NCA ကိုလက်မခံသော လက်နက်ကိုင်အဖွဲ့များအား အောက်ခြေတွင် ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်သွားမည်

572

သန့်ဇင် (NP News)- အောက်တိုဘာ ၁၈
NCA ကိုလက်မခံသော လက်နက်ကိုင်အဖွဲ့များအား အောက်ခြေတွင် ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။
ယမန်နေ့(အောက်တိုဘာ ၁၇ ရက်)၊ ညနေပိုင်းက အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန -၁ (MICC-1) တွင် ကျင်းပသော NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား တတိယနေ့၌ နိဂုံးချုပ်စကားပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိအနေအထားမှာ NCA ဟာ ခိုင်ခိုင်မာမာရှိနေပါတယ်။ သူ့မှာသတ်မှတ်ထားတဲ့ အပစ်အခတ်ရပ်ဆဲပြီဆိုရင် နိုင်ငံရေးအရဆွေးနွေးဖို့ လိုတယ်။ နိုင်ငံရေးအရ သဘောတူညီချက်ရဖို့ လိုတယ်။ လူမှုရေးအရ သဘောတူညီချက်ရဖို့ လိုတယ်။ စီပွားရေးအရ သဘောတူညီ ချက်ရဖို့ လိုတယ်။ ဒါတွေမရရင်တော့ အပစ်အခတ်ရပ်စဲရေးဆိုတာ ပြန်ပျက်သွားမယ့်သဘောမျိုးရှိပါတယ်။ NCAမှာတော့ အပစ် အခတ်ရပ်စဲရေးအပြင် နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ နိုင်ငံရေးအရဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ ကျွန်တော်တို့က ရတဲ့သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုတယ်ဆိုတဲ့ သတ်မှတ်ချက်လည်းပါတဲ့အတွက် အဲဒီတော့ NCA ကတော့ ဒါကိုစွဲကိုင်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒါကိုလက်မခံတဲ့အဖွဲ့အစည်းတွေကို ဘယ်လိုမျိုးသွားမလဲဆိုတဲ့ ဥစ္စာကို ကျွန်တော်တို့က အောက်ခြေမှာ ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့တာဝန်ယူခဲ့သည့်အပိုင်းတွင်လည်း “ဝ” အဖွဲ့ UWSAနှင့် မိုင်းလားအဖွဲ့ NDAA တို့ကို စည်းရုံးနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။
“ကျွန်တော်တို့ တာဝန်ယူတဲ့အပိုင်းမှာလည်း UWSA ကော၊ NDAA ကောစည်းရုံးနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့ဆီမှာ နာဂ မပါဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင် (၁၈) ဖွဲ့ရှိပါတယ်။ (၁၀)ဖွဲ့က လက်မှတ်ထိုးထားတယ်။ (၃) ဖွဲ့ကပြန်ထွက်သွားတယ်။ နောက်ပြီး FPNCC (၇) ဖွဲ့ရှိတယ်။ KNPP ရှိမယ်။ (၁၈) ဖွဲ့ပေါ့။ အဲဒီတော့ ဒီမှာကျွန်တော်တို့က NCA ကိုကျွန်တော်တို့က တည်ပြီးတော့ထားတာ။ အဲဒီတော့ NCA ကို လက်မခံတဲ့အဖွဲ့တွေရှိတယ်။ ဒီ NCA ကျတော့ ကျွန်တော်တို့က နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဒီလမ်းကြောင်းအတိုင်းပဲသွားမှာ။ သို့သော်လည်း ဆွေးနွေးတဲ့အခါမှာ NCA Plus နဲ့လည်းဆောင်ရွက်ရင်ရတယ်။ သူတို့ရဲ့ လိုလားချက်တွေက ဘယ်လိုရှိမလဲဒီပေါ်မှာ မူတည်ပြီးဆောင်ရွက်ပါ။ ဆောင်ရွက်နိုင်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
