အမေရိကန်က တောင်အမေရိကမှာ လေယာဉ်တင်သင်္ဘောတစ်စီး ဖြန့်ကျက်ချထားသွားမယ်

120

Pika (NP News) - အောက်တိုဘာ ၂၆
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကာရေဘီယံပင်လယ်ပြင်မှာ အမေရိကန်ရဲ့စစ်ရေးတည်ဆောက်မှုကို သိသိ သာသာမြှင့်တင်ခဲ့ပြီး Gerald Ford လေယာဉ်တင်သင်္ဘောအုပ်စုကို လက်တင်အမေရိကကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ Gerald Ford လေယာဉ်တင်သင်္ဘောအုပ်စုကို လက်တင်အမေရိကကို စေလွှတ်ခဲ့ပြီး စစ်ရေး တည်ဆောက်မှုကို မြှင့်တင်လိုက်တာဟာ အမေရိကန်က မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွေကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာတော့မယ်ဆိုတာပြသနေတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ပြောရေးဆိုခွင့်ရှိသူ Sean Parnell က “ကာရေဘီယံပင်လယ်ပြင်မှာ အမေရိကန်ရဲ့စစ်ရေးတည်ဆောက်မှုကိုမြှင့်တင်တာဟာ အမေရိကန်ဘေးကင်းရေး၊ကြွယ်ဝချမ်းသာမှုနဲ့ အနောက် ကမ္ဘာမှာရှိတဲ့ ကျွန်တော်တို့ရဲ့လုံခြုံရေးကို ထိခိုက်စေတဲ့ တရားမဝင် လှုပ်ရှားသူတွေနဲ့လုပ်ဆောင်ချက်တွေကို ရှာဖွေတာ၊ စောင့်ကြည့်တာမျိုးတွေနဲ့ တားဆီးမှုတွေလုပ်ဆောင်ရာမှာ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးမြှင့်ပေးပါ လိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း Gerald Ford လေယာဉ်တင်သင်္ဘောအုပ်စုဟာ ကာရေဘီယံပင်လယ်ပြင်ကို ဘယ်အချိန်မှာ ရောက်ရှိလိမ့်မယ်ဆိုတဲ့အချက်ကို Sean Parnell က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ မူးယစ်မှောင်ခိုသင်္ဘောတွေကို အမေရိကန်က တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုဖြန့်ကျက်ချထားမှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္က ေတာင္အေမရိကမွာ ေလယာဥ္တင္သေဘၤာတစ္စီး ျဖန႔္က်က္ခ်ထားသြားမယ္
Pika (NP News) - ေအာက္တိုဘာ ၂၆
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ကာေရဘီယံပင္လယ္ျပင္မွာ အေမရိကန္ရဲ႕စစ္ေရးတည္ေဆာက္မႈကို သိသိ သာသာျမႇင့္တင္ခဲ့ၿပီး Gerald Ford ေလယာဥ္တင္သေဘၤာအုပ္စုကို လက္တင္အေမရိကကို ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ Gerald Ford ေလယာဥ္တင္သေဘၤာအုပ္စုကို လက္တင္အေမရိကကို ေစလႊတ္ခဲ့ၿပီး စစ္ေရး တည္ေဆာက္မႈကို ျမႇင့္တင္လိုက္တာဟာ အေမရိကန္က မူးယစ္ေဆးဝါးတိုက္ဖ်က္မႈေတြကို ယခင္ကထက္ ပိုမိုလုပ္ေဆာင္လာေတာ့မယ္ဆိုတာျပသေနတဲ့ အခ်က္တစ္ခုလည္းျဖစ္ပါတယ္။
အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Sean Parnell က “ကာေရဘီယံပင္လယ္ျပင္မွာ အေမရိကန္ရဲ႕စစ္ေရးတည္ေဆာက္မႈကိုျမႇင့္တင္တာဟာ အေမရိကန္ေဘးကင္းေရး၊ႂကြယ္ဝခ်မ္းသာမႈနဲ႔ အေနာက္ ကမာၻမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕လုံၿခဳံေရးကို ထိခိုက္ေစတဲ့ တရားမဝင္ လႈပ္ရွားသူေတြနဲ႔လုပ္ေဆာင္ခ်က္ေတြကို ရွာေဖြတာ၊ ေစာင့္ၾကည့္တာမ်ိဳးေတြနဲ႔ တားဆီးမႈေတြလုပ္ေဆာင္ရာမွာ လုပ္ေဆာင္ႏိုင္စြမ္းေတြကို တိုးျမႇင့္ေပးပါ လိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း Gerald Ford ေလယာဥ္တင္သေဘၤာအုပ္စုဟာ ကာေရဘီယံပင္လယ္ျပင္ကို ဘယ္အခ်ိန္မွာ ေရာက္ရွိလိမ့္မယ္ဆိုတဲ့အခ်က္ကို Sean Parnell က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဗင္နီဇြဲလားကမ္းလြန္ပင္လယ္ျပင္မွာ မူးယစ္ေမွာင္ခိုသေဘၤာေတြကို အေမရိကန္က တိုက္ခိုက္မႈေတြ ဆက္တိုက္ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုျဖန႔္က်က္ခ်ထားမႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။