မြန်မာနှင့်ထိစပ်နေသည့် အရှေ့မြောက်ဖျားပြည်နယ်များတွင် လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာအပ်နှင်းခြင်း အက်ဥပဒေကို နယူးဒေလီ ကျင့်သုံး
841
Htay Oung (NP News) - နိုဝင်ဘာ ၁၅
နယူးဒေလီ ပြည်ထဲရေးဝန်ကြီးဌာနဟာ လုံခြုံရေးအရ မဏိပူရပြည်နယ်ရှိ နောက်ထပ်နယ်မြေ ၆ ခုကို “မငြိမ်မ သက်ဖြစ်ပွားနေသောဒေသများ” အဖြစ် ကြေညာလိုက်ပြီး ၁၉၅၈ ခုနှစ် တပ်မတော် (အထူးအာဏာများ) အက် ဥပဒေ (AFSPA) အောက်မှာ ထည့်သွင်းလိုက်တယ်လို့ “အိန္ဒိယတူဒေး” က နိုဝင်ဘာလ ၁၄ ရက်မှာ ရေးသားခဲ့ပါ တယ်။
AFSPA အက်ဥပဒေဟာ အရှေ့မြောက်ဖျား မက်ဂါလယာ၊ တြိပူရ၊ အာသံပြည်နယ်အပြင် မြန်မာနဲ့ထိစပ်နေတဲ့ အာရူနာချယ်ပရာဒက်ရှ်၊ နာဂပြည်နယ်၊ မဏိပူရ၊ မီဇိုရမ်တို့လို ပြည်နယ်များမှာလည်း အကျုံးဝင်ပါလိမ့်မယ်။ ယခုလို ဆောင်ရွက်ခြင်းအားဖြင့် ခွဲခြားသတ်မှတ်ထားတဲ့ ဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များအတွက် အထူး အခွင့်အာဏာများ ရရှိပါလိမ့်မယ်။
လက်နက်ကိုင်တပ်များ အထူးအာဏာအက်ဥပဒေပြဌာန်းပြီးဖြစ်တဲ့ မဏိပူရပြည်နယ်အတွင်း နောက်ထပ်နယ် မြေများကို “မငြိမ်မသက်ဖြစ်ပွားရာဒေသများ” အဖြစ် ကြေညာရန် ဆုံးဖြတ်ချက်ဟာ နယူးဒေလီပြည်ထဲရေး ဝန်ကြီးဌာနက နောက်ထပ် အရံရဲတပ်ဖွဲ့ ၂၀ သို့မဟုတ် လုံခြုံမှုထိန်းသိမ်းရေး ရဲဝန်ထမ်း ၂,၅၀၀ ခန့်ကို ပြည်နယ်သို့ စေလွှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့များနဲ့ စစ်သွေးကြွတို့အကြား မြို့ပြ တိုက်ခိုက်မှု အသစ်များနဲ့ နောက်တဖန် ထိပ်တိုက်တွေ့မှုများအပြီး နောက်ဆက်တွဲဖြစ်ပါတယ်။ ယခုဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၁၈ လအတွင်း လူပေါင်း ၂၃၀ ကျော် သေဆုံးခဲ့ရတဲ့ မဏိပူရပြည်နယ် လူ့အဖွဲ့အစည်းအချင်းချင်းအကြား အကြမ်းဖက်မှု များ အရှိန်တိုးမြင့်လာကြောင်းကိုလည်း မီးမောင်းထိုးပြနေပါတယ်။
AFSPA အက်ဥပဒေဆိုတာ အိန္ဒိယနိုင်ငံ ခွဲထွက်ရေးလှုပ်ရှားမှုကို နှိမ်နှင်းရန် ဗြိတိသျှကိုလိုနီခေတ်က ပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေများမှ စတင်မြစ်ဖျားခံပါတယ်။ ၁၉၄၇ ခုနှစ် ပြဌာန်းချက်ကို ၁၉၄၈ ခုနှစ်မှာ ဥပဒေ ၄ ခုပါ အက်ဥပဒေတစ်ခု အဖြစ် အစားထိုးခဲ့ပါတယ်။ လက်ရှိဥပဒေဟာ ၁၉၅၈ ခုနှစ် လက်နက်ကိုင်တပ်ဖွဲ့များ (အာသံနဲ့ မဏိ ပူရ) အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး “အထူးအာဏာများဆိုင်ရာ အက်ဥပဒေ” လို့ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဂျီဘီပန့်က ကနဦး အမည်ပေးခဲ့ပါတယ်။ ဗြိတိသျှတို့ရဲ့ကိုလိုနီလက်အောက်မကျရောက်မီ အတိတ်ကာလ မြန်မာပိုင်ဖြစ်ခဲ့တဲ့ အဲဒီ ဒေသကြီးကို အာရူနာချယ်ပရာဒက်ရှ်၊ မက်ဂါလယာ၊ မီဇိုရမ်နဲ့ နာဂပြည်နယ်များအဖြစ် ပြည်နယ်အသစ်များ ပိုင်းခြားသတ်မှတ်လိုက်တဲ့အခါ “အထူးအာဏာများဆိုင်ရာ အက်ဥပဒေ” ကလည်း အဆိုပါဒေသများကို လွှမ်းခြုံဖို့ တိုးချဲ့ခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ မငြိမ်မသက်ဖြစ်ပွားနေတဲ့ ဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ ငြိမ်ဝပ်ပိပြားရေး ထိန်းသိမ်းရန် အခွင့်အာဏာရရှိမှာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သံသယရှိသူများကို ဖမ်းဆီးနိုင်စေရန်၊ ရှာဖွေမှုများလုပ်ဆောင်ရန်နဲ့ ဖမ်းဝရမ်းမပါဘဲ အသက်ဘေးထိခိုက်သည်အထိ ဆောင်ရွက်ခွင့်ရှိပြီး တရားစွဲဆိုခြင်းမှလည်း ကင်းလွတ်ခွင့်ရှိပါတယ်။ “၁၉၅၈ ခုနှစ် နာဂအုံကြွမှု အရေးအခင်း” ကို ကိုင်တွယ်ဖြေရှင်းရန် စောစောပိုင်း ရည်ရွယ်ခဲ့ပြီး အရှေ့မြောက်ဒေသ ပြည်နယ် အသီးသီးမှာ ဖြန့်ကျက်ခဲ့ခြင်းဖြစ်ပါတယ်။ ဗဟိုနဲ့ ပြည်နယ်အစိုးရ နှစ်ခုစလုံးတို့အနေနဲ့ ဒေသတွင်း နယ်မြေများကို “မငြိမ်မသက်ဖြစ်ပွားရာ ဧရိယာ” အဖြစ် ကြေညာနိုင်စေဖို့ အက်ဥပဒေကို ၁၉၇၂ ခုနှစ်မှာ ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တြိပူရ၊ ၂၀၁၈ ခုနှစ် မက်ဂါလယာတို့မှာ AFSPA ကို ရုတ်သိမ်းခဲ့ပေမယ့် ကျန်ပြည်နယ်များမှာတော့ ဆက်လက်တည်ရှိနေပါတယ်။
