၂၀၅၀ ပြည့်နှစ်တွင် ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းသွားရန် ရည်မှန်းထား

 171

သန့်ဇင်(NP News)-အောက်တိုဘာ ၂၆

၂၀၅၀ ပြည့်နှစ်တွင် ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းသွားရန် ရည်မှန်းချက်များရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်က တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် International Renewable Energy Agency (IERNA)တို့က ကြီးမှူးကျင်းပသော စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာ ဖိုရမ် -၂၀၂၅ သို့ တက်ရောက်ကာ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင်အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလမတိုင်မီကာလအထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ် ၅၁ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် ၄ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းနှင့် ဒီဇယ် ၃ ရာခိုင်နှုန်းစသည့် အချိုးအစားများဖြင့် စုစုပေါင်း ၆၃၅၇ မဂ္ဂါဝပ်အထိ ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နှစ်စဉ်တိုးတက်လာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံသည် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးပင်မစီမံချက် (၂၀၃၀ အထိ) ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် သဘာဝဓာတ်ငွေ့နှင့်ရေအားလျှပ်စစ်ကို အဓိကအားထားလျက်ရှိပြီး နိုင်ငံတော် လျှပ်စစ်ပြည့်ဝစွာသုံးစွဲနိုင်ရေးမှာ ဂေဟဗေဒဆိုင်ရာ ထိခိုက်မှုနည်း သည့် ပြန်ပြည့်မြဲစွမ်းအင် ပိုမိုသုံးစွဲရာတွင် ဓာတ်အား လိုင်းတည်ငြိမ်မှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ဗျူဟာမြောက် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကို ၂၀၃၀ ပြည့်နှစ် အထိသာ ဆက်လက်အသုံးပြုရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းသွားရန် ရည်မှန်းချက်များရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစက်ရုံ ရှစ်ရုံ (၂၄၀ မဂ္ဂါဝပ်) အသေးစားနေရောင်ခြည်စွမ်းအင်ဓာတ်အားပေး စက်ရုံများမှ ၂၃ မဂ္ဂါဝပ်ခန့် တပ်ဆင်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နေရောင်ခြည်စွမ်းအင်စီမံကိန်းများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒများ ချမှတ်ပေးလျက်ရှိပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သဘောတူညီချက် (UNFCCC) နှင့်အညီ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် တွင် အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (NDC) ကို ရေးဆွဲအတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ NDC တွင် ပြည်တွင်းအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်မည့် ရည်မှန်းချက်နှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုရရှိပါက အကောင်အထည်ဖော်နိုင်မည့် ရည်မှန်းချက်(၂)ရပ်ကို သတ်မှတ်ထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်မပါဝင်သော ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များဖြင့် အကောင်အထည် ဖော်မည့်ရည်မှန်းချက်မှာ ၁၁ ရာနှုန်း (၂၀၀၀ မဂ္ဂါဝပ်) ဖြစ်ပြီး လုံလောက်သော နိုင်ငံတကာပံ့ပိုးမှုရရှိပါက ၁၇ ရာနှုန်း (၃၀၇၀ မဂ္ဂါဝပ်) အထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အောင်မြင်မှုရရှိပါက ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ရာခိုင်နှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချသွားမည် ဖြစ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၂၆ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ နောက်ထပ် အနှစ် ၂၀ အတွက် စွမ်းအင်အသစ်ဖွံ့ဖြိုးရေးအစီအစဉ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပုံစံသစ်ကိုလည်း ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျပြီး နိုင်ငံတကာ၏ကူညီထောက်ပံ့မှုများလည်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
၂၀၅၀ ျပည့္ႏွစ္တြင္ ေက်ာက္မီးေသြးစြမ္းအင္အသုံးျပဳမႈ ရပ္ဆိုင္းသြားရန္ ရည္မွန္းထား
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၆

