ရုရှားက ထိပ်တန်းရေနံထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ ရုရှားသမ္မတပူတင်ပြော

 118

Pika (NP News) - အောက်တိုဘာ ၁၈
တရားမျှတမှုမရှိတဲ့ ဖိအားပေးမှုတွေရှိနေပေမယ့်လည်း ရုရှားနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းရေနံထုတ်လုပ်တဲ့နိုင်ငံတွေ ထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဥရောပနိုင်ငံတွေဟာ ရုရှားဓါတ်ငွေ့ရောင်းချမှုတွေကို ဖြတ်တောက်လိုက်မှုနဲ့အတူ ၎င်းတို့ရဲ့ကိုယ်ပိုင်စီးပွားရေးတွေ ကို ထိခိုက်အောင်လုပ်ဆောင်ခဲ့တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရုရှားကို စက်ပစ္စည်းတွေ တင်ပို့မှုအပေါ် အနောက်အုပ်စုရဲ့ကန့်သတ်ပိတ်ပင်မှုတွေကို ပူတင်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ရုရှားဆီကနေ စွမ်းအင်ဝယ်ယူနေတာတွေကို ရပ်တန့်ဖို့ တရုတ်နဲ့အိန္ဒိယတို့အပေါ် အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို ပူတင်က ရည်ညွှန်းပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပူတင်က “ကျွန်တော်တို့အပေါ်မှာ တရားမျှတမှုမရှိတဲ့ ဖိအားပေးမှုတွေရှိနေပေမယ့်လည်း ရုရှားဟာ ထိပ်တန်း ရေနံထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ရုရှားရဲ့ရေနံထုတ်လုပ်မှုဟာ ကမ္ဘာလုံးဆိုင်ရာရေနံထုတ်လုပ်မှုရဲ့(၁၀)ရာခိုင်နှုန်းခန့် ရှိပါတယ်။ ဒီနှစ်ကုန်မှာ ကျွန်တော်တို့နိုင်ငံဟာ ရေနံတန်ချိန် သန်း(၅၁၀)အထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
႐ုရွားက ထိပ္တန္းေရနံထုတ္လုပ္တဲ့ႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ေနဆဲျဖစ္တယ္လို႔ ႐ုရွားသမၼတပူတင္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၈
တရားမွ်တမႈမရွိတဲ့ ဖိအားေပးမႈေတြရွိေနေပမယ့္လည္း ႐ုရွားႏိုင္ငံဟာ ကမာၻ႔ထိပ္တန္းေရနံထုတ္လုပ္တဲ့ႏိုင္ငံေတြ ထဲမွာ ပါဝင္ေနဆဲျဖစ္တယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဥေရာပႏိုင္ငံေတြဟာ ႐ုရွားဓါတ္ေငြ႕ေရာင္းခ်မႈေတြကို ျဖတ္ေတာက္လိုက္မႈနဲ႔အတူ ၎တို႔ရဲ႕ကိုယ္ပိုင္စီးပြားေရးေတြ ကို ထိခိုက္ေအာင္လုပ္ေဆာင္ခဲ့တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားကို စက္ပစၥည္းေတြ တင္ပို႔မႈအေပၚ အေနာက္အုပ္စုရဲ႕ကန႔္သတ္ပိတ္ပင္မႈေတြကို ပူတင္က ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ႐ုရွားဆီကေန စြမ္းအင္ဝယ္ယူေနတာေတြကို ရပ္တန႔္ဖို႔ တ႐ုတ္နဲ႔အိႏၵိယတို႔အေပၚ အေမရိကန္ရဲ႕ ဖိအားေပးမႈေတြကို ပူတင္က ရည္ၫႊန္းေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ပူတင္က “ကြၽန္ေတာ္တို႔အေပၚမွာ တရားမွ်တမႈမရွိတဲ့ ဖိအားေပးမႈေတြရွိေနေပမယ့္လည္း ႐ုရွားဟာ ထိပ္တန္း ေရနံထုတ္လုပ္တဲ့ႏိုင္ငံေတြထဲက တစ္ႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။ ႐ုရွားရဲ႕ေရနံထုတ္လုပ္မႈဟာ ကမာၻလုံးဆိုင္ရာေရနံထုတ္လုပ္မႈရဲ႕(၁၀)ရာခိုင္ႏႈန္းခန႔္ ရွိပါတယ္။ ဒီႏွစ္ကုန္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ေရနံတန္ခ်ိန္ သန္း(၅၁၀)အထိ ထုတ္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.