“ဝ”အဖွဲ့ UWSA နှင့် မိုင်းလားအဖွဲ့ NDAA နှင့်ဆွေးရာတွင် UWSA၏ “ဝ” ပြည်နယ်လိုချင်ကြောင်းကို ခြေခံဥပဒေအရ လွှတ်တော်ထဲသို့ဝင်ကာ တောင်းဆိုရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ “ဝ” တို့ မိုင်းလားတို့နဲ့လည်းဆွေးနွေးတယ်။ ဆွေးနွေးတဲ့အချိန်မှာလည်း သူတို့ရဲ့လိုလားချက်ကို “ဝ” ပြည်နယ်လိုချင်တယ်။ အဲဒီတော့ “ဝ” ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲကိုရောက်မယ်။ လွှတ်တော်ထဲကိုရောက်မှ တောင်းဆိုပါ။ အဲဒီတော့ ရနိုင်ခြေကဘာတွေဘာတွေရှိတယ်။ ဘယ်နေရာတွေရှိတယ်။ ကျွန်တော်တို့က သေချာရှင်ပြတယ်။ အဲဒီတော့ လာတက်ရောက်တဲ့ လူတွေကတော့ အကုန်လုံးသဘောပေါက်တယ်။ ဒါပေမယ့် သူတို့ခေါင်းဆောင်ကိုရှင်းပြတဲ့အခါကျတော့ သူတို့ခေါင်းဆောင်က သဘောမတူတဲ့အနေအထားဖြစ်တယ်။ ဆိုတော့ ဆက်ပြီးတော့တိုးလို့မရတဲ့အနေအထားဖြစ်တယ်။ သူတို့ရဲ့လိုလားချက်က “ဝ” ပြည်နယ် လိုချင်တယ်။ “ဝ” ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲတော့ဝင်ရမှာပဲ။ ရွေးကောက်ပွဲလုပ်ရမယ်။ အဲဒီဒေသမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ကြိမ်မှရွေးကောက်ပွဲမလုပ်ခဲ့ဘူး။ အဲဒီတော့ ပထမပိုင်းမှာသဘောတူသယောင်နဲ့နောက်ပိုင်းမှာ သဘောတူညီမှုမရခဲ့ဘူး။ ဒါတွေက သိအောင်ဝေမျှပေးတာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

Zawgyi Version;
NCA ကိုလက္မခံေသာ လက္နက္ကိုင္အဖြဲ႕မ်ားအား ေအာက္ေျခတြင္ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားမည္
သန႔္ဇင္ (NP News)- ေအာက္တိုဘာ ၁၈
NCA ကိုလက္မခံေသာ လက္နက္ကိုင္အဖြဲ႕မ်ားအား ေအာက္ေျခတြင္ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာၾကားခဲ့သည္။
ယမန္ေန႔(ေအာက္တိုဘာ ၁၇ ရက္)၊ ညေနပိုင္းက အျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန -၁ (MICC-1) တြင္ က်င္းပေသာ NCA (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ အခမ္းအနား တတိယေန႔၌ နိဂုံးခ်ဳပ္စကားေျပာၾကားရာတြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“လက္ရွိအေနအထားမွာ NCA ဟာ ခိုင္ခိုင္မာမာရွိေနပါတယ္။ သူ႔မွာသတ္မွတ္ထားတဲ့ အပစ္အခတ္ရပ္ဆဲၿပီဆိုရင္ ႏိုင္ငံေရးအရေဆြးေႏြးဖို႔ လိုတယ္။ ႏိုင္ငံေရးအရ သေဘာတူညီခ်က္ရဖို႔ လိုတယ္။ လူမႈေရးအရ သေဘာတူညီခ်က္ရဖို႔ လိုတယ္။ စီပြားေရးအရ သေဘာတူညီ ခ်က္ရဖို႔ လိုတယ္။ ဒါေတြမရရင္ေတာ့ အပစ္အခတ္ရပ္စဲေရးဆိုတာ ျပန္ပ်က္သြားမယ့္သေဘာမ်ိဳးရွိပါတယ္။ NCAမွာေတာ့ အပစ္ အခတ္ရပ္စဲေရးအျပင္ ႏိုင္ငံေရးအရ ေဆြးေႏြးမႈနဲ႔ ႏိုင္ငံေရးအရေဆြးေႏြးမႈက ထြက္ေပၚလာတဲ့ ကြၽန္ေတာ္တို႔က ရတဲ့သေဘာတူညီခ်က္ေတြကို ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳတယ္ဆိုတဲ့ သတ္မွတ္ခ်က္လည္းပါတဲ့အတြက္ အဲဒီေတာ့ NCA ကေတာ့ ဒါကိုစြဲကိုင္ၿပီးေတာ့ ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒါကိုလက္မခံတဲ့အဖြဲ႕အစည္းေတြကို ဘယ္လိုမ်ိဳးသြားမလဲဆိုတဲ့ ဥစၥာကို ကြၽန္ေတာ္တို႔က ေအာက္ေျခမွာ ညႇိဳႏႈိင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ မိမိတို႔တာဝန္ယူခဲ့သည့္အပိုင္းတြင္လည္း “ဝ” အဖြဲ႕ UWSAႏွင့္ မိုင္းလားအဖြဲ႕ NDAA တို႔ကို စည္း႐ုံးႏိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ဆိုသည္။
“ကြၽန္ေတာ္တို႔ တာဝန္ယူတဲ့အပိုင္းမွာလည္း UWSA ေကာ၊ NDAA ေကာစည္း႐ုံးႏိုင္ခဲ့ပါတယ္။ အဓိကအားျဖင့္ ကြၽန္ေတာ္တို႔ဆီမွာ နာဂ မပါဘူးဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္ (၁၈) ဖြဲ႕ရွိပါတယ္။ (၁၀)ဖြဲ႕က လက္မွတ္ထိုးထားတယ္။ (၃) ဖြဲ႕ကျပန္ထြက္သြားတယ္။ ေနာက္ၿပီး FPNCC (၇) ဖြဲ႕ရွိတယ္။ KNPP ရွိမယ္။ (၁၈) ဖြဲ႕ေပါ့။ အဲဒီေတာ့ ဒီမွာကြၽန္ေတာ္တို႔က NCA ကိုကြၽန္ေတာ္တို႔က တည္ၿပီးေတာ့ထားတာ။ အဲဒီေတာ့ NCA ကို လက္မခံတဲ့အဖြဲ႕ေတြရွိတယ္။ ဒီ NCA က်ေတာ့ ကြၽန္ေတာ္တို႔က ႏိုင္ငံတကာက အသိအမွတ္ျပဳထားတဲ့ ဒီလမ္းေၾကာင္းအတိုင္းပဲသြားမွာ။ သို႔ေသာ္လည္း ေဆြးေႏြးတဲ့အခါမွာ NCA Plus နဲ႔လည္းေဆာင္႐ြက္ရင္ရတယ္။ သူတို႔ရဲ႕ လိုလားခ်က္ေတြက ဘယ္လိုရွိမလဲဒီေပၚမွာ မူတည္ၿပီးေဆာင္႐ြက္ပါ။ ေဆာင္႐ြက္ႏိုင္တယ္” ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ေျပာသည္။
“ဝ”အဖြဲ႕ UWSA ႏွင့္ မိုင္းလားအဖြဲ႕ NDAA ႏွင့္ေဆြးရာတြင္ UWSA၏ “ဝ” ျပည္နယ္လိုခ်င္ေၾကာင္းကို ေျခခံဥပေဒအရ လႊတ္ေတာ္ထဲသို႔ဝင္ကာ ေတာင္းဆိုရမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ေျပာၾကားခဲ့သည္။
“ကြၽန္ေတာ္တို႔ “ဝ” တို႔ မိုင္းလားတို႔နဲ႔လည္းေဆြးေႏြးတယ္။ ေဆြးေႏြးတဲ့အခ်ိန္မွာလည္း သူတို႔ရဲ႕လိုလားခ်က္ကို “ဝ” ျပည္နယ္လိုခ်င္တယ္။ အဲဒီေတာ့ “ဝ” ျပည္နယ္လိုခ်င္ရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္ထဲကိုေရာက္မယ္။ လႊတ္ေတာ္ထဲကိုေရာက္မွ ေတာင္းဆိုပါ။ အဲဒီေတာ့ ရႏိုင္ေျခကဘာေတြဘာေတြရွိတယ္။ ဘယ္ေနရာေတြရွိတယ္။ ကြၽန္ေတာ္တို႔က ေသခ်ာရွင္ျပတယ္။ အဲဒီေတာ့ လာတက္ေရာက္တဲ့ လူေတြကေတာ့ အကုန္လုံးသေဘာေပါက္တယ္။ ဒါေပမယ့္ သူတို႔ေခါင္းေဆာင္ကိုရွင္းျပတဲ့အခါက်ေတာ့ သူတို႔ေခါင္းေဆာင္က သေဘာမတူတဲ့အေနအထားျဖစ္တယ္။ ဆိုေတာ့ ဆက္ၿပီးေတာ့တိုးလို႔မရတဲ့အေနအထားျဖစ္တယ္။ သူတို႔ရဲ႕လိုလားခ်က္က “ဝ” ျပည္နယ္ လိုခ်င္တယ္။ “ဝ” ျပည္နယ္လိုခ်င္ရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္ထဲေတာ့ဝင္ရမွာပဲ။ ေ႐ြးေကာက္ပြဲလုပ္ရမယ္။ အဲဒီေဒသမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တစ္ႀကိမ္မွေ႐ြးေကာက္ပြဲမလုပ္ခဲ့ဘူး။ အဲဒီေတာ့ ပထမပိုင္းမွာသေဘာတူသေယာင္နဲ႔ေနာက္ပိုင္းမွာ သေဘာတူညီမႈမရခဲ့ဘူး။ ဒါေတြက သိေအာင္ေဝမွ်ေပးတာျဖစ္ပါတယ္” ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ေျပာသည္။