အမျိုးသားနိုင်ငံရေးနှင့်ပါတီနိုင်ငံရေး

108

အောင်နိုင်သူ (ဇွဲကပင်) (NP News) - အောက်တိုဘာ ၂၄
နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အာဏာခွဲဝေသုံးစွဲခြင်းနှင့် ဩဇာသက် ရောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များအားလုံးကို ခြုံငုံခေါ်ဆိုသောဝေါဟာရဖြစ်သည်ဟု နိုင်ငံရေးပညာရှင်အများစုက လက်ခံ ထားကြပါသည်။
ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်အိစ်တန် (David Easton)က နိုင်ငံရေးသည် ‘လူမှုအဖွဲ့ အစည်းအတွက် တန်ဖိုးများကို ဩဇာညောင်းစွာချမှတ် ခွင့်အခွင့်အာဏာ (authoritative allocation of values)’အဖြစ် အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းပြခဲ့ပါ သည်။
အချို့ကလည်း နိုင်ငံတော်၏အရေးအရာမှန်သမျှကို နိုင်ငံရေးဟုလည်းကောင်း လူတို့၏ နိစ္စဓူဝ ကြုံတွေ့နေရ သည့် စားဝတ်နေရေးဟူသည့် အရေးသုံးဖြာကို နိုင်ငံရေးဟုလည်းကောင်း နိုင်ငံတော်၏ အာဏာကြီး(၃)ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော အင်္ဂါရပ်သုံးပါးကို နိုင်ငံ ရေးဟုလည်းကောင်း အမျိုးမျိုးခေါ်ဆို ကြသည်ကို တွေ့ရသည်။ နိုင်ငံရေး သိပ္ပံဘာသာရပ် စာအုပ်တစ် အုပ်တွင်မူ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံ တစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေပြင်ပေါ်တွင်လည်းကောင်း နိစ္စဓူဝ တွေ့ကြုံဖြတ်သန်း နေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စ များအတွက် မိမိတို့ ဘဝတစ်လျှောက် ရုန်းကန်လှုပ် ရှားရသောဖြစ်စဉ်သာဖြစ်၏ဟုဆိုထားသည်ကို တွေ့ရသည်။ တစ်နည်းဆိုရသော် နိုင်ငံရေးဆိုသည်မှာ လူတို့အရေးဖြစ်သဖြင့် လူတိုနှင့် ကင်း၍ရမည်မဟုတ်ချေ။ ထို့ကြောင့်လည်း လူသည် နိုင်ငံရေး သတ္တဝါ တစ်မျိုးဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
လူသားတို့နှင့်ကင်း၍မရသောနိုင်ငံရေးကို မည်ရွေ့မည်မျှ အဓိပ္ပာယ်ဖွင့်ဆိုကြစေကာမူ နိုင်ငံရေးကို လက်တွေ့ ကျကျလုပ်ဆောင်ပြီး လူသိများသည့် နိုင်ငံရေးကမူ ပါတီနိုင်ငံရေးနှင့် အမျိုးသား နိုင်ငံရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် ပါတီနိုင်ငံရေးနှင့် အမျိုးသား နိုင်ငံရေးကို လေ့လာကြည့်ကြပါမည်။
အမှန်စင်စစ် ပါတီနိုင်ငံရေးဟူသော စကားရပ်သည် သဘာဝမကျသောစကားဟု အချို့ပညာရှင်များ ကဆိုကြပါ သည်။ အဘယ်ကြောင့်ဆိုသော် ပါတီသည် တိုင်းပြည်မဟုတ်သလို နိုင်ငံလည်းမဟုတ်သော ကြောင့်ဖြစ်သည်။ သို့သော် ကမ္ဘာ့ယဉ်ကျေးမှု (Global Culture)၊ အထူးသဖြင့် အရပ်ဘက်ယဉ်ကျေးမှု ထွန်းကားသောနိုင်ငံများတွင်မူ နိုင်ငံရေးကို ပါတီအဖွဲ့ အစည်းများထောင်၍ လုပ်ဆောင်ကြရသဖြင့် ပါတီနိုင်ငံရေးသည်လည်း ပစ်ပယ်၍မရသော နိုင်ငံရေးစ နစ် တစ်ခုဖြစ်လာပါသည်။
