အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
233
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅
အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားလျက်ရှိနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်စေဖို့ အတွက်အဓိကကြိုးပမ်းနေသူတွေထဲမှာ အီဂျစ် သမ္မတ အဗ္ဗဒယ် ဖာတာ အယ်စီစီလည်း ပါဝင်နေ ပါတယ်။ အယ်စီစီဟာ အငြိမ်းစားဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အီဂျစ်နိုင်ငံရဲ့ခြောက်ဦးမြောက် သမ္မတအဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။ အသက် (၇၀) အရွယ်ရှိ အယ်စီစီဟာ ဗိုလ်ချုပ်ကြီးအဖြစ်က အနားမယူခင် (၂၀၁၃) ခုနှစ်ကနေ (၂၀၁၄)ခုနှစ် အီဂျစ် ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။
အယ်စီစီဟာ (၂၀၁၄)ခုနှစ်မှာ ဖီးမာရှယ် အဆင့်ကို ရာထူးတိုးမြှင့်ခံခဲ့ရပြီး အီဂျစ် စစ်ထောက် လှမ်းရေးညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ (၂၀၁၁)ခုနှစ်က လူထုဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် အီဂျစ်နိုင်ငံကို နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဘာ ရက် ရာထူးကဖြုတ်ချခံခဲ့ရပါတယ်။
အီဂျစ်နိုင်ငံမှာ သမ္မတအဖြစ် နှစ်ပေါင်း (၃၀) နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဟိုစနီမူဘာရက် ဖြုတ်ချခံရပြီးနောက် မိုဟာမက်မော်စီဟာ (၂၀၁၂)ခုနှစ်မှာအီဂျစ်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရပြီး အီဂျစ်သမ္မတ မော်စီဟာ အယ်စီစီကို အီဂျစ်ကာကွယ် ရေးဝန်ကြီးနဲ့အီဂျစ် ကာကွယ်ရေးဦးစီး ချုပ် ခန့်အပ်ခံခဲ့ရပါတယ်။
သမ္မတမော်စီဟာလည်း လူထုဆန္ဒပြပွဲများ ကြောင့်(၂၀၁၃)ခုနှစ်မှာရာထူးက ဖြုတ်ချခံရပြီး သမ္မတ မော်စီရာထူးကဖြုတ်ချခံရအောင် ပါဝင်ကြိုးပမ်းခဲ့သူတွေထဲမှာ အီဂျစ်ကာကွယ်ရေးဦးစီးချုပ် အယ် စီစီလည်း ပါဝင်ဆက်နွှယ်ခဲ့တယ်လို့ ဆိုပါတယ်။ (၂၀၁၃)ခုနှစ်က အီဂျစ်နိုင်ငံမှာ လူထုဆန္ဒပြပွဲများ ဖြစ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် အယ်စီစီဟာ အီဂျစ် သမ္မတကို ရာထူးကဖြုတ်ချကာ အာဏာသိမ်းခဲ့တယ် လို့သိရပါတယ်။
