အမေရိကန်၏ ချုပ်ကိုင်မှုကနေ တရုတ်တို့ မဟာဗျူဟာမြောက် ဖောက်ထွက်နိုင်ပြီလား

 309

သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၂၄

တရုတ်နှင့်အမေရိကန်တို့အကြား ပြိုင်ဆိုင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး၏ဝင်ရိုးအဖြစ် ရောက်ရှိ လာပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ပိုမိုပြင်းထန်လာသည်။ အမေရိကန်သည် ရေတပ်မဟာဗျူ ဟာပညာရှင် Alfred Mahan နှင့် Nicholas Spykman တို့၏ သဘောတရားများအတိုင်း လိုက်နာကာ ပင်လယ်ပြင်ကိုထိန်းချုပ်ပြီး အင်အားကြီး အောင်ပြုလုပ်သည့်မဟာဗျူဟာကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလာခဲ့သည်။ ၎င်းမှာ မည်သည့် ကုန်းမြေအခြေပြု အင်အားကြီးနိုင်ငံမှပြင်ပသို့ ထိုးထွက်လာခြင်းနှင့် အမေရိကန်၏ကုန်သွယ်ရေးကို ခြိမ်းခြောက်လာခြင်းမှတားဆီးရန် ယူရေးရှားပင်လယ် ပြင်များနှင့် ကမ်းရိုးတန်းများကိုထိန်းချုပ်ထားခြင်း ပင်ဖြစ်သည်။
တရုတ်နိုင်ငံအတွက်မူ အဆိုပါစိန်ခေါ်မှုကိုကျော် လွှားရန်မှာ သေရေးရှင်ရေးတမျှ အရေးကြီးလှသည်။ လူဦးရေ (၁.၄) ဘီလျံရှိသောနိုင်ငံတစ်နိုင်ငံသည် စွမ်းအင်နှင့် ကုန်သွယ်စီးဆင်းမှုလုံခြုံရေးအပေါ် မှီခိုနေရသည်။ တရုတ်ခေါင်း ဆောင်များသည် တရုတ်နိုင်ငံ၏ ထိခိုက်လွယ်မှုကိုသိရှိကြသည်။ ၎င်းမှာ အရေးပေါ်အခြေအနေတွင်ပိတ်ဆို့ခံရနိုင်သည့် ပင် လယ်ရေကြောင်းနှင့် ကုန်းတွင်းစင်္ကြံလမ်းများအပေါ် အလွန်အမင်းမှီခိုနေရခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အဆိုပါအားနည်းချက်ကိုကာ ကွယ်ရန်လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ရည်မှန်းချက် ကြီးသော မဟာဗျူဟာတစ်ရပ်ချမှတ်ခဲ့သည်။ ယင်းမှာ မတူကွဲပြားသည့် ထောက်ပံ့ရေးလမ်းကြောင်းများ ဖန်တီးထားခြင်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများမှတစ်ဆင့် ဩဇာလွှမ်းမိုးမှုတည် ဆောက်ခြင်းတို့ပင်ဖြစ်သည်။
တောင်အာရှသည် တောင်တရုတ်ပင်လယ်ထက် သိသာမှုနည်းသော်လည်း မဟာဗျူဟာအရ အရေးပါမှုမှာ မလျော့နည်းဘဲ တရုတ်နိုင်ငံ၏ လမ်းကြောင်း မျိုးစုံဖန်တီးခြင်းအစီအစဉ်၏ ဗဟိုချက်အဖြစ်ပေါ် ထွက်လာသည်။ ၎င်းသည် စီးပွားရေးအခွင့်အလမ်းများနှင့် ပထဝီနိုင်ငံရေးအန္တရာယ်နှစ်ခုလုံးကို ပေးစွမ်း နိုင်သည်။ တရုတ်၏ရည်မှန်း ချက်သည် ရှင်းလင်းသည်။ ယင်းမှာ အမေရိကန်၏ထိန်းချုပ်မှုမှ ရုန်းထွက် ရန်ပင်ဖြစ်သည်။
မလက္ကာအကျပ်အတည်း
(၂၀ဝ၃) ခုနှစ် နိုဝင်ဘာလတွင် ထိုစဉ်ကသမ္မတ ဟူကျင်တောင်က အင်အားကြီးနိုင်ငံအချို့သည် မလက္ကာရေ လက်ကြား ဖြတ်သန်းသွားလာမှုကို အစဉ်အမြဲကျူးကျော်ပြီး ထိန်းချုပ်ရန်ကြိုးစားနေကြသည် ဟုသတိပေးခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပြီးနောက်တွင်ပင် ၎င်း၏သတိပေးစကားများသည် တရုတ်၏ အနက်ရှိုင်းဆုံး မဟာဗျူ ဟာဆိုင်ရာ စိုးရိမ် ပူပန်မှုကို ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်သည်။
မလက္ကာရေလက်ကြားသည် ကမ္ဘာ့အရေးပါဆုံး ရေကြောင်းပိတ်ဆို့နိုင်သည့်နေရာများထဲမှ တစ်ခုဖြစ်သည်။ မလေးကျွန်းဆွယ်၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံဆူမားတြားအကြား (၈၀၅)ကီလိုမီတာရှည်လျားပြီး အကျဉ်းဆုံး နေရာတွင် (၂.၈)ကီလိုမီတာသာကျယ်ဝန်းသည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း(IMO)၏စာရင်းအရ တစ်နှစ်လျှင် သင်္ဘောစင်းရေ (၆၀,ဝဝဝ)ကျော်ဖြတ်သန်းသွားလာနေပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ လေးပုံတစ်ပုံ နီးပါးကို သယ်ယူပို့ဆောင်ပေးသည်။ Rystad Energy အဖွဲ့၏စာရင်းများအရ (၂၀၂၃)ခုနှစ် တစ်ခုတည်းမှာပင် အဆိုပါရေ လက်ကြားမှ ရေနံစိမ်းနှင့် သဘာဝဓာတ် ငွေ့ရည် (LNG) တစ်နေ့လျှင် စည် (၂၄) သန်းခန့် သယ်ဆောင်ခဲ့ပြီး ထိုအထဲမှ အများစုကို တရုတ်နိုင်ငံ သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
မလက္ကာရေလက်ကြားသည် တရုတ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် အန္တရာယ်များပြီး ထိလွယ်ရှလွယ် နေရာလည်းဖြစ်နေပြန်သည်။ US Energy Information Administration ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ရေနံစိမ်း (၇၃%) နှင့် LNG (၄၀%) ကို အဆိုပါတစ်ခုတည်း သောလမ်းကြောင်းမှတစ်ဆင့် ဆက်လက်သယ်ယူနေ ဆဲဖြစ်သည်။ တရုတ်နိုင်ငံသည် ယင်းကဲ့သို့ တစ်နေရာတည်းမှ စုပြုံသယ်ယူနေခြင်းကြောင့် တစ်ချိန်တည်းတွင် အန္ဘရာယ်များစွာနှင့် ရင်ဆိုင်နေရသည်။ ပဋိပက္ခတစ်ခုအတွင်း ပိတ်ဆို့ခံရနိုင်ခြင်း၊ ပင်လယ် ဓားပြရန် ကြုံတွေ့ရနိုင်ခြင်း၊ ကမ်းရိုးတန်းနိုင်ငံများ၏ နိုင်ငံရေးဖိအားပေးမှု သို့မဟုတ် ဒေသတွင်း အမေရိကန် စစ်ရေးမဟာမိတ်တို့၏ ဖိအားပေးမှုစ သည်တို့ ကို ရင်ဆိုင်ရနိုင်သည်။
အမေရိကန်နိုင်ငံသည် ၎င်းကို ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်အာမခံခြင်းရည်မှန်းချက်အဖြစ် ပုံဖော်သော် လည်း တရုတ်နိုင်ငံက ယင်းကို ၎င်း၏အသက်သွေးကြောကိုချုပ်ကိုင်ရန်ကြိုးပမ်းမှုအဖြစ် ရှုမြင်ထားသည်။ မလက္ကာကို ဖြတ်သန်းသော ရေနံပမာ ဏသည် ကမ္ဘာ့ဝယ်လိုအား၏ လေးပုံတစ်ပုံခန့်ရှိသည်။ တရုတ်နိုင်ငံအတွက်မူ အဆိုပါလမ်း ကြောင်းအပေါ် မှီခိုအားထားမှုကိုလျှော့ချခြင်းသည် မဟာဗျူဟာမျှ သာမဟုတ် ၎င်း၏ရှင်သန်မှုအတွက်ဖြစ်သည်။
