ရှိတ်ဟာစီနာအပေါ် စွဲဆိုထားသည့်အမှုကို နိုဝင်ဘာလအတွင်း အပြီးသတ်အမိန့်ချမှတ်မည်

148

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၆
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက် သောစီရင်ချက်ကို လာမည့် နိုဝင်ဘာလ (၁၃)ရက်တွင်အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်ရှေ့နေချုပ်က ထုတ် ဖော်ပြောဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တရားရုံးသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသားအပေါ်ကျူးလွန်ခဲ့ သောရာဇဝတ်မှုနှင့်ပတ်သက်ပြီး စွဲချက်တင်ကာ စုံစမ်းစစ်ဆေးခဲ့ပြီး အောက်တိုဘာလ (၂၃)ရက်တွင် စုံစမ်းစစ်ဆေးမှု အဆုံးသတ်ခဲ့ကြောင်းသိရသည်။
အသက် (၇၈)နှစ်အရွယ်ရှိ ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း တက္ကသိုလ်ကျောင်းသား များဦးဆောင်သော ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီးအမိန့်များစွာပေးခဲ့သူအဖြစ် လက်ရှိအချိန်တွင် စွပ်စွဲခံထား ရသူဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ရှေ့နေချုပ်က ‘ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ယုံကြည် တယ်ဆိုရင် သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လာမှာဖြစ်တယ်။ ရှိတ်ဟာစီနာဟာ ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းများ စွာတာဝန်ယူခဲ့သူဖြစ်ပေမယ့် နိုင်ငံမှာအခက်ခဲပြဿနာတွေရှိနေချိန်မှာ နိုင်ငံကို ကျောခိုင်းပြီး ပြည်ပကိုထွက် ပြေးခဲ့ တယ်။ ဇွန်လ (၁)ရက်က စတင်စစ်ဆေးတဲ့ သူ့အပေါ် စွဲဆိုထားတဲ့အမှုကို လာရောက်ရင်ဆိုင်ဖြေရှင်းခြင်းမျိုးမရှိခဲ့ဘူး၊ ရှိတ်ဟာစီနာဟာ ဆန္ဒပြပွဲအတွင်း လူအများအပြား သေဆုံးအောင်ဖြိုခွင်းဖို့ အဓိကအမိန့်ပေးခဲ့သူလည်းဖြစ်တယ်’ ဟုပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (၂၀၂၄)ခုနှစ် ဇူလိုင်လမှ ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူပေါင်း (၁၄၀ဝ) ကျော်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရရှေ့နေများသည် ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာကို လူသားအပေါ် ကျူးလွန်သောရာဇဝတ်မှုအပါအဝင် စွဲချက်(၅)ခုဖြင့် စွဲချက် တင်ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရှိတ်ဟာစီနာအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့ပါက သေဒဏ်ပေးရန်တောင်း ဆိုခြင်းများလည်းရှိနေသည်။ လက်ရှိအချိန်တွင် ရှိတ်ဟာစီနာနှင့်အတူ စွဲချက်တင်ခံထားရသည့် ပြည်ထဲရေး ဝန်ကြီး ဟောင်း၊ အပြင် ရဲချုပ်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့က စွဲချက်များကို ဝန်ခံထားကြောင်းသိရသည်။