ဝေးလံခေါင်ဖျား “ညီအစ်မ ၇-ဖော်” အဖြစ် ကမ္ဘာက သိရှိကြတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကုန်းတွင်းပိတ် ပြည်နယ် ၇-ခုတို့ရဲ့ မငြိမ်သက်မှုများဟာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက စတင်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်ဗြိတိ သျှအစိုးရက မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်လိုက်စဉ် ဘယ်ဖက်မှမပါပဲ ဗြိတိသျှတို့ရဲ့တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာပဲ ထားရှိရန် နာဂတို့ရဲ့တောင်းဆိုမှု ပေါ်ပေါက်လာပါတယ်။ အိန္ဒိယတိုက်ငယ် လွတ်လပ်ရေး ရရှိခြင်းနဲ့ အတူ ဟောင်းနွမ်းနေတဲ့ နယူးဒေလီနဲ့ ပေါင်းစည်းထားခြင်းမှ ခွဲထွက်ရေး လှုပ်ရှားမှုများအသွင်ဖြစ်လာပါတယ်။
စုစုပေါင်း ဧရိယာအားဖြင့် မြန်မာနိုင်ငံရဲ့ ၃၈ ရာခိုင်နှုန်း ခန့်ကျယ်ဝန်းတဲ့ အဲဒီနယ်မြေဟာ အိန္ဒိယတစ်နိုင်ငံလုံး အနေနဲ့ ကတော့ ၇ ရာခိုင်နှုန်း ခန့်သာ ရှိပါတယ်။ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာ ကမ်းခြေမှ နယူးဒေလီ ဗဟိုအစိုးရဟာ ညီအစ်မ ခုနှစ်ဖော် ပြည်နယ်များနဲ့ ဝေးကွာလွန်းနေပြီး ဘူတန်-ဘင်္ဂလားဒေ့ရှ်ကြား ၁၄ မိုင်ခန့်သာ ကျယ်ဝန်းတဲ့ “စီလီ ဂူရီ စင်္ကြံ” မှတဆင့်သာ ကုန်းလမ်း အဆက်အသွယ်ပြုလုပ်နိုင်ပါတယ်။ အိန္ဒိယ ညီအစ်မ ခုနှစ်ဖော်ပြည်နယ်များရှိ လူမျိုးစုတို့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာလည်း ရှိနေပြီး သူတို့တွေအကြား ဥစ္စာဓနပိုင်ဆိုင်မှု မညီမျှခြင်း၊ တစ်စိမ်းတရံစာ မုန်းတီးမှု၊ တယူသန် ဘာသာရေးနဲ့ တဇောက်ကန်း အမျိုးသားဝါဒ ခေါင်းထောင်လာခြင်းကို ဖြေသိမ့်တားဆီးရန် သက်ဆိုင်နိုင်ငံများအသီးသီးတို့က ပျက်ကွက်ခဲ့ကြပါတယ်။
ကျယ်ဝန်းတယ်လို့ ပြောလို့မရတဲ့ အရှေ့မြောက်ဖျားဒေသမှာ နေထိုင်သူ လူဦးရေစုစုပေါင်း သန်း ၄၀ ခန့်သာ ရှိပေမယ့် အိန္ဒိယနိုင်ငံမှာ လူမျိုးစု ကွဲပြားမှု အများဆုံး ဖြစ်ပါတယ်။ လူမျိုးအုပ်စုကြီး ၆၃၅-ခုရှိတဲ့အနက် ၂၁၃ ခုကို အဲဒီဒေသမှာတွေ့ရှိရပြီး လူမျိုးစုတစ်ခုချင်းစီရဲ့ ကွဲပြားတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဟာ အိန္ဒိယ (သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်ဖို့ သဘောမတူနိုင်စရာ အခြေခံအချက်ဖြစ်နေပါတယ်။ ဇာတိဌာနေ တိုင်းရင်းသားများ၊ အိန္ဒိယနိုင်ငံတွင်း အခြားဒေသမှ ရွှေ့ပြောင်းလာသူများ၊ တရားမဝင် ရောက်ရှိ လာသူများကြားမှာလည်း တင်းမာမှုများ ရှိနေပါတယ်။
ပိုင်းခြားလိုက်တဲ့ ပြည်နယ်များမှာလည်း တစ်ခုနဲ့တစ်ခု ပိုင်နက်နယ်မြေအငြင်းပွားနေကြပြီး အစိုးရရဲတပ်ဖွဲ့ ဝင်များကိုယ်တိုင် တစ်ဖက်နဲ့တစ်ဖက် ပြန်လှန်ဆန့်ကျသ်ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိပါတယ်။ ဗဟိုအစိုးရနဲ့ အလှမ်းဝေးလွန်းတဲ့အပြင် အိန္ဒိယပါလီမန်မှာ ဒေသအတွက် ကိုယ်စားပြုသူ နည်းပါးခြင်းဟာ အရှေ့မြောက်ဖျား ဒေသ ရဲ့ နိုင်ငံရေး မူဘောင်အရ ပိုမို လစ်လျူ့ရှုခံရစရာ ဖြစ်နေပါတယ်။ အဂတိလိုက်စားမှု၊ ပြည်သူ့ဘဏ္ဍာငွေ ပြုန်းတီးမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှု လျော့ရည်းနေပြီး တရားဥပဒေစိုးမိုးမှုကလည်း အား နည်းလှပါတယ်။ အခြေခံ အဆောက်အအုံနည်းပါးခြင်း၊ ဈေးကွက်ဝင်ရောက်ရာမှာ ကန့်သတ်ချက်များ ရှိနေ ခြင်း၊ မျိုးနွယ်စုတစ်ခုနဲ့ တစ်ခုအကြား လူမှုရေး မညီမျှမှုတို့ဟာ လူမျိုးရေးအဓိကရုန်း များကို ဖိတ်ခေါ်သလို ရှိနေပါတယ်။ အိန္ဒိယအရှေ့မြောက်ဖျား သောင်းကျန်းမှု မှာ ခွဲထွက်ရေးသမားများ၊ ဂျီဟတ်ဝါဒီ စစ်သွေးကြွ တို့ အများစုအပြင် မော်စီတုန်းဝါဒီအပါအဝင် လက်ဝဲဝါဒီ လက်နက်ကိုင်သူပုန်များလည်း ရှိနေပါတယ်။