တရုတ်၏တုံ့ပြန်မှု
မလက္ကာအကျပ်အတည်းအပေါ် တရုတ်နိုင်ငံ၏ ဖြေရှင်းချက်မှာ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) ဖြစ်သည်။ (၂၀၁၃) ခုနှစ်တွင်စတင်ခဲ့ပြီး ယခုအခါ ကြီးမားသောရင်းနှီးမြှုပ်နှံမှုစီး ဆင်းမှုများ၏ ကျောထောက် နောက်ခံဖြင့် နိုင်ငံပေါင်း (၁၅၀) ကျော်အထိ ကျယ်ပြန့်လာခဲ့သည်။
Green Finance & Development Center အရ (၂၀၂၅)ခုနှစ်၏ ပထမနှစ်ဝက်တစ်ခုတည်းမှာ ပင် တရုတ်၏ စာချုပ်များနှင့် သဘောတူညီချက်များသည် ဒေါ်လာ (၁၂၄) ဘီလျံအထိ စံချိန်တင်မြင့်တက်လာခဲ့သည်။ ထိုထဲမှ ဒေါ်လာ (၆၆.၂) ဘီလျံကို ဆိပ်ကမ်းများ၊ ပိုက်လိုင်းများ၊ အဝေးပြေးလမ်းမများ စသည့် အခြေခံအဆောက်အအုံစီမံကိန်းများတွင် သုံးစွဲခဲ့ပြီး ကျန်ဒေါ်လာ (၅၇.၁) ဘီလျံမှာ စွမ်းအင်၊ နည်းပညာနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများခဲ့သည်။
စွမ်းအင်သည် ဗဟိုချက်ဖြစ်သည်။ (၂၀၂၅) ခုနှစ်တွင် ဒေါ်လာ (၄၂) ဘီလျံကျော်သုံးစွဲခဲ့ရာ အများစုမှာ ရေနံနှင့် ဓာတ်ငွေ့အတွက်ဖြစ်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် သုံးစွဲသည့်အချိုး အစားလည်းတိုးလာသည်။ လေအားနှင့် နေရောင် ခြည်စီမံကိန်းများတွင် ဒေါ်လာ (၁၀) ဘီလျံနီးပါးသုံး စွဲခဲ့ရာ တပ်ဆင်ပြီးစွမ်းရည်မှာ (၁၂) ဂစ်ဂါဝပ် (gigawatts) နီးပါးအထိရှိလာခဲ့သည်။ ၎င်းသည် ယုံကြည်စိတ်ချရသောထောက်ပံ့မှုများကို လုံခြုံစေခြင်းနှင့် တစ်ချိန် တည်းတွင် စိမ်းလန်းသော ရွေးချယ် စရာများသို့ သတိထား၍ချဲ့ထွင်ခြင်းဟူသည့် တရုတ် နိုင်ငံ၏ ရည်မှန်းချက် နှစ်ရပ်ကို ရောင်ပြန်ဟပ်စေသည်။ လမ်းညွှန်မှုနိယာမမှာ ရိုးရှင်းသည်။ ယင်းမှာ မတူကွဲပြားအောင် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
တရုတ်ခေါင်းဆောင်များသည် အဆိုပါ ကြိုးပမ်းမှုကို အရှုံးအနိုင် ပြတ်သားသည့် (zero-sum Game) စိန်ခေါ်မှု မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု အမြင်အဖြစ်တင်ပြကြသည်။ (၂၀၂၅) ခုနှစ်တွင်ကျင်းပသည့် (Annual Meeting of New Champions) ၌ ဝန်ကြီးချုပ် လီချန် (Li Qiang)က တရုတ်လူမျိုးများသည် သဟဇာတဖြစ်ခြင်းက စီးပွားရေး ကောင်းစေသည်ဟုပြောဆိုခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံ၊ ဒေသအားလုံးနီးပါးနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ဖလှယ် မှုများရှိသည်။ အရွယ်အစား၊ စနစ် သို့မဟုတ် ယဉ်ကျေးမှု မည်သို့ပင်ကွာခြားစေကာမူ မိတ်ဖက်အားလုံးကို တန်းတူ ဆက်ဆံကာ၊ WTO နိယာမများနှင့်အညီ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲရန်နှင့် သဘောတူညီချက်များကိုချဲ့ထွင်ရန် ၎င်းတို့နှင့်အတူ လက်တွဲလုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။
အဆိုပါစကားလုံးများ၏နောက်ကွယ်တွင် ရှင်းလင်းသော မဟာဗျူဟာဆိုင်ရာ ယုတ္တိဗေဒတစ်ရပ်ရှိနေပါသည်။ ထို့ပြင် အခြားရွေးချယ်စရာလမ်းကြောင်းများ တည်ဆောက်ခြင်း၊ ပိတ်ဆို့နိုင်သည့်နေရာများတွင် ထိတွေ့မှုလျှော့ချ ခြင်းနှင့် အခြေခံအဆောက်အအုံမှတစ်ဆင့် ရေရှည်ဩဇာလွှမ်းမိုးမှုဖန်တီးခြင်း တို့ဖြစ်သည်။ တရုတ်၏ ကမ္ဘာ့ငွေကြေး ထိပ်တန်းလေ့ လာသုံးသပ်သူ ပါမောက္ခ Christoph Nedopil က (၂၀၂၅) ခုနှစ်ကို အလှည့်အပြောင်းကာလအဖြစ် ရှုမြင်သည် ။ (၂၀၂၅) ခုနှစ်တွင် တရုတ်၏ စံချိန်တင် BRI ချိတ်ဆက်ဆောင်ရွက်မှုသည် စွမ်းအင်၊ သတ္တုတွင်းနှင့် နည်း ပညာမြင့် ကုန်ထုတ်လုပ်ငန်းများကဲ့သို့ အရေးပါသောကဏ္ဍများသို့ ပြန်လည်တွန်းအားပေးမှုကို ရောင်ပြန်ဟပ်သည်။ တရုတ်နိုင်ငံသည် ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေးတွင် အနာဂတ်ယှဉ်ပြိုင် နိုင်စွမ်းနှင့် ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်ရှိမှုကို လုံခြုံစေရန် ၎င်း၏စက်မှုလုပ်ငန်းခွန်အားများကို အသုံးချနေခြင်းပင်ဖြစ်သည်။
ကုန်းမြေမှတစ်ဆင့် ဖောက်ထွက်ခြင်း
မလက္ကာရေလက်ကြားသည် တရုတ်နိုင်ငံ၏ အားနည်းချက်ဖြစ်ပါက တောင်အာရှသည် ၎င်းကို ကျော်လွှားရန် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ အိန္ဒိယ၏ မဟာဗျူဟာမြောက် နောက်ဖေးခြံအဖြစ် ကာလ ကြာမြင့်စွာကတည်းက ရှုမြင်ခံရသော အဆိုပါဒေသသည် ယခုအခါတရုတ်၏ချဉ်းကပ်မှုဖြင့် ပုံစံပြောင်းလဲလာသည်။ တရုတ်နိုင်ငံသည် ဆိပ် ကမ်းများ၊ ပိုက်လိုင်းများနှင့် စင်္ကြံလမ်းများတည်ဆောက်ခြင်းမှ တစ်ဆင့် မလက္ကာနှင့် အမေရိကန်ရေတပ်၏ စွမ်းအား နှစ်ခု လုံးကို ရှောင်ကွင်းနိုင်သည့်လမ်းကြောင်းများ တည်ဆောက်နေသည်။
ပါကစ္စတန်- အာရေးဗျပင်လယ်သို့ တံခါးပေါက်
ယင်းမဟာဗျူဟာ၏ ဗဟိုချက်တွင် ပါကစ္စတန်ရှိနေသည်။ ဒေါ်လာ (၆၂)ဘီလျံကျော်တန်ဖိုးရှိသည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (China–Paki­s­tan Economic Corridor-CPEC)သည် အာရေး ဗျပင်လယ်ရှိ (Gwadar) ဆိပ်ကမ်းကို တရုတ်၏ အနောက်ဘက် ရှင်ကျန်း (Xinjiang) ပြည်နယ်နှင့် ချိတ်ဆက်ထားသည်။ ၎င်းသည် ရေနံ ဓာတ်ငွေ့နှင့်ကုန်သွယ်စီးဆင်းမှုများအတွက် တရုတ်နိုင်ငံကိုတိုက် ရိုက်ထွက်ပေါက်ပေးသည့် အထိရောက်ဆုံး ကုန်းမြေ အခြေပြုရွေးချယ်စရာတစ်ခု ဖြစ်လာသည်။
