အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲတွင် အနိုင်ရစေရန်ကူညီခဲ့သော ကနေဒီ နှင့် အီလွန်မတ်ကို အစိုးရအဖွဲ့စာရင်းတွင်ပါဝင်ရန် အမည်စာရင်းတင်သွင်း
450
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅
အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ အစိုးရအသစ်တွင် ပါဝင်မည့်သူများကိုအမည်စာရင်း တင်သွင်းခြင်းများ လုပ်ဆောင်နေရာ နိုဝင်ဘာ ၁၅ ရက်တွင် သမ္မတရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦးဖြစ်သော ရောဘတ် အက်ဖ် ကနေဒီကို ကျန်းမာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်ကြောင်း သိရသည်။
ရောဘတ်အက်ဖ် ကနေဒီသည် အမေရိကန်သမ္မတဟောင်း ကနေဒီ၏သားဖြစ်သူဖြစ်ပြီး၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပခါနီးချိန်တွင် သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းကို ရပ်နားပြီး ဒေါ်နယ်ထရမ့်ကို ပံ့ပိုးကူညီပေးခဲ့သူဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က ကနေဒါနီကို အမေရိကန်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အပြောင်းအလဲများဖြစ်လာစေရန် ဦးဆောင်စေလိုကြောင်းပြောဆိုထားပြီး ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကတိများထဲတွင် အမေရိကန်နိုင်ငံ၏ ကျန်းမာရေးစနစ်တစ်ကျော့ပြန်ကောင်းမွန်စေရမည်ဟု ကတိပြုထားသည်။ဒေါ်နယ်ထရမ့်သည် ၎င်းရင်ဆိုင်ရသောအမှုများကို လိုက်ပါဆောင်ရွက်ပေးခဲ့သော ရှေ့နေဖြစ်သူ အီမီ ဘိုဗီကိုလည်း အမေရိကန်အစိုးရအဖွဲ့၏ ဒုတိယရှေ့နေချုပ်အဖြစ်
အမည်စာရင်းတင်သွင်းခဲ့သလို ရီပတ်ဘလီကန်ပါတီအမတ်ဟောင်းဖြစ်သူ ဂတ်ဘတ်ဒ်ကိုလည်း အမျိုးသားထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ်အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်ပိုင်းကတည်းက
ဒေါ်နယ်ထရမ့်သည် ၎င်းဦးဆောင်မည့် အစိုးရအဖွဲ့တွင်ပါဝင်မည့် ဝန်ကြီးများကို အမည်စာရင်းတင်သွင်းနေရာ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူမာကို ရူဘီအိုကို နိုင်ငံခြားရေးဝန်ကြီး၊ ရီပတ်ဘလီကန်လွတ်တော်ကိုယ်စားလှယ်ဖြစ်သူ အီလီဆီ စတီဖာနစ်ကို ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး၊ Fox News အစီအစဉ်တင်ဆက်သူ Pete Hegseth ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် လက်ရှိအချိန်တွင် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။
ထို့အပြင် ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲတွင် အနိုင်ရစေရန် အဓိကကူညီပေးခဲ့သူဖြစ်သလို ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ကိုလည်း အမေရိကန်အစိုးရအဖွဲ့၏ ဌာနအသစ်တွင် အကြီးအကဲအဖြစ် တာဝန်ယူခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
အီလွန်မတ် ဦးဆောင်မည့်အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်မည့်ဌာနသည် အမေရိကန်နိုင်ငံတွင် ပိုလျှံနေသောအသုံးစရိတ်၊ အေဂျင်စီများကို လျော့ချခြင်း၊ ခေတ်နှင့်မလျော်ညီသောဥပဒေများကို ဖြုတ်ပယ်ခြင်း အပါအဝင် လိုအပ်သောအရာများကို ဖြည့်တင်းခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရေစရန္ကူညီခဲ့ေသာ
ကေနဒီ ႏွင့္ အီလြန္မတ္ကို အစိုးရအဖြဲ႕စာရင္းတြင္ပါဝင္ရန္ အမည္စာရင္းတင္သြင္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
အေမရိကန္သမၼတအျဖစ္ေ႐ြးေကာက္ခံထားရေသာ ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္ က်မ္းသစၥာမက်ိန္ဆိုမီ အစိုးရအသစ္တြင္ ပါဝင္မည့္သူမ်ားကိုအမည္စာရင္း တင္သြင္းျခင္းမ်ား လုပ္ေဆာင္ေနရာ ႏိုဝင္ဘာ ၁၅ ရက္တြင္ သမၼတေ႐ြးေကာက္ပြဲကိုပါဝင္ယွဥ္ၿပိဳင္ခဲ့ဖူးသူတစ္ဦးျဖစ္ေသာ ေရာဘတ္ အက္ဖ္ ကေနဒီကို က်န္းမာေရးဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္းလိုက္ေၾကာင္း သိရသည္။
ေရာဘတ္အက္ဖ္ ကေနဒီသည္ အေမရိကန္သမၼတေဟာင္း ကေနဒီ၏သားျဖစ္သူျဖစ္ၿပီး၂၀၂၄ ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ သမၼတေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲက်င္းပခါနီးခ်ိန္တြင္ သမၼတအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ျခင္းကို ရပ္နားၿပီး ေဒၚနယ္ထရမ့္ကို ပံ့ပိုးကူညီေပးခဲ့သူျဖစ္ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က ကေနဒါနီကို အေမရိကန္ႏိုင္ငံ၏ က်န္းမာေရးက႑တြင္ အေျပာင္းအလဲမ်ားျဖစ္လာေစရန္ ဦးေဆာင္ေစလိုေၾကာင္းေျပာဆိုထားၿပီး ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရးကတိမ်ားထဲတြင္ အေမရိကန္ႏိုင္ငံ၏ က်န္းမာေရးစနစ္တစ္ေက်ာ့ျပန္ေကာင္းမြန္ေစရမည္ဟု ကတိျပဳထားသည္။ေဒၚနယ္ထရမ့္သည္ ၎ရင္ဆိုင္ရေသာအမႈမ်ားကို လိုက္ပါေဆာင္႐ြက္ေပးခဲ့ေသာ ေရွ႕ေနျဖစ္သူ အီမီ ဘိုဗီကိုလည္း အေမရိကန္အစိုးရအဖြဲ႕၏ ဒုတိယေရွ႕ေနခ်ဳပ္အျဖစ္
အမည္စာရင္းတင္သြင္းခဲ့သလို ရီပတ္ဘလီကန္ပါတီအမတ္ေဟာင္းျဖစ္သူ ဂတ္ဘတ္ဒ္ကိုလည္း အမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲအျဖစ္အမည္စာရင္းတင္သြင္းထားေၾကာင္း သိရသည္။
ႏိုဝင္ဘာ ၅ ရက္က က်င္းပခဲ့ေသာ သမၼတေ႐ြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ပိုင္းကတည္းက
ေဒၚနယ္ထရမ့္သည္ ၎ဦးေဆာင္မည့္ အစိုးရအဖြဲ႕တြင္ပါဝင္မည့္ ဝန္ႀကီးမ်ားကို အမည္စာရင္းတင္သြင္းေနရာ ဖေလာ္ရီဒါျပည္နယ္ အထက္လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူမာကို ႐ူဘီအိုကို ႏိုင္ငံျခားေရးဝန္ႀကီး၊ ရီပတ္ဘလီကန္လြတ္ေတာ္ကိုယ္စားလွယ္ျဖစ္သူ အီလီဆီ စတီဖာနစ္ကို ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီး၊ Fox News အစီအစဥ္တင္ဆက္သူ Pete Hegseth ကို အေမရိကန္ကာကြယ္ေရးဝန္ႀကီးအျဖစ္ လက္ရွိအခ်ိန္တြင္ အမည္စာရင္းတင္သြင္းထားေၾကာင္း သိရသည္။
ထို႔အျပင္ ေဒၚနယ္ထရမ့္ကို ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရေစရန္ အဓိကကူညီေပးခဲ့သူျဖစ္သလို ကမာၻအခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္ကိုလည္း အေမရိကန္အစိုးရအဖြဲ႕၏ ဌာနအသစ္တြင္ အႀကီးအကဲအျဖစ္ တာဝန္ယူခြင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
အီလြန္မတ္ ဦးေဆာင္မည့္အစိုးရအဖြဲ႕၏ စြမ္းေဆာင္ရည္ကို ေစာင့္ၾကည့္မည့္ဌာနသည္ အေမရိကန္ႏိုင္ငံတြင္ ပိုလွ်ံေနေသာအသုံးစရိတ္၊ ေအဂ်င္စီမ်ားကို ေလ်ာ့ခ်ျခင္း၊ ေခတ္ႏွင့္မေလ်ာ္ညီေသာဥပေဒမ်ားကို ျဖဳတ္ပယ္ျခင္း အပါအဝင္ လိုအပ္ေသာအရာမ်ားကို ျဖည့္တင္းျခင္းမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။