စီအိုင်အေအဖွဲ့ရဲ့စစ်ဆင်ရေးမှန်သမျှက ကျရှုံးလိမ့်မယ်လို့ ဗင်နီဇွဲလားစစ်ဘက်ပြော

 163

Pika (NP News) - အောက်တိုဘာ ၂၆

ဗင်နီဇွဲလားနိုင်ငံမှာလုပ်ဆောင်မယ့် စီအိုင်အေအဖွဲ့ရဲ့စစ်ဆင်ရေးမှန်သမျှဟာ ကျရှုံးလိမ့်မယ်လို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး Vladimir Padrino က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားမြေပေါ်မှာ စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့ စီအိုင်အေအဖွဲ့ကို ခွင့်ပြုထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အတည်ပြုပြောကြားခဲ့ပြီးနောက် Vladimir Padrino ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Vladimir Padrino က “ဗင်နီဇွဲလားမြေပေါ်မှာ စီအိုင်အေအဖွဲ့ရှိတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့်လည်း စီအိုင်အေအဖွဲ့ရဲ့ကြိုးပမ်းမှုမှန်သမျှက အောင်မြင်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ဗင်နီဇွဲလားကမ်းလွန်မှာ စစ်သင်္ဘောတွေကို အမေရိကန်က ဖြန့်ကျက်ချထားခဲ့ပြီးနောက် ဗင်နီဇွဲလားနဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေကို အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးစီးဆင်းမှုတွေကို ရပ်တန့်စေခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်ဟာ မြေပြင်မှာ ရှာဖွေမှုတွေကို စတင်လုပ်ဆောင်ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။

Zawgyi Version:
စီအိုင္ေအအဖြဲ႕ရဲ႕စစ္ဆင္ေရးမွန္သမွ်က က်ရႈံးလိမ့္မယ္လို႔ ဗင္နီဇြဲလားစစ္ဘက္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၆
ဗင္နီဇြဲလားႏိုင္ငံမွာလုပ္ေဆာင္မယ့္ စီအိုင္ေအအဖြဲ႕ရဲ႕စစ္ဆင္ေရးမွန္သမွ်ဟာ က်ရႈံးလိမ့္မယ္လို႔ ဗင္နီဇြဲလား ကာကြယ္ေရးဝန္ႀကီး Vladimir Padrino က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဗင္နီဇြဲလားေျမေပၚမွာ စစ္ဆင္ေရးေတြလုပ္ေဆာင္ဖို႔ စီအိုင္ေအအဖြဲ႕ကို ခြင့္ျပဳထားတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အတည္ျပဳေျပာၾကားခဲ့ၿပီးေနာက္ Vladimir Padrino ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ Vladimir Padrino က “ဗင္နီဇြဲလားေျမေပၚမွာ စီအိုင္ေအအဖြဲ႕ရွိတာ ကြၽန္ေတာ္တို႔သိပါတယ္။ ဒါေပမယ့္လည္း စီအိုင္ေအအဖြဲ႕ရဲ႕ႀကိဳးပမ္းမႈမွန္သမွ်က ေအာင္ျမင္မွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့လေတြအတြင္း ဗင္နီဇြဲလားကမ္းလြန္မွာ စစ္သေဘၤာေတြကို အေမရိကန္က ျဖန႔္က်က္ခ်ထားခဲ့ၿပီးေနာက္ ဗင္နီဇြဲလားနဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈေတြ စတင္ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဗင္နီဇြဲလားကမ္းလြန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြကို အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ပင္လယ္ေရေၾကာင္းကေန မူးယစ္ေဆးဝါးစီးဆင္းမႈေတြကို ရပ္တန႔္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေျမျပင္မွာ ရွာေဖြမႈေတြကို စတင္လုပ္ေဆာင္ရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.