နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၁)ခုတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေ

 338

သက်ပိုင် (NP News) - အောက်တိုဘာ ၁၈

နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး(၁၁)ခုတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေ ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
အောက်တိုဘာလ (၁၈) ရက် ညနေ(၃)နာရီ မိနစ်(၃၀) အချိန်တိုင်းတာချက်များအရ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိကြောင်း သတိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုရန်လိုကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ယင်းသို့အားကောင်းရာတွင် အောက်တိုဘာလ (၁၉) ရက် နံနက်ပိုင်းအချိန်အထိ နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရာနှုန်းပြည့်ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ေနျပည္ေတာ္ အပါအဝင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး(၁၁)ခုတြင္ မိုးတိမ္ေတာင္ျဖစ္ထြန္းမႈ အားေကာင္းေန
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၈
ေနျပည္ေတာ္ အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး(၁၁)ခုတြင္ မိုးတိမ္ေတာင္ျဖစ္ထြန္းမႈ အားေကာင္းေန ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထုတ္ျပန္ထားသည္။
ေအာက္တိုဘာလ (၁၈) ရက္ ညေန(၃)နာရီ မိနစ္(၃၀) အခ်ိန္တိုင္းတာခ်က္မ်ားအရ ေနျပည္ေတာ္၊ မႏၲေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယား ျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ထြန္းမႈ အားေကာင္းလ်က္ရွိေၾကာင္း သတိေပးထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ေၾကာင့္ အဆိုပါ မိုးတိမ္ေတာင္မ်ား ေ႐ြ႕လ်ားရာေနရာတစ္ေလွ်ာက္တြင္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္း တိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳး ပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းစသည့္ မိုးေလဝသ ျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳရန္လိုေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။
ယင္းသို႔အားေကာင္းရာတြင္ ေအာက္တိုဘာလ (၁၉) ရက္ နံနက္ပိုင္းအခ်ိန္အထိ ေနျပည္ေတာ္၊ မေကြးတိုင္း ေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ကရင္ ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲ၊ ရန္ကုန္တိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကယား ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တို႔တြင္ ေနရာစိပ္စိပ္ ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး ရာႏႈန္းျပည့္႐ြာသြန္းႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.