ငလျင်ပြတ်ရွေ့ကြော ၃-ခုပေါ်မှာ တည်ရှိနေတဲ့ အဲ့ဒီဒေသဟာ ပြင်းထန်တဲ့ ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိ ပြီး မြေပြိုမှုများဖြစ်ပွားတတ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုခြင်း၊ ခွဲထွက်ရေးလှုပ်ရှားခြင်းနဲ့ ပြင်ပ တစ်စိမ်းတစ်ရံစာများကို ဆန့်ကျင်ခြင်းတို့ဟာ ပထဝီအနေနအထားအရ အထီးကျန်ဒေသရဲ့ လက်နက်ကိုင် ခြင်းဟာ နိုင်ငံရေးသဘောတရား မပါဝင်ပဲ ငွေကြေးအလွယ်တကူရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် သောင်းကျန်း သူမျိုးဆက်အလိုက်တို့က ဆက်လက်လုပ်ကိုင်နေပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဘိန်းစိုက်ပျိုးခြင်းနဲ့ မူးယစ် ဆေးကုန်ကူးခြင်း လက်နက်မှောင်ခိုရောင်းဝယ်ခြင်းများ ပူးတွဲပါဝင်လာပြီး လူမျိုးစုလက်နက်ကိုင် တစ်ဖွဲ့နဲ့ တစ် ဖွဲ့အကြား စားကျက်နယ်မြေလုစရာဖြစ်လာပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းသူပုန်တွေဟာ တရုတ်နိုင်ငံနဲ့ ဆက်နွယ်မှုအချို့ရှိကြောင်း သတင်းများထွက်ပေါ် လျှက်ရှိပါတယ်။ အထူးသဖြင့် အာသံ၊ မီဇိုရမ်၊ နာဂပြည်နယ်၊ မဏိပူရ အစရှိတဲ့ ဒေသများရှိ သူပုန်အဖွဲ့တွေဟာ တရုတ်နိုင်ငံမှ တိုက်ရိုက်ဖြစ်စေ၊ အရင်းအမြစ်များမှတဆင့်ဖြစ်စေ ပံ့ပိုးမှုအချို့ရနေတယ်လို့ ဆိုပါတယ်။
တရုတ်ဟာ အိန္ဒိယနဲ့ သမိုင်းဝင် ပြသနာများ ရှိနေတဲ့အတွက် နယူးဒေလီကို ဖိအားပေးရန် ရည်ရွယ်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းသူပုန်အဖွဲ့များကို အကြောင်းရင်းခံအားဖြင့် တရုတ်အစိုးရက ထောက်ပံ့ပေးဖွယ် အလား အလာရှိကြောင်း သတင်းများက ဖော်ပြကြပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်း ပုန်ကန်ခြားနားမှု ကွင်းဆက် ဖြစ်စဉ်များမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ပထမဆုံး လေ့လာသင့်တယ်လို့ “ဒစ်ပလိုမက်” သတင်းအေဂျင်စီ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်က ဆိုပါတယ်။
မကြာသေးမီက အိန္ဒိယနဲ့ တရုတ်ကြား တင်းမာမှုများ တိုးလာခြင်းဟာ တရုတ် ယူနန်ပြည်နယ် အခြေစိုက် ခွဲ ထွက်ရေးအဖွဲ့ “ယူနိုက်တက် အာသံလွတ်မြောက်ရေးတပ်ဦး ” ULFA-I ရဲ့ ခေါင်းဆောင် ပါရှက်ရှ်ဘာအားကို ပေကျင်းက ထောက်ပံ့ပေးလျှက်ရှိကြောင်း သတင်းများမှ စတင်ရပါလိမ့်မယ်။ တရုတ်နယ်စပ်မှာအခြေစိုက်ပြီး အာသံပြည်နယ်ခွဲထွက်ရေးလှုပ်ရှားနေသူဟာ မြန်မာနိုင်ငံစစ်ကိုင်းတိုင်းအတွင်းမှာလည်း ကူးချည်သန်းချီ ရှိပါ တယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းရှိ သူပုန်များအပေါ် ပေကျင်းရဲံ ထောက်ခံမှုဟာ နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲမှု များကို နှစ်ပေါင်းများစွာကြာအောင် ဖန်တီးခဲ့ပေမယ့် မကြာသေးမီက အဲ့ဒီထောက်ပံ့မှုတွေဟာ ပိုမိုကန့်သတ်ခံ လာရပါတယ်။ သို့သော်လည်း မဏိပူရပြည်နယ်မှာ စစ်သွေးကြွအုပ်စုပေါင်းစုံတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယ နယ်ခြားစောင့်အာသံရိုင်ဖယ်တပ်သား ၄-ဦးသေဆုံးရတဲ့တဲ့အခါ နယူးဒေလီက တရုတ်အပေါ် မကျေ မနပ် ပြောဆိုစရာ ဖြစ်လာပါတယ်။
တိုက်ခိုက်မှုရဲ့ အချိန်ကာလအပြင် တရုတ်လုပ်လက်နက်များအသုံးပြုမှု၊ ပေကျင်းကို ရည်ရွယ်ပြီး (ကိုယ်စားပြု လက်နက်ကိုင်များနဲ့) “နယ်မြေချဲ့ထွင်ရေးခေတ်” ကုန်ဆုံးပြီဖြစ်ကြောင်း ဝန်ကြီးချုပ်နာရင်ဒြာမိုဒီရဲ့ မိန့်ခွန်း တွေဟာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး နယူးဒေလီရဲ့အမြင်ကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ခွဲထွက်ရေး ဒေသတွင်း နိုင်ငံရေးဟာ ပိုမိုကြီးမားတဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနဲ့ ဒွေးရောယှက်တင် ရှုပ်ထွေးနေပါတယ်။ တရုတ်နိုင်ငံမှာ အိန္ဒိယသောင်းကျန်းသူ ခေါင်းဆောင်အချို့ ခိုအောင်း လျှက်ရှိနေပေမယ့် သူတို့အနေနဲ့ အကြီးစား တိုက်ခိုက်မှုများကို ဆောင်ရွက်နိုင်တယ်လို့တော့ မရှိခဲ့ပါဘူး။ သို့သော် နယူးဒေလီ-ပေကျင်း ဆက်ဆံရေး ဆိုးရွားလာသည်နဲ့အမျှ တရုတ်နိုင်ငံဟာ သူ့အနေနဲ့ အိန္ဒိယ သူပုန်တွေကို ထောက်ခံမှု အခိုင်အမာရှိစေဖို့ ခံစားရနိုင်လောက်ပါတယ်။ အိန္ဒိယခွဲထွက်ရေးခေါင်းဆောင်တွေဟာ ယူနန်ပြည်နယ်အ တွင်းမှာ အခြေစိုက်ပြီး လူမှုကွန်ရက်မှာ လှုံဆော်သတင်းများ လွှင့်တင်ခြင်း၊ အီးမေးလ်လိပ်စာအတုအနဲ့ အင်တာနက် ဆက်သွယ်ခြင်းများ ပြုလုပ်နေပါတယ်။
