ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနှင့် R2P ထောင်ချောက်
706
ဇာမဏီစံမောင် (NP News) - နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်မြောက်ပိုင်းရောက်ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်ကို စစ်ရေးအားဖြင့်သိမ်း ပိုက်ရန်ကြိုးစားခဲ့ကြသည့်နည်းတူ လူဦးရေလွှမ်းမိုးမှု ဖြင့်လည်း နယ်မြေသိမ်းယူရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း OIC နိုင်ငံများ၏အကူအညီဖြင့် ဘာသာရေးလွှမ်းမိုးနိုင်ရေးကို လုပ်ဆောင်လာကြသည်။
မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်မျက်နှာဖြူ တို့က AD (၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅) ခုနှစ်တို့တွင် နယ်ချဲ့စစ်ပွဲသုံး ကြိမ်ဆင်နွှဲခဲ့ပြီး နှစ်ပေါင်း(၁၂၀)ကျော် ကြာသိမ်းယူ၍ ကိုလိုနီကျွန်ပြု အုပ်ချုပ်ခဲ့သည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံရှိ အခြားဒေသများထက် နှစ်ပေါင်း (၆၀)ခန့် စောပြီးဗြိတိသျှလက်အောက် ရောက်ခဲ့ရ၍ အခြားဒေသများထက် ကျွန်သက် ရှည်ခဲ့သောပြည်နယ်ဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကိုကျူးကျော်သိမ်းပိုက်ရာတွင် ဘာသာရေး၊ စီးပွားရေး၊ စစ်ရေးများဖြင့်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ပထမတွင် ဘာသာရေးဆရာများကိုစေလွှတ် ကာ ဒေသခံများကို ဘာသာရေးဖြင့်သိမ်းသွင်းခဲ့သည်။ ပြီးနောက် စီးပွားရေးမက်လုံးများဖြင့် ဒေသခံပြည်သူတို့ကို ထောင်ချောက် ဆင်ခဲ့ကြ သည်။ ဘာသာရေး၊ စီးပွားရေးမှိုင်းအောက်တွင် ယစ်မူးခဲ့သောဒေသခံများကို နောက်ဆုံးတွင် စစ်ရေးဖြင့်သိမ်း ပိုက်ခဲ့ ခြင်းဖြစ်သည်။ ဘာသာရေးသမားကလည်း ဘာသာတူချင်းကြောင့်၊ စီးပွားရေးသမားကလည်း စီးပွားရေးအခြေ ပျက်မည်စိုး၍ ဟူသည့် အကြောင်းများဖြင့် ကျွန်စိတ် ဝင်ကာ နောက်ဆုံး တိုင်းပြည် ကျွန်ဘဝရောက်ခဲ့ရသည်။ စာရေးသူ၏မိတ်ဆွေတစ်ဦးကပြောသည်။
‘‘ငါတို့နိုင်ငံက ဘာသာခြား တိုင်းတစ်ပါး သားတွေ တဖြည်းဖြည်းလွှမ်းမိုးလာတာကိုခံနေရပြီဆိုတာ သတိမထား မိကြသေးဘူး။ နေမြဲတိုင်းနေ၊ စားမြဲတိုင်းစားနေကြတုန်းပဲကွ။ အခုတစ်လောဖြစ်ပေါ်ခဲ့ တဲ့ ရေဘေးကိုအကြောင်းပြုပြီး နိုင်ငံခြားဘာသာကြီး တစ်ခုက ဗုဒ္ဓဘာသာဝင်တွေရဲ့ဘုရားစင်အိမ်ဦးခန်းထိတက်ပြီး တရားဟောလာတာတွေကို တွေ့ နေရတယ်။ ငါတို့မြင်နေတွေ့နေရတာက အများဆုံးကိုးကွယ်တဲ့ဘာသာရေးလွှမ်းမိုးမှု နဲ့နယ်မြေချဲ့ထွင် မှုတွေပဲ။ ဒါပေမဲ့ ငါတို့အလေးအနက်ထား သတိမထားမိတာလားမသိဘူး။ မွတ်စလင်ဘာသာဝင်တွေရဲ့ ဘာသာရေးချဲ့ထွင်လွှမ်းမိုးလာ မှုတွေကွ။ ငါတို့နိုင်ငံရဲ့အနောက်ဘက်ကပ်ရက်မှာရှိတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်ဘာသာကိုးကွယ်တဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ကပ်ပြီးနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်မှာလည်း