နေအိမ်ကို ဟော်လိုဝင်းပုံစံအလှဆင်ပြီး ဂင်းနစ်စံချိန်တင်ရန် ကြိုးပမ်းနေသည့် အမေရိကန်အမျိုးသား

125

Pika(NP News) - အောက်တိုဘာ ၂၄
အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှ အမျိုးသားတစ်ဦးသည် ၎င်း၏နေအိမ်ကို ဟော်လို ဝင်းပုံစံအလှ ဆင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။ Halloween Herm ဟုအမည်ပေးထားသည့် Cold Spring မြို့တွင်နေ ထိုင်သည့်အမျိုးသားသည် ဟော်လိုဝင်းပွဲတော်အတွက် ၎င်း၏နေအိမ်ကို ဆယ်စုနှစ်များစွာ ကြာအောင် အလှဆင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် တင်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်း၏မိခင်ကို ဂုဏ်ပြုသည့်အနေဖြင့် ဟော်လိုဝင်းပွဲတော်အတွက် နေအိမ်ကို အလှဆင်ခြင်းအား ငယ်ရွယ်စဉ် အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသားထုတ်ပြန်ပြော ကြားခဲ့သည်။ Halloween Herm က “(၁၉၉၉)ခုနှစ်တုန်းက ကျွန်တော့်အမေကို ကင်ဆာရောဂါနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော့်အမေဆုံးပါးသွားခဲ့တဲ့ ဩဂုတ်လ(၁၈)ရက်ဟာ ကျွန်တော်တို့နေအိမ်မှာ အလှဆင်တာတွေကို စတင်လုပ်ဆောင်ခဲ့တဲ့ နေ့ပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။ Northern Kentucky Children"s Advocacy Center အတွက် ရန်ပုံငွေပွဲအဖြစ် သတ်မှတ်ထားသည့် ယခုနှစ်အလှဆင်မှုများတွင် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်၏ အရိုးစုအရုပ်အပြင် အခြားအရုပ် အသစ်ပေါင်းများ စွာပါဝင်ကြောင်း Halloween Herm က ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ ပြောကြားခဲ့သည်။ Halloween Herm က “ဒါက ဟော် လိုဝင်းပြပွဲတစ်ခုတင်မဟုတ်ပါဘူး။ ဒါက ရှင်သန် နေတဲ့ပုံပြင်တစ်ခုပဲဖြစ်ပါတယ်”ဟုပြောဆိုခဲ့သည်။ ထို့ပြင် ၎င်း၏ဟော်လိုဝင်း နေအိမ်အလှ ဆင်ခြင်းအတွက် သက်သေအထောက်အထားများကို ဂင်းနစ်စံချိန်မှတ် တမ်းအဖွဲ့သို့ ပို့ဆောင်ထားပြီးပြီဖြစ်ပြီး ဂင်းနစ်စံချိန်ဝင်ခြင်း ရှိ/မရှိ တရားဝင် ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းနေ ကြောင်း Halloween Herm က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
ေနအိမ္ကို ေဟာ္လိုဝင္းပုံစံအလွဆင္ၿပီး ဂင္းနစ္စံခ်ိန္တင္ရန္ ႀကိဳးပမ္းေနသည့္ အေမရိကန္အမ်ိဳးသား
Pika(NP News) - ေအာက္တိုဘာ ၂၄
အေမရိကန္ႏိုင္ငံ ကန္တက္ကီျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ ၎၏ေနအိမ္ကို ေဟာ္လို ဝင္းပုံစံအလွ ဆင္ခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိရန္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။ Halloween Herm ဟုအမည္ေပးထားသည့္ Cold Spring ၿမိဳ႕တြင္ေန ထိုင္သည့္အမ်ိဳးသားသည္ ေဟာ္လိုဝင္းပြဲေတာ္အတြက္ ၎၏ေနအိမ္ကို ဆယ္စုႏွစ္မ်ားစြာ ၾကာေအာင္ အလွဆင္ခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ တင္ႏိုင္ရန္အတြက္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
၎၏မိခင္ကို ဂုဏ္ျပဳသည့္အေနျဖင့္ ေဟာ္လိုဝင္းပြဲေတာ္အတြက္ ေနအိမ္ကို အလွဆင္ျခင္းအား ငယ္႐ြယ္စဥ္ အခ်ိန္ကတည္းက စတင္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါအမ်ိဳးသားထုတ္ျပန္ေျပာ ၾကားခဲ့သည္။ Halloween Herm က “(၁၉၉၉)ခုႏွစ္တုန္းက ကြၽန္ေတာ့္အေမကို ကင္ဆာေရာဂါနဲ႔ ဆုံးရႈံးခဲ့ရပါတယ္။ ကြၽန္ေတာ့္အေမဆုံးပါးသြားခဲ့တဲ့ ဩဂုတ္လ(၁၈)ရက္ဟာ ကြၽန္ေတာ္တို႔ေနအိမ္မွာ အလွဆင္တာေတြကို စတင္လုပ္ေဆာင္ခဲ့တဲ့ ေန႔ပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။ Northern Kentucky Children"s Advocacy Center အတြက္ ရန္ပုံေငြပြဲအျဖစ္ သတ္မွတ္ထားသည့္ ယခုႏွစ္အလွဆင္မႈမ်ားတြင္ ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္၏ အ႐ိုးစုအ႐ုပ္အျပင္ အျခားအ႐ုပ္ အသစ္ေပါင္းမ်ား စြာပါဝင္ေၾကာင္း Halloween Herm က ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ ေျပာၾကားခဲ့သည္။ Halloween Herm က “ဒါက ေဟာ္ လိုဝင္းျပပြဲတစ္ခုတင္မဟုတ္ပါဘူး။ ဒါက ရွင္သန္ ေနတဲ့ပုံျပင္တစ္ခုပဲျဖစ္ပါတယ္”ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ၎၏ေဟာ္လိုဝင္း ေနအိမ္အလွ ဆင္ျခင္းအတြက္ သက္ေသအေထာက္အထားမ်ားကို ဂင္းနစ္စံခ်ိန္မွတ္ တမ္းအဖြဲ႕သို႔ ပို႔ေဆာင္ထားၿပီးၿပီျဖစ္ၿပီး ဂင္းနစ္စံခ်ိန္ဝင္ျခင္း ရွိ/မရွိ တရားဝင္ ဆုံးျဖတ္ခ်က္မ်ားကို ေစာင့္ဆိုင္းေန ေၾကာင္း Halloween Herm က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။