အာဏာသိမ်းခဲ့ပြီးနောက် (၁၀) လ အကြာမှာတော့ သမ္မတအဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။ အယ်စီစီဟာ သမ္မတရွေးကောက်ပွဲ နှစ်ကြိမ်စလုံးကို အပြတ်အသတ်အနိုင်ရခဲ့ပြီး ထောက်ခံမှု ရာခိုင်နှုန်း (၉၀) ကျော်စီဖြင့် အနိုင်ရခဲ့ပါတယ်။ အယ်စီစီဟာ အီဂျစ်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် (၂၀၁၄)ခုနှစ် ကာကွယ် ရေးဦးစီးချုပ်ရာထူးကနေ အငြိမ်းစားယူခဲ့သူလည်း ဖြစ်ပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်သူအဖြစ် ဝေဖန်ပြစ်တင်ခံခဲ့ရဖူးပြီး သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ထင်ရှားသူအားလုံးကို ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိအောင် ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲမှုတွေ လည်းရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။
တကယ်တော့ အယ်စီစီဟာ အီဂျစ်နိုင်ငံမှာ အာဏာသိမ်းမှုမလုပ် ဆောင်ခင်ဖြစ်ပွားနေတဲ့ ဆန္ဒပြ ပွဲတွေနဲ့ ပတ်သက်ပြီး သမ္မတမော်စီကို စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မော်စီဟာ သမ္မတရာထူးကနုတ်ထွက်ဖို့ နဲ့ ရွေးကောက်ပွဲကို စောစီးစွာကျင်းပဖို့ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အယ်စီစီဟာ ဆန္ဒပြပြည်သူတွေရဲ့ တောင်းဆိုချက်အတိုင်း ၎င်းကို ရာထူးတိုးမြှင့်ပေးခဲ့ တဲ့ သမ္မတ မော်စီကိုရာထူးက ဖြုတ်ချကာအာဏာသိမ်းခဲ့တာဖြစ်ပြီး နေအိမ်အကျယ်ချုပ် ထားခဲ့ပါတယ်။
(၂၀၁၁) အီဂျစ်တော်လှန်ရေးမှာ သမ္မတ မူဘာရက်ကို ရာထူးကပြုတ်ကျစေမှုအတွင်း အီဂျစ် စစ်တပ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး (၂၀၁၃) ခုနှစ်ကရွေးချယ်ခံ အစ္စလာမ္မစ်အီဂျစ်သမ္မတ မိုဟာ မက်မော်စီကို အာဏာသိမ်းမှုကိုလည်း အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။ ကိုင်ရိုမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အယ်စီစီဟာ လူငယ်ဘဝမှာ အီဂျစ်စစ်တပ်ထဲကို ဝင်ရောက်ခဲ့ပြီး ဆော်ဒီအာရေးဗျ၊ အမေရိကန်၊ ဗြိတိန် နိုင်ငံတို့မှာလည်း စစ်ပညာနဲ့ စစ်ထောက်လှမ်းရေးတွေကို လေ့လာသင်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အယ်စီစီဟာ (၁၉၇၇)ခုနှစ်မှာ အီဂျစ်စစ် တပ်မှာအရာရှိစတင်ဖြစ်ခဲ့ပြီး (၂၀ဝ၈)ခုနှစ်မှာ အီဂျစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တပ်မှူးဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အယ်စီစီဟာ အီဂျစ်စစ်တပ် ရဲ့အမြင့်ဆုံးကောင်စီမှာအသက်အငယ်ဆုံး ကောင်စီဝင် အဖြစ်ပါဝင်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ကာကွယ် ရေး ဦးစီးချုပ် မခန့်အပ်ခံရမိအချိန်အထိ အီဂျစ်နိုင်ငံမှာလူသိနည်းသူတစ်ဦးဖြစ်ခဲ့ပေမယ့်အီဂျစ်သမ္မတ မော်စီက အယ်စီစီကို (၂၀၁၂)ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရပြီးနောက် အီဂျစ်နိုင်ငံ မှာလူသိများခဲ့သူဖြစ်ပါတယ်။