မွတ်စလင်တွေက အခုဆိုရင် တော်တော် များများ ရောက်ရှိနေပြီဖြစ်တယ်ကွ။ နယ်စပ်ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်ကိုထားတော့။ ရသေ့တောင်၊ စစ်တွေ၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့နယ်တွေမှာလည်း ဘင်္ဂါလီတွေက ထုနဲ့ထည်နဲ့ဖြစ်လာနေပြီ။ သူတို့က ဘာသာရေး၊ လူမျိုးရေးလွှမ်းမိုးဖို့အတွက် စစ်တိုက်နေစရာမလိုဘူး။ လူဦးရေနဲ့တင် လွှမ်းမိုးဖို့ကြိုးစားနေကြတာ။ OIC နိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝန်းမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ကမ္ဘာတစ်ဝန်းမှာ အစ္စလာမ် ဘာသာ လွှမ်းမိုးနိုင်ရေး ဆောင်ရွက်နေကြတာကိုတွေ့ရမှာ။ သူတို့က သူတို့ဘာသာလွှမ်းမိုးဖို့အတွက်ဆိုရင် စစ်တိုက်ရမှာဝန်မ လေးတဲ့သူတွေ။ ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ ဝန်မလေးတဲ့သူတွေ။
ဥရောပတစ်လွှား အစ္စလာမ်ပျံ့နှံမှုကိုလေ့ လာကြည့်မယ်ဆိုရင် တူရကီ၊ အီဂျစ်နဲ့ ဆီးရီးယားနိုင်ငံ တွေဟာ ရှေးယခင်က ခရစ်ယာန်နိုင်ငံတွေဖြစ်ခဲ့တယ်ကွ။ ဟိန္ဒူနိုင်ငံဖြစ်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံ၊ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ အာဖဂန် နစ္စတန်နိုင်ငံ၊ ဇော်ရိုအာ့စထရင်း နိုင်ငံဖြစ်တဲ့ အီရန်တို့ဟာ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေဖြစ်သွားခဲ့ကြပြီ။ အရှေ့တောင် အာရှမှာလည်း အင်ဒိုနီးရှားနိုင်ငံဟာဆိုရင် ယခင်ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူ ဘာသာဝင်တွေရဲ့နိုင်ငံဖြစ်ခဲ့ပေမယ့် အခုဆိုရင် အစ္စ လာမ်ဘာသာလွှမ်းမိုးခြင်းခံသွားရတဲ့ နိုင်ငံတွေဖြစ် သွားတာကိုတွေ့ရမှာဖြစ်တယ်။ သုတေသီပညာရှင် တွေရဲ့လေ့လာ ချက်အရကတော့ နိုင်ငံတစ်နိုင်ငံမှာ အစ္စလာဘာသာဝင် (၁၆)ရာခိုင်နှုန်း ကျော်သွားပြီဆိုရင် အဲဒီနိုင်ငံဟာ အစ္စလာမ် မိုက်ဇေးရှင်းကိုကျော်လွှား လို့မရနိုင်တော့ဘူးလို့ဆိုပြန်တယ်ကွ။ အခုဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် ဒေသမှာမွတ်လင် (၉၆)ရာခိုင်နှုန်းရှိနေပြီး၊ ရခိုင်ပြည် နယ်တစ်ခုလုံးမှာ ဘင်္ဂါလီမွတ်စလင် (၂၅)ရာခိုင်နှုန်း ရှိနေပြီဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဖြစ်နေတဲ့ရခိုင်ပြည် နယ်မြောက်ပိုင်းပြဿနာက ပေါ့ပါ့တွေးလို့မရဘူးဆိုတဲ့ သဘောပဲကွ။ မင်းက စာရေးနေသူဆိုတော့ ထောက်ပြရေးသားနိုင်အောင် ပြောနေတာ။
ဘင်္ဂါလီအရေးကို အရေးမစိုက်ကြသူများ