၂၀၅၀ ျပည့္ႏွစ္တြင္ ေက်ာက္မီးေသြး စြမ္းအင္အသုံးျပဳမႈ ရပ္ဆိုင္းသြားရန္ ရည္မွန္းခ်က္မ်ားရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျပည္ေထာင္စုဝန္ႀကီးက ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၄ရက္က တ႐ုတ္အမ်ိဳးသားစြမ္းအင္စီမံခန႔္ခြဲမႈဌာနႏွင့္ International Renewable Energy Agency (IERNA)တို႔က ႀကီးမႉးက်င္းပေသာ စြမ္းအင္အသြင္ကူးေျပာင္းမႈ အျပည္ျပည္ဆိုင္ရာ ဖိုရမ္ -၂၀၂၅ သို႔ တက္ေရာက္ကာ ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားရာတြင္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၂၅ ခုႏွစ္ စက္တင္ဘာလမတိုင္မီကာလအထိ ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈသည္ ေရအားလွ်ပ္စစ္ ၅၁ ရာခိုင္ႏႈန္း၊ ေနေရာင္ျခည္စြမ္းအင္ ၄ ရာခိုင္ႏႈန္း၊ သဘာဝဓာတ္ေငြ႕ ၄၀ ရာခိုင္ႏႈန္း၊ ေက်ာက္မီးေသြး ၂ ရာခိုင္ႏႈန္းႏွင့္ ဒီဇယ္ ၃ ရာခိုင္ႏႈန္းစသည့္ အခ်ိဳးအစားမ်ားျဖင့္ စုစုေပါင္း ၆၃၅၇ မဂၢါဝပ္အထိ ရွိပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ႏွစ္စဥ္တိုးတက္လာေသာ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံသည္ အမ်ိဳးသားလွ်ပ္စစ္ဓာတ္အား ရရွိေရးပင္မစီမံခ်က္ (၂၀၃၀ အထိ) ေရးဆြဲ အေကာင္အထည္ေဖာ္ခဲ့ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈသည္ သဘာဝဓာတ္ေငြ႕ႏွင့္ေရအားလွ်ပ္စစ္ကို အဓိကအားထားလ်က္ရွိၿပီး ႏိုင္ငံေတာ္ လွ်ပ္စစ္ျပည့္ဝစြာသုံးစြဲႏိုင္ေရးမွာ ေဂဟေဗဒဆိုင္ရာ ထိခိုက္မႈနည္း သည့္ ျပန္ျပည့္ၿမဲစြမ္းအင္ ပိုမိုသုံးစြဲရာတြင္ ဓာတ္အား လိုင္းတည္ၿငိမ္မႈဆိုင္ရာ ျပႆနာမ်ားကို ျဖစ္ေပၚေစသည့္ ကိစၥရပ္မ်ားကို ေျဖရွင္းရန္ ဗ်ဴဟာေျမာက္ လိုအပ္ခ်က္တစ္ရပ္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ေက်ာက္မီးေသြးစြမ္းအင္အသုံးျပဳမႈကို ၂၀၃၀ ျပည့္ႏွစ္ အထိသာ ဆက္လက္အသုံးျပဳရန္ႏွင့္ ၂၀၅၀ ျပည့္ႏွစ္တြင္ ေက်ာက္မီးေသြး စြမ္းအင္အသုံးျပဳမႈ ရပ္ဆိုင္းသြားရန္ ရည္မွန္းခ်က္မ်ားရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္တြင္ ေနေရာင္ျခည္စြမ္းအင္ ဓာတ္အားေပးစက္႐ုံ ရွစ္႐ုံ (၂၄၀ မဂၢါဝပ္) အေသးစားေနေရာင္ျခည္စြမ္းအင္ဓာတ္အားေပး စက္႐ုံမ်ားမွ ၂၃ မဂၢါဝပ္ခန႔္ တပ္ဆင္ထားေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ေနေရာင္ျခည္စြမ္းအင္စီမံကိန္းမ်ားအတြက္ အေကာက္ခြန္ကင္းလြတ္ခြင့္မူဝါဒမ်ား ခ်မွတ္ေပးလ်က္ရွိပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္ေျပာၾကားခဲ့သည္။
ကုလသမဂၢရာသီဥတုေျပာင္းလဲမႈဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ (UNFCCC) ႏွင့္အညီ ျမန္မာႏိုင္ငံသည္ ၂၀၂၁ ခုႏွစ္ တြင္ အမ်ိဳးသား အဆင့္ ရာသီဥတုေျပာင္းလဲမႈေလွ်ာ့ခ်ေရးႏွင့္ လိုက္ေလ်ာညီေထြရွိေစေရးဆိုင္ရာ လုပ္ငန္းအစီအစဥ္ (NDC) ကို ေရးဆြဲအတည္ျပဳခဲ့ေၾကာင္း သိရသည္။

အဆိုပါ NDC တြင္ ျပည္တြင္းအရင္းအျမစ္မ်ားျဖင့္ အေကာင္အထည္ေဖာ္မည့္ ရည္မွန္းခ်က္ႏွင့္ ႏိုင္ငံတကာမွ ပံ့ပိုးကူညီမႈရရွိပါက အေကာင္အထည္ေဖာ္ႏိုင္မည့္ ရည္မွန္းခ်က္(၂)ရပ္ကို သတ္မွတ္ထားေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

၂၀၃၀ ျပည့္ႏွစ္တြင္ ေရအားလွ်ပ္စစ္မပါဝင္ေသာ ျပန္ျပည့္ၿမဲစြမ္းအင္က႑တြင္ ျပည္တြင္းအရင္းအျမစ္မ်ားျဖင့္ အေကာင္အထည္ ေဖာ္မည့္ရည္မွန္းခ်က္မွာ ၁၁ ရာႏႈန္း (၂၀၀၀ မဂၢါဝပ္) ျဖစ္ၿပီး လုံေလာက္ေသာ ႏိုင္ငံတကာပံ့ပိုးမႈရရွိပါက ၁၇ ရာႏႈန္း (၃၀၇၀ မဂၢါဝပ္) အထိ တိုးျမႇင့္ႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ေအာင္ျမင္မႈရရွိပါက ေက်ာက္မီးေသြးမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ ရာခိုင္ႏႈန္းကို အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်သြားမည္ ျဖစ္ပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

၂၀၂၆ ခုႏွစ္မွ ၂၀၄၅ ခုႏွစ္အထိ ေနာက္ထပ္ အႏွစ္ ၂၀ အတြက္ စြမ္းအင္အသစ္ဖြံ႕ၿဖိဳးေရးအစီအစဥ္ႏွင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ ပုံစံသစ္ကိုလည္း ေရးဆြဲရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္းႏွင့္ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ တ႐ုတ္-ျမန္မာ ပူးေပါင္းေဆာင္႐ြက္မႈမွာ အဓိကက်ၿပီး ႏိုင္ငံတကာ၏ကူညီေထာက္ပံ့မႈမ်ားလည္းလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.