အယ်စီစီဟာ ကာကွယ်ရေးဦးစီးချုပ်ခန့် အပ်ခံရပြီးနောက်မကြာမီ (၂၀၁၃)ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအတွင်း ၎င်းကို ရာထူးတိုး မြှင့်ခန့်ထားပေးခဲ့တဲ့သမ္မတ မော်စီကို ရာထူးက ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုလုပ်ဆောင်ခဲ့တဲ့အတွက်အမေရိကန်အပါအဝင် အနောက် အုပ်စုနိုင်ငံတွေရဲ့ ဖိအားမျိုးစုံကိုရင်ဆိုင်ခဲ့ရ ပေမယ့်လက်ရှိအချိန်အထိ တောင့်ခံနိုင်ခဲ့ပြီး သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အယ်စီစီဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားတွေကိုရင်ဆိုင်ခဲ့ရ ပေမယ့် ပြည်တွင်းမှာတော့ ရွေးကောက်ပွဲအတွင်း မဲအများဆုံးရရှိခဲ့တဲ့အတွက် သမ္မတအဖြစ် နှစ်ကြိမ် တိုင် ရွေးကောက်ခံခဲ့ရပါတယ်။ မော်စီထံကနေ အာဏာသိမ်းခဲ့ချိန်က အီဂျစ်ပြည်သူတွေဟာ အယ်စီစီကို အားပေးထောက်ခံခဲ့ပြီး အဲဒီအချိန်တုန်းက ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းရဲ့ Time Person of the Year ဆုတွေလည်းရရှိခဲ့ဖူးပါတယ်။
ဒါ့ပြင် အီဂျစ်ပြည်သူတွေသာမက အီဂျစ် နိုင်ငံရေးပါတီတွေကလည်း အယ်စီစီကို ထောက်ခံခဲ့ ပါတယ်။ ဒါပေမဲ့ အယ်စီစီဟာ သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းချိန်မှာတော့ အီဂျစ်နိုင်ငံ အတွင်း အယ်စီစီကို နိုင်ငံရေးပါတီတွေက ဝေဖန် ခဲ့ပါတယ်။ အီဂျစ်နိုင်ငံရေးပါတီတွေက နိုင်ငံကို ဒီမိုက ရေစီ ဖြစ်အောင်လုပ်ဆောင်မယ်ဆိုတဲ့ အယ်စီစီရဲ့ ကတိစကားတွေကို မယုံကြည်ကြောင်းပြောဆို လာခဲ့ပါတယ်။ အာဏာ သိမ်းပြီးနောက်ပိုင်း ကျင်းပတဲ့ (၂၀၁၄) ခုနှစ်သမ္မတရွေးကောက်ပွဲမှာ အယ်စီစီ ဟာ သမ္မတအဖြစ် ဆန္ဒမဲ (၉၀)ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီးအဓိကပါတီကြီးဖြစ်တဲ့ အီဂျစ်နိုင်ငံရဲ့မွတ်စလင် ညီနောင်များပါတီ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အီဂျစ်နိုင်ငံရဲ့မွတ်စလင် ညီနောင်များပါတီ ဟာ အီဂျစ်နိုင်ငံမှာ လူကြိုက်များတဲ့ပါတီတစ်ခုဖြစ် ပြီး ပါတီဝင်အရေအတွက် အနည်းဆုံး (၂ ဒသမ ၅)သန်းရှိခဲ့တဲ့ပါတီဖြစ်ပါတယ်။ ဒါပေမဲ့ အီဂျစ်စစ်တပ် ဟာ မွတ်စလင်ညီနောင်များပါတီခေါင်းဆောင် မော်စီ ကို ရာထူးကဖြုတ်ချကာအာဏာသိမ်းမှုနဲ့အတူ မွတ်စလင်ညီနောင်များပါတီကိုလည်း ပိတ်ပင်တားဆီးတာ တွေ၊ ပိုင်ဆိုင်မှုတွေ သိမ်းခဲ့တာတွေလုပ်ခဲ့ရာ (၂၀၁၄)ခုနှစ်အတွင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။
