ကလေးတွင် ငွေကျပ် ၁၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများဖမ်းဆီးရမိ

354

ကလေးတွင် ငွေကျပ် ၁၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများဖမ်းဆီးရမိ
Pearl (NP News) - အောက်တိုဘာ ၂၃
ကလေးတွင် ငွေကျပ် (၁၄) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ အနီးတွင် ငြိမ်းချမ်းမောင် (ခ) ကုလားလေး မောင်းနှင်လာသော FORLAND အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ထူးအောင်ကျော်အား စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ မန်တုံမြို့နယ်နေ ယောရှု (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်းသိရသည်။
အလားတူ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့ဘက်မှ သယ်ဆောင်လာကြောင်း သတင်းကွင်းဆက်အရ ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် ကျော်ဌေး မောင်းနှင်လာသည့် FORLAND အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိဘိန်းဖြူများအား ဝယ်ယူသူ ပေါင်ရှန်းဟောက် (ခ) ကိုချင်းအား ယင်းနေ့ ညနေ ၅ နာရီအချိန် ကလေးမြို့၊ စက်မှုဇုန်သွားလမ်းတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ ကလေးမြို့နယ်သို့ တာဝန်ခံသယ်ဆောင်ခဲ့သူများဖြစ်သည့် လီလေးအား ယင်းနေ့ညနေ ၆ နာရီအချိန်တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင်လည်းကောင်း၊ စိုးမြင့် (ခ) ကုလားလေးအား အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန် လားရှိုးမြို့၊ ရပ်ကွက် (၇) တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၁၃ ဒသမ ၀၄ ဘီလျံ) နှင့် ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆၁၅ ဘီလီယံ)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ကေလးတြင္ ေငြက်ပ္ ၁၄ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးမ်ားဖမ္းဆီးရမိ
Pearl (NP News) - ေအာက္တိုဘာ ၂၃
ကေလးတြင္ ေငြက်ပ္ (၁၄) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၄ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္ သတင္းအရ ကေလးၿမိဳ႕နယ္၊ က်ီကုန္းေက်း႐ြာ အနီးတြင္ ၿငိမ္းခ်မ္းေမာင္ (ခ) ကုလားေလး ေမာင္းႏွင္လာေသာ FORLAND အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြရာ ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၅ ဒသမ ၂ သိန္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ စစ္ေဆးေဖာ္ထုတ္ခ်က္အရ စက္တင္ဘာလ ၁၉ ရက္ေန႔ ေန႔လယ္ ၁၁ နာရီခြဲ အခ်ိန္ ဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ထူးေအာင္ေက်ာ္အား စစ္ကိုင္းၿမိဳ႕နယ္၊ ေညာင္ပင္စင္ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎၏ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕မွ ကေလးၿမိဳ႕သို႔ သယ္ေဆာင္ခိုင္းသူမွာ မန္တုံၿမိဳ႕နယ္ေန ေယာရႈ (ဖမ္းဆီးရန္က်န္) ျဖစ္ေၾကာင္းသိရသည္။
အလားတူ မူးယစ္ေဆးဝါးမ်ားအား မိုင္းရယ္ၿမိဳ႕ဘက္မွ သယ္ေဆာင္လာေၾကာင္း သတင္းကြင္းဆက္အရ ဆက္လက္ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၃ ရက္ ညေန ၄ နာရီခြဲအခ်ိန္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလးၿမိဳ႕၊ ေတာင္ဖီလာရပ္ကြက္တြင္ ေက်ာ္ေဌး ေမာင္းႏွင္လာသည့္ FORLAND အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ေပၚမွ ဘိန္းျဖဴ ၂၉ ဒသမ ၂၃ ကီလိုအား ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရမိဘိန္းျဖဴမ်ားအား ဝယ္ယူသူ ေပါင္ရွန္းေဟာက္ (ခ) ကိုခ်င္းအား ယင္းေန႔ ညေန ၅ နာရီအခ်ိန္ ကေလးၿမိဳ႕၊ စက္မႈဇုန္သြားလမ္းတြင္ ေမာ္ေတာ္ဆိုင္ကယ္ ၁ စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဘိန္းျဖဴမ်ားအား မိုင္းရယ္ၿမိဳ႕မွ ကေလးၿမိဳ႕နယ္သို႔ တာဝန္ခံသယ္ေဆာင္ခဲ့သူမ်ားျဖစ္သည့္ လီေလးအား ယင္းေန႔ညေန ၆ နာရီအခ်ိန္တြင္ ကေလးၿမိဳ႕၊ မဂၤလာဥယ်ာဥ္ရပ္ကြက္ရွိ ဟိုတယ္တစ္ခုတြင္လည္းေကာင္း၊ စိုးျမင့္ (ခ) ကုလားေလးအား ေအာက္တိုဘာလ ၁၆ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ လားရႈိးၿမိဳ႕၊ ရပ္ကြက္ (၇) တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ဖမ္းဆီးရမိမႈျဖစ္စဥ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၅ ဒသမ ၂ သိန္း (၎ေဒသ တန္ဖိုးေငြက်ပ္ ၁၃ ဒသမ ၀၄ ဘီလ်ံ) ႏွင့္ ဘိန္းျဖဴ ၂၉ ဒသမ ၂၃ ကီလို (၎ေဒသတန္ဖိုးေငြက်ပ္ ၁ ဒသမ ၄၆၁၅ ဘီလီယံ)၊ စုစုေပါင္း ၎ေဒသတန္ဖိုးေငြက်ပ္ ၁၄ ဒသမ ၅၀၁၅ ဘီလီယံအား ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕မွ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။