TNLA တို့က မြို့မှ မဆုတ်ခွာမီ သီပေါဟော်နန်းကိုပင် မီးရှို့ဖျက်စီးရန် ကြံစည်ခဲ့ကြသေး ဟုဆို

771

သုတကျော် (NP News) - အောက်တိုဘာ ၁၈
TNLA တို့အနေဖြင့် မြို့မှ မဆုတ်ခွာမီ သီပေါဟော်နန်းကိုပင် မီးရှို့ဖျက်စီးရန် ကြံစည်ခဲ့ကြသေးကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
သီပေါမြို့ကို ပြန်လည်ရရှိရေးအတွက် တပ်မတော် တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ခဲ့ရာ သီပေါမြို့အဝင် Toll Gate သို့ရောက်ရှိစဉ် TNLA အကြမ်းဖက်သောင်းကျန်းသူများသည် သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူပိုင်အဆောက်အအုံများအား မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက မြို့အတွင်းသို့ အလျင်အမြန်ဝင်ရောက်ရှင်းလင်း၍ အခြားအဆောက်အအုံများ မီးကူးစက်မှုမရှိစေရေး မီးငြိမ်းသက်ရေးလုပ်ငန်းများနှင့် မြို့တွင်းလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတွင် သီပေါမြို့အား တပ်မတော်က အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
စိတ်ဓာတ်ကျဆင်းစွာ ဖရိုဖရဲဖြင့် သီပေါမြို့၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအားလည်း သီပေါမြို့အနီးဝန်းကျင်သို့ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းအနေဖြင့် ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်ချေမှုန်းလျက် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“သီပေါဟော်ကို မီးရှို့ဖို့ ကြံစည်ခဲ့တယ်။ ရှို့တော့ မရှို့သွားပါဘူး။ ဒီလို လုပ်ဖို့ ကြံစည်ခဲ့ကြသေးတယ် ဆိုတာ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သီပေါဟော်သည် နိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်သည့်အတွက် များစွာ ထိခိုက်မှုဖြစ်မည်ဖြစ်ကြောင်း၊ ယင်းကျေးမှု ထိခိုက်သည့်အပြင် နိုင်ငံအတွက်လည်း ထိခိုက်မှုဖြစ်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ပုံစာ - သီပေါဟော် ယခင်ပုံ

Zawgyi Version;
TNLA တို႔က ၿမိဳ႕မွ မဆုတ္ခြာမီ သီေပါေဟာ္နန္းကိုပင္ မီးရႈိ႕ဖ်က္စီးရန္ ႀကံစည္ခဲ့ၾကေသး ဟုဆို
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၈
TNLA တို႔အေနျဖင့္ ၿမိဳ႕မွ မဆုတ္ခြာမီ သီေပါေဟာ္နန္းကိုပင္ မီးရႈိ႕ဖ်က္စီးရန္ ႀကံစည္ခဲ့ၾကေသးေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
သီေပါၿမိဳ႕ကို ျပန္လည္ရရွိေရးအတြက္ တပ္မေတာ္ တပ္မေတာ္စစ္ေၾကာင္းမ်ားက တိုက္ခိုက္ခဲ့ရာ သီေပါၿမိဳ႕အဝင္ Toll Gate သို႔ေရာက္ရွိစဥ္ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ သီေပါၿမိဳ႕အတြင္းရွိ ဌာနဆိုင္ရာအေဆာက္အအုံမ်ားႏွင့္ ျပည္သူပိုင္အေဆာက္အအုံမ်ားအား မီးရႈိ႕ထြက္ေျပးသြားခဲ့သျဖင့္ တပ္မေတာ္စစ္ေၾကာင္းက ၿမိဳ႕အတြင္းသို႔ အလ်င္အျမန္ဝင္ေရာက္ရွင္းလင္း၍ အျခားအေဆာက္အအုံမ်ား မီးကူးစက္မႈမရွိေစေရး မီးၿငိမ္းသက္ေရးလုပ္ငန္းမ်ားႏွင့္ ၿမိဳ႕တြင္းလုံၿခဳံေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာ ၁၆ ရက္ ညေနပိုင္းတြင္ သီေပါၿမိဳ႕အား တပ္မေတာ္က အၿပီးတိုင္ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
စိတ္ဓာတ္က်ဆင္းစြာ ဖ႐ိုဖရဲျဖင့္ သီေပါၿမိဳ႕၏ ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးလ်က္ရွိသည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအားလည္း သီေပါၿမိဳ႕အနီးဝန္းက်င္သို႔ေရာက္ရွိေနသည့္ တပ္မေတာ္စစ္ေၾကာင္းအေနျဖင့္ ထပ္ၾကပ္မကြာ လိုက္လံ တိုက္ခိုက္ေခ်မႈန္းလ်က္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“သီေပါေဟာ္ကို မီးရႈိ႕ဖို႔ ႀကံစည္ခဲ့တယ္။ ရႈိ႕ေတာ့ မရႈိ႕သြားပါဘူး။ ဒီလို လုပ္ဖို႔ ႀကံစည္ခဲ့ၾကေသးတယ္ ဆိုတာ သိရပါတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။
သီေပါေဟာ္သည္ ႏိုင္ငံ၏ ျပယုဂ္တစ္ခုျဖစ္သည့္အတြက္ မ်ားစြာ ထိခိုက္မႈျဖစ္မည္ျဖစ္ေၾကာင္း၊ ယင္းေက်းမႈ ထိခိုက္သည့္အျပင္ ႏိုင္ငံအတြက္လည္း ထိခိုက္မႈျဖစ္သြားႏိုင္ေၾကာင္း ၎က ဆိုသည္။
ပုံစာ - သီေပါေဟာ္ ယခင္ပုံ