လာမယ့်သီတင်းပတ်အတွင်း အီရန်က ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့် ပြော

 155

Pika (NP News) - မတ် ၁၄

အမေရိကန်စစ်တပ်ဟာ အီရန်မှာရှိတဲ့ပစ်မှတ်တွေကို လာမယ့်ရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွား မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲဟာ သီတင်းပတ်(၃)ပတ်မြောက်ကို ဝင်လာတဲ့အချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “လာမယ့်သီတင်းပတ်အတွင်းမှာ အီရန်မှာရှိတဲ့ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထား တိုက်ခိုက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့အစ္စရေးတို့ရဲ့အီရန်အပေါ်တိုက်ခိုက်မှုအပြီးမှာ အီရန်ပြည်သူတွေဟာ အစိုးရကိုအစားထိုးဖို့ ထကြွလာလိမ့်မယ်ဆိုတာကို ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “လက်နက်မရှိတဲ့သူတွေအတွက် ဒါကကြီးမားတဲ့အတားအဆီးကြီးတစ်ခုလို့ ကျွန်တော် ထင်ပါ တယ်။ အီရန်အစိုးရအပြောင်းအလဲက ဖြစ်တော့ဖြစ်လာမှာပါ။ ဒါပေမယ့် ချက်ချင်းတော့မဟုတ်ဘဲ အချိန်နည်း နည်းတော့ ကြာလိမ့်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
လာမယ့္သီတင္းပတ္အတြင္း အီရန္က ပစ္မွတ္ေတြကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္သြားမယ္လို႔ ေဒၚနယ္ထရမ့္ ေျပာ
Pika (NP News) - မတ္ ၁၄
အေမရိကန္စစ္တပ္ဟာ အီရန္မွာရွိတဲ့ပစ္မွတ္ေတြကို လာမယ့္ရက္ပိုင္းအတြင္း ျပင္းျပင္းထန္ထန္ တိုက္ခိုက္သြား မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ရဲ႕စစ္ပြဲဟာ သီတင္းပတ္(၃)ပတ္ေျမာက္ကို ဝင္လာတဲ့အခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “လာမယ့္သီတင္းပတ္အတြင္းမွာ အီရန္မွာရွိတဲ့ပစ္မွတ္ေတြကို ျပင္းျပင္းထန္ထန္ ပစ္မွတ္ထား တိုက္ခိုက္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕အီရန္အေပၚတိုက္ခိုက္မႈအၿပီးမွာ အီရန္ျပည္သူေတြဟာ အစိုးရကိုအစားထိုးဖို႔ ထႂကြလာလိမ့္မယ္ဆိုတာကို ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “လက္နက္မရွိတဲ့သူေတြအတြက္ ဒါကႀကီးမားတဲ့အတားအဆီးႀကီးတစ္ခုလို႔ ကြၽန္ေတာ္ ထင္ပါ တယ္။ အီရန္အစိုးရအေျပာင္းအလဲက ျဖစ္ေတာ့ျဖစ္လာမွာပါ။ ဒါေပမယ့္ ခ်က္ခ်င္းေတာ့မဟုတ္ဘဲ အခ်ိန္နည္း နည္းေတာ့ ၾကာလိမ့္မယ္လို႔လည္း ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.