ပါတီသည်လူ့အဖွဲ့အစည်း၏အစိတ်အပိုင်းမျှသာဖြစ်၍ တိုင်းပြည်တစ်ခုလုံးမဟုတ်ဟုဆိုနိုင်သော်လည်း တိုင်း ပြည်/နိုင်ငံတစ်ခုတွင် နိုင်ငံရေးပါတီ Political Party များဟူ၍ ရှိကြပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျင့်သုံးသည့် နိုင်ငံရေးစနစ်များမတူကြသည့်တိုင် သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးကြ သောနိုင်ငံများမှလွဲ၍ နိုင်ငံအများစုကတော့ ပါတီနိုင်ငံရေး ကင်း၍မရပေ။ နိုင်ငံတစ်နိုင်ငံ၏ ဖြတ်သန်းခဲ့သောသမိုင်းကြောင်းအခြေအနေ၊ နိုင်ငံရေးဓလေ့၊ လူမှုဓလေ့ တို့ကိုအခြေတည်ပြီး တစ်ပါတီစနစ်ကျင့် သုံးသည့်နိုင်ငံများရှိသကဲ့သို့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံများ လည်း ရှိကြပါသည်။
နိုင်ငံရေးပါတီများ၏ ပထမဆုံးအလုပ်မှာ နိုင်ငံရေးအာဏာရရှိအောင် ကြိုးပမ်းခြင်းဖြစ်ပါသည်။ နိုင်ငံ ရေးအလုပ်ကို လုပ်ပိုင်ခွင့်ရှိစေသောအခွင့်အာဏာကို နိုင်ငံရေးအာဏာဟုခေါ်ပါသည်။ နိုင်ငံရေးအာဏာ ရရှိမှသာ နိုင်ငံ ရေးကိုဆောင်ရွက်နိုင်မည်ဖြစ်သော ကြောင့် နိုင်ငံရေးနှင့် နိုင်ငံရေးအာဏာသည်လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဖွယ် အပြန်အလှန် အမှီ သဟဲပြုနေပါသည်။ ထို့ကြောင့် ပါတီ နိုင်ငံရေးလုပ်သူ များသည်လည်း မိမိနိုင်ငံကို ကောင်းအောင်လုပ် ဆောင်ကြရန်လိုအပ်ပါသည်။ နိုင်ငံရေးပါတီများ၊ အဖွဲ့များ၊ အသင်းများသည် မိမိတို့လက်ထဲသို့ နိုင်ငံ ရေးအာဏာ ရောက်ရှိရေးအတွက် နည်းလမ်းအမျိုးမျိုး ဖြင့်ကြိုးပမ်းကြသလို အာဏာရရှိပြီးသည့်အခါတွင် လည်း နိုင်ငံကောင်းအောင် လုပ်ဆောင်ကြရန် တာ ဝန်ရှိပါသည်။
ပါတီအာဏာရရှိရေးအတွက် ဆောင်ရွက်နေ သောနိုင်ငံရေးမျိုးကို ပါတီနိုင်ငံရေးဟု ခေါ်လေ့ရှိကြ သော်လည်း ပါတီ၏ရည်ရွယ်ချက်ကောင်းမွန်ခြင်း၊ ရည်မှန်းချက်ခိုင်မာကောင်းမွန်ခြင်း၊ ပါတီဝင်များ အရည်အချင်းရှိခြင်း၊ နိုင်ငံတော် နှင့် ပြည်သူလူထုအပေါ် သစ္စာရှိခြင်း၊ စေတနာမှန်ကန်ခြင်းတို့ဖြင့် နိုင်ငံတော် ကိုအလုပ်အကျွေးပြုစုကြမည်ဆိုလျှင် ပါတီနိုင်ငံရေး သည်လည်း ဖြူစင်သန့်ရှင်းသော ပရဟိတနိုင်ငံရေးကဲ့ သို့ လူထုက ယုံကြည်ကိုးစားလာမည်ဖြစ်ပါသည်။