သောင်းကျန်းသူအချို့ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ လက်နက်အရောင်းအဝယ် ပြုလုပ်ရန် စီစဉ်နေကြောင်း ယခင် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီက တွေ့ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအချို့ဟာ သူ့နယ်မြေအတွင်း သူပုန်အခြေစိုက်စခန်း များကို မသိဟန်ဆောင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ လောလောဆယ် အိန္ဒိယလိုလားတဲ့ အစိုးရများကတော့ သူပုန်တို့ကို နှိမ်နင်းခဲ့ပါတယ်။ အိန္ဒိယခွဲထွက်ရေးသူပုန် ခေါင်းဆောင်တွေဟာ တရုတ်ထောက်လှမ်းရေးရဲ့ အကူအညီကို ရယူပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မွန်ဘုန်း တော်ကြီးကျောင်းတစ်ကျောင်းမှာ မြန်မာနိုင်ငံ မွန်အမျိုးသားတပ်ဦးခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ကာ မဲ ဆောက်မှာလည်း KNU ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA အဆိုအရ ကန်ဒေါ်လာ ၁.၂ သန်းတန် ရိုင်ဖယ်များ၊ စက် သေနတ်များ၊ လက်ပစ်ဗုံးများနဲ့ ပစ္စတိုများအပါအဝင် လက်နက်ငယ်မျိုးစုံဟာ တရုတ်နိုင်ငံ တုံကင်ပင်လယ် ကွေ့ ဘိုဟိုင်းဆိပ်ကမ်းမှ သင်္ဘောဖြင့်တင်ဆောင်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်း လှေများနဲ့ ကဲ့ယူကာ အိန္ဒိယ ခွဲထွက်ရေးသူပုန်များထံ ဆက်လက်ပို့ဆောင်ကြောင်း သိရှိရပါတယ်။ တရုတ်ဟာ အိန္ဒိယ ခွဲထွက်ရေးအုပ်စုများအပေါ် သြဇာလွှမ်းမိုးထားပေမယ့် ကြီးမားတဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ထောက်ခံခြင်းမှ ရှောင်ကြဉ်ပြီး အခိုင်အလုံ ငြင်းပယ်နိုင်ဖို့ ဆက်လက်ထိန်းသိမ်း ထားပါတယ်။ သို့သော်လည်း အထူးသဖြင့် ဒေသတွင်းအပြင် နယ်ပယ်တစ်ခုခုနဲ့ပတ်သက်တဲ့ပဋိပက္ခများမှာ သောင်းကျန်းသူအဖွဲ့များက ပိုမိုပူးပေါင်းလာနေခြင်းကြောင့် တရုတ်ရဲ့ချဉ်းကပ်မှုမှာ ပြောင်းလဲလာနိုင်ကြောင်း လတ်တလောဖြစ်ရပ်များက အရိပ်အမြွက် ပြသနေပါတယ်။ တကယ်တော့ အာသံခွဲထွက်ရေး ခေါင်းဆောင်တစ်ဦး ယူနန်ုပြည်နယ်မှာ ခိုလှုံနေခြင်းဟာ တရုတ်တု့ိအတွက် ဖုံးကွယ်ရန် ခဲယဉ်းပါတယ်။ အိန္ဒိယမြောက်ပိုင်း ကက်ရှမီးယားအရှေ့ဖျား လက်ဒက်ဒေသ နှစ်နိုင်ငံစစ်သားတို့ အချင်းများရာက လူသေဆုံး ဒဏ်ရာရမှုဖြစ်ပေါ် လာပြီး နောက်ပိုင်း အိန္ဒိယခွဲထွက်ရေးသမားများနဲ့ တရုတ်ရဲ့ ဇာတ်ကြောင်းဟာ လူသိရှင်ကြားဖြစ်လာပါတယ်။
အတိုချုပ်ပြောရလျှင် အဲ့ဒီအုပ်စုတွေကို ထောက်ခံရခြင်းတဲ့ပတ်သက်ပြီး တရုတ်ရဲ့ရည်ရွယ်ချက်ကို အတိအကျ တိုင်းတာရန် ခက်ခဲပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အကျပ်အတည်းကာလ နယူးဒေလီကို ဖိအားရန်အတွက် တော့ သေချာသလောက်ရှိပါတယ်။ ဆက်ဆံရေးမှာ ပြင်းထန်စွာ ဆုတ်ယုတ်နေခိုက် တရုတ်အနေနဲ့ အရှေ့ မြောက်ဖျားနဲ့ အခြားနေရာများမှာ နယူဗဒလီကို ဖိအားပေးနိုင်ပါတယ်။ ဒါပေမယ့် (မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစု ပြည်နယ် များ အပါအဝင်) အိန္ဒိယအရှေ့မြောက်ဖျားပြည်နယ်များဟာ အချင်းချင်းညီညွတ်ခြင်းမရှိကြပါဘူး။ အိန္ဒိယရဲ့ လုံခြုံရေးမဟာဗျူဟာကို ရှုတ်ထွေးအလုပ်များစေတာအမှန်ဖြစ်ပေမယ့် နယူးဒေလီရဲ့ပျက်စီးမှုကို မဟာဗျူဟာ မြောက် ဖန်တီးတဲ့အထိတော့ မဖြစ်နိုင်ပါဘူးလို့ ဒစ်ပလိုမက်သတင်းအေဂျင်စီက ဝေဖန်သုံးသပ်ထားပါတယ်။
#အိန္ဒိယအရှေ့မြောက်ပိုင်းသူပုန် #တရုတ်နိုင်ငံ #အာသံ #မီဇိုရမ် #နာဂပြည်နယ် #မဏိပူရ #KNU