ရခိုင်လူမျိုးများကား အမျိုးသားရေးစိတ် ဓာတ်ပြင်းထန်သူများဖြစ်ကြသည်။ သို့ရာတွင် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီကုလားများအရေးကို အလေးထားပြောဆိုမှု၊ စဉ်းစားမှုနည်းပါးကြသည်ကိုတွေ့ရသည်။ စာရေးသူသည် ရခိုင်လူ မျိုးမိတ်ဆွေတချို့နှင့် စကားပြောဖြစ်ခဲ့ရာ (၂၀၁၂) ခုနှစ် နောက်ပိုင်းမှစ တင်၍ဖြစ်ပျက်ခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂါလီများ၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ အလေး အနက်ထားပြောကြားခြင်းများ မရှိကြတော့သည်ကို တွေ့ရသည်။ အဆိုပါပြဿနာများမှာ ယခုလက်ရှိ အချိန်တွင်လည်း ပျောက်ကွယ်သွားခြင်း မရှိ၊ နောက်ဆက်တွဲ ပြဿနာများဖြင့် ယိုးမယ်ဖွဲ့နေဆဲရှိနေကြောင်း စာရေးသူအနေဖြင့် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ဖူးသည်။ သို့ရာတွင် စာရေးသူတွေ့ဆုံခဲ့ရသော ရခိုင်လူမျိုးတို့၏ တူညီသောတုံ့ပြန်ပြောကြားချက်တစ်ခုမှာ ‘‘ဘင်္ဂါလီလောက်ကတော့ မှုစရာမလိုပါဘူးဗျာ။ သူတို့တွေက ရခိုင်တွေကို ဘယ်တုန်းကမှ ပြန်လှန်နိုင်တာရှိခဲ့လို့လဲ။ ရခိုင်သားတွေက ကုလားတွေဆို ငယ်နိုင်တွေပါ}ဟု ဘင်္ဂါလီကုလားများအပေါ် အထင်မြင်သေးစွာဖြင့်ပြောကြားကြသည်များကို ကြား သိခဲ့ရသည်။ ဤနေရာတွင် ရခိုင်ပြည်သူများအနေဖြင့် တမင်ပင်မေ့ဟန်ဆောင်ထားကြသည်လား၊ မေ့ပျောက်နေကြ သည်လားမသိ။ ထိုသည်များကား ကမ္ဘာပေါ်ရှိ မွတ်စလင်နိုင်ငံများ၏အိန္ဒိယပင်လယ် ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ် ကမ်းရိုးတန်း၊ ကပ္ပလီ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နေရာများကို မွတ်စလင်ခါးပတ်အဖြစ်ဖော်ဆောင်ရန်စီ မံချက်မှာ ရေ ရှည်မျှော်လင့်၍လုပ်ဆောင်နေသည့်စီမံချက်တစ်ရပ် ဖြစ်သည်။ မွတ်စလင်နိုင်ငံတစ်နိုင်ငံဖြစ်သော မလေး ရှားနိုင်ငံနှင့်နယ်နိမိတ်ချင်းဆက်စပ်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ်ကျောင်းသားများက ထိုင်းနိုင်ငံ တောင် ပိုင်းဒေသများဖြစ်သော ယာလာ၊ ပက်တာနီ၊ နာရာတီဝက် ပြည်နယ်သုံးခုအပြင် ဆောင်ခလာပြည်နယ်အတွင်းရှိ ဒေသသုံးခုနှင့်ပူးပေါင်းပြီး ပက်တာနီနိုင်ငံ(Pattani State)အမည်ရှိ မွတ်စလင်နိုင်ငံအဖြစ်ထူထောင်ရန် ဆန္ဒခံယူပွဲကျင်း ပမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ဖူးသည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ဘင်္ဂါလီများကား ရခိုင်ပြည်နယ် မြောက် ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များကိုပူးပေါင်းကာ သီးခြားမွတ် စလင်ပြည်နယ် အဖြစ်သတ် မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေသည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။ ဆိုရလျှင် ဘင်္ဂါလီများသည် ၎င်းတို့လိုအင်ပြည့်ဝရန် အချိန်စောင့် ဆိုင်းလုပ်ဆောင်နေခြင်းလည်းဖြစ်သည်။ မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်သည်ဟူသောစကား အတိုင်း ဘင်္ဂါလီများသည် လူအင်အားဖြင့် နယ်မြေ ဒေသများကိုဝါးမျိုရန် ကြိုးပမ်းလုပ်ဆောင်နေကြ ခြင်းဖြစ်သည်။ (၂၀၁၇) ခုနှစ်က မြန်မာနိုင်ငံမှ ဘင်္ဂါ လားဒေ့ရှ်သို့ထွက်သွားသူ ဘင်္ဂါလီဦးရေမှာ (၇)သိန်း သာဖြစ်ခဲ့သော်လည်း ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ဘင်္ဂါလီဒုက္ခသည် လူဦးရေတစ်သန်းကျော်ရှိ ကြောင်းသိရသဖြင့် လူဦးရေတိုးပွားမှုကိုလည်း သတိ ထားရန်လိုအပ်လှပေသည်။