အီဂျစ်စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သလို အီဂျစ်သမ္မတ အယ်စီစီရဲ့လုပ်ရပ်တွေဟာ အာဏာရှင်ဆန်လာတယ်လို့အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကပြောပါတယ်။ အယ်စီစီ ဟာ အီဂျစ်သမ္မတထံကနေ အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ အမေရိ ကန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့ပြီးအမေရိကန်အစိုးရက အီဂျစ်နိုင်ငံအတွင်း လူ့အခွင့်ရေးအ ခြေနေတွေတိုးတက်ကောင်းမွန်အောင် ဖိအားပေး နေဆဲဖြစ်ပါတယ်။ သမ္မတအဖြစ်တာဝန်ယူချိန် အတွင်း အမေရိကန်ဦးဆောင်တဲ့ အနောက် အုပ်စုနိုင်ငံတွေနဲ့ အပြန်အလှန်ဆက်ဆံရေးမျှော်လင့် သလောက်မကောင်းခဲ့ပေမယ့် အာဖရိကတိုက်အ တွင်းရှိနိုင်ငံများ၊ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့သလို အစ္စရေး၊ပါလက်စတိုင်းတို့နဲ့ လည်းဆက်ဆံရေးပြေလည်ခဲ့ပါတယ်။
အီဂျစ် သမ္မတအယ်စီစီဟာ လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ဖိအားမျိုးစုံရင်ဆိုင် နေရပေမယ့် ၎င်းရဲ့သမ္မတသက်တမ်းကိုတိုးမြှင့် နိုင်ဖို့ကြိုးပမ်းနေရာ နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင် နေရပါတယ်။ ဒါပေမဲ့ အယ်စီစီသမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း အီဂျစ်နိုင်ငံရဲ့စီးပွားရေးဟာ ရာထူး ကဖြုတ်ချခံရတဲ့ သမ္မတမော်စီ၊ သမ္မတမူဘာရက် လက်ထက်တို့နဲ့နှိုင်းယှဉ်ရင် အနည်းငယ်တိုးတက် ကောင်းမွန်လာနေပါတယ်။ အီဂျစ်အတိုက်ခံနိုင်ငံရေး သမားတွေ၊ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေ က အယ်စီစီကို ဝေဖန်ပြစ်တင်မှုတွေလုပ်ဆောင်နေပေမယ့် အယ်စီစီကတော့ ၎င်းရဲ့မူဝါဒအတိုင်း ဆက် လက်လုပ်ဆောင်ခဲ့ပြီး (၂၀၂၃)ခုနှစ်က ကျင်း ပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရ ရှိခဲ့ပါ တယ်။ ဒါကြောင့်လည်း အယ်စီစီဟာ (၂၀၂၄)ခုနှစ် ဧပြီလ (၂)ရက်မှာ သမ္မတ သက်တမ်းကို တတိယ အကြိမ်မြောက် ဆက်လက်တာဝန်ယူဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်ရာ အီဂျစ်နိုင်ငံကို နောက်ထပ်(၅)နှစ်နီးပါးတာဝန်ယူခွင့်ရတော့မှာဖြစ်ပါတယ်။