သို့သော် အဆိုပါလမ်းကြောင်းတွင်လည်း အန္တရာယ်များရှိနေသည်။ ပါကစ္စတန်သည်လည်း တရုတ်၏ အကျိုး စီးပွားများကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများနှင့်ရင်ဆိုင်နေရသည်။ Balochistan Liberation Army ဆိုသည့်အဖွဲ့ သည် (၂၀၁၈) ခုနှစ်တွင် ကရာချိရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက် ခိုက်ခဲ့သည်။ (၂၀၂၁) ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် တရုတ်သံအမတ်တည်းခိုရာဟိုတယ်တွင် ကားဗုံးပေါက်ကွဲခဲ့သည်။ တရုတ်အင်ဂျင်နီယာများနှင့် အလုပ်သမားများသယ်ယူပို့ဆောင်သည့် ဘတ်စကားများကိုလည်း အကြိမ်ကြိမ် ပစ်မှတ်ထားခံ ခဲ့ရသည်။
အကြမ်းဖက်သမားများသည် (၂၀၂၄) ခုနှစ်တွင် နျူကလီးယားစက်ရုံများမှ ရေအားလျှပ်စစ်စက်ရုံများ အထိ အရေးပါသည့်အခြေခံအဆောက်အအုံ စီမံကိန်းများကိုပင်တိုက်ခိုက်ခဲ့ရာ ယာယီရပ်ဆိုင်းမှုများ ဖြစ်စေခဲ့သည်။ လုံခြုံရေး သည် CPEC ၏ အဓိက အားနည်းချက်အဖြစ် ရှိနေဆဲဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသည် နောက်ဆုတ်မည့် အရိပ်အယောင် မပြပါ။ စွမ်းအင်သည် ၎င်း၏အသက်သွေးကြောဖြစ်ရာ ရှေ့သို့သာ ဆက်၍ချီတက်နေပါသည်။
လစ်သီယမ်၏ ဆော်ဒီအာရေဗျ
အာဖဂန်နစ္စတန်နိုင်ငံသည်လည်း အမေရိကန်တပ်ဖွဲ့များ ထွက်ခွာသွားပြီးနောက်တွင် တရုတ်၏ မဟာဗျူဟာ မြောက် မြေပုံပေါ်သို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။ လီသီယမ်၊ ကြေးနီ၊ မြေရှား စသည့် ဒေါ်လာ (၁) ထရီလျံကျော် တန်ဖိုးရှိသည်ဟု ခန့်မှန်းရသော တွင်းထွက်သယံဇာတများ ပိုင်ဆိုင်ထားသည့် နိုင်ငံလည်း ဖြစ်သည်။ (၂၀၁၀) ပြည့်နှစ် ပင်တဂွန်၏ မှတ်တမ်းတစ်ခုတွင် အာဖဂန်နစ္စတန်ကို လီသီယမ်၏ ဆော်ဒီအာရေးဗျဟုပင် တင်စားခေါ်ဆိုခဲ့သည်။
တရုတ်နိုင်ငံသည် (၂၀၂၅) ခုနှစ်တွင် ကာဘူးလ်ရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရေရှည်တည် ရှိမှု အတွက် ၎င်း၏ရည်ရွယ်ချက်ကို ဖော်ပြခဲ့သည်။ တွက်ချက်မှုမှာ ရှင်းလင်းသည်။ ဒေသတွင်း စီးပွားရေးထဲသို့ အာဖဂန်နစ္စ တန်ကို တဖြည်းဖြည်း ပြန်လည် ပေါင်းစည်းနေစဉ်တွင် အရေးပါသော တွင်းထွက် ပစ္စည်းများရယူသုံးစွဲခွင့်ကို လုံခြုံစေ ခြင်းဖြစ်သည်။ သို့သော် အန္တရာယ်များမှာလည်းရှိနေဆဲဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှု၊ လုံခြုံရေးကျိုး ပေါက် လွယ်မှုနှင့် အမေရိကန်၊ တရုတ်နှင့်ရုရှားတို့ ပါဝင်ပတ်သက်လာသည့် (Great Game) တစ်ခု ပြန်လည်စတင်လာ ခြင်းပင်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်- တိတ်ဆိတ်စွာ ပုံစံပြောင်းလဲခြင်း
သမိုင်းကြောင်းအရ အိန္ဒိယနှင့် ပိုမိုနီးစပ်သော ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံဘက်သို့ ရင်းနှီးမြှုပ်နှံ မှုရွေ့လျား နေသည်။ တရုတ်နိုင်ငံသည် ချေးငွေ၊ အထောက်အပံ့နှင့် တိုက်ရိုက်စီမံကိန်းများအတွက် ဒေါ်လာ (၂.၁) ဘီလျံကျော် သုံးစွဲခဲ့သည်။ ၎င်းတို့ထဲတွင် နိုင်ငံ၏ ဒုတိယအစည်ကားဆုံး ဆိပ်ကမ်းဖြစ်သော မွန်ဂလာဆိပ်ကမ်း (Mongla Port) ကို ခေတ်မီ အောင်လုပ်ဆောင်ရန် ကတိပြုထားသည့် ဒေါ်လာ သန်း (၄၀ဝ) ပါဝင်သည်။ တရုတ်ကုမ္ပဏီ (၃၀) နီးပါးက ဒေါ်လာ (၁) ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ကတိ ပြုထားသည့် တရုတ်စက်မှုစီးပွားရေးဇုန်အသစ် အတွက် ဒေါ်လာ သန်း (၃၅၀) လည်း ပါဝင်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ စီးပွားရေးမြေပုံကိုလည်း ပုံစံပြန်ဆွဲနေသည်။ နောက်ကွယ် တွင် နိုင်ငံရေးဦး တည်ချက်လည်း ရှိနေနိုင်သည်။
အခြားစင်္ကြံလမ်းများ
တရုတ်နိုင်ငံသည် နောက်ထပ် လမ်းကြောင်းများ ကိုပါ ရှာဖွေနေသည်။ မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ စင်္ကြံလမ်းသည် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ယူနန်ပြည်နယ်သို့ဖြတ်၍ ဆက်သွယ်ထားသော (၇၇၀) ကီလိုမီတာ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြစ်သည်။ ထိုင်း နိုင်ငံတွင် အဆိုပြုထားသည့် ကရားတူးမြောင်း (Kra Canal)သည် မလက္ကာကို လုံးဝရှောင်ကွင်းနိုင်သော်လည်း စင်ကာပူနှင့် အိန္ဒိယတို့၏ ပြင်းထန် သော ဆန့်ကျင်မှုအပြင် ဒေါ်လာ (၂၈) ဘီလျံနှင့် (၃၆) ဘီလျံကြား ကုန်ကျနိုင်သည့် ကြီးမားသော တည်ဆောက် ရေးစရိတ်များလည်း ရှိနေပါသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစင်္ကြံ (BCIM - EC) ကိုလည်း အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။ အိန္ဒိယနှင့် နိုင်ငံရေးပြိုင်ဆိုင်မှုကြောင့် တိုးတက်မှုအပေါ် အဟန့်အတားဖြစ်စေသော်လည်း တရုတ်-အိန္ဒိယ တင်းမာ မှုများမြင့်တက်လာခြင်းသည်ပင် အဆိုပါ စင်္ကြံလမ်း အား ပို၍ပင် အကောင်အထည်ဖော်နိုင်ခြေရှိသည်။
တောင်အာရှတစ်လျှောက်ရှိ နိုင်ငံများသည် တရုတ်နှင့် ၎င်းတို့၏စီးပွားရေး အကျိုးစီးပွားအရ တွက်ခြေ ကိုက်နေ ကြသော်လည်း ပို၍ပင် မတည်မငြိမ်ဖြစ်နေသည့်ပတ်ဝန်းကျင်တွင် အချုပ်အခြာ အာဏာနှင့်ပတ်သက်၍ သတိထားနေ ကြသည်။
စင်ကာပူသံတမန်ဟောင်း Bilahari Kausi- kan က ၎င်း၏ ASEAN & US-China Comp- etition in Southeast Asia ဟောပြောပွဲတွင် “နယ်နိမိတ်ဒေသများနှင့် မဟာဗျူဟာမြောက် ပင်လယ်ရေကြောင်းလမ်းများသည် အမြဲတမ်း အငြင်း ပွားဖွယ်ရာများဖြစ်သည်။ အမေရိကန်-တရုတ် ပြိုင် ဆိုင်မှုသည် နောက်ဆုံးပေါ်ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားများသည် တစ်ချိန်က အာရှ၏ ဘော်လ်ကန် (Balkans of Asia) ဟု အမည်ပေးခံခဲ့ရသည့် အရှေ့တောင်အာရှ တွင် အမြဲတမ်းဆုံမှတ်ဖြစ်ခဲ့သည်”ဟု မှတ်ချက်ပေးခဲ့သည်။
