ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် လုံခြုံရေးအရ စီတန်းလှည့်လည် စည်းရုံခွင့်မပြုကြောင်း သိရ

409

သက်ပိုင် (NP News) - အောက်တိုဘာ ၁၈
လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် လုံခြုံရေးအရ စီတန်းလှည့်လည် စည်းရုံခြင်းကို ခွင့်မပြုဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောကြားခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက ပြောသည်။
ယနေ့(အောက်တိုဘာလ ၁၈ ရက်) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက တစ်ဦးက ဆိုသည်။
“ကမ်ပိန်းကာလကျရင် စီတန်းပြီးလှည့်လည်တာတွေကို ခွင့်မပြုဘူးလို့ပြောသွားတယ်။ လက်ကမ်းစာစောင် ဝေတာကိုတော့ပေးတယ်။ စီတန်းလှည့်လည်တာမျိုးတွေကိုတော့ ခွင့်မပေးဘူးပေါ့နော်။ လုံခြုံရေးအရ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ လုပ်ရမယ်။ ဟောပြောပွဲတွေ၊ ဘာတွေအကုန်လုံးပေါ့။ လုံခြုံရေးအရ စိတ်ချ ရတဲ့နေရာကို သူတို့ရွေးပေးမယ်။ အဲဒီနေရာမှာ ဟောပြောတာတွေလုပ်။ သူများပါတီကို ထိခိုက်စေတာ တွေ မပြောဖို့ပေါ့။ ရွေးကောက်ပွဲကျင်းပမယ့်နေရာအကုန်လုံးမှာပါ” ဟု ဦးတင်ဆွေက ရှင်းပြသည်။
ယနေ့ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် လုံခြုံရေးကိစ္စများကို UEC ထံ တင်ပြခဲ့ကြပြီး လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းကို ရှင်းပြပြောဆိုခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို အောက်တိုဘာလ(၂၈)ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ (၂၆) ရက် ည (၁၂)နာရီ အထိ (ရက်ပေါင်း ၆ဝ) အတွင်း ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၁၅) ရက်တွင် ထုတ်ပြန်ထားသည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ရာတြင္ လုံၿခဳံေရးအရ စီတန္းလွည့္လည္ စည္း႐ုံခြင့္မျပဳေၾကာင္း သိရ
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၈
လာမည့္ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ရာတြင္ လုံၿခဳံေရးအရ စီတန္းလွည့္လည္ စည္း႐ုံျခင္းကို ခြင့္မျပဳဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ေျပာၾကားခဲ့ေၾကာင္း ဒီမိုကရက္တစ္ပါတီမွ ဒုတိယဥကၠ႒ ဦးတင္ေဆြက ေျပာသည္။
ယေန႔(ေအာက္တိုဘာလ ၁၈ ရက္) တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ႏွင့္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ား၊ တစ္သီးပုဂၢလ ကိုယ္စားလွယ္မ်ား ေတြ႕ဆုံစဥ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒က ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ၎က တစ္ဦးက ဆိုသည္။
“ကမ္ပိန္းကာလက်ရင္ စီတန္းၿပီးလွည့္လည္တာေတြကို ခြင့္မျပဳဘူးလို႔ေျပာသြားတယ္။ လက္ကမ္းစာေစာင္ ေဝတာကိုေတာ့ေပးတယ္။ စီတန္းလွည့္လည္တာမ်ိဳးေတြကိုေတာ့ ခြင့္မေပးဘူးေပါ့ေနာ္။ လုံၿခဳံေရးအရ သတ္မွတ္ထားတဲ့ေနရာေတြမွာပဲ လုပ္ရမယ္။ ေဟာေျပာပြဲေတြ၊ ဘာေတြအကုန္လုံးေပါ့။ လုံၿခဳံေရးအရ စိတ္ခ် ရတဲ့ေနရာကို သူတို႔ေ႐ြးေပးမယ္။ အဲဒီေနရာမွာ ေဟာေျပာတာေတြလုပ္။ သူမ်ားပါတီကို ထိခိုက္ေစတာ ေတြ မေျပာဖို႔ေပါ့။ ေ႐ြးေကာက္ပြဲက်င္းပမယ့္ေနရာအကုန္လုံးမွာပါ” ဟု ဦးတင္ေဆြက ရွင္းျပသည္။
ယေန႔ ေတြ႕ဆုံပြဲတြင္ ႏိုင္ငံေရးပါတီမ်ားက လက္ရွိႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားႏွင့္ လုံၿခဳံေရးကိစၥမ်ားကို UEC ထံ တင္ျပခဲ့ၾကၿပီး လုံၿခဳံေရးကိစၥႏွင့္ပတ္သက္၍ ျပည္ထဲေရးဝန္ႀကီးဌာနမွ တာဝန္ယူေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေၾကာင္းကို ရွင္းျပေျပာဆိုခဲ့ၾကေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈) ရက္တြင္ စတင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားအတြက္ မဲဆြယ္စည္း႐ုံးခြင့္ ကာလကို ေအာက္တိုဘာလ(၂၈)ရက္ နံနက္(၆) နာရီမွ ဒီဇင္ဘာလ (၂၆) ရက္ ည (၁၂)နာရီ အထိ (ရက္ေပါင္း ၆ဝ) အတြင္း ျပဳလုပ္ႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ (၁၅) ရက္တြင္ ထုတ္ျပန္ထားသည္။