ယခုရက်ပိုင်းအတွင်း Pilot Project အနေဖြင့် မြန်မာလုပ်သား (၂၇) ဦးကို ရုရှားသို့ ထပ်မံစေလွှတ်

 166

Pearl (NP News) - အောက်တိုဘာ ၂၆
ယခုရက်ပိုင်းအတွင်း Pilot Project အနေဖြင့် မြန်မာလုပ်သား (၂၇)ဦးကို ရုရှားသို့ ထပ်မံစေ လွှတ်မည်ဖြစ် ကြောင်း ရုရှားအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများနှင့် နီးစပ်သူများထံမှသိရသည်။
Pilot Project အနေဖြင့် ရုရှားနိုင်ငံသို့ စေလွှတ်ရန်ခွင့်ပြုထားသော မြန်မာလုပ်သား (၃၈)ဦးအနက် ပြီးခဲ့သည့် အောက်တိုဘာ(၂၃)ရက်၊ ညပိုင်းက လုပ်သား(၁၁)ဦးကို ကနဦးစေလွှတ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာလုပ်သား (၃၈)ဦးသည် ရုရှားနိုင်ငံ တာတာစတန်ပြည်နယ် ကာဇန်မြို့ Alabuga Special Economic Zone တွင် လစာ ရူဘယ် (၂) သိန်းခွဲ (မြန်မာငွေ သိန်းတစ်ရာခန့်)ဖြင့် ဆောက်လုပ် ရေးလုပ်သားအဖြစ် လုပ်ကိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
‘လုပ်သားလိုအပ်ချက်ကြောင့် အမြင့်ဆုံး လစာနဲ့ခေါ်ပေမယ့် ပုံမှန်လစာကတော့ ဒေါ်လာ (၈၀ဝ)ကနေ ဒေါ်လာ (၂၀ဝဝ)ဝန်းကျင်ပဲရှိပါတယ်။ တနင်္ဂနွေနေ့ ထပ်ပြီး (၂၇)ယောက်လွှတ်ပါမယ်။ စုစုပေါင်း (၃၈)ယောက်ကိုပဲ pilot project အနေနဲ့ ခွင့်ပြုထားပါသေးတယ်။ နောက်ထပ် (၆၀ဝ) နီးပါးကတော့ မသိသေးပါဘူးရှင်။ (၂၆)ရက်ထွက်ဖို့ ထွက်ခွာ ခွင့်လေးတင်နေပါတယ်။ (၂၆)မရရင် (၂၉) ထွက်မှာ ပါ}ဟု ရုရှားအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း များနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ မြန်မာလုပ်သား (၃၈)ဦးအနက် စေလွှတ်ရန်ကျန်ရှိသည့် လုပ်သား(၂၇)ဦးကို လက်ရှိတွင် ထွက်ခွာခွင့် တင်ထားကာ အောက်တိုဘာ (၂၆)ရက်မှ (၂၉)ရက်အတွင်း ထွက်ခွာနိုင်ရန် ပြင်ဆင်နေကြောင်းလည်းသိရသည်။
ပြီးခဲ့သည့် မတ်လနှင့်ဧပြီလတွင် ရုရှားနိုင်ငံသို့ မြန်မာလုပ်သား (၅၄)ဦးကို Pilot Project အနေဖြင့် ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပြီး အမျိုးသမီး လုပ်သားများကိုလည်း စေလွှတ်နိုင်ရေးအတွက် ဘာသာစကားသင်တန်း များအပါအဝင် လိုအပ်သည်များ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ယခုရက္ပိုင္းအတြင္း Pilot Project အေနျဖင့္ ျမန္မာလုပ္သား (၂၇) ဦးကို ႐ုရွားသို႔ ထပ္မံေစလႊတ္
Pearl (NP News) - ေအာက္တိုဘာ ၂၆
ယခုရက္ပိုင္းအတြင္း Pilot Project အေနျဖင့္ ျမန္မာလုပ္သား (၂၇)ဦးကို ႐ုရွားသို႔ ထပ္မံေစ လႊတ္မည္ျဖစ္ ေၾကာင္း ႐ုရွားအလုပ္အကိုင္ရွာေဖြေရး လုပ္ငန္းမ်ားႏွင့္ နီးစပ္သူမ်ားထံမွသိရသည္။
Pilot Project အေနျဖင့္ ႐ုရွားႏိုင္ငံသို႔ ေစလႊတ္ရန္ခြင့္ျပဳထားေသာ ျမန္မာလုပ္သား (၃၈)ဦးအနက္ ၿပီးခဲ့သည့္ ေအာက္တိုဘာ(၂၃)ရက္၊ ညပိုင္းက လုပ္သား(၁၁)ဦးကို ကနဦးေစလႊတ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ ျမန္မာလုပ္သား (၃၈)ဦးသည္ ႐ုရွားႏိုင္ငံ တာတာစတန္ျပည္နယ္ ကာဇန္ၿမိဳ႕ Alabuga Special Economic Zone တြင္ လစာ ႐ူဘယ္ (၂) သိန္းခြဲ (ျမန္မာေငြ သိန္းတစ္ရာခန႔္)ျဖင့္ ေဆာက္လုပ္ ေရးလုပ္သားအျဖစ္ လုပ္ကိုင္ရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
‘လုပ္သားလိုအပ္ခ်က္ေၾကာင့္ အျမင့္ဆုံး လစာနဲ႔ေခၚေပမယ့္ ပုံမွန္လစာကေတာ့ ေဒၚလာ (၈၀ဝ)ကေန ေဒၚလာ (၂၀ဝဝ)ဝန္းက်င္ပဲရွိပါတယ္။ တနဂၤေႏြေန႔ ထပ္ၿပီး (၂၇)ေယာက္လႊတ္ပါမယ္။ စုစုေပါင္း (၃၈)ေယာက္ကိုပဲ pilot project အေနနဲ႔ ခြင့္ျပဳထားပါေသးတယ္။ ေနာက္ထပ္ (၆၀ဝ) နီးပါးကေတာ့ မသိေသးပါဘူးရွင္။ (၂၆)ရက္ထြက္ဖို႔ ထြက္ခြာ ခြင့္ေလးတင္ေနပါတယ္။ (၂၆)မရရင္ (၂၉) ထြက္မွာ ပါ}ဟု ႐ုရွားအလုပ္အကိုင္ရွာေဖြေရးလုပ္ငန္း မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ ျမန္မာလုပ္သား (၃၈)ဦးအနက္ ေစလႊတ္ရန္က်န္ရွိသည့္ လုပ္သား(၂၇)ဦးကို လက္ရွိတြင္ ထြက္ခြာခြင့္ တင္ထားကာ ေအာက္တိုဘာ (၂၆)ရက္မွ (၂၉)ရက္အတြင္း ထြက္ခြာႏိုင္ရန္ ျပင္ဆင္ေနေၾကာင္းလည္းသိရသည္။
ၿပီးခဲ့သည့္ မတ္လႏွင့္ဧၿပီလတြင္ ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သား (၅၄)ဦးကို Pilot Project အေနျဖင့္ ပထမဆုံးအႀကိမ္ေစလႊတ္ခဲ့ၿပီး အမ်ိဳးသမီး လုပ္သားမ်ားကိုလည္း ေစလႊတ္ႏိုင္ေရးအတြက္ ဘာသာစကားသင္တန္း မ်ားအပါအဝင္ လိုအပ္သည္မ်ား ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.