zawgyi version
အီဂ်စ္ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ကေန အီဂ်စ္ႏိုင္ငံသမၼတအျဖစ္ သုံးႀကိမ္ဆက္တိုက္ တာဝန္ယူခြင့္ရရွိခဲ့သူ အယ္စီစီ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားလ်က္ရွိေနတဲ့ ဂါဇာစစ္ပြဲအဆုံးသတ္ေစဖို႔ အတြက္အဓိကႀကိဳးပမ္းေနသူေတြထဲမွာ အီဂ်စ္ သမၼတ အဗၺဒယ္ ဖာတာ အယ္စီစီလည္း ပါဝင္ေန ပါတယ္။ အယ္စီစီဟာ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ေဟာင္းတစ္ဦးျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အီဂ်စ္ႏိုင္ငံရဲ႕ေျခာက္ဦးေျမာက္ သမၼတအျဖစ္တာဝန္ယူေနသူျဖစ္ပါတယ္။ အသက္ (၇၀) အ႐ြယ္ရွိ အယ္စီစီဟာ ဗိုလ္ခ်ဳပ္ႀကီးအျဖစ္က အနားမယူခင္ (၂၀၁၃) ခုႏွစ္ကေန (၂၀၁၄)ခုႏွစ္ အီဂ်စ္ ကာကြယ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ ဖူးသူျဖစ္ပါတယ္။
အယ္စီစီဟာ (၂၀၁၄)ခုႏွစ္မွာ ဖီးမာရွယ္ အဆင့္ကို ရာထူးတိုးျမႇင့္ခံခဲ့ရၿပီး အီဂ်စ္ စစ္ေထာက္ လွမ္းေရးၫႊန္ၾကားေရးမႉးအျဖစ္လည္း တာဝန္ယူခဲ့ ဖူးသူျဖစ္ပါတယ္။ အီဂ်စ္ႏိုင္ငံမွာ (၂၀၁၁)ခုႏွစ္က လူထုဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ အီဂ်စ္ႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာၾကာအုပ္ခ်ဳပ္ခဲ့တဲ့ သမၼတ မူဘာ ရက္ ရာထူးကျဖဳတ္ခ်ခံခဲ့ရပါတယ္။
အီဂ်စ္ႏိုင္ငံမွာ သမၼတအျဖစ္ ႏွစ္ေပါင္း (၃၀) နီးပါးၾကာ အုပ္ခ်ဳပ္ခဲ့တဲ့ သမၼတ ဟိုစနီမူဘာရက္ ျဖဳတ္ခ်ခံရၿပီးေနာက္ မိုဟာမက္ေမာ္စီဟာ (၂၀၁၂)ခုႏွစ္မွာအီဂ်စ္သမၼတအျဖစ္ေ႐ြးေကာက္ခံခဲ့ရၿပီး အီဂ်စ္သမၼတ ေမာ္စီဟာ အယ္စီစီကို အီဂ်စ္ကာကြယ္ ေရးဝန္ႀကီးနဲ႔အီဂ်စ္ ကာကြယ္ေရးဦးစီး ခ်ဳပ္ ခန႔္အပ္ခံခဲ့ရပါတယ္။
သမၼတေမာ္စီဟာလည္း လူထုဆႏၵျပပြဲမ်ား ေၾကာင့္(၂၀၁၃)ခုႏွစ္မွာရာထူးက ျဖဳတ္ခ်ခံရၿပီး သမၼတ ေမာ္စီရာထူးကျဖဳတ္ခ်ခံရေအာင္ ပါဝင္ႀကိဳးပမ္းခဲ့သူေတြထဲမွာ အီဂ်စ္ကာကြယ္ေရးဦးစီးခ်ဳပ္ အယ္ စီစီလည္း ပါဝင္ဆက္ႏႊယ္ခဲ့တယ္လို႔ ဆိုပါတယ္။ (၂၀၁၃)ခုႏွစ္က အီဂ်စ္ႏိုင္ငံမွာ လူထုဆႏၵျပပြဲမ်ား ျဖစ္ခဲ့ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္ အယ္စီစီဟာ အီဂ်စ္ သမၼတကို ရာထူးကျဖဳတ္ခ်ကာ အာဏာသိမ္းခဲ့တယ္ လို႔သိရပါတယ္။