ဘင်္ဂါလီအရေးကိုအလေးမထား၊ အထင်သေးသူများအနေဖြင့်လည်းစဉ်းစားရန်လိုသည်။ (၁၉၄၂)ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း တွင်ဖြစ်ပေါ်ခဲ့ပြီးသည့်အရေးအခင်းများနောက်ပိုင်းအဆိုပါဒေသနေရာများတွင် ရခိုင်များ နေထိုင်နိုင်ခြင်း မရှိကြတော့။ ရခိုင်ကျေးရွာများပျောက်ကွယ်သွားပြီးနေထိုင်သူရခိုင်လူဦးရေမှာလည်း နည်းပါး သွားခဲ့ရ သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဘင်္ဂါလီများ၏စနစ်တကျနယ်မြေပိုင်စိုးရေးလုပ်ဆောင်ခဲ့ခြင်းများ ကိုသတိထားကြရန်လိုသည်။ ဘင်္ဂါလီများသည် ၎င်းတို့၏လိုအပ်ချက်အတွက် စနစ်တကျဆောင်ရွက် လျက်ရှိနေကြ သည်ဆိုခြင်းကို သတိထားကြရန်လို သည်။ အခြားတစ်ဖက်တွင်လည်း ဤဆောင်ရွက်ချက် များ၏နောက်ကွယ်ရှိ OIC နိုင်ငံများအပါအဝင် ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူများ၏ဝှက်ဖဲ “R” သုံး လုံးအန္တရာယ်ကို ထည့်သွင်းစဉ်းစားရန်လို အပ်ပေသည်။
ဘင်္ဂါလီများ၏ R သုံးလုံးအကြံအစည်
‘‘R’’သုံးလုံးအနက် ပထမ ‘‘R’’၏ အန္တရာယ်မှာ ဘင်္ဂါလီများကို မြန်မာနိုင်ငံတွင်မရှိခဲ့သော လူမျိုးတစ်မျိုး အမည်ဖြစ်သော ‘‘Rohinga’’ အမည်ဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ခွင့်ရရှိရေး ဖြစ်သည်။ ထိုအမည်ဖြင့် တိုင်းရင်း သားဖြစ်ရေးတောင်း ဆိုလှုပ်ရှားမှုမှာ (၁၉၆၃)ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့စည်းများကို ဘင်္ဂါလီပညာတတ်များဦးဆောင်ဖွဲ့စည်းပြီး (၁၉၆၃-၆၄) ခုနှစ်များမှစတင်၍ ဘင်္ဂါလီများသည်လူမျိုးလိမ် ‘‘Rohinga’’ အမည်ဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံတိုင်းရင်းသားရိုဟင်ဂျာများဖြစ်ကြောင်း ဝါဒဖြန့်လှုပ် ရှားလာခဲ့ကြသည်။ ‘‘Rohinga’’ ပြည်နယ်ထူထောင် ရေး၊ ‘‘Rohinga’’ အမျိုးသားလွတ်မြောက်ရေးကြွေးကြော်သံများဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ထိုးဖောက်လှုပ်ရှားလာခဲ့ကြသည်။ ဤလှုပ်ရှားမှုများသည် ဘင်္ဂါလီများ၏အခွင့်အရေးတောင်းဆိုမှု များနှင့် အတူငုပ်တစ်ချည်၊ ပေါ်တစ်လှည့်ဖြစ်နေခဲ့သော်လည်း နိုင်ငံတကာမျက်နှာစာတွင် ‘‘Rohinga’’ အမည်ဖြင့် လူမျိုးတစ်မျိုးအဖြစ် ပုံဖော်ခြင်းနှင့် ရခိုင်တိုင်းရင်းသား များအဖြစ်ပုံဖော်ဆောင်ရွက်မှုများကို ဆယ်စုနှစ်များစွာ လုပ်ကြံဝါဒဖြန့်လုပ်ဆောင်ခဲ့ကြသည်။ ရခိုင်သမိုင်းပညာရှင်များလည်း အတတ်နိုင်ဆုံးဖြေရှင်း ဆောင်ရွက်ခဲ့ကြရသည်။ နိုင်ငံရေးနည်း၊ နိုင်ငံတကာ ဆက်သွယ်ရေးနည်းများဖြင့် ရခိုင်ပြည်ရောက် ဘင်္ဂါလီများကို ‘‘Rohinga’’ ပုံဖော် ဆောင်ရွက်နေသည့် နည်းတူ အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာမှ ပို မိုအာရုံစူးစိုက်မှုရရှိလာစေရန်အတွက် ရခိုင်ပြည်နယ် တွင် အဓိကရုဏ်းများကိုဖန်တီးပြီး