ပါတီနိုင်ငံရေး၏ အဓိကလက္ခဏာနှင့်ရည်ရွယ်ချက်မှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ ပြဿနာ များကိုဖြေရှင်း ရန်အတွက် ရည်ရွယ်ချက်တူသူများနှင့် ဆန္ဒတူသူများအချင်းချင်းဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။ နိုင်ငံတစ် နိုင်ငံတွင် ပြဿနာမျိုး စုံရှိသကဲ့သို့ ပြဿနာတစ်ခုချင်းကိုဖြေရှင်းရန် ရည်ရွယ်ချက်မျိုးစုံ၊ နည်းလမ်းမျိုးစုံလည်းရှိရာ ရည်ရွယ်ချက်မတူသောအုပ်စုများစွာ ပေါ်ပေါက်လေ့ရှိသဖြင့် ပါတီမျိုးစုံဖွဲ့စည်းပြီး ပါတီနိုင်ငံရေးဖြင့် နိုင်ငံတော် ပြဿနာများကိုဖြေရှင်းကြသည်မှာလည်း ခေတ်သစ် လူမှုအဖွဲ့အစည်း၏ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပါ သည်။
ခေတ်ကာလနှင့် လူ့အဖွဲ့အစည်း၏ တောင်းဆို ချက်များအရ ယနေ့ကာလတွင် ပါတီနိုင်ငံရေးသည် တွင်ကျယ်၍ ဒီမိုကရေစီခေတ်ရေစီးကြောင်းဖြစ် သည်နှင့်အညီ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း (၅၇)ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်(၅၁)ဦး တို့ဖြင့် လာမည့် ဒီဇင်ဘာလ(၂၈)ရက်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည်ဖြစ်ပါသည်။ နိုင်ငံ တော်၏ရည်မှန်းချက်(၂)ရပ်မှာ စစ်မှန်စည်းကမ်းပြည့် ဝသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် ခိုင် မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ အားချမှတ်ထားသဖြင့် ပါတီနိုင်ငံရေးယဉ်ကျေးမှုမှာ ပြန်လည်အားကောင်းလာပြီဖြစ်ပါသည်။ ထို့ကြောင့် မကြာတော့မည့်အချိန်အတွင်း နိုင်ငံရေးပါတီများသည် ပြည်သူလူထုအား မဲဆွယ်စည်းရုံးကြတော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပါတီနိုင်ငံရေးလမ်း ကြောင်းပေါ်ကို လမ်းမှန်ရောက်အောင် အချိန်ပေး တည်ဆောက်ခဲ့ရာ ယခုဆိုလျှင် ခရီးတော်တော် ရောက်လာပြီဖြစ်ပါသည်။ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေ ရေးအတွက် တည်ငြိမ်အေးချမ်းရေးကို တပ်မတော်ကဦးဆောင်၍ အလေးထားတည်ဆောက်ခဲ့ရပါသည်။ နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ခြင်းဖြင့် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပနိုင်အောင် စစ်ရေးအ ရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်း ကောင်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် တပ်မတော်က ကြိုးပမ်းခဲ့ရပါသည်။ ထို့ကြောင့် ယခုအခါတွင် ပါတီနိုင်ငံရေးခရီးသည် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သလို ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်မည့် သူများကိုလည်း ဥပဒေနှင့်အညီ ပြင်းပြင်းထန် ထန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ပါတီနိုင်ငံရေးဆောင်ရွက်ကြသူများအနေဖြင့်လည်း နိုင်ငံတော်အပေါ် သစ္စာရှိရှိနှင့် စေတနာမှန် ကန်စွာ အလုပ်အကျွေးပြုစုကြဖို့လိုပါသည်။
ပါတီနိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ် မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က “ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါ တီ၏မူဝါဒများကို ပြည်သူ အများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့ အရေးကို ဖော်ဆောင်ရမှာဖြစ်တယ်။ နိုင်ငံ့အရေးဟာ ပထမ၊ ပါတီအရေးက ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုတယ်။ နိုင်ငံသည် သာလျှင်အဓိကအရေးကြီးဖြစ်တယ်”ဟု ဖေဖော် ဝါရီလ (၁၃)ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် ထည့်သွင်းပြော ကြားခဲ့ပါသည်။
ထို့ကြောင့် ပါတီနိုင်ငံရေး၏ နောက်ဆုံးရည်မှန်းချက်မှာ နိုင်ငံ့အရေး၊ နိုင်ငံရေးကိုကောင်းအောင် ကြိုး ပမ်းအားထုတ်ခြင်းဖြင့် ပါတီနိုင်ငံရေးသမားကောင်းများနှင့် နိုင်ငံရေးပါတီများဖြစ်အောင် ဆောင်ရွက် သွားကြရမည်ဖြစ် ပါသည်။
အမျိုးသားနိုင်ငံရေး
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပါတီများရှိကြရာ ထိုနိုင်ငံရေးပါတီများသည် ၎င်းတို့၏ပါတီအာဏာရ ရှိရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းကြပါသည်။ ထိုသို့ကြိုးပမ်းသောအရေးကို ပါတီနိုင်ငံရေးဟုဆိုပါသည်။ သို့သော် တစ်တိုင်းပြည် လုံးနှင့်ဆိုင်သော အရေးကိစ္စများ၊ လူမျိုးအားလုံး၏အကျိုးစီးပွားနှင့် အကျုံးဝင်သောအရေးကိစ္စများ၊ နိုင်ငံရေးပါတီ အားလုံးနှင့်သက်ဆိုင်သောအရေး ကိစ္စရပ်များ၊ ဥပမာလွတ်လပ်ရေးအတွက်ကြိုးပမ်းခြင်း၊ တိုင်းတစ်ပါးနှင့် စစ်မက်ဖြစ် ပွားခြင်း၊ ကျူးကျော်စစ်ကို တွန်းလှန်ခြင်း၊ တိုင်းသူပြည်သားများ၏ အခြေခံလွတ်လပ်မှုအခွင့် အရေးများနှင့် အကျိုး စီးပွားအရပ်ရပ်ကိုထိခိုက်ခြင်း၊ နိုင်ငံပြိုကွဲမည့်အန္တရာယ်ကျရောက်ခြင်းစသည်တို့ ဖြစ်ပွားပေါ်ပေါက်လာသောအခါ နိုင်ငံရေးသည် အမျိုးသားအားလုံးနှင့်သက်ဆိုင်လာသော အရေး၊ တစ်နိုင်ငံလုံးနှင့်ပတ်သက်လာသောအရေး၊ လူမျိုး မရွေး၊ ပါတီမရွေး၊ ပုဂ္ဂိုလ်မရွေး အားလုံးအကျုံးဝင်သော အရေးအဖြစ်သို့ ရောက်ရှိလာတတ်ပေသည်။ ထိုသို့ ဖြစ်ပေါ် လာသောကိစ္စရပ်များကို နိုင်ငံတော်အရေး (သို့) အမျိုးသားနိုင်ငံရေးဟု ခေါ်ဆိုရမည်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးမှာ တစ်တိုင်းပြည်လုံးနှင့် ဆိုင်သောအရေးအရာများ၊ တိုင်းပြည်အတွင်းရှိ လူမျိုးအားလုံး နှင့်ဆိုင်သောအရေးအရာများ၊ နိုင်ငံရေးပါတီအားလုံးနှင့်သက်ဆိုင်သည့်အရေးများ အားလုံးဖြစ်ပါသည်။ အမျိုးသား နိုင်ငံရေးတာဝန်ဆိုသည်မှာ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် အကျိုးရှိ အောင် လုပ်ငန်းများကိုလည်း စီမံကိန်း ချပြ၍အကောင်အထည်ဖော်ရန် တာဝန်ရှိသကဲ့သို့ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအပေါ် ကျရောက်လာမည့်အန္တရာယ် ကို ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန်၊ ကျရောက်လာပြန်လျှင်လည်း တွန်းလှန်ချေမှုန်း ပစ်နိုင်ရန်တာဝန်ရှိ ပေသည်။ ထိုတာဝန်များကို မိမိတို့မြန်မာနိုင်ငံတွင် တပ်မတော်သည် ရှေးပဒေသရာဇ် ခေတ်မှ ယနေ့အထိထမ်း ဆောင်လျက်ရှိရာ နိုင်ငံအပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ် ကျရောက်လာပါက တွန်းလှန်ဖယ်ရှားခြင်း၊ နိုင်ငံတော် နှင့်တစ်မျိုးသားလုံးအတွက် အကျိုးရှိစေမည့် စီမံ ကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ကို လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ပေါ်ပေါက်လာအောင် လွတ်လပ်ရေးကို ကြိုးပမ်းရယူခဲ့ခြင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာ ဏာကို ကာကွယ်စောင့် ရှောက်ခြင်းနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ရေးတို့သည် လက်တွေ့ကျကျ ဆောင်ရွက်ခဲ့သော အမျိုးသားနိုင်ငံရေးတာဝန်များပင်ဖြစ်ပါသည်။
ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ် တည်နိုင်ရန် ပိုင်နက်နယ်နိမိတ်၊ ပြည်သူများ၊ အုပ် ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့ ပြည့်စုံရန်လိုအပ်ပါသည်။ အဆိုပါအင်္ဂါရပ် (၄)ရပ် ပြည့်စုံမှသာ နိုင်ငံ၏ဥပဓိရုပ်နှင့် ပြည့်စုံမည်ဖြစ်၍ စဉ်ဆက်မပြတ် ပြည့်စုံအောင် နိုင်ငံသားတိုင်းက ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ မြန်မာ နိုင်ငံသည် လွတ်လပ်သည့်အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အဆိုပါအင်္ဂါရပ်(၄)ပါး နှင့်ပြည့်စုံ ပေသည်။ သို့သော် အတိတ်သမိုင်းတွင် ကိုလိုနီနယ်ချဲ့တို့၏ကျူးကျော်မှုကြောင့် နှစ်ပေါင်း (၁၀ဝ)ကျော် သူ့ကျွန်ဘဝကျ ရောက်ခဲ့ရဖူးသည်။ လွတ်လပ်ရေးရပြီးချိန်တွင်လည်း (၁၉၄၈၇)-(၄၉) ရောင်စုံသူပုန်သောင်းကျန်းမှု အန္တရာယ်၊ (၁၉၅၈) ခုနှစ် ပါတီနိုင်ငံရေးပဋိပက္ခ၊ (၁၉၆၂) ခုနှစ် လူမျိုးရေး အမြင်ကျဉ်းမြောင်းသူတို့က ပြည်ထောင်စုမှခွဲထွက် ရန် ကြိုးပမ်းမှု အန္တရာယ်နှင့် (၁၉၈၈) မင်းမဲ့စရိုက်ဆူပူ လှုပ်ရှားမှုတို့ကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာ ဆုံးရှုံးရမည့်အရေးနှင့် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။