ပိုမိုကျယ်ပြန့်သော ရင်ဆိုင်မှု
တရုတ်နိုင်ငံအနေဖြင့် တောင်အာရှဒေသတွင် လမ်းကြောင်းတစ်ခုရွေးချယ်လာခြင်းသည် ကြမ်းတမ်းသော နောက်ခံအခြေအနေတစ်ခုကြောင့်ဖြစ်သည်။ ၎င်းမှာ အမေရိကန်ပြည်ထောင်စု၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ရင်ဆိုင်မှုတိုးလာခြင်းတို့ ကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံသည် အခက်အခဲများ ကြားမှ (၂၀၂၅) ခုနှစ်အတွင်း (၅%) အထိ တိုးတက်ရန် ရည်မှန်းထားသည်။ သို့သော် အမေရိကန်နိုင်ငံမှာမူ တရုတ်နိုင်ငံကို ဆက်၍ဖိအားပေးထားသည်။ အမေရိကန်နိုင်ငံသည် တရုတ်ကုန်စည်များအပေါ် ကြီးမားသောအခွန်အကောက်များ ချမှတ်ခဲ့ပြီး တစ် ချိန်တည်းမှာပင် တစ်ပိုင်းလျှပ်ကူးများနှင့် လျှပ်စစ် ကားလုပ်ငန်းများမှာလည်း တင်းကြပ်သောအတားအ ဆီးများနှင့်ရင်ဆိုင်နေရသည်။ အမေရိကန်၏ရည်မှန်းချက်မှာ တရုတ်၏တိုးတက်လာမှုကို ထိန်းချုပ်ရန်နှင့် အမေရိကန်စက်မှုလုပ်ငန်းများ ကိုကာကွယ် ရန်ဖြစ် သည်။ သမ္မတ ဂျိုးဘိုင်ဒင်သည် (၂၀၂၄) ခုနှစ် မေလတွင် ယင်းအချက်ကိုအလေးပေးပြောကြားခဲ့ရာ သံမဏိနှင့် အလူမီနီယမ်စက်မှုလုပ်ငန်းများတွင် တရုတ်၏ အလွန်အကျွံထုတ်လုပ်မှုကို တန်ပြန်သွားမည်ဖြစ်ကြောင်း၊ သန့်ရှင်းသော အမေရိကန်သံမဏိနှင့် အလူမီနီယမ်တို့တွင် ရင်းနှီးမြှုပ်နှံမှုအများအပြားပြု လုပ်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
(၂၀၂၅) ခုနှစ် ဇူလိုင်လတွင်ကျင်းပသော အာဆီယံဒေသဆိုင်ရာ ဖိုရမ် (ASEAN Regional Forum)တွင် နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိ(Wang Yi)က လုံခြုံရေးမူဘောင်အသစ်တစ်ခုကိုတင်ပြခဲ့သည်။ အဆိုပါမူဘောင်တွင် အားလုံးလွှမ်း ခြုံပြီး ပူးပေါင်းပါဝင်သော၊ ရေရှည်တည်တံ့သော လုံခြုံရေးအမြင်ကိုထိန်းသိမ်းရန်၊ ထိပ်တိုက်ရင်ဆိုင်မှုကိုကျော်လွန်၍ ဆွေးနွေးမှုကိုအလေးပေးသော၊ မဟာမိတ်ကိုကျော် လွန်၍ မိတ်ဖက်အားအလေးပေးသော၊ အရှုံး-အနိုင်ပြတ်သားသော (Zero Sum Game)ကိုကျော် လွန်၍ နှစ်ဖက်လုံးအရှုံးမရှိသည့်(Win−Win)အ ခြေအနေကိုအလေးပေးသော မျှတပြီး ရေရှည်တည် တံ့သည့်အဆောက်အအုံတစ်ခုကို တည်ဆောက်ရန်ဟူ၍ ဖော်ပြထားသည်။
အဆိုပါစကားလုံးများသည် တရုတ်၏လုပ်ရပ်များနှင့် ဝိဝါဒကွဲနေသည်ဟု ဝေဖန်ချက်များရှိသည်။ နိုင်ငံရေး သီအိုရီပညာရှင် John Mearsheimer က တရုတ်၏ တိုးတက်လာမှုသည် ‘ထိုးစစ်ဆန်သော လက်တွေ့ဝါဒ (offensive realism)’ ဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်း၏တိုးတက်လာမှုကို အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက် သည်ဟု ပုံဖော်သော်လည်း အမေရိကန်သည် ထရမ့်၏ မူဝါဒအောက်တွင် ၎င်းကိုတိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် သဘော ထားသည်။ အမေရိကန်သည် ဥရောပရှိ မဟာမိတ်များအတွက် ဖိအားပေးခြင်းဖြင့်အလုပ်ဖြစ်နေသည်။ သို့သော် ပိုမို ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာ့တောင်ခြမ်း နိုင်ငံများ(Global South)တွင်မူ အဆိုပါနည်းလမ်း မှာ အလုပ်မဖြစ်ပါ။
ထိန်းချုပ်မှုမှဖောက်ထွက်ခြင်းလော သို့မဟုတ် စည်းမျဉ်းများကို စမ်းသပ်ခြင်းလော
တရုတ်နိုင်ငံသည် ရေးဆွဲထားသောပုံစံများထက် ပိုမိုတည်ဆောက်ခဲ့ပြီးဖြစ်သည်။ မြန်မာမှတစ်ဆင့် ဖောက် လုပ်သည့်ပိုက်လိုင်းများမှသည် ကဘူးလ်ရှိ ရင်းနှီးမြှုပ်နှံမှုများအထိဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ အသက်သွေး ကြောများအပေါ် အမေရိကန်၏ ချုပ်ကိုင်မှုကိုဖြေလျှော့ရန်ရည်ရွယ်သည့်လမ်းကြောင်း ဒီဇိုင်းများကို တည်ဆောက်နေ ခြင်းဖြစ်သည်။ ယုတ္တိ ဗေဒအရလည်းရိုးရှင်းသည်။ မတူကွဲပြားသည့်လမ်း ကြောင်းများဖောက်လုပ်ပြီး အန္တရာယ် နည်း အောင် ပြုလုပ်နေခြင်းပင်ဖြစ်သည်။ အမေရိကန်၏ မည်သည့် ပိတ်ဆို့မှုမျိုးကိုမဆို ထိရောက်မှုနည်းပါးစေရန်ဖြစ် သည်။
သို့သော် စင်္ကြံလမ်းတိုင်းတွင် သူ့အခက်အခဲနှင့် သူရှိသည်။ ပါကစ္စတန်၏ မလုံခြုံမှု၊ အာဖဂန်နစ္စတန်၏ မတည်ငြိမ်မှု၊ ဘင်္ဂလားဒေ့ရှ်၏ ဟန်ချက်ညီအောင် ထိန်းညှိမှု၊ ကရားတူးမြောင်း၏ ကြီးမားသောကုန်ကျ စရိတ်စ သည်ဖြင့် အခက်အခဲများရှိနေကြောင်း မီးမောင်း ထိုးပြနေပါသည်။ တောင်အာရှဒေသတွင် တရုတ်၏ဖောက်ထွက်မှုမှာ မဟာဗျူဟာဖြစ်နိုင်သော်လည်း မတည်ငြိမ်မှုများရှိနေဆဲဖြစ်ရာ ခြွင်းချက်မရှိ ကောင်းမွန်နေခြင်းမျိုးကားမဟုတ်ပါ။ အမေရိကန်သည် ယခု အချိန်အတွက်မူ ပင်လယ်ပြင်စိုးမိုးနိုင်မှု အားသာချက်ကို ဆက်လက်ထိန်းထားဆဲဖြစ်သည်။ အင်ဒို-ပစိ ဖိတ်တစ်လျှောက်ရှိ ၎င်း၏ရေတပ်အုပ်စုများနှင့် အခြေစိုက်စခန်းများသည် မလက္ကာကိုစောင့်ကြည့်နေပြီး ရေကြောင်းစွမ်းအားသည် အမေရိကန်၏အနိုင်ဖဲ တစ်ချပ်ဖြစ်ကြောင်း တရုတ်နိုင်ငံအား သတိပေးနေပါ သည်။ သို့သော် တရုတ်နိုင်ငံသည် ကုန်းမြေပေါ်တွင် တစ်လှမ်းချင်းချီတက်နေပြီး တစ်နေ့တစ်ချိန်တွင် အ မေရိကန်အား မျှခြေချနိုင်မည့် အခင်းအကျင်းများနှင့် ဩဇာလွှမ်းမိုးမှုများကို ခပ်မြန်မြန်ပင်တည်ဆောက် နေပါသည်။ ပင်လယ်ပြင်ကိုထိန်းချုပ်ပြီး ဩဇာအာဏာကြီးထွားလာသည့် အမေရိကန်နှင့် ကုန်းမြေဧရိ ယာကိုအခြေပြုပြီး တိုးတက်လာနေသည့် တရုတ်နိုင်ငံ တို့ကြား ပြိုင်ဆိုင်မှုသည် ယခုမှ အစပင်ရှိပါသေး သည်။ တောင်အာရှဒေသသည်လည်း အိန္ဒိယ၏ နောက်ဖေးခြံ အဆင့်မျှသာမဟုတ်တော့ဘဲ အင်အား ကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုစစ်မျက်နှာ အသစ်တစ်ခု အဖြစ်ပြောင်းလဲလာ သည်ကို သတိချပ်သင့်သည်။