#မက်ဂါလယာ #တြိပူရ #နယ်ခြားစောင့်အာသံရိုင်ဖယ်တပ် #မွန်အမျိုးသားတပ်ဦး #တရုတ်ထောက်လှမ်းရေး
#နာဂအုံကြွမှု_အရေးအခင်း #စီလီဂူရီစင်္ကြံ #အာရူနာချယ်ပရာဒက်ရှ်
Zawgyi Version;
ျမန္မာႏွင့္ထိစပ္ေနသည့္ အေရွ႕ေျမာက္ဖ်ားျပည္နယ္မ်ားတြင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား အထူးအာဏာအပ္ႏွင္း ျခင္း အက္ဥပေဒကို နယူးေဒလီ က်င့္သုံး
Htay Oung (NP News) - ႏိုဝင္ဘာ ၁၅
နယူးေဒလီ ျပည္ထဲေရးဝန္ႀကီးဌာနဟာ လုံၿခဳံေရးအရ မဏိပူရျပည္နယ္ရွိ ေနာက္ထပ္နယ္ေျမ ၆ ခုကို “မၿငိမ္မ သက္ျဖစ္ပြားေနေသာေဒသမ်ား” အျဖစ္ ေၾကညာလိုက္ၿပီး ၁၉၅၈ ခုႏွစ္ တပ္မေတာ္ (အထူးအာဏာမ်ား) အက္ ဥပေဒ (AFSPA) ေအာက္မွာ ထည့္သြင္းလိုက္တယ္လို႔ “အိႏၵိယတူေဒး” က ႏိုဝင္ဘာလ ၁၄ ရက္မွာ ေရးသားခဲ့ပါ တယ္။
AFSPA အက္ဥပေဒဟာ အေရွ႕ေျမာက္ဖ်ား မက္ဂါလယာ၊ ႀတိပူရ၊ အာသံျပည္နယ္အျပင္ ျမန္မာနဲ႔ထိစပ္ေနတဲ့ အာ႐ူနာခ်ယ္ပရာဒက္ရွ္၊ နာဂျပည္နယ္၊ မဏိပူရ၊ မီဇိုရမ္တို႔လို ျပည္နယ္မ်ားမွာလည္း အက်ဳံးဝင္ပါလိမ့္မယ္။ ယခုလို ေဆာင္႐ြက္ျခင္းအားျဖင့္ ခြဲျခားသတ္မွတ္ထားတဲ့ ေဒသမ်ားရွိ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအတြက္ အထူး အခြင့္အာဏာမ်ား ရရွိပါလိမ့္မယ္။
လက္နက္ကိုင္တပ္မ်ား အထူးအာဏာအက္ဥပေဒျပဌာန္းၿပီးျဖစ္တဲ့ မဏိပူရျပည္နယ္အတြင္း ေနာက္ထပ္နယ္ ေျမမ်ားကို “မၿငိမ္မသက္ျဖစ္ပြားရာေဒသမ်ား” အျဖစ္ ေၾကညာရန္ ဆုံးျဖတ္ခ်က္ဟာ နယူးေဒလီျပည္ထဲေရး ဝန္ႀကီးဌာနက ေနာက္ထပ္ အရံရဲတပ္ဖြဲ႕ ၂၀ သို႔မဟုတ္ လုံၿခဳံမႈထိန္းသိမ္းေရး ရဲဝန္ထမ္း ၂,၅၀၀ ခန႔္ကို ျပည္နယ္သို႔ ေစလႊတ္ၿပီးေနာက္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕မ်ားနဲ႔ စစ္ေသြးႂကြတို႔အၾကား ၿမိဳ႕ျပ တိုက္ခိုက္မႈ အသစ္မ်ားနဲ႔ ေနာက္တဖန္ ထိပ္တိုက္ေတြ႕မႈမ်ားအၿပီး ေနာက္ဆက္တြဲျဖစ္ပါတယ္။ ယခုျဖစ္ရပ္ဟာ လြန္ခဲ့တဲ့ ၁၈ လအတြင္း လူေပါင္း ၂၃၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ မဏိပူရျပည္နယ္ လူ႔အဖြဲ႕အစည္းအခ်င္းခ်င္းအၾကား အၾကမ္းဖက္မႈ မ်ား အရွိန္တိုးျမင့္လာေၾကာင္းကိုလည္း မီးေမာင္းထိုးျပေနပါတယ္။
AFSPA အက္ဥပေဒဆိုတာ အိႏၵိယႏိုင္ငံ ခြဲထြက္ေရးလႈပ္ရွားမႈကို ႏွိမ္ႏွင္းရန္ ၿဗိတိသွ်ကိုလိုနီေခတ္က ျပ႒ာန္း ခဲ့တဲ့ ဥပေဒမ်ားမွ စတင္ျမစ္ဖ်ားခံပါတယ္။ ၁၉၄၇ ခုႏွစ္ ျပဌာန္းခ်က္ကို ၁၉၄၈ ခုႏွစ္မွာ ဥပေဒ ၄ ခုပါ အက္ဥပေဒတစ္ခု အျဖစ္ အစားထိုးခဲ့ပါတယ္။ လက္ရွိဥပေဒဟာ ၁၉၅၈ ခုႏွစ္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား (အာသံနဲ႔ မဏိ ပူရ) အတြက္ ရည္႐ြယ္ျခင္းျဖစ္ၿပီး “အထူးအာဏာမ်ားဆိုင္ရာ အက္ဥပေဒ” လို႔ ထိုစဥ္က ျပည္ထဲေရးဝန္ႀကီး ဂ်ီဘီပန႔္က ကနဦး အမည္ေပးခဲ့ပါတယ္။ ၿဗိတိသွ်တို႔ရဲ႕ကိုလိုနီလက္ေအာက္မက်ေရာက္မီ အတိတ္ကာလ ျမန္မာပိုင္ျဖစ္ခဲ့တဲ့ အဲဒီ ေဒသႀကီးကို အာ႐ူနာခ်ယ္ပရာဒက္ရွ္၊ မက္ဂါလယာ၊ မီဇိုရမ္နဲ႔ နာဂျပည္နယ္မ်ားအျဖစ္ ျပည္နယ္အသစ္မ်ား ပိုင္းျခားသတ္မွတ္လိုက္တဲ့အခါ “အထူးအာဏာမ်ားဆိုင္ရာ အက္ဥပေဒ” ကလည္း အဆိုပါေဒသမ်ားကို လႊမ္းၿခဳံဖို႔ တိုးခ်ဲ႕ခဲ့ပါတယ္။ အဲဒီအက္ဥပေဒအရ မၿငိမ္မသက္ျဖစ္ပြားေနတဲ့ ေဒသမ်ားရွိ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအေနနဲ႔ ၿငိမ္ဝပ္ပိျပားေရး ထိန္းသိမ္းရန္ အခြင့္အာဏာရရွိမွာျဖစ္ပါတယ္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ သံသယရွိသူမ်ားကို ဖမ္းဆီးႏိုင္ေစရန္၊ ရွာေဖြမႈမ်ားလုပ္ေဆာင္ရန္နဲ႔ ဖမ္းဝရမ္းမပါဘဲ အသက္ေဘးထိခိုက္သည္အထိ ေဆာင္႐ြက္ခြင့္ရွိၿပီး တရားစြဲဆိုျခင္းမွလည္း ကင္းလြတ္ခြင့္ရွိပါတယ္။ “၁၉၅၈ ခုႏွစ္ နာဂအုံႂကြမႈ အေရးအခင္း” ကို ကိုင္တြယ္ေျဖရွင္းရန္ ေစာေစာပိုင္း ရည္႐ြယ္ခဲ့ၿပီး အေရွ႕ေျမာက္ေဒသ ျပည္နယ္ အသီးသီးမွာ ျဖန႔္က်က္ခဲ့ျခင္းျဖစ္ပါတယ္။ ဗဟိုနဲ႔ ျပည္နယ္အစိုးရ ႏွစ္ခုစလုံးတို႔အေနနဲ႔ ေဒသတြင္း နယ္ေျမမ်ားကို “မၿငိမ္မသက္ျဖစ္ပြားရာ ဧရိယာ” အျဖစ္ ေၾကညာႏိုင္ေစဖို႔ အက္ဥပေဒကို ၁၉၇၂ ခုႏွစ္မွာ ျပင္ဆင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ ႀတိပူရ၊ ၂၀၁၈ ခုႏွစ္ မက္ဂါလယာတို႔မွာ AFSPA ကို ႐ုတ္သိမ္းခဲ့ေပမယ့္ က်န္ျပည္နယ္မ်ားမွာေတာ့ ဆက္လက္တည္ရွိေနပါတယ္။