အာဏာသိမ္းခဲ့ၿပီးေနာက္ (၁၀) လ အၾကာမွာေတာ့ သမၼတအျဖစ္ ေ႐ြးေကာက္ ခံခဲ့ရပါတယ္။ အယ္စီစီဟာ သမၼတေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္စလုံးကို အျပတ္အသတ္အႏိုင္ရခဲ့ၿပီး ေထာက္ခံမႈ ရာခိုင္ႏႈန္း (၉၀) ေက်ာ္စီျဖင့္ အႏိုင္ရခဲ့ပါတယ္။ အယ္စီစီဟာ အီဂ်စ္သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ အတြက္ (၂၀၁၄)ခုႏွစ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ရာထူးကေန အၿငိမ္းစားယူခဲ့သူလည္း ျဖစ္ပါတယ္။ အတိုက္အခံေတြကို ဖိႏွိပ္သူအျဖစ္ ေဝဖန္ျပစ္တင္ခံခဲ့ရဖူးၿပီး သမၼတေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ထင္ရွားသူအားလုံးကို ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိေအာင္ ၿခိမ္းေျခာက္ခဲ့တယ္လို႔ စြပ္စြဲမႈေတြ လည္းရင္ဆိုင္ခဲ့ရဖူးသူ ျဖစ္ပါတယ္။
တကယ္ေတာ့ အယ္စီစီဟာ အီဂ်စ္ႏိုင္ငံမွာ အာဏာသိမ္းမႈမလုပ္ ေဆာင္ခင္ျဖစ္ပြားေနတဲ့ ဆႏၵျပ ပြဲေတြနဲ႔ ပတ္သက္ၿပီး သမၼတေမာ္စီကို ေစ့စပ္ေဆြးေႏြးမႈေတြလုပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့ ေမာ္စီဟာ သမၼတရာထူးကႏုတ္ထြက္ဖို႔ နဲ႔ ေ႐ြးေကာက္ပြဲကို ေစာစီးစြာက်င္းပဖို႔ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အယ္စီစီဟာ ဆႏၵျပျပည္သူေတြရဲ႕ ေတာင္းဆိုခ်က္အတိုင္း ၎ကို ရာထူးတိုးျမႇင့္ေပးခဲ့ တဲ့ သမၼတ ေမာ္စီကိုရာထူးက ျဖဳတ္ခ်ကာအာဏာသိမ္းခဲ့တာျဖစ္ၿပီး ေနအိမ္အက်ယ္ခ်ဳပ္ ထားခဲ့ပါတယ္။
(၂၀၁၁) အီဂ်စ္ေတာ္လွန္ေရးမွာ သမၼတ မူဘာရက္ကို ရာထူးကျပဳတ္က်ေစမႈအတြင္း အီဂ်စ္ စစ္တပ္က အဓိက အခန္းက႑မွ ပါဝင္ခဲ့ၿပီး (၂၀၁၃) ခုႏွစ္ကေ႐ြးခ်ယ္ခံ အစၥလာမၼစ္အီဂ်စ္သမၼတ မိုဟာ မက္ေမာ္စီကို အာဏာသိမ္းမႈကိုလည္း အဓိကေနရာမွ ပါဝင္ခဲ့ပါတယ္။ ကိုင္႐ိုၿမိဳ႕မွာ ေမြးဖြားႀကီးျပင္းခဲ့တဲ့ အယ္စီစီဟာ လူငယ္ဘဝမွာ အီဂ်စ္စစ္တပ္ထဲကို ဝင္ေရာက္ခဲ့ၿပီး ေဆာ္ဒီအာေရးဗ်၊ အေမရိကန္၊ ၿဗိတိန္ ႏိုင္ငံတို႔မွာလည္း စစ္ပညာနဲ႔ စစ္ေထာက္လွမ္းေရးေတြကို ေလ့လာသင္ယူခဲ့ဖူးသူျဖစ္ပါတယ္။ အယ္စီစီဟာ (၁၉၇၇)ခုႏွစ္မွာ အီဂ်စ္စစ္ တပ္မွာအရာရွိစတင္ျဖစ္ခဲ့ၿပီး (၂၀ဝ၈)ခုႏွစ္မွာ အီဂ်စ္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရဲ႕တပ္မႉးျဖစ္ခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့အယ္စီစီဟာ အီဂ်စ္စစ္တပ္ ရဲ႕အျမင့္ဆုံးေကာင္စီမွာအသက္အငယ္ဆုံး ေကာင္စီဝင္ အျဖစ္ပါဝင္ခဲ့ပါတယ္။ အီဂ်စ္ႏိုင္ငံရဲ႕ ကာကြယ္ ေရး ဦးစီးခ်ဳပ္ မခန႔္အပ္ခံရမိအခ်ိန္အထိ အီဂ်စ္ႏိုင္ငံမွာလူသိနည္းသူတစ္ဦးျဖစ္ခဲ့ေပမယ့္အီဂ်စ္သမၼတ ေမာ္စီက အယ္စီစီကို (၂၀၁၂)ခုႏွစ္မွာ ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ခန႔္အပ္ခံရၿပီးေနာက္ အီဂ်စ္ႏိုင္ငံ မွာလူသိမ်ားခဲ့သူျဖစ္ပါတယ္။