Zawgyi Version:
အေမရိကန္၏ ခ်ဳပ္ကိုင္မႈကေန တ႐ုတ္တို႔ မဟာဗ်ဴဟာေျမာက္ ေဖာက္ထြက္ႏိုင္ၿပီလား
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၂၄

တ႐ုတ္ႏွင့္အေမရိကန္တို႔အၾကား ၿပိဳင္ဆိုင္မႈသည္ ကမာၻလုံးဆိုင္ရာ ပထဝီႏိုင္ငံေရး၏ဝင္႐ိုးအျဖစ္ ေရာက္ရွိ လာၿပီး အင္ဒို-ပစိဖိတ္ေဒသတြင္ ပိုမိုျပင္းထန္လာသည္။ အေမရိကန္သည္ ေရတပ္မဟာဗ်ဴ ဟာပညာရွင္ Alfred Mahan ႏွင့္ Nicholas Spykman တို႔၏ သေဘာတရားမ်ားအတိုင္း လိုက္နာကာ ပင္လယ္ျပင္ကိုထိန္းခ်ဳပ္ၿပီး အင္အားႀကီး ေအာင္ျပဳလုပ္သည့္မဟာဗ်ဴဟာကို အေကာင္အထည္ေဖာ္ရန္ ႀကိဳးပမ္းလာခဲ့သည္။ ၎မွာ မည္သည့္ ကုန္းေျမအေျချပဳ အင္အားႀကီးႏိုင္ငံမွျပင္ပသို႔ ထိုးထြက္လာျခင္းႏွင့္ အေမရိကန္၏ကုန္သြယ္ေရးကို ၿခိမ္းေျခာက္လာျခင္းမွတားဆီးရန္ ယူေရးရွားပင္လယ္ ျပင္မ်ားႏွင့္ ကမ္း႐ိုးတန္းမ်ားကိုထိန္းခ်ဳပ္ထားျခင္း ပင္ျဖစ္သည္။
တ႐ုတ္ႏိုင္ငံအတြက္မူ အဆိုပါစိန္ေခၚမႈကိုေက်ာ္ လႊားရန္မွာ ေသေရးရွင္ေရးတမွ် အေရးႀကီးလွသည္။ လူဦးေရ (၁.၄) ဘီလ်ံရွိေသာႏိုင္ငံတစ္ႏိုင္ငံသည္ စြမ္းအင္ႏွင့္ ကုန္သြယ္စီးဆင္းမႈလုံၿခဳံေရးအေပၚ မွီခိုေနရသည္။ တ႐ုတ္ေခါင္း ေဆာင္မ်ားသည္ တ႐ုတ္ႏိုင္ငံ၏ ထိခိုက္လြယ္မႈကိုသိရွိၾကသည္။ ၎မွာ အေရးေပၚအေျခအေနတြင္ပိတ္ဆို႔ခံရႏိုင္သည့္ ပင္ လယ္ေရေၾကာင္းႏွင့္ ကုန္းတြင္းစႀကႍလမ္းမ်ားအေပၚ အလြန္အမင္းမွီခိုေနရျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံသည္ အဆိုပါအားနည္းခ်က္ကိုကာ ကြယ္ရန္လြန္ခဲ့သည့္ဆယ္စုႏွစ္အတြင္း ရည္မွန္းခ်က္ ႀကီးေသာ မဟာဗ်ဴဟာတစ္ရပ္ခ်မွတ္ခဲ့သည္။ ယင္းမွာ မတူကြဲျပားသည့္ ေထာက္ပံ့ေရးလမ္းေၾကာင္းမ်ား ဖန္တီးထားျခင္းႏွင့္ အေျခခံအေဆာက္အအုံ စီမံကိန္းႀကီးမ်ားမွတစ္ဆင့္ ဩဇာလႊမ္းမိုးမႈတည္ ေဆာက္ျခင္းတို႔ပင္ျဖစ္သည္။
ေတာင္အာရွသည္ ေတာင္တ႐ုတ္ပင္လယ္ထက္ သိသာမႈနည္းေသာ္လည္း မဟာဗ်ဴဟာအရ အေရးပါမႈမွာ မေလ်ာ့နည္းဘဲ တ႐ုတ္ႏိုင္ငံ၏ လမ္းေၾကာင္း မ်ိဳးစုံဖန္တီးျခင္းအစီအစဥ္၏ ဗဟိုခ်က္အျဖစ္ေပၚ ထြက္လာသည္။ ၎သည္ စီးပြားေရးအခြင့္အလမ္းမ်ားႏွင့္ ပထဝီႏိုင္ငံေရးအႏၲရာယ္ႏွစ္ခုလုံးကို ေပးစြမ္း ႏိုင္သည္။ တ႐ုတ္၏ရည္မွန္း ခ်က္သည္ ရွင္းလင္းသည္။ ယင္းမွာ အေမရိကန္၏ထိန္းခ်ဳပ္မႈမွ ႐ုန္းထြက္ ရန္ပင္ျဖစ္သည္။
မလကၠာအက်ပ္အတည္း
(၂၀ဝ၃) ခုႏွစ္ ႏိုဝင္ဘာလတြင္ ထိုစဥ္ကသမၼတ ဟူက်င္ေတာင္က အင္အားႀကီးႏိုင္ငံအခ်ိဳ႕သည္ မလကၠာေရ လက္ၾကား ျဖတ္သန္းသြားလာမႈကို အစဥ္အၿမဲက်ဴးေက်ာ္ၿပီး ထိန္းခ်ဳပ္ရန္ႀကိဳးစားေနၾကသည္ ဟုသတိေပးခဲ့သည္။ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာ ၿပီးေနာက္တြင္ပင္ ၎၏သတိေပးစကားမ်ားသည္ တ႐ုတ္၏ အနက္ရႈိင္းဆုံး မဟာဗ်ဴ ဟာဆိုင္ရာ စိုးရိမ္ ပူပန္မႈကို ယေန႔အထိတိုင္ ထင္ဟပ္ေနဆဲျဖစ္သည္။
မလကၠာေရလက္ၾကားသည္ ကမာၻ႔အေရးပါဆုံး ေရေၾကာင္းပိတ္ဆို႔ႏိုင္သည့္ေနရာမ်ားထဲမွ တစ္ခုျဖစ္သည္။ မေလးကြၽန္းဆြယ္၊ စင္ကာပူႏွင့္ အင္ဒိုနီးရွား ႏိုင္ငံဆူမားၾတားအၾကား (၈၀၅)ကီလိုမီတာရွည္လ်ားၿပီး အက်ဥ္းဆုံး ေနရာတြင္ (၂.၈)ကီလိုမီတာသာက်ယ္ဝန္းသည္။ အျပည္ျပည္ဆိုင္ရာ ေရေၾကာင္းအဖြဲ႕အစည္း(IMO)၏စာရင္းအရ တစ္ႏွစ္လွ်င္ သေဘၤာစင္းေရ (၆၀,ဝဝဝ)ေက်ာ္ျဖတ္သန္းသြားလာေနၿပီး ကမာၻ႔ေရေၾကာင္းကုန္သြယ္ေရး၏ ေလးပုံတစ္ပုံ နီးပါးကို သယ္ယူပို႔ေဆာင္ေပးသည္။ Rystad Energy အဖြဲ႕၏စာရင္းမ်ားအရ (၂၀၂၃)ခုႏွစ္ တစ္ခုတည္းမွာပင္ အဆိုပါေရ လက္ၾကားမွ ေရနံစိမ္းႏွင့္ သဘာဝဓာတ္ ေငြ႕ရည္ (LNG) တစ္ေန႔လွ်င္ စည္ (၂၄) သန္းခန႔္ သယ္ေဆာင္ခဲ့ၿပီး ထိုအထဲမွ အမ်ားစုကို တ႐ုတ္ႏိုင္ငံ သို႔ပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္။
မလကၠာေရလက္ၾကားသည္ တ႐ုတ္ႏိုင္ငံအတြက္ မရွိမျဖစ္လိုအပ္သည့္အျပင္ အႏၲရာယ္မ်ားၿပီး ထိလြယ္ရွလြယ္ ေနရာလည္းျဖစ္ေနျပန္သည္။ US Energy Information Administration ၏ ထုတ္ျပန္ခ်က္အရ တ႐ုတ္ႏိုင္ငံသည္ ေရနံစိမ္း (၇၃%) ႏွင့္ LNG (၄၀%) ကို အဆိုပါတစ္ခုတည္း ေသာလမ္းေၾကာင္းမွတစ္ဆင့္ ဆက္လက္သယ္ယူေန ဆဲျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ယင္းကဲ့သို႔ တစ္ေနရာတည္းမွ စုၿပဳံသယ္ယူေနျခင္းေၾကာင့္ တစ္ခ်ိန္တည္းတြင္ အႏၻရာယ္မ်ားစြာႏွင့္ ရင္ဆိုင္ေနရသည္။ ပဋိပကၡတစ္ခုအတြင္း ပိတ္ဆို႔ခံရႏိုင္ျခင္း၊ ပင္လယ္ ဓားျပရန္ ႀကဳံေတြ႕ရႏိုင္ျခင္း၊ ကမ္း႐ိုးတန္းႏိုင္ငံမ်ား၏ ႏိုင္ငံေရးဖိအားေပးမႈ သို႔မဟုတ္ ေဒသတြင္း အေမရိကန္ စစ္ေရးမဟာမိတ္တို႔၏ ဖိအားေပးမႈစ သည္တို႔ ကို ရင္ဆိုင္ရႏိုင္သည္။
အေမရိကန္ႏိုင္ငံသည္ ၎ကို ေရေၾကာင္းသြားလာမႈ လြတ္လပ္ခြင့္အာမခံျခင္းရည္မွန္းခ်က္အျဖစ္ ပုံေဖာ္ေသာ္ လည္း တ႐ုတ္ႏိုင္ငံက ယင္းကို ၎၏အသက္ေသြးေၾကာကိုခ်ဳပ္ကိုင္ရန္ႀကိဳးပမ္းမႈအျဖစ္ ရႈျမင္ထားသည္။ မလကၠာကို ျဖတ္သန္းေသာ ေရနံပမာ ဏသည္ ကမာၻ႔ဝယ္လိုအား၏ ေလးပုံတစ္ပုံခန႔္ရွိသည္။ တ႐ုတ္ႏိုင္ငံအတြက္မူ အဆိုပါလမ္း ေၾကာင္းအေပၚ မွီခိုအားထားမႈကိုေလွ်ာ့ခ်ျခင္းသည္ မဟာဗ်ဴဟာမွ် သာမဟုတ္ ၎၏ရွင္သန္မႈအတြက္ျဖစ္သည္။