Zawgyi Version:
ရွိတ္ဟာစီနာအေပၚ စြဲဆိုထားသည့္အမႈကို ႏိုဝင္ဘာလအတြင္း အၿပီးသတ္အမိန႔္ခ်မွတ္မည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၆
ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာအေပၚ စြဲဆိုထားသည့္အမႈႏွင့္ပတ္သက္ ေသာစီရင္ခ်က္ကို လာမည့္ ႏိုဝင္ဘာလ (၁၃)ရက္တြင္အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မွတ္ဖြယ္ရွိေနေၾကာင္း ဘဂၤလားေဒ့ရွ္ေရွ႕ေနခ်ဳပ္က ထုတ္ ေဖာ္ေျပာဆိုလိုက္သည္။ ဘဂၤလားေဒ့ရွ္တရား႐ုံးသည္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို လူသားအေပၚက်ဴးလြန္ခဲ့ ေသာရာဇဝတ္မႈႏွင့္ပတ္သက္ၿပီး စြဲခ်က္တင္ကာ စုံစမ္းစစ္ေဆးခဲ့ၿပီး ေအာက္တိုဘာလ (၂၃)ရက္တြင္ စုံစမ္းစစ္ေဆးမႈ အဆုံးသတ္ခဲ့ေၾကာင္းသိရသည္။
အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ ရွိတ္ဟာစီနာသည္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း တကၠသိုလ္ေက်ာင္းသား မ်ားဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားကို ၿဖိဳခြင္းခဲ့မႈႏွင့္ပတ္သက္ၿပီးအမိန႔္မ်ားစြာေပးခဲ့သူအျဖစ္ လက္ရွိအခ်ိန္တြင္ စြပ္စြဲခံထား ရသူျဖစ္သည္။ ဘဂၤလားေဒ့ရွ္ေရွ႕ေနခ်ဳပ္က ‘ရွိတ္ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ တရားစီရင္ေရးစနစ္ကို ယုံၾကည္ တယ္ဆိုရင္ သူဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျပန္လာမွာျဖစ္တယ္။ ရွိတ္ဟာစီနာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ႏွစ္ေပါင္းမ်ား စြာတာဝန္ယူခဲ့သူျဖစ္ေပမယ့္ ႏိုင္ငံမွာအခက္ခဲျပႆနာေတြရွိေနခ်ိန္မွာ ႏိုင္ငံကို ေက်ာခိုင္းၿပီး ျပည္ပကိုထြက္ ေျပးခဲ့ တယ္။ ဇြန္လ (၁)ရက္က စတင္စစ္ေဆးတဲ့ သူ႔အေပၚ စြဲဆိုထားတဲ့အမႈကို လာေရာက္ရင္ဆိုင္ေျဖရွင္းျခင္းမ်ိဳးမရွိခဲ့ဘူး၊ ရွိတ္ဟာစီနာဟာ ဆႏၵျပပြဲအတြင္း လူအမ်ားအျပား ေသဆုံးေအာင္ၿဖိဳခြင္းဖို႔ အဓိကအမိန႔္ေပးခဲ့သူလည္းျဖစ္တယ္’ ဟုေျပာသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ (၂၀၂၄)ခုႏွစ္ ဇူလိုင္လမွ ဩဂုတ္လအတြင္းျဖစ္ပြားခဲ့ေသာ တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္သည့္ အစိုးရဆန႔္ က်င္ေရးဆႏၵျပပြဲမ်ားအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ၏ၿဖိဳခြင္းမႈေၾကာင့္ အနည္းဆုံးလူေပါင္း (၁၄၀ဝ) ေက်ာ္ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢအဖြဲ႕က ေျပာသည္။ ဘဂၤလားေဒ့ရွ္အစိုးရေရွ႕ေနမ်ားသည္ ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွိတ္ဟာစီနာကို လူသားအေပၚ က်ဴးလြန္ေသာရာဇဝတ္မႈအပါအဝင္ စြဲခ်က္(၅)ခုျဖင့္ စြဲခ်က္ တင္ထားေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ရွိတ္ဟာစီနာအေနျဖင့္ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားခဲ့ပါက ေသဒဏ္ေပးရန္ေတာင္း ဆိုျခင္းမ်ားလည္းရွိေနသည္။ လက္ရွိအခ်ိန္တြင္ ရွိတ္ဟာစီနာႏွင့္အတူ စြဲခ်က္တင္ခံထားရသည့္ ျပည္ထဲေရး ဝန္ႀကီး ေဟာင္း၊ အျပင္ ရဲခ်ဳပ္တို႔ကိုလည္း ဖမ္းဆီးထိန္းသိမ္းထားၿပီး ၎တို႔က စြဲခ်က္မ်ားကို ဝန္ခံထားေၾကာင္းသိရသည္။