တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေကို ကိုယ်ပိုင်သိုလှောင်မှုထဲကနေ ထုတ်ပေးဖို့က မဖြစ်နိုင်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော

106

Pika (NP News) - အောက်တိုဘာ ၁၈
ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ မပို့ဆောင်ခင် အမေရိကန်ရဲ့ကိုယ်ပိုင်သိုလှောင်မှုထဲမှာ Tomahawk ခရုဇ်ဒုံးကျည်တွေ အလုံအလောက်ရှိနေရမယ်လို့ အမေရိကန်သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။ တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကို ထောက်ပံ့ပေးဖို့ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတဇီလန်စကီးက အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရမ့်က မချမှတ်ရသေးဘူးလို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အမေရိကန်အတွက်လည်း တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ အများအပြားရှိပေမယ့် အဲဒါတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်သိုလှောင်မှုထဲကနေ ထုတ်ပေးဖို့က မဖြစ်နိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်နဲ့ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယခုလို ထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ပေးပို့မယ့်ကိစ္စကို ပူတင်နဲ့ဆွေးနွေးခဲ့တယ်ဆိုတာကို ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေပေးပို့မယ့် စိတ်ကူးကိုမကြိုက်ကြောင်း ပူတင်က ထုတ်ဖော်ပြောဆို ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြကို ကိုယ္ပိုင္သိုေလွာင္မႈထဲကေန ထုတ္ေပးဖို႔က မျဖစ္ႏိုင္ဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၈
ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ မပို႔ေဆာင္ခင္ အေမရိကန္ရဲ႕ကိုယ္ပိုင္သိုေလွာင္မႈထဲမွာ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ အလုံအေလာက္ရွိေနရမယ္လို႔ အေမရိကန္သမၼတပူတင္က ေျပာၾကားခဲ့ပါတယ္။ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကို ေထာက္ပံ့ေပးဖို႔ ေဒၚနယ္ထရမ့္ကို ယူကရိန္းသမၼတဇီလန္စကီးက အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တယ္လို႔ လည္း သိရပါတယ္။
ဒါေပမယ့္လည္း ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔နဲ႔ပတ္သက္ၿပီး ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ေဒၚနယ္ထရမ့္က မခ်မွတ္ရေသးဘူးလို႔လည္း အေမရိကန္အရာရွိတစ္ဦးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အေမရိကန္အတြက္လည္း တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြကို ကြၽန္ေတာ္တို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ အမ်ားအျပားရွိေပမယ့္ အဲဒါေတြကို ကြၽန္ေတာ္တို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္သိုေလွာင္မႈထဲကေန ထုတ္ေပးဖို႔က မျဖစ္ႏိုင္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္နဲ႔ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာ ယခုလို ထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေပးပို႔မယ့္ကိစၥကို ပူတင္နဲ႔ေဆြးေႏြးခဲ့တယ္ဆိုတာကို ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြေပးပို႔မယ့္ စိတ္ကူးကိုမႀကိဳက္ေၾကာင္း ပူတင္က ထုတ္ေဖာ္ေျပာဆို ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။