ေဝးလံေခါင္ဖ်ား “ညီအစ္မ ၇-ေဖာ္” အျဖစ္ ကမာၻက သိရွိၾကတဲ့ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း ကုန္းတြင္းပိတ္ ျပည္နယ္ ၇-ခုတို႔ရဲ႕ မၿငိမ္သက္မႈမ်ားဟာ ၿဗိတိသွ်ကိုလိုနီေခတ္ကတည္းက စတင္ခဲ့ပါတယ္။ ၁၉၃၇ ခုႏွစ္ၿဗိတိ သွ်အစိုးရက ျမန္မာႏိုင္ငံကို အိႏၵိယမွ ခြဲထုတ္လိုက္စဥ္ ဘယ္ဖက္မွမပါပဲ ၿဗိတိသွ်တို႔ရဲ႕တိုက္႐ိုက္အုပ္ခ်ဳပ္မႈ ေအာက္မွာပဲ ထားရွိရန္ နာဂတို႔ရဲ႕ေတာင္းဆိုမႈ ေပၚေပါက္လာပါတယ္။ အိႏၵိယတိုက္ငယ္ လြတ္လပ္ေရး ရရွိျခင္းနဲ႔ အတူ ေဟာင္းႏြမ္းေနတဲ့ နယူးေဒလီနဲ႔ ေပါင္းစည္းထားျခင္းမွ ခြဲထြက္ေရး လႈပ္ရွားမႈမ်ားအသြင္ျဖစ္လာပါတယ္။
စုစုေပါင္း ဧရိယာအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ ၃၈ ရာခိုင္ႏႈန္း ခန႔္က်ယ္ဝန္းတဲ့ အဲဒီနယ္ေျမဟာ အိႏၵိယတစ္ႏိုင္ငံလုံး အေနနဲ႔ ကေတာ့ ၇ ရာခိုင္ႏႈန္း ခန႔္သာ ရွိပါတယ္။ အေနာက္ပိုင္း အိႏၵိယသမုဒၵရာ ကမ္းေျခမွ နယူးေဒလီ ဗဟိုအစိုးရဟာ ညီအစ္မ ခုႏွစ္ေဖာ္ ျပည္နယ္မ်ားနဲ႔ ေဝးကြာလြန္းေနၿပီး ဘူတန္-ဘဂၤလားေဒ့ရွ္ၾကား ၁၄ မိုင္ခန႔္သာ က်ယ္ဝန္းတဲ့ “စီလီ ဂူရီ စႀကႍ” မွတဆင့္သာ ကုန္းလမ္း အဆက္အသြယ္ျပဳလုပ္ႏိုင္ပါတယ္။ အိႏၵိယ ညီအစ္မ ခုႏွစ္ေဖာ္ျပည္နယ္မ်ားရွိ လူမ်ိဳးစုတို႔ဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းမွာလည္း ရွိေနၿပီး သူတို႔ေတြအၾကား ဥစၥာဓနပိုင္ဆိုင္မႈ မညီမွ်ျခင္း၊ တစ္စိမ္းတရံစာ မုန္းတီးမႈ၊ တယူသန္ ဘာသာေရးနဲ႔ တေဇာက္ကန္း အမ်ိဳးသားဝါဒ ေခါင္းေထာင္လာျခင္းကို ေျဖသိမ့္တားဆီးရန္ သက္ဆိုင္ႏိုင္ငံမ်ားအသီးသီးတို႔က ပ်က္ကြက္ခဲ့ၾကပါတယ္။
က်ယ္ဝန္းတယ္လို႔ ေျပာလို႔မရတဲ့ အေရွ႕ေျမာက္ဖ်ားေဒသမွာ ေနထိုင္သူ လူဦးေရစုစုေပါင္း သန္း ၄၀ ခန႔္သာ ရွိေပမယ့္ အိႏၵိယႏိုင္ငံမွာ လူမ်ိဳးစု ကြဲျပားမႈ အမ်ားဆုံး ျဖစ္ပါတယ္။ လူမ်ိဳးအုပ္စုႀကီး ၆၃၅-ခုရွိတဲ့အနက္ ၂၁၃ ခုကို အဲဒီေဒသမွာေတြ႕ရွိရၿပီး လူမ်ိဳးစုတစ္ခုခ်င္းစီရဲ႕ ကြဲျပားတဲ့ ကိုယ္ပိုင္ယဥ္ေက်းမႈဟာ အိႏၵိယ (သို႔မဟုတ္) ဘဂၤလားေဒ့ရွ္-ျမန္မာတို႔နဲ႔ တစ္ေပါင္းတစ္စည္းတည္းျဖစ္ဖို႔ သေဘာမတူႏိုင္စရာ အေျခခံအခ်က္ျဖစ္ေနပါတယ္။ ဇာတိဌာေန တိုင္းရင္းသားမ်ား၊ အိႏၵိယႏိုင္ငံတြင္း အျခားေဒသမွ ေ႐ႊ႕ေျပာင္းလာသူမ်ား၊ တရားမဝင္ ေရာက္ရွိ လာသူမ်ားၾကားမွာလည္း တင္းမာမႈမ်ား ရွိေနပါတယ္။
ပိုင္းျခားလိုက္တဲ့ ျပည္နယ္မ်ားမွာလည္း တစ္ခုနဲ႔တစ္ခု ပိုင္နက္နယ္ေျမအျငင္းပြားေနၾကၿပီး အစိုးရရဲတပ္ဖြဲ႕ ဝင္မ်ားကိုယ္တိုင္ တစ္ဖက္နဲ႔တစ္ဖက္ ျပန္လွန္ဆန႔္က်သ္ပစ္ခတ္မႈမ်ား ျဖစ္ပြားေလ့ရွိပါတယ္။ ဗဟိုအစိုးရနဲ႔ အလွမ္းေဝးလြန္းတဲ့အျပင္ အိႏၵိယပါလီမန္မွာ ေဒသအတြက္ ကိုယ္စားျပဳသူ နည္းပါးျခင္းဟာ အေရွ႕ေျမာက္ဖ်ား ေဒသ ရဲ႕ ႏိုင္ငံေရး မူေဘာင္အရ ပိုမို လစ္လ်ဴ႕ရႈခံရစရာ ျဖစ္ေနပါတယ္။ အဂတိလိုက္စားမႈ၊ ျပည္သူ႔ဘ႑ာေငြ ျပဳန္းတီးမႈ၊ ပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ယူ တာဝန္ခံမႈ ေလ်ာ့ရည္းေနၿပီး တရားဥပေဒစိုးမိုးမႈကလည္း အား နည္းလွပါတယ္။ အေျခခံ အေဆာက္အအုံနည္းပါးျခင္း၊ ေဈးကြက္ဝင္ေရာက္ရာမွာ ကန႔္သတ္ခ်က္မ်ား ရွိေန ျခင္း၊ မ်ိဳးႏြယ္စုတစ္ခုနဲ႔ တစ္ခုအၾကား လူမႈေရး မညီမွ်မႈတို႔ဟာ လူမ်ိဳးေရးအဓိက႐ုန္း မ်ားကို ဖိတ္ေခၚသလို ရွိေနပါတယ္။ အိႏၵိယအေရွ႕ေျမာက္ဖ်ား ေသာင္းက်န္းမႈ မွာ ခြဲထြက္ေရးသမားမ်ား၊ ဂ်ီဟတ္ဝါဒီ စစ္ေသြးႂကြ တို႔ အမ်ားစုအျပင္ ေမာ္စီတုန္းဝါဒီအပါအဝင္ လက္ဝဲဝါဒီ လက္နက္ကိုင္သူပုန္မ်ားလည္း ရွိေနပါတယ္။