အယ္စီစီဟာ ကာကြယ္ေရးဦးစီးခ်ဳပ္ခန႔္ အပ္ခံရၿပီးေနာက္မၾကာမီ (၂၀၁၃)ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ လူထုဆႏၵျပပြဲေတြအတြင္း ၎ကို ရာထူးတိုး ျမႇင့္ခန႔္ထားေပးခဲ့တဲ့သမၼတ ေမာ္စီကို ရာထူးက ျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့ပါတယ္။ အာဏာသိမ္းမႈလုပ္ေဆာင္ခဲ့တဲ့အတြက္အေမရိကန္အပါအဝင္ အေနာက္ အုပ္စုႏိုင္ငံေတြရဲ႕ ဖိအားမ်ိဳးစုံကိုရင္ဆိုင္ခဲ့ရ ေပမယ့္လက္ရွိအခ်ိန္အထိ ေတာင့္ခံႏိုင္ခဲ့ၿပီး သမၼတအျဖစ္ ဆက္လက္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ အယ္စီစီဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ဖိအားေတြကိုရင္ဆိုင္ခဲ့ရ ေပမယ့္ ျပည္တြင္းမွာေတာ့ ေ႐ြးေကာက္ပြဲအတြင္း မဲအမ်ားဆုံးရရွိခဲ့တဲ့အတြက္ သမၼတအျဖစ္ ႏွစ္ႀကိမ္ တိုင္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ ေမာ္စီထံကေန အာဏာသိမ္းခဲ့ခ်ိန္က အီဂ်စ္ျပည္သူေတြဟာ အယ္စီစီကို အားေပးေထာက္ခံခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ကမာၻေက်ာ္တိုင္းမ္မဂၢဇင္းရဲ႕ Time Person of the Year ဆုေတြလည္းရရွိခဲ့ဖူးပါတယ္။
ဒါ့ျပင္ အီဂ်စ္ျပည္သူေတြသာမက အီဂ်စ္ ႏိုင္ငံေရးပါတီေတြကလည္း အယ္စီစီကို ေထာက္ခံခဲ့ ပါတယ္။ ဒါေပမဲ့ အယ္စီစီဟာ သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းခ်ိန္မွာေတာ့ အီဂ်စ္ႏိုင္ငံ အတြင္း အယ္စီစီကို ႏိုင္ငံေရးပါတီေတြက ေဝဖန္ ခဲ့ပါတယ္။ အီဂ်စ္ႏိုင္ငံေရးပါတီေတြက ႏိုင္ငံကို ဒီမိုက ေရစီ ျဖစ္ေအာင္လုပ္ေဆာင္မယ္ဆိုတဲ့ အယ္စီစီရဲ႕ ကတိစကားေတြကို မယုံၾကည္ေၾကာင္းေျပာဆို လာခဲ့ပါတယ္။ အာဏာ သိမ္းၿပီးေနာက္ပိုင္း က်င္းပတဲ့ (၂၀၁၄) ခုႏွစ္သမၼတေ႐ြးေကာက္ပြဲမွာ အယ္စီစီ ဟာ သမၼတအျဖစ္ ဆႏၵမဲ (၉၀)ရာခိုင္ႏႈန္းေက်ာ္ရရွိခဲ့ၿပီးအဓိကပါတီႀကီးျဖစ္တဲ့ အီဂ်စ္ႏိုင္ငံရဲ႕မြတ္စလင္ ညီေနာင္မ်ားပါတီ ပါဝင္ယွဥ္ၿပိဳင္ျခင္းမရွိဘူးလို႔ သိရပါတယ္။
အီဂ်စ္ႏိုင္ငံရဲ႕မြတ္စလင္ ညီေနာင္မ်ားပါတီ ဟာ အီဂ်စ္ႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ပါတီတစ္ခုျဖစ္ ၿပီး ပါတီဝင္အေရအတြက္ အနည္းဆုံး (၂ ဒသမ ၅)သန္းရွိခဲ့တဲ့ပါတီျဖစ္ပါတယ္။ ဒါေပမဲ့ အီဂ်စ္စစ္တပ္ ဟာ မြတ္စလင္ညီေနာင္မ်ားပါတီေခါင္းေဆာင္ ေမာ္စီ ကို ရာထူးကျဖဳတ္ခ်ကာအာဏာသိမ္းမႈနဲ႔အတူ မြတ္စလင္ညီေနာင္မ်ားပါတီကိုလည္း ပိတ္ပင္တားဆီးတာ ေတြ၊ ပိုင္ဆိုင္မႈေတြ သိမ္းခဲ့တာေတြလုပ္ခဲ့ရာ (၂၀၁၄)ခုႏွစ္အတြင္းက်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိခဲ့ပါဘူး။