တပ်မတော်သည် တစ်မျိုးသားလုံးနှင့်ဆိုင်သော လွတ်လပ်ရေးကိုအရယူပေးခဲ့ရသလို လွတ်လပ်ရေး ရပြီးချိန် တွင် အချုပ်အခြာအာဏာဆုံးရှုံးရမည့်အရေးမှလည်း အကြိမ်ကြိမ်ကာကွယ်ခဲ့ရပေသည်။ ထို့ကြောင့် ကြုံတွေ့ရင် ဆိုင်ခဲ့ရသောအခြေအနေအရပ် ရပ်ကိုထောက်ရှုပြီး (၁၉၈၈) ခုနှစ် နောက်ပိုင်းတွင် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသား နိုင်ငံရေးဟု သတ်မှတ်ခဲ့ကြသလို ဒို့တာဝန် အရေးသုံးပါးကို ကာ ကွယ်စောင့်ရှောက်ရန် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အရေးကြီးဆုံးလိုအပ် ချက်မှာ ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ပင်ဖြစ်သည်။ ဤလိုအပ်ချက်သုံး ရပ်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးသည် လက်ငင်း လိုအပ်ချက်ဖြစ်သကဲ့သို့ ရေရှည်လိုအပ်ချက်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာတည်သရွေ့ မြန်မာပြည် တည်ရှိနေရေးအတွက် အရေးကြီး သည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးအဖြစ်ခံယူ၍ တပ်မတော်က ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့် ရှောက်နေခြင်းဖြစ်ပါသည်။ ထို့ပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က “အမျိုးသား နိုင်ငံရေးဆိုတာ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှ တလွတ်လပ်ခြင်းနဲ့ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းစတဲ့ လောကီကောင်းကျိုး၊ သုခအဖြာဖြာကို ဖော်ဆောင်ပေးတဲ့လုပ်ငန်းများ ဖြစ်တယ်ဆိုတာ ပြောကြားလိုတယ်”ဟု တပ်မတော် (ကြည်း)ဗိုလ် သင်တန်း ကျောင်း(မှော်ဘီ) ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြား ခဲ့ပါသည်။ ထို့ကြောင့် အမျိုးသားနိုင်ငံရေးသည် တစ်မျိုးသားလုံးနှင့်ဆိုင်သောကိစ္စရပ်တိုင်းကို ဆိုလိုသဖြင့် မကြာမီကျင်းပပြုလုပ်တော့မည့် ရွေးကောက်ပွဲသည်လည်း တစ်မျိုးသားလုံးနှင့်ဆိုင်သော အမျိုးသားနိုင်ငံရေးဟု ဆိုလျှင်လည်း ရမည်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ အမျိုးသားနိုင်ငံရေးကို ဆန်းစစ်ကြည့်သည့်အခါ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်သည့် ဒို့တာဝန်အရေးသုံးပါးကဲ့သို့ သော နိုင်ငံတော်မူဝါဒများ ရှိသကဲ့သို့ ခေတ်အခြေအနေအရ လတ်တလော