ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အီရန်ကို ဘယ်သူကမှ ထုတ်ပစ်လို့မရဘူးလို့ အီရန်အစိုးရပြော

 220

Pika (NP News) - မတ် ၁၄

ယခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အီရန်ကို ဘယ်သူကမှ ထုတ်ပစ်လို့မရဘူးလို့ အီရန်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မြောက်အမေရိကမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အီရန် အမျိုးသားဘောလုံးအသင်းက လာရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် အသက်နဲ့ဘေးကင်းရေးဆိုင်ရာအန္တရာယ်တွေ ရှိလာနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် အီရန်အစိုးရရဲ့တုံ့ပြန်ပြောဆို ချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒါ့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အသင်းတွေရဲ့ဘေးကင်းရေးကို အာမမခံနိုင်ဘူးဆိုရင် အမေရိကန် ကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်မပေးသင့်ဘူးလို့လည်း အီရန်အမျိုးသားဘောလုံးအသင်းက ပြောဆိုခဲ့ပါ တယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲရှိနေပေမယ့်လည်း အီရန်ကစားသမားတွေကိုကြိုဆိုသွားမယ်လို့ ဖီဖာအကြီးအကဲ ဂျီယန်နီအင်ဖန်တီနိုက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့သတိပေးပြောဆိုချက် တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ကြိုဆိုသွားမှာပါ။ ဒါပေမယ့် သူတို့ ရဲ့အသက်နဲ့ဘေးကင်းရေးတို့အတွက် အဲဒီနေရာမှာရှိနေဖို့က မသင့်တော်ဘူးလို့ ကျွန်တော်တကယ်ယုံကြည်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ကမာၻ႔ဖလားၿပိဳင္ပြဲကေန အီရန္ကို ဘယ္သူကမွ ထုတ္ပစ္လို႔မရဘူးလို႔ အီရန္အစိုးရေျပာ
Pika (NP News) - မတ္ ၁၄

ယခုႏွစ္ေႏွာင္းပိုင္းမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကေန အီရန္ကို ဘယ္သူကမွ ထုတ္ပစ္လို႔မရဘူးလို႔ အီရန္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေျမာက္အေမရိကမွာက်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို အီရန္ အမ်ိဳးသားေဘာလုံးအသင္းက လာေရာက္ယွဥ္ၿပိဳင္ခဲ့မယ္ဆိုရင္ အသက္နဲ႔ေဘးကင္းေရးဆိုင္ရာအႏၲရာယ္ေတြ ရွိလာႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ အီရန္အစိုးရရဲ႕တုံ႔ျပန္ေျပာဆို ခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ဒါ့ျပင္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္အသင္းေတြရဲ႕ေဘးကင္းေရးကို အာမမခံႏိုင္ဘူးဆိုရင္ အေမရိကန္ ကို ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္မေပးသင့္ဘူးလို႔လည္း အီရန္အမ်ိဳးသားေဘာလုံးအသင္းက ေျပာဆိုခဲ့ပါ တယ္။
အေရွ႕အလယ္ပိုင္းစစ္ပြဲရွိေနေပမယ့္လည္း အီရန္ကစားသမားေတြကိုႀကိဳဆိုသြားမယ္လို႔ ဖီဖာအႀကီးအကဲ ဂ်ီယန္နီအင္ဖန္တီႏိုက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕သတိေပးေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္အမ်ိဳးသားေဘာလုံးအသင္းကို ကမာၻ႔ဖလားၿပိဳင္ပြဲကေန ႀကိဳဆိုသြားမွာပါ။ ဒါေပမယ့္ သူတို႔ ရဲ႕အသက္နဲ႔ေဘးကင္းေရးတို႔အတြက္ အဲဒီေနရာမွာရွိေနဖို႔က မသင့္ေတာ္ဘူးလို႔ ကြၽန္ေတာ္တကယ္ယုံၾကည္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.