ငလ်င္ျပတ္ေ႐ြ႕ေၾကာ ၃-ခုေပၚမွာ တည္ရွိေနတဲ့ အဲ့ဒီေဒသဟာ ျပင္းထန္တဲ့ ငလ်င္ႀကီးမ်ား လႈပ္ခတ္ႏိုင္ေျခရွိ ၿပီး ေျမၿပိဳမႈမ်ားျဖစ္ပြားတတ္ပါတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ေတာင္းဆိုျခင္း၊ ခြဲထြက္ေရးလႈပ္ရွားျခင္းနဲ႔ ျပင္ပ တစ္စိမ္းတစ္ရံစာမ်ားကို ဆန႔္က်င္ျခင္းတို႔ဟာ ပထဝီအေနနအထားအရ အထီးက်န္ေဒသရဲ႕ လက္နက္ကိုင္ ျခင္းဟာ ႏိုင္ငံေရးသေဘာတရား မပါဝင္ပဲ ေငြေၾကးအလြယ္တကူရရွိႏိုင္တဲ့ လုပ္ငန္းတစ္ခုအျဖစ္ ေသာင္းက်န္း သူမ်ိဳးဆက္အလိုက္တို႔က ဆက္လက္လုပ္ကိုင္ေနပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ဘိန္းစိုက္ပ်ိဳးျခင္းနဲ႔ မူးယစ္ ေဆးကုန္ကူးျခင္း လက္နက္ေမွာင္ခိုေရာင္းဝယ္ျခင္းမ်ား ပူးတြဲပါဝင္လာၿပီး လူမ်ိဳးစုလက္နက္ကိုင္ တစ္ဖြဲ႕နဲ႔ တစ္ ဖြဲ႕အၾကား စားက်က္နယ္ေျမလုစရာျဖစ္လာပါတယ္။
အိႏၵိယအေရွ႕ေျမာက္ပိုင္းသူပုန္ေတြဟာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ႏြယ္မႈအခ်ိဳ႕ရွိေၾကာင္း သတင္းမ်ားထြက္ေပၚ လွ်က္ရွိပါတယ္။ အထူးသျဖင့္ အာသံ၊ မီဇိုရမ္၊ နာဂျပည္နယ္၊ မဏိပူရ အစရွိတဲ့ ေဒသမ်ားရွိ သူပုန္အဖြဲ႕ေတြဟာ တ႐ုတ္ႏိုင္ငံမွ တိုက္႐ိုက္ျဖစ္ေစ၊ အရင္းအျမစ္မ်ားမွတဆင့္ျဖစ္ေစ ပံ့ပိုးမႈအခ်ိဳ႕ရေနတယ္လို႔ ဆိုပါတယ္။
တ႐ုတ္ဟာ အိႏၵိယနဲ႔ သမိုင္းဝင္ ျပသနာမ်ား ရွိေနတဲ့အတြက္ နယူးေဒလီကို ဖိအားေပးရန္ ရည္႐ြယ္ၿပီး အိႏၵိယ အေရွ႕ေျမာက္ပိုင္းသူပုန္အဖြဲ႕မ်ားကို အေၾကာင္းရင္းခံအားျဖင့္ တ႐ုတ္အစိုးရက ေထာက္ပံ့ေပးဖြယ္ အလား အလာရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပၾကပါတယ္။ အိႏၵိယအေရွ႕ေျမာက္ပိုင္း ပုန္ကန္ျခားနားမႈ ကြင္းဆက္ ျဖစ္စဥ္မ်ားမွာ တ႐ုတ္ရဲ႕ အခန္းက႑ကို ပထမဆုံး ေလ့လာသင့္တယ္လို႔ “ဒစ္ပလိုမက္” သတင္းေအဂ်င္စီ ၂ဝ၂၄ ခုႏွစ္ စက္တင္ဘာလ ၁ ရက္က ဆိုပါတယ္။
မၾကာေသးမီက အိႏၵိယနဲ႔ တ႐ုတ္ၾကား တင္းမာမႈမ်ား တိုးလာျခင္းဟာ တ႐ုတ္ ယူနန္ျပည္နယ္ အေျခစိုက္ ခြဲ ထြက္ေရးအဖြဲ႕ “ယူႏိုက္တက္ အာသံလြတ္ေျမာက္ေရးတပ္ဦး ” ULFA-I ရဲ႕ ေခါင္းေဆာင္ ပါရွက္ရွ္ဘာအားကို ေပက်င္းက ေထာက္ပံ့ေပးလွ်က္ရွိေၾကာင္း သတင္းမ်ားမွ စတင္ရပါလိမ့္မယ္။ တ႐ုတ္နယ္စပ္မွာအေျခစိုက္ၿပီး အာသံျပည္နယ္ခြဲထြက္ေရးလႈပ္ရွားေနသူဟာ ျမန္မာႏိုင္ငံစစ္ကိုင္းတိုင္းအတြင္းမွာလည္း ကူးခ်ည္သန္းခ်ီ ရွိပါ တယ္။
အိႏၵိယအေရွ႕ေျမာက္ပိုင္းရွိ သူပုန္မ်ားအေပၚ ေပက်င္းရဲံ ေထာက္ခံမႈဟာ ႏွစ္ႏိုင္ငံအၾကား သေဘာထား ကြဲလြဲမႈ မ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဖန္တီးခဲ့ေပမယ့္ မၾကာေသးမီက အဲ့ဒီေထာက္ပံ့မႈေတြဟာ ပိုမိုကန႔္သတ္ခံ လာရပါတယ္။ သို႔ေသာ္လည္း မဏိပူရျပည္နယ္မွာ စစ္ေသြးႂကြအုပ္စုေပါင္းစုံတို႔ ပူးေပါင္းတိုက္ခိုက္မႈေၾကာင့္ အိႏၵိယ နယ္ျခားေစာင့္အာသံ႐ိုင္ဖယ္တပ္သား ၄-ဦးေသဆုံးရတဲ့တဲ့အခါ နယူးေဒလီက တ႐ုတ္အေပၚ မေက် မနပ္ ေျပာဆိုစရာ ျဖစ္လာပါတယ္။
တိုက္ခိုက္မႈရဲ႕ အခ်ိန္ကာလအျပင္ တ႐ုတ္လုပ္လက္နက္မ်ားအသုံးျပဳမႈ၊ ေပက်င္းကို ရည္႐ြယ္ၿပီး (ကိုယ္စားျပဳ လက္နက္ကိုင္မ်ားနဲ႔) “နယ္ေျမခ်ဲ႕ထြင္ေရးေခတ္” ကုန္ဆုံးၿပီျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္နာရင္ျဒာမိုဒီရဲ႕ မိန႔္ခြန္း ေတြဟာ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈနဲ႔ ပတ္သက္ၿပီး နယူးေဒလီရဲ႕အျမင္ကို ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ ခြဲထြက္ေရး ေဒသတြင္း ႏိုင္ငံေရးဟာ ပိုမိုႀကီးမားတဲ့ ပထဝီဝင္ႏိုင္ငံေရး တင္းမာမႈမ်ားနဲ႔ ေဒြးေရာယွက္တင္ ရႈပ္ေထြးေနပါတယ္။ တ႐ုတ္ႏိုင္ငံမွာ အိႏၵိယေသာင္းက်န္းသူ ေခါင္းေဆာင္အခ်ိဳ႕ ခိုေအာင္း လွ်က္ရွိေနေပမယ့္ သူတို႔အေနနဲ႔ အႀကီးစား တိုက္ခိုက္မႈမ်ားကို ေဆာင္႐ြက္ႏိုင္တယ္လို႔ေတာ့ မရွိခဲ့ပါဘူး။ သို႔ေသာ္ နယူးေဒလီ-ေပက်င္း ဆက္ဆံေရး ဆိုး႐ြားလာသည္နဲ႔အမွ် တ႐ုတ္ႏိုင္ငံဟာ သူ႔အေနနဲ႔ အိႏၵိယ သူပုန္ေတြကို ေထာက္ခံမႈ အခိုင္အမာရွိေစဖို႔ ခံစားရႏိုင္ေလာက္ပါတယ္။ အိႏၵိယခြဲထြက္ေရးေခါင္းေဆာင္ေတြဟာ ယူနန္ျပည္နယ္အ တြင္းမွာ အေျခစိုက္ၿပီး လူမႈကြန္ရက္မွာ လႈံေဆာ္သတင္းမ်ား လႊင့္တင္ျခင္း၊ အီးေမးလ္လိပ္စာအတုအနဲ႔ အင္တာနက္ ဆက္သြယ္ျခင္းမ်ား ျပဳလုပ္ေနပါတယ္။