မဖြစ်မနေဖော်ဆောင်ရမည့် တစ်မျိုးသားလုံးနှင့်ဆိုင်သော ရွေး ကောက်ပွဲကဲ့သို့သော ရေတိုမူဝါဒများလည်း ရှိပေသည်။ နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏အကျိုးစီးပွားကို ရေရှည်အ ကောင်အထည်ဖော်ဆောင်ရမည့် အမျိုးသားနိုင်ငံရေးကို စဉ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သလို ရေတို မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားနိုင်ငံရေးကိုလည်း နိုင်ငံသားတိုင်းက အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည်။ ထို့ကြောင့် ပါတီနိုင် ငံရေးဖြစ်စေ၊ အမျိုးသားနိုင်ငံရေးဖြစ်စေ မိမိတို့နိုင်ငံ တိုးတက်ကြီးပွားအောင်လုပ်သည့် နိုင်ငံ့အရေးအရာ မှန်သမျှသည် နိုင်ငံတော်ကို လက်ငင်း အကျိုးပြုသည် ဖြစ်၍ နိုင်ငံ့အရေးကို ဦးထိပ်ပန်ဆင် ဆောင် ရွက်သွား မည်ဆိုပါက နိုင်ငံရေးတိုင်းသည် မြင့်မြတ်သန့်စင် သည့်လုပ်ငန်းပင်ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် ပါတီနိုင်ငံရေးလုပ်သည်ဖြစ်စေ၊ အမျိုးသားနိုင်ငံရေးလုပ်သည်ဖြစ်စေ နောက်ဆုံး အန္တိမ ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို စေတနာမှန်ကန်စွာဖြင့် အလုပ်အကျွေး ပြုစုရမည် ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် မအောင်မြင်သည့်နိုင်ငံရေးသည် အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေး၊ နိုင်ငံ့ အရေးနှင့်ယှဉ်ပြီး အလုပ်မ လုပ်ကြသည့် နိုင်ငံရေးသမားများကြောင့် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲဒေစွဲ၊ လူမျိုးစွဲများကြောင့် ပါတီနိုင်ငံရေးကို အလွန်အမင်းအားပြု ခဲ့ကြသည်။ ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်မှုများ ပြင်းထန်ခဲ့ ကြသည်။ ဗမာပြည်ကွန်မြူပါတီလို ဝါဒစွဲပြင်းထန် ခဲ့ကြသည်။ နယ်မြေဒေသစွဲများရှိခဲ့ကြသလို လူမျိုး ရေးစွဲနှင့် နိုင်ငံရေးလုပ်ခဲ့ကြသည်။ တစ်နည်းဆိုရသော် လူမျိုးရေးအခြေပြုနိုင်ငံရေး၊ ပါတီအခြေပြုနိုင်ငံ ရေး၊ ဝါဒအခြေပြုနိုင်ငံရေး လုပ်ခဲ့ကြခြင်းကြောင့် မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးကို နိုင်ငံ့ အရေးဟုခံယူ၍ နိုင်ငံသားတိုင်းက နိုင်ငံကောင်းအောင်လုပ်ဆောင်ကြမည်ဆိုလျှင် နိုင်ငံတော်ကြီးလည်း အနှေးနှင့် အမြန်ဆိုသလို ဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်ပါသည်။

Zawgyi Version:
အမ်ိဳးသားႏိုင္ငံေရးႏွင့္ပါတီႏိုင္ငံေရး
ေအာင္ႏိုင္သူ (ဇြဲကပင္) - ေအာက္တိုဘာ ၂၄