အီဂ်စ္စစ္ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္သလို အီဂ်စ္သမၼတ အယ္စီစီရဲ႕လုပ္ရပ္ေတြဟာ အာဏာရွင္ဆန္လာတယ္လို႔အေမရိကန္အေျခစိုက္ Freedom House အဖြဲ႕ကေျပာပါတယ္။ အယ္စီစီ ဟာ အီဂ်စ္သမၼတထံကေန အာဏာသိမ္းခဲ့ၿပီး ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ အေမရိ ကန္ႏိုင္ငံနဲ႔ ဆက္ဆံေရးတင္းမာမႈေတြရွိခဲ့ၿပီးအေမရိကန္အစိုးရက အီဂ်စ္ႏိုင္ငံအတြင္း လူ႔အခြင့္ေရးအ ေျခေနေတြတိုးတက္ေကာင္းမြန္ေအာင္ ဖိအားေပး ေနဆဲျဖစ္ပါတယ္။ သမၼတအျဖစ္တာဝန္ယူခ်ိန္ အတြင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္ အုပ္စုႏိုင္ငံေတြနဲ႔ အျပန္အလွန္ဆက္ဆံေရးေမွ်ာ္လင့္ သေလာက္မေကာင္းခဲ့ေပမယ့္ အာဖရိကတိုက္အ တြင္းရွိႏိုင္ငံမ်ား၊႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ ဆက္ဆံေရး ေကာင္းမြန္ခဲ့သလို အစၥေရး၊ပါလက္စတိုင္းတို႔နဲ႔ လည္းဆက္ဆံေရးေျပလည္ခဲ့ပါတယ္။
အီဂ်စ္ သမၼတအယ္စီစီဟာ လက္ရွိအခ်ိန္မွာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဖိအားမ်ိဳးစုံရင္ဆိုင္ ေနရေပမယ့္ ၎ရဲ႕သမၼတသက္တမ္းကိုတိုးျမႇင့္ ႏိုင္ဖို႔ႀကိဳးပမ္းေနရာ ႏိုင္ငံတကာဖိအားေတြနဲ႔ရင္ဆိုင္ ေနရပါတယ္။ ဒါေပမဲ့ အယ္စီစီသမၼတအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း အီဂ်စ္ႏိုင္ငံရဲ႕စီးပြားေရးဟာ ရာထူး ကျဖဳတ္ခ်ခံရတဲ့ သမၼတေမာ္စီ၊ သမၼတမူဘာရက္ လက္ထက္တို႔နဲ႔ႏႈိင္းယွဥ္ရင္ အနည္းငယ္တိုးတက္ ေကာင္းမြန္လာေနပါတယ္။ အီဂ်စ္အတိုက္ခံႏိုင္ငံေရး သမားေတြ၊ အေမရိကန္နဲ႔အေနာက္အုပ္စုႏိုင္ငံေတြ က အယ္စီစီကို ေဝဖန္ျပစ္တင္မႈေတြလုပ္ေဆာင္ေနေပမယ့္ အယ္စီစီကေတာ့ ၎ရဲ႕မူဝါဒအတိုင္း ဆက္ လက္လုပ္ေဆာင္ခဲ့ၿပီး (၂၀၂၃)ခုႏွစ္က က်င္း ပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲမွာ ဆက္လက္အႏိုင္ရ ရွိခဲ့ပါ တယ္။ ဒါေၾကာင့္လည္း အယ္စီစီဟာ (၂၀၂၄)ခုႏွစ္ ဧၿပီလ (၂)ရက္မွာ သမၼတ သက္တမ္းကို တတိယ အႀကိမ္ေျမာက္ ဆက္လက္တာဝန္ယူဖို႔ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးျဖစ္ရာ အီဂ်စ္ႏိုင္ငံကို ေနာက္ထပ္(၅)ႏွစ္နီးပါးတာဝန္ယူခြင့္ရေတာ့မွာျဖစ္ပါတယ္။