တ႐ုတ္၏တုံ႔ျပန္မႈ
မလကၠာအက်ပ္အတည္းအေပၚ တ႐ုတ္ႏိုင္ငံ၏ ေျဖရွင္းခ်က္မွာ ပိုးလမ္းမစီမံကိန္း (Belt and Road Initiative-BRI) ျဖစ္သည္။ (၂၀၁၃) ခုႏွစ္တြင္စတင္ခဲ့ၿပီး ယခုအခါ ႀကီးမားေသာရင္းႏွီးျမႇဳပ္ႏွံမႈစီး ဆင္းမႈမ်ား၏ ေက်ာေထာက္ ေနာက္ခံျဖင့္ ႏိုင္ငံေပါင္း (၁၅၀) ေက်ာ္အထိ က်ယ္ျပန႔္လာခဲ့သည္။
Green Finance & Development Center အရ (၂၀၂၅)ခုႏွစ္၏ ပထမႏွစ္ဝက္တစ္ခုတည္းမွာ ပင္ တ႐ုတ္၏ စာခ်ဳပ္မ်ားႏွင့္ သေဘာတူညီခ်က္မ်ားသည္ ေဒၚလာ (၁၂၄) ဘီလ်ံအထိ စံခ်ိန္တင္ျမင့္တက္လာခဲ့သည္။ ထိုထဲမွ ေဒၚလာ (၆၆.၂) ဘီလ်ံကို ဆိပ္ကမ္းမ်ား၊ ပိုက္လိုင္းမ်ား၊ အေဝးေျပးလမ္းမမ်ား စသည့္ အေျခခံအေဆာက္အအုံစီမံကိန္းမ်ားတြင္ သုံးစြဲခဲ့ၿပီး က်န္ေဒၚလာ (၅၇.၁) ဘီလ်ံမွာ စြမ္းအင္၊ နည္းပညာႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားခဲ့သည္။
စြမ္းအင္သည္ ဗဟိုခ်က္ျဖစ္သည္။ (၂၀၂၅) ခုႏွစ္တြင္ ေဒၚလာ (၄၂) ဘီလ်ံေက်ာ္သုံးစြဲခဲ့ရာ အမ်ားစုမွာ ေရနံႏွင့္ ဓာတ္ေငြ႕အတြက္ျဖစ္ေသာ္လည္း ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္အတြက္ သုံးစြဲသည့္အခ်ိဳး အစားလည္းတိုးလာသည္။ ေလအားႏွင့္ ေနေရာင္ ျခည္စီမံကိန္းမ်ားတြင္ ေဒၚလာ (၁၀) ဘီလ်ံနီးပါးသုံး စြဲခဲ့ရာ တပ္ဆင္ၿပီးစြမ္းရည္မွာ (၁၂) ဂစ္ဂါဝပ္ (gigawatts) နီးပါးအထိရွိလာခဲ့သည္။ ၎သည္ ယုံၾကည္စိတ္ခ်ရေသာေထာက္ပံ့မႈမ်ားကို လုံၿခဳံေစျခင္းႏွင့္ တစ္ခ်ိန္ တည္းတြင္ စိမ္းလန္းေသာ ေ႐ြးခ်ယ္ စရာမ်ားသို႔ သတိထား၍ခ်ဲ႕ထြင္ျခင္းဟူသည့္ တ႐ုတ္ ႏိုင္ငံ၏ ရည္မွန္းခ်က္ ႏွစ္ရပ္ကို ေရာင္ျပန္ဟပ္ေစသည္။ လမ္းၫႊန္မႈနိယာမမွာ ႐ိုးရွင္းသည္။ ယင္းမွာ မတူကြဲျပားေအာင္ လုပ္ေဆာင္ျခင္းပင္ျဖစ္သည္။
တ႐ုတ္ေခါင္းေဆာင္မ်ားသည္ အဆိုပါ ႀကိဳးပမ္းမႈကို အရႈံးအႏိုင္ ျပတ္သားသည့္ (zero-sum Game) စိန္ေခၚမႈ မဟုတ္ဘဲ ပူးေပါင္းေဆာင္႐ြက္မႈ အျမင္အျဖစ္တင္ျပၾကသည္။ (၂၀၂၅) ခုႏွစ္တြင္က်င္းပသည့္ (Annual Meeting of New Champions) ၌ ဝန္ႀကီးခ်ဳပ္ လီခ်န္ (Li Qiang)က တ႐ုတ္လူမ်ိဳးမ်ားသည္ သဟဇာတျဖစ္ျခင္းက စီးပြားေရး ေကာင္းေစသည္ဟုေျပာဆိုခဲ့သည္။ ကမာၻေပၚရွိ ႏိုင္ငံ၊ ေဒသအားလုံးနီးပါးႏွင့္ စီးပြားေရးႏွင့္ကုန္သြယ္ေရး ဖလွယ္ မႈမ်ားရွိသည္။ အ႐ြယ္အစား၊ စနစ္ သို႔မဟုတ္ ယဥ္ေက်းမႈ မည္သို႔ပင္ကြာျခားေစကာမူ မိတ္ဖက္အားလုံးကို တန္းတူ ဆက္ဆံကာ၊ WTO နိယာမမ်ားႏွင့္အညီ ေဆြးေႏြးညႇိႏႈိင္းမႈမွတစ္ဆင့္ သေဘာထားကြဲလြဲမႈမ်ားကို စီမံခန႔္ခြဲရန္ႏွင့္ သေဘာတူညီခ်က္မ်ားကိုခ်ဲ႕ထြင္ရန္ ၎တို႔ႏွင့္အတူ လက္တြဲလုပ္ေဆာင္ေနေၾကာင္း ေျပာဆိုခဲ့သည္။
အဆိုပါစကားလုံးမ်ား၏ေနာက္ကြယ္တြင္ ရွင္းလင္းေသာ မဟာဗ်ဴဟာဆိုင္ရာ ယုတၱိေဗဒတစ္ရပ္ရွိေနပါသည္။ ထို႔ျပင္ အျခားေ႐ြးခ်ယ္စရာလမ္းေၾကာင္းမ်ား တည္ေဆာက္ျခင္း၊ ပိတ္ဆို႔ႏိုင္သည့္ေနရာမ်ားတြင္ ထိေတြ႕မႈေလွ်ာ့ခ် ျခင္းႏွင့္ အေျခခံအေဆာက္အအုံမွတစ္ဆင့္ ေရရွည္ဩဇာလႊမ္းမိုးမႈဖန္တီးျခင္း တို႔ျဖစ္သည္။ တ႐ုတ္၏ ကမာၻ႔ေငြေၾကး ထိပ္တန္းေလ့ လာသုံးသပ္သူ ပါေမာကၡ Christoph Nedopil က (၂၀၂၅) ခုႏွစ္ကို အလွည့္အေျပာင္းကာလအျဖစ္ ရႈျမင္သည္ ။ (၂၀၂၅) ခုႏွစ္တြင္ တ႐ုတ္၏ စံခ်ိန္တင္ BRI ခ်ိတ္ဆက္ေဆာင္႐ြက္မႈသည္ စြမ္းအင္၊ သတၱဳတြင္းႏွင့္ နည္း ပညာျမင့္ ကုန္ထုတ္လုပ္ငန္းမ်ားကဲ့သို႔ အေရးပါေသာက႑မ်ားသို႔ ျပန္လည္တြန္းအားေပးမႈကို ေရာင္ျပန္ဟပ္သည္။ တ႐ုတ္ႏိုင္ငံသည္ ေျပာင္းလဲေနေသာ ကမာၻ႔စီးပြားေရးတြင္ အနာဂတ္ယွဥ္ၿပိဳင္ ႏိုင္စြမ္းႏွင့္ ေထာက္ပံ့ေရးကြင္းဆက္ ခံႏိုင္ရည္ရွိမႈကို လုံၿခဳံေစရန္ ၎၏စက္မႈလုပ္ငန္းခြန္အားမ်ားကို အသုံးခ်ေနျခင္းပင္ျဖစ္သည္။
ကုန္းေျမမွတစ္ဆင့္ ေဖာက္ထြက္ျခင္း
မလကၠာေရလက္ၾကားသည္ တ႐ုတ္ႏိုင္ငံ၏ အားနည္းခ်က္ျဖစ္ပါက ေတာင္အာရွသည္ ၎ကို ေက်ာ္လႊားရန္ နည္းလမ္းတစ္ခုပင္ျဖစ္သည္။ အိႏၵိယ၏ မဟာဗ်ဴဟာေျမာက္ ေနာက္ေဖးၿခံအျဖစ္ ကာလ ၾကာျမင့္စြာကတည္းက ရႈျမင္ခံရေသာ အဆိုပါေဒသသည္ ယခုအခါတ႐ုတ္၏ခ်ဥ္းကပ္မႈျဖင့္ ပုံစံေျပာင္းလဲလာသည္။ တ႐ုတ္ႏိုင္ငံသည္ ဆိပ္ ကမ္းမ်ား၊ ပိုက္လိုင္းမ်ားႏွင့္ စႀကႍလမ္းမ်ားတည္ေဆာက္ျခင္းမွ တစ္ဆင့္ မလကၠာႏွင့္ အေမရိကန္ေရတပ္၏ စြမ္းအား ႏွစ္ခု လုံးကို ေရွာင္ကြင္းႏိုင္သည့္လမ္းေၾကာင္းမ်ား တည္ေဆာက္ေနသည္။
ပါကစၥတန္- အာေရးဗ်ပင္လယ္သို႔ တံခါးေပါက္
ယင္းမဟာဗ်ဴဟာ၏ ဗဟိုခ်က္တြင္ ပါကစၥတန္ရွိေနသည္။ ေဒၚလာ (၆၂)ဘီလ်ံေက်ာ္တန္ဖိုးရွိသည့္ တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ (China–Paki­s­tan Economic Corridor-CPEC)သည္ အာေရး ဗ်ပင္လယ္ရွိ (Gwadar) ဆိပ္ကမ္းကို တ႐ုတ္၏ အေနာက္ဘက္ ရွင္က်န္း (Xinjiang) ျပည္နယ္ႏွင့္ ခ်ိတ္ဆက္ထားသည္။ ၎သည္ ေရနံ ဓာတ္ေငြ႕ႏွင့္ကုန္သြယ္စီးဆင္းမႈမ်ားအတြက္ တ႐ုတ္ႏိုင္ငံကိုတိုက္ ႐ိုက္ထြက္ေပါက္ေပးသည့္ အထိေရာက္ဆုံး ကုန္းေျမ အေျချပဳေ႐ြးခ်ယ္စရာတစ္ခု ျဖစ္လာသည္။