ႏိုင္ငံေရးဆိုသည္မွာ လူ႔အဖြဲ႕အစည္းအတြင္း ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္း၊ အာဏာခြဲေဝသုံးစြဲျခင္းႏွင့္ ဩဇာသက္ ေရာက္မႈဆိုင္ရာ လုပ္ငန္းစဥ္မ်ားအားလုံးကို ၿခဳံငုံေခၚဆိုေသာေဝါဟာရျဖစ္သည္ဟု ႏိုင္ငံေရးပညာရွင္အမ်ားစုက လက္ခံ ထားၾကပါသည္။
ေခတ္သစ္ႏိုင္ငံေရးသိပၸံပညာရွင္ ေဒးဗစ္အိစ္တန္ (David Easton)က ႏိုင္ငံေရးသည္ ‘လူမႈအဖြဲ႕ အစည္းအတြက္ တန္ဖိုးမ်ားကို ဩဇာေညာင္းစြာခ်မွတ္ ခြင့္အခြင့္အာဏာ (authoritative allocation of values)’အျဖစ္ အဓိပၸာယ္ဖြင့္ဆို ရွင္းလင္းျပခဲ့ပါ သည္။
အခ်ိဳ႕ကလည္း ႏိုင္ငံေတာ္၏အေရးအရာမွန္သမွ်ကို ႏိုင္ငံေရးဟုလည္းေကာင္း လူတို႔၏ နိစၥဓူဝ ႀကဳံေတြ႕ေနရ သည့္ စားဝတ္ေနေရးဟူသည့္ အေရးသုံးျဖာကို ႏိုင္ငံေရးဟုလည္းေကာင္း ႏိုင္ငံေတာ္၏ အာဏာႀကီး(၃)ရပ္ျဖစ္ေသာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရး ဟူေသာ အဂၤါရပ္သုံးပါးကို ႏိုင္ငံ ေရးဟုလည္းေကာင္း အမ်ိဳးမ်ိဳးေခၚဆို ၾကသည္ကို ေတြ႕ရသည္။ ႏိုင္ငံေရး သိပၸံဘာသာရပ္ စာအုပ္တစ္ အုပ္တြင္မူ လူသားတို႔သည္ မိမိတို႔ေနထိုင္သည့္ ႏိုင္ငံ တစ္ႏိုင္ငံအတြင္း၌လည္းေကာင္း မိမိတို႔ေနထိုင္ရာ ဤကမာၻေျမျပင္ေပၚတြင္လည္းေကာင္း နိစၥဓူဝ ေတြ႕ႀကဳံျဖတ္သန္း ေနရေသာ စားဝတ္ေနေရး၊ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး အစရွိေသာ အေရးအရာကိစၥ မ်ားအတြက္ မိမိတို႔ ဘဝတစ္ေလွ်ာက္ ႐ုန္းကန္လႈပ္ ရွားရေသာျဖစ္စဥ္သာျဖစ္၏ဟုဆိုထားသည္ကို ေတြ႕ရသည္။ တစ္နည္းဆိုရေသာ္ ႏိုင္ငံေရးဆိုသည္မွာ လူတို႔အေရးျဖစ္သျဖင့္ လူတိုႏွင့္ ကင္း၍ရမည္မဟုတ္ေခ်။ ထို႔ေၾကာင့္လည္း လူသည္ ႏိုင္ငံေရး သတၱဝါ တစ္မ်ိဳးဟု ဆိုခဲ့ျခင္းျဖစ္ပါသည္။
လူသားတို႔ႏွင့္ကင္း၍မရေသာႏိုင္ငံေရးကို မည္ေ႐ြ႕မည္မွ် အဓိပၸာယ္ဖြင့္ဆိုၾကေစကာမူ ႏိုင္ငံေရးကို လက္ေတြ႕ က်က်လုပ္ေဆာင္ၿပီး လူသိမ်ားသည့္ ႏိုင္ငံေရးကမူ ပါတီႏိုင္ငံေရးႏွင့္ အမ်ိဳးသား ႏိုင္ငံေရးပင္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ပါတီႏိုင္ငံေရးႏွင့္ အမ်ိဳးသား ႏိုင္ငံေရးကို ေလ့လာၾကည့္ၾကပါမည္။
အမွန္စင္စစ္ ပါတီႏိုင္ငံေရးဟူေသာ စကားရပ္သည္ သဘာဝမက်ေသာစကားဟု အခ်ိဳ႕ပညာရွင္မ်ား ကဆိုၾကပါ သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ပါတီသည္ တိုင္းျပည္မဟုတ္သလို ႏိုင္ငံလည္းမဟုတ္ေသာ ေၾကာင့္ျဖစ္သည္။ သို႔ေသာ္ ကမာၻ႔ယဥ္ေက်းမႈ (Global Culture)၊ အထူးသျဖင့္ အရပ္ဘက္ယဥ္ေက်းမႈ ထြန္းကားေသာႏိုင္ငံမ်ားတြင္မူ ႏိုင္ငံေရးကို ပါတီအဖြဲ႕ အစည္းမ်ားေထာင္၍ လုပ္ေဆာင္ၾကရသျဖင့္ ပါတီႏိုင္ငံေရးသည္လည္း