မြန်မာနိုင်ငံမှလူမျိုးတုံးသတ်ဖြတ်ကြောင်းပုံဖော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဘင်္ဂါလီများကိုထွက်ပြေးစေခြင်းဖြင့် ဒုတိယ ‘‘R’’ ဖြစ်သည့် ‘‘Refugee’’ ဒုက္ခသည်များအဖြစ်ဖန်တီးပြီး မြန်မာနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းသို့ရောက်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဘင်္ဂါလီ ဒုက္ခသည် ‘‘Refugee’’များ ဖြစ်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံမှ နှိပ်စက်ညှဉ်းပန်း ခြင်း၊ လူမျိုးတုံးသတ်ဖြတ် ခြင်းများကြောင့်ဖြစ်ကြောင်း ပုံဖော်ကာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာကျဆင်း စေရန်ဆောင်ရွက်ခဲ့ကြသည်။
တစ်ဆက်တည်းမှာပင် ဘင်္ဂါလီများကို ဒုက္ခသည် ‘‘Refugee’’အမည်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ခိုလှုံနေ ထိုင်စေပြီး အကြောင်းပြချက်အမျိုး မျိုးပေးကာ မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်နိုင်ရေး ဖိအားပေးဆောင်ရွက် လုပ်ကိုင်နေကြသည်ကို အထင်အရှားပင်တွေ့မြင်နေရသည်။ လူ့အခွင့်အရေး စသည့်အကြောင်းပြချက်တွေ မည်သို့ပေးပေး ၎င်းတို့၏ပထမဆုံးတောင်းဆိုချက်မှာ မြန်မာနိုင်ငံတိုင်း ရင်းသားဖြစ်ရေးနှင့် လူမျိုးအမည်တွင် ‘‘Rohinga” ဖော်ပြရေးပင်ဖြစ်သည်။ ဤအမည်ကို မြန်မာနိုင်ငံ ဘက်မှလက်မခံနိုင်ကြောင်း ကမ္ဘာသိထုတ်ပြန်ကြေ ညာအသိပေးထားပြီးလည်းဖြစ်သည်။ ထိုသို့ပြော ကြားထားပြီးဖြစ်လျက်နှင့် မဖြစ်နိုင်သည်များကို တောင်းဆိုနေခြင်းမှာ ၎င်းတို့၌ရည်ရွယ်ချက်ကြီးကြီးမားမားရှိနေခြင်းပင်ဖြစ်သည်။ ထိုရည်ရွယ်ချက်ကား မြန်မာနိုင်ငံအနောက်ဘက်နယ်စပ် မောင်တော၊ ဘူး သီးတောင်၊ ရသေ့တောင်နယ်များကို ဘင်္ဂါလီများ၏ နယ်မြေအဖြစ်သတ်မှတ်ခံရရေးပင်ဖြစ်သည်။ ဘင်္ဂ လားဒေ့ရှ်ရောက်ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ပြန်လာ ခြင်းမပြုနိုင်သည်မှာ မြန်မာနိုင်ငံအစိုးရကဆောင် ရွက်ပေးခြင်း မပြုဟုအကြောင်းပြချက်ပေးကာ နိုင်ငံတကာတပ်များဝင်ရောက်သိမ်းပိုက်နိုင်ရေး တတိယ “R” တစ်လုံးဖြစ်သည့် ‘‘ R 2 P’’ ဝင်ရောက်လာနိုင် ရေးပင်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ AA ခေါင်းဆောင်ကလည်း ဩဂုတ်လအတွင်းက ဧရာဝတီသတင်းဌာနနှင့်အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားသည်ကိုတွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ OIC နိုင်ငံများ၏ အနိမ့်ဆုံးရည်မှန်းချက်မှာ ‘‘ R 2 P’’ ဝင်လာပြီး မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်များကို Safe Zone တစ်ခုထူထောင်ရေး ဖြစ်သည်။ Safe Zone ထူထောင်ပြီး ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီဆိုသူအားလုံးကို အစစ်အဆေးမရှိ၊ အားလုံးဝင်ရောက်နေရာချ ထားရန် အစီအစဉ်များဖြစ်သည်။ အဆိုပါနယ်သုံးနယ်ကို ဘင်္ဂါလီများလက်သို့သာအပ်ပေးလိုက်ရပါက