သို႔ေသာ္ အဆိုပါလမ္းေၾကာင္းတြင္လည္း အႏၲရာယ္မ်ားရွိေနသည္။ ပါကစၥတန္သည္လည္း တ႐ုတ္၏ အက်ိဳး စီးပြားမ်ားကို ပစ္မွတ္ထားေသာ အၾကမ္းဖက္မႈမ်ားႏွင့္ရင္ဆိုင္ေနရသည္။ Balochistan Liberation Army ဆိုသည့္အဖြဲ႕ သည္ (၂၀၁၈) ခုႏွစ္တြင္ ကရာခ်ိရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို တိုက္ ခိုက္ခဲ့သည္။ (၂၀၂၁) ခုႏွစ္တြင္ ပါကစၥတန္ႏိုင္ငံ Quetta ၿမိဳ႕တြင္ တ႐ုတ္သံအမတ္တည္းခိုရာဟိုတယ္တြင္ ကားဗုံးေပါက္ကြဲခဲ့သည္။ တ႐ုတ္အင္ဂ်င္နီယာမ်ားႏွင့္ အလုပ္သမားမ်ားသယ္ယူပို႔ေဆာင္သည့္ ဘတ္စကားမ်ားကိုလည္း အႀကိမ္ႀကိမ္ ပစ္မွတ္ထားခံ ခဲ့ရသည္။
အၾကမ္းဖက္သမားမ်ားသည္ (၂၀၂၄) ခုႏွစ္တြင္ န်ဴကလီးယားစက္႐ုံမ်ားမွ ေရအားလွ်ပ္စစ္စက္႐ုံမ်ား အထိ အေရးပါသည့္အေျခခံအေဆာက္အအုံ စီမံကိန္းမ်ားကိုပင္တိုက္ခိုက္ခဲ့ရာ ယာယီရပ္ဆိုင္းမႈမ်ား ျဖစ္ေစခဲ့သည္။ လုံၿခဳံေရး သည္ CPEC ၏ အဓိက အားနည္းခ်က္အျဖစ္ ရွိေနဆဲျဖစ္သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ ေနာက္ဆုတ္မည့္ အရိပ္အေယာင္ မျပပါ။ စြမ္းအင္သည္ ၎၏အသက္ေသြးေၾကာျဖစ္ရာ ေရွ႕သို႔သာ ဆက္၍ခ်ီတက္ေနပါသည္။
လစ္သီယမ္၏ ေဆာ္ဒီအာေရဗ်
အာဖဂန္နစၥတန္ႏိုင္ငံသည္လည္း အေမရိကန္တပ္ဖြဲ႕မ်ား ထြက္ခြာသြားၿပီးေနာက္တြင္ တ႐ုတ္၏ မဟာဗ်ဴဟာ ေျမာက္ ေျမပုံေပၚသို႔ ျပန္လည္ေရာက္ရွိ လာခဲ့သည္။ လီသီယမ္၊ ေၾကးနီ၊ ေျမရွား စသည့္ ေဒၚလာ (၁) ထရီလ်ံေက်ာ္ တန္ဖိုးရွိသည္ဟု ခန႔္မွန္းရေသာ တြင္းထြက္သယံဇာတမ်ား ပိုင္ဆိုင္ထားသည့္ ႏိုင္ငံလည္း ျဖစ္သည္။ (၂၀၁၀) ျပည့္ႏွစ္ ပင္တဂြန္၏ မွတ္တမ္းတစ္ခုတြင္ အာဖဂန္နစၥတန္ကို လီသီယမ္၏ ေဆာ္ဒီအာေရးဗ်ဟုပင္ တင္စားေခၚဆိုခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ (၂၀၂၅) ခုႏွစ္တြင္ ကာဘူးလ္ရွိ ၎၏သံ႐ုံးကို ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ေရရွည္တည္ ရွိမႈ အတြက္ ၎၏ရည္႐ြယ္ခ်က္ကို ေဖာ္ျပခဲ့သည္။ တြက္ခ်က္မႈမွာ ရွင္းလင္းသည္။ ေဒသတြင္း စီးပြားေရးထဲသို႔ အာဖဂန္နစၥ တန္ကို တျဖည္းျဖည္း ျပန္လည္ ေပါင္းစည္းေနစဥ္တြင္ အေရးပါေသာ တြင္းထြက္ ပစၥည္းမ်ားရယူသုံးစြဲခြင့္ကို လုံၿခဳံေစ ျခင္းျဖစ္သည္။ သို႔ေသာ္ အႏၲရာယ္မ်ားမွာလည္းရွိေနဆဲျဖစ္သည္။ ႏိုင္ငံေရး မတည္ၿငိမ္မႈ၊ လုံၿခဳံေရးက်ိဳး ေပါက္ လြယ္မႈႏွင့္ အေမရိကန္၊ တ႐ုတ္ႏွင့္႐ုရွားတို႔ ပါဝင္ပတ္သက္လာသည့္ (Great Game) တစ္ခု ျပန္လည္စတင္လာ ျခင္းပင္ျဖစ္သည္။
ဘဂၤလားေဒ့ရွ္- တိတ္ဆိတ္စြာ ပုံစံေျပာင္းလဲျခင္း
သမိုင္းေၾကာင္းအရ အိႏၵိယႏွင့္ ပိုမိုနီးစပ္ေသာ ဘဂၤလားေဒ့ရွ္သည္ တ႐ုတ္ႏိုင္ငံဘက္သို႔ ရင္းႏွီးျမႇဳပ္ႏွံ မႈေ႐ြ႕လ်ား ေနသည္။ တ႐ုတ္ႏိုင္ငံသည္ ေခ်းေငြ၊ အေထာက္အပံ့ႏွင့္ တိုက္႐ိုက္စီမံကိန္းမ်ားအတြက္ ေဒၚလာ (၂.၁) ဘီလ်ံေက်ာ္ သုံးစြဲခဲ့သည္။ ၎တို႔ထဲတြင္ ႏိုင္ငံ၏ ဒုတိယအစည္ကားဆုံး ဆိပ္ကမ္းျဖစ္ေသာ မြန္ဂလာဆိပ္ကမ္း (Mongla Port) ကို ေခတ္မီ ေအာင္လုပ္ေဆာင္ရန္ ကတိျပဳထားသည့္ ေဒၚလာ သန္း (၄၀ဝ) ပါဝင္သည္။ တ႐ုတ္ကုမၸဏီ (၃၀) နီးပါးက ေဒၚလာ (၁) ဘီလ်ံခန႔္ ရင္းႏွီးျမႇဳပ္ႏွံမည္ဟု ကတိ ျပဳထားသည့္ တ႐ုတ္စက္မႈစီးပြားေရးဇုန္အသစ္ အတြက္ ေဒၚလာ သန္း (၃၅၀) လည္း ပါဝင္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ၎၏ စီးပြားေရးေျမပုံကိုလည္း ပုံစံျပန္ဆြဲေနသည္။ ေနာက္ကြယ္ တြင္ ႏိုင္ငံေရးဦး တည္ခ်က္လည္း ရွိေနႏိုင္သည္။
အျခားစႀကႍလမ္းမ်ား
တ႐ုတ္ႏိုင္ငံသည္ ေနာက္ထပ္ လမ္းေၾကာင္းမ်ား ကိုပါ ရွာေဖြေနသည္။ ျမန္မာႏိုင္ငံတြင္ တ႐ုတ္-ျမန္မာ စႀကႍလမ္းသည္ ရခိုင္ျပည္နယ္ရွိ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းႏွင့္ ယူနန္ျပည္နယ္သို႔ျဖတ္၍ ဆက္သြယ္ထားေသာ (၇၇၀) ကီလိုမီတာ ရွည္လ်ားသည့္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းျဖစ္သည္။ ထိုင္း ႏိုင္ငံတြင္ အဆိုျပဳထားသည့္ ကရားတူးေျမာင္း (Kra Canal)သည္ မလကၠာကို လုံးဝေရွာင္ကြင္းႏိုင္ေသာ္လည္း စင္ကာပူႏွင့္ အိႏၵိယတို႔၏ ျပင္းထန္ ေသာ ဆန႔္က်င္မႈအျပင္ ေဒၚလာ (၂၈) ဘီလ်ံႏွင့္ (၃၆) ဘီလ်ံၾကား ကုန္က်ႏိုင္သည့္ ႀကီးမားေသာ တည္ေဆာက္ ေရးစရိတ္မ်ားလည္း ရွိေနပါသည္။
ထို႔အတူ ဘဂၤလားေဒ့ရွ္-တ႐ုတ္-အိႏၵိယ-ျမန္မာစီးပြားေရးစႀကႍ (BCIM - EC) ကိုလည္း အေကာင္အထည္ေဖာ္ရန္ ႀကိဳးပမ္းေနသည္။ အိႏၵိယႏွင့္ ႏိုင္ငံေရးၿပိဳင္ဆိုင္မႈေၾကာင့္ တိုးတက္မႈအေပၚ အဟန႔္အတားျဖစ္ေစေသာ္လည္း တ႐ုတ္-အိႏၵိယ တင္းမာ မႈမ်ားျမင့္တက္လာျခင္းသည္ပင္ အဆိုပါ စႀကႍလမ္း အား ပို၍ပင္ အေကာင္အထည္ေဖာ္ႏိုင္ေျခရွိသည္။
ေတာင္အာရွတစ္ေလွ်ာက္ရွိ ႏိုင္ငံမ်ားသည္ တ႐ုတ္ႏွင့္ ၎တို႔၏စီးပြားေရး အက်ိဳးစီးပြားအရ တြက္ေျခ ကိုက္ေန ၾကေသာ္လည္း ပို၍ပင္ မတည္မၿငိမ္ျဖစ္ေနသည့္ပတ္ဝန္းက်င္တြင္ အခ်ဳပ္အျခာ အာဏာႏွင့္ပတ္သက္၍ သတိထားေန ၾကသည္။
စင္ကာပူသံတမန္ေဟာင္း Bilahari Kausi- kan က ၎၏ ASEAN & US-China Comp- etition in Southeast Asia ေဟာေျပာပြဲတြင္ “နယ္နိမိတ္ေဒသမ်ားႏွင့္ မဟာဗ်ဴဟာေျမာက္ ပင္လယ္ေရေၾကာင္းလမ္းမ်ားသည္ အၿမဲတမ္း အျငင္း ပြားဖြယ္ရာမ်ားျဖစ္သည္။ အေမရိကန္-တ႐ုတ္ ၿပိဳင္ ဆိုင္မႈသည္ ေနာက္ဆုံးေပၚျဖစ္ရပ္တစ္ခုသာ ျဖစ္သည္။ အင္အားႀကီးႏိုင္ငံမ်ား၏ အက်ိဳးစီးပြားမ်ားသည္ တစ္ခ်ိန္က အာရွ၏ ေဘာ္လ္ကန္ (Balkans of Asia) ဟု အမည္ေပးခံခဲ့ရသည့္ အေရွ႕ေတာင္အာရွ တြင္ အၿမဲတမ္းဆုံမွတ္ျဖစ္ခဲ့သည္”ဟု မွတ္ခ်က္ေပးခဲ့သည္။
ပိုမိုက်ယ္ျပန႔္ေသာ ရင္ဆိုင္မႈ
