာေတာ္အျဖစ္လည္း မွတ္ယူၾကပါတယ္။ ။သတင္းဘာသာျပန္သူ)))
#အယ္လ္_ကာဒီစီယာ_တိုက္ပြဲ #ဆြန္နီ #ရွီအာ #ဆက္ဆန္နိတ္_ပါရွား #အီရတ္ #အီရန္ #သူရႆတီ #မက္ဆိုပိုေတးမီးယား
(ABC.,12 November 2024,” Spy satellite images lead archeologists to the site of a historic battle in Iraq” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.