ေသာင္းက်န္းသူအခ်ိဳ႕ဟာ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမ်ားမွာ လက္နက္အေရာင္းအဝယ္ ျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း ယခင္ အိႏၵိယအမ်ိဳးသား စုံစမ္းစစ္ေဆးေရး ေအဂ်င္စီက ေတြ႕ရွိခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ အစိုးရအခ်ိဳ႕ဟာ သူ႔နယ္ေျမအတြင္း သူပုန္အေျခစိုက္စခန္း မ်ားကို မသိဟန္ေဆာင္ခဲ့တာလည္း ရွိခဲ့ပါတယ္။ ေလာေလာဆယ္ အိႏၵိယလိုလားတဲ့ အစိုးရမ်ားကေတာ့ သူပုန္တို႔ကို ႏွိမ္နင္းခဲ့ပါတယ္။ အိႏၵိယခြဲထြက္ေရးသူပုန္ ေခါင္းေဆာင္ေတြဟာ တ႐ုတ္ေထာက္လွမ္းေရးရဲ႕ အကူအညီကို ရယူၿပီး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ မြန္ဘုန္း ေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းမွာ ျမန္မာႏိုင္ငံ မြန္အမ်ိဳးသားတပ္ဦးေခါင္းေဆာင္မ်ားနဲ႔ ေတြ႕ဆုံခဲ့ကာ မဲ ေဆာက္မွာလည္း KNU ေခါင္းေဆာင္မ်ားနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ ဆိုပါတယ္။
အိႏၵိယအမ်ိဳးသားစုံစမ္းစစ္ေဆးေရး ေအဂ်င္စီ NIA အဆိုအရ ကန္ေဒၚလာ ၁.၂ သန္းတန္ ႐ိုင္ဖယ္မ်ား၊ စက္ ေသနတ္မ်ား၊ လက္ပစ္ဗုံးမ်ားနဲ႔ ပစၥတိုမ်ားအပါအဝင္ လက္နက္ငယ္မ်ိဳးစုံဟာ တ႐ုတ္ႏိုင္ငံ တုံကင္ပင္လယ္ ေကြ႕ ဘိုဟိုင္းဆိပ္ကမ္းမွ သေဘၤာျဖင့္တင္ေဆာင္လာၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံကမ္းလြန္ပင္လယ္ျပင္မွာ ငါးဖမ္း ေလွမ်ားနဲ႔ ကဲ့ယူကာ အိႏၵိယ ခြဲထြက္ေရးသူပုန္မ်ားထံ ဆက္လက္ပို႔ေဆာင္ေၾကာင္း သိရွိရပါတယ္။ တ႐ုတ္ဟာ အိႏၵိယ ခြဲထြက္ေရးအုပ္စုမ်ားအေပၚ ၾသဇာလႊမ္းမိုးထားေပမယ့္ ႀကီးမားတဲ့ အၾကမ္းဖက္လုပ္ရပ္မ်ားကို ေျပာင္ေျပာင္တင္းတင္း ေထာက္ခံျခင္းမွ ေရွာင္ၾကဥ္ၿပီး အခိုင္အလုံ ျငင္းပယ္ႏိုင္ဖို႔ ဆက္လက္ထိန္းသိမ္း ထားပါတယ္။ သို႔ေသာ္လည္း အထူးသျဖင့္ ေဒသတြင္းအျပင္ နယ္ပယ္တစ္ခုခုနဲ႔ပတ္သက္တဲ့ပဋိပကၡမ်ားမွာ ေသာင္းက်န္းသူအဖြဲ႕မ်ားက ပိုမိုပူးေပါင္းလာေနျခင္းေၾကာင့္ တ႐ုတ္ရဲ႕ခ်ဥ္းကပ္မႈမွာ ေျပာင္းလဲလာႏိုင္ေၾကာင္း လတ္တေလာျဖစ္ရပ္မ်ားက အရိပ္အႁမြက္ ျပသေနပါတယ္။ တကယ္ေတာ့ အာသံခြဲထြက္ေရး ေခါင္းေဆာင္တစ္ဦး ယူနႏ္ုျပည္နယ္မွာ ခိုလႈံေနျခင္းဟာ တ႐ုတ္တု႔ိအတြက္ ဖုံးကြယ္ရန္ ခဲယဥ္းပါတယ္။ အိႏၵိယေျမာက္ပိုင္း ကက္ရွမီးယားအေရွ႕ဖ်ား လက္ဒက္ေဒသ ႏွစ္ႏိုင္ငံစစ္သားတို႔ အခ်င္းမ်ားရာက လူေသဆုံး ဒဏ္ရာရမႈျဖစ္ေပၚ လာၿပီး ေနာက္ပိုင္း အိႏၵိယခြဲထြက္ေရးသမားမ်ားနဲ႔ တ႐ုတ္ရဲ႕ ဇာတ္ေၾကာင္းဟာ လူသိရွင္ၾကားျဖစ္လာပါတယ္။
အတိုခ်ဳပ္ေျပာရလွ်င္ အဲ့ဒီအုပ္စုေတြကို ေထာက္ခံရျခင္းတဲ့ပတ္သက္ၿပီး တ႐ုတ္ရဲ႕ရည္႐ြယ္ခ်က္ကို အတိအက် တိုင္းတာရန္ ခက္ခဲပါတယ္။ ႏွစ္ႏိုင္ငံဆက္ဆံေရး အက်ပ္အတည္းကာလ နယူးေဒလီကို ဖိအားရန္အတြက္ ေတာ့ ေသခ်ာသေလာက္ရွိပါတယ္။ ဆက္ဆံေရးမွာ ျပင္းထန္စြာ ဆုတ္ယုတ္ေနခိုက္ တ႐ုတ္အေနနဲ႔ အေရွ႕ ေျမာက္ဖ်ားနဲ႔ အျခားေနရာမ်ားမွာ နယူဗဒလီကို ဖိအားေပးႏိုင္ပါတယ္။ ဒါေပမယ့္ (ျမန္မာႏိုင္ငံတိုင္းရင္းသားလူမ်ိဳးစု ျပည္နယ္ မ်ား အပါအဝင္) အိႏၵိယအေရွ႕ေျမာက္ဖ်ားျပည္နယ္မ်ားဟာ အခ်င္းခ်င္းညီၫြတ္ျခင္းမရွိၾကပါဘူး။ အိႏၵိယရဲ႕ လုံၿခဳံေရးမဟာဗ်ဴဟာကို ရႈတ္ေထြးအလုပ္မ်ားေစတာအမွန္ျဖစ္ေပမယ့္ နယူးေဒလီရဲ႕ပ်က္စီးမႈကို မဟာဗ်ဴဟာ ေျမာက္ ဖန္တီးတဲ့အထိေတာ့ မျဖစ္ႏိုင္ပါဘူးလို႔ ဒစ္ပလိုမက္သတင္းေအဂ်င္စီက ေဝဖန္သုံးသပ္ထားပါတယ္။
#အိႏၵိယအေရွ႕ေျမာက္ပိုင္းသူပုန္ #တ႐ုတ္ႏိုင္ငံ #အာသံ #မီဇိုရမ္ #နာဂျပည္နယ္ #မဏိပူရ #KNU
#မက္ဂါလယာ #ႀတိပူရ #နယ္ျခားေစာင့္အာသံ႐ိုင္ဖယ္တပ္ #မြန္အမ်ိဳးသားတပ္ဦး #တ႐ုတ္ေထာက္လွမ္းေရး
#နာဂအုံႂကြမႈ_အေရးအခင္း #စီလီဂူရီစႀကႍ #အာ႐ူနာခ်ယ္ပရာဒက္ရွ္