တ႐ုတ္ႏိုင္ငံအေနျဖင့္ ေတာင္အာရွေဒသတြင္ လမ္းေၾကာင္းတစ္ခုေ႐ြးခ်ယ္လာျခင္းသည္ ၾကမ္းတမ္းေသာ ေနာက္ခံအေျခအေနတစ္ခုေၾကာင့္ျဖစ္သည္။ ၎မွာ အေမရိကန္ျပည္ေထာင္စု၊ စီးပြားေရးႏွင့္ နည္းပညာဆိုင္ရာ ရင္ဆိုင္မႈတိုးလာျခင္းတို႔ ေၾကာင့္ျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ အခက္အခဲမ်ား ၾကားမွ (၂၀၂၅) ခုႏွစ္အတြင္း (၅%) အထိ တိုးတက္ရန္ ရည္မွန္းထားသည္။ သို႔ေသာ္ အေမရိကန္ႏိုင္ငံမွာမူ တ႐ုတ္ႏိုင္ငံကို ဆက္၍ဖိအားေပးထားသည္။ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ကုန္စည္မ်ားအေပၚ ႀကီးမားေသာအခြန္အေကာက္မ်ား ခ်မွတ္ခဲ့ၿပီး တစ္ ခ်ိန္တည္းမွာပင္ တစ္ပိုင္းလွ်ပ္ကူးမ်ားႏွင့္ လွ်ပ္စစ္ ကားလုပ္ငန္းမ်ားမွာလည္း တင္းၾကပ္ေသာအတားအ ဆီးမ်ားႏွင့္ရင္ဆိုင္ေနရသည္။ အေမရိကန္၏ရည္မွန္းခ်က္မွာ တ႐ုတ္၏တိုးတက္လာမႈကို ထိန္းခ်ဳပ္ရန္ႏွင့္ အေမရိကန္စက္မႈလုပ္ငန္းမ်ား ကိုကာကြယ္ ရန္ျဖစ္ သည္။ သမၼတ ဂ်ိဳးဘိုင္ဒင္သည္ (၂၀၂၄) ခုႏွစ္ ေမလတြင္ ယင္းအခ်က္ကိုအေလးေပးေျပာၾကားခဲ့ရာ သံမဏိႏွင့္ အလူမီနီယမ္စက္မႈလုပ္ငန္းမ်ားတြင္ တ႐ုတ္၏ အလြန္အကြၽံထုတ္လုပ္မႈကို တန္ျပန္သြားမည္ျဖစ္ေၾကာင္း၊ သန႔္ရွင္းေသာ အေမရိကန္သံမဏိႏွင့္ အလူမီနီယမ္တို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားအျပားျပဳ လုပ္ေနေၾကာင္း ထည့္သြင္း ေျပာဆိုခဲ့သည္။
(၂၀၂၅) ခုႏွစ္ ဇူလိုင္လတြင္က်င္းပေသာ အာဆီယံေဒသဆိုင္ရာ ဖိုရမ္ (ASEAN Regional Forum)တြင္ ႏိုင္ငံျခား ေရးဝန္ႀကီး ဝမ္ယိ(Wang Yi)က လုံၿခဳံေရးမူေဘာင္အသစ္တစ္ခုကိုတင္ျပခဲ့သည္။ အဆိုပါမူေဘာင္တြင္ အားလုံးလႊမ္း ၿခဳံၿပီး ပူးေပါင္းပါဝင္ေသာ၊ ေရရွည္တည္တံ့ေသာ လုံၿခဳံေရးအျမင္ကိုထိန္းသိမ္းရန္၊ ထိပ္တိုက္ရင္ဆိုင္မႈကိုေက်ာ္လြန္၍ ေဆြးေႏြးမႈကိုအေလးေပးေသာ၊ မဟာမိတ္ကိုေက်ာ္ လြန္၍ မိတ္ဖက္အားအေလးေပးေသာ၊ အရႈံး-အႏိုင္ျပတ္သားေသာ (Zero Sum Game)ကိုေက်ာ္ လြန္၍ ႏွစ္ဖက္လုံးအရႈံးမရွိသည့္(Win−Win)အ ေျခအေနကိုအေလးေပးေသာ မွ်တၿပီး ေရရွည္တည္ တံ့သည့္အေဆာက္အအုံတစ္ခုကို တည္ေဆာက္ရန္ဟူ၍ ေဖာ္ျပထားသည္။
အဆိုပါစကားလုံးမ်ားသည္ တ႐ုတ္၏လုပ္ရပ္မ်ားႏွင့္ ဝိဝါဒကြဲေနသည္ဟု ေဝဖန္ခ်က္မ်ားရွိသည္။ ႏိုင္ငံေရး သီအိုရီပညာရွင္ John Mearsheimer က တ႐ုတ္၏ တိုးတက္လာမႈသည္ ‘ထိုးစစ္ဆန္ေသာ လက္ေတြ႕ဝါဒ (offensive realism)’ ျဖစ္သည္ဟု ဆိုသည္။ တ႐ုတ္ႏိုင္ငံသည္ ၎၏တိုးတက္လာမႈကို အားလုံးပါဝင္ၿပီး ပူးေပါင္းေဆာင္႐ြက္ သည္ဟု ပုံေဖာ္ေသာ္လည္း အေမရိကန္သည္ ထရမ့္၏ မူဝါဒေအာက္တြင္ ၎ကိုတိုက္႐ိုက္ၿခိမ္းေျခာက္မႈအျဖစ္ သေဘာ ထားသည္။ အေမရိကန္သည္ ဥေရာပရွိ မဟာမိတ္မ်ားအတြက္ ဖိအားေပးျခင္းျဖင့္အလုပ္ျဖစ္ေနသည္။ သို႔ေသာ္ ပိုမို ဘက္ေပါင္းစုံပါဝင္ေသာ ကမာၻ႔ေတာင္ျခမ္း ႏိုင္ငံမ်ား(Global South)တြင္မူ အဆိုပါနည္းလမ္း မွာ အလုပ္မျဖစ္ပါ။
ထိန္းခ်ဳပ္မႈမွေဖာက္ထြက္ျခင္းေလာ သို႔မဟုတ္ စည္းမ်ဥ္းမ်ားကို စမ္းသပ္ျခင္းေလာ
တ႐ုတ္ႏိုင္ငံသည္ ေရးဆြဲထားေသာပုံစံမ်ားထက္ ပိုမိုတည္ေဆာက္ခဲ့ၿပီးျဖစ္သည္။ ျမန္မာမွတစ္ဆင့္ ေဖာက္ လုပ္သည့္ပိုက္လိုင္းမ်ားမွသည္ ကဘူးလ္ရွိ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအထိျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ၎၏ အသက္ေသြး ေၾကာမ်ားအေပၚ အေမရိကန္၏ ခ်ဳပ္ကိုင္မႈကိုေျဖေလွ်ာ့ရန္ရည္႐ြယ္သည့္လမ္းေၾကာင္း ဒီဇိုင္းမ်ားကို တည္ေဆာက္ေန ျခင္းျဖစ္သည္။ ယုတၱိ ေဗဒအရလည္း႐ိုးရွင္းသည္။ မတူကြဲျပားသည့္လမ္း ေၾကာင္းမ်ားေဖာက္လုပ္ၿပီး အႏၲရာယ္ နည္း ေအာင္ ျပဳလုပ္ေနျခင္းပင္ျဖစ္သည္။ အေမရိကန္၏ မည္သည့္ ပိတ္ဆို႔မႈမ်ိဳးကိုမဆို ထိေရာက္မႈနည္းပါးေစရန္ျဖစ္ သည္။
သို႔ေသာ္ စႀကႍလမ္းတိုင္းတြင္ သူ႔အခက္အခဲႏွင့္ သူရွိသည္။ ပါကစၥတန္၏ မလုံၿခဳံမႈ၊ အာဖဂန္နစၥတန္၏ မတည္ၿငိမ္မႈ၊ ဘဂၤလားေဒ့ရွ္၏ ဟန္ခ်က္ညီေအာင္ ထိန္းညႇိမႈ၊ ကရားတူးေျမာင္း၏ ႀကီးမားေသာကုန္က် စရိတ္စ သည္ျဖင့္ အခက္အခဲမ်ားရွိေနေၾကာင္း မီးေမာင္း ထိုးျပေနပါသည္။ ေတာင္အာရွေဒသတြင္ တ႐ုတ္၏ေဖာက္ထြက္မႈမွာ မဟာဗ်ဴဟာျဖစ္ႏိုင္ေသာ္လည္း မတည္ၿငိမ္မႈမ်ားရွိေနဆဲျဖစ္ရာ ႁခြင္းခ်က္မရွိ ေကာင္းမြန္ေနျခင္းမ်ိဳးကားမဟုတ္ပါ။ အေမရိကန္သည္ ယခု အခ်ိန္အတြက္မူ ပင္လယ္ျပင္စိုးမိုးႏိုင္မႈ အားသာခ်က္ကို ဆက္လက္ထိန္းထားဆဲျဖစ္သည္။ အင္ဒို-ပစိ ဖိတ္တစ္ေလွ်ာက္ရွိ ၎၏ေရတပ္အုပ္စုမ်ားႏွင့္ အေျခစိုက္စခန္းမ်ားသည္ မလကၠာကိုေစာင့္ၾကည့္ေနၿပီး ေရေၾကာင္းစြမ္းအားသည္ အေမရိကန္၏အႏိုင္ဖဲ တစ္ခ်ပ္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံအား သတိေပးေနပါ သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ ကုန္းေျမေပၚတြင္ တစ္လွမ္းခ်င္းခ်ီတက္ေနၿပီး တစ္ေန႔တစ္ခ်ိန္တြင္ အ ေမရိကန္အား မွ်ေျခခ်ႏိုင္မည့္ အခင္းအက်င္းမ်ားႏွင့္ ဩဇာလႊမ္းမိုးမႈမ်ားကို ခပ္ျမန္ျမန္ပင္တည္ေဆာက္ ေနပါသည္။ ပင္လယ္ျပင္ကိုထိန္းခ်ဳပ္ၿပီး ဩဇာအာဏာႀကီးထြားလာသည့္ အေမရိကန္ႏွင့္ ကုန္းေျမဧရိ ယာကိုအေျချပဳၿပီး တိုးတက္လာေနသည့္ တ႐ုတ္ႏိုင္ငံ တို႔ၾကား ၿပိဳင္ဆိုင္မႈသည္ ယခုမွ အစပင္ရွိပါေသး သည္။ ေတာင္အာရွေဒသသည္လည္း အိႏၵိယ၏ ေနာက္ေဖးၿခံ အဆင့္မွ်သာမဟုတ္ေတာ့ဘဲ အင္အား ႀကီးႏိုင္ငံမ်ားၾကား ၿပိဳင္ဆိုင္မႈစစ္မ်က္ႏွာ အသစ္တစ္ခု အျဖစ္ေျပာင္းလဲလာ သည္ကို သတိခ်ပ္သင့္သည္။

Related news

© 2021. All rights reserved.