မြန်မာနိုင်ငံ၏အနာ ဂတ် အရေးမှာ မတွေးတောရဲတော့သည်သာမက မြန်မာနိုင်ငံ၏နယ်မြေအစိတ်အပိုင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ပေး အပ်လိုက်ရမည်မှာ သေချာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏လူဦးရေတိုး ပွားလာမှုနှင့် မကြာ်မီကာလအတွင်း ရေလွှမ်းနစ်မြုပ် တော့မည့် နိုင်ငံအစိတ်အပိုင်းအတွက် မြေအစားလို အပ်နေရာ မြန်မာနိုင်ငံ၏မြေနေရာအချို့ကိုရယူနိုင် ရေးမျက်စပစ်နေသည်မှာ ကြာခဲ့ချေပြီ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအပြောင်းအလဲတွင်ပင် အမေရိကန်နိုင်ငံသည် နောက်ကွယ်မှပါဝင်နေပြီး မြန်မာနိုင်ငံကမ်းခြေနှင့် (၅) မိုင်ခန့်သာရှိသည့် ရေလက်ကြားငယ်တစ်ခုဖြင့် ပိုင်းခြားထား သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းတွင်အခြေချရန်ကြိုးစားနေပြီဖြစ်သည်။
အထင်မသေးသင့်သည့် အကြံအစည်
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေး ကိစ္စကို ပေါ့သေးသေးဟု ထား၍မရနိုင်ပေ။ ရခိုင် ပြည်သူများအနေဖြင့် ဘင်္ဂါလီများကို (၁၉)ရာစုမတိုင် မီအချိန်က လူရာမဝင်သောဘင်္ဂါလီများဟု အမြင်ဖြင့် အထင်သေးနေခြင်းမှာ ကိုယ့်သေ တွင်းကိုယ်တူးနေ ခြင်းပင်ဖြစ်ကြောင်း သတိချပ်ကြရန်လိုသည်။ ယနေ့ ဘင်္ဂါလီများကား နိုင်ငံတကာတွင်ထိုး ဖောက် နေရာယူ ထားနိုင်ကြပြီးဖြစ်သလို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် တက်ရောက်နေရာယူနိုင်နေကြပြီဖြစ်သည်။ ငွေ ကြေးအင်အားတောင့်တင်းသောနိုင်ငံကြီးများလည်း နောက်ခံတွင်ရှိနေကြသည်။ အမေရိကန်နိုင်ငံလို နိုင်ငံကြီးများ ကလည်း နောက်ကွယ်မှ ထောက်ပံ့ကူညီ လျက်ရှိနေသည်။
ဤအကြောင်းများကြောင့်ပင် ဘင်္ဂါလီများအရေးကို အလေးအနက်ထားစဉ်းစားပြီး ဘင်္ဂါလီများ၏ ‘‘R” သုံးလုံးဖြစ်သော ‘‘Rohinga”လူမျိုးအမည် သတ်မှတ်ရေးအတွက် ဒုက္ခသည် ‘‘Refugee” အကြောင်းပြပြီး ‘‘ R 2 P ’’ ဖြင့် ပြည်တွင်းကို ကျူးကျော်လာမည့်အန္တရာယ်ကို ပြည်သူတစ်ရပ်လုံး အလေးအနက်ထားကာကွယ်ရန်လိုသည်။ ယနေ့ဖြစ် ပေါ်နေသည့် မြန်မာနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကိုအခွင့်ကောင်းယူ၍ ARSA အပါအဝင် ဘင်္ဂါလီအကြမ်း ဖက်သောင်း ကျန်းသူများသည် နယ်စပ်ဒေသတွင် ဝင်ရောက်လှုပ်ရှားလာနေသည်ကိုတွေ့ရပြီး အသစ်တက်လာသည့် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ၎င်းတို့ နိုင်ငံရောက်ဘင်္ဂါလီများအရေးကို အလေးပေးပြော ကြားလာနေသည်များကိုတွေ့နေရသည်။ ဤပြောဆို ဆောင်ရွက်များက မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်သာမက မြန်မာ နိုင်ငံ၏အချုပ်အခြာအာဏာကိုစော်ကားခြင်းလည်းဖြစ်သည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအခြေအနေများကို အလေးထားစဉ်းစားကြပြီး ဘင်္ဂါလီများ၏ထောင် ချောက်အတွင်းမဆင်းသက်မိစေရန်သတိထားကြရန်လိုကြောင်း ရေးသားလိုက်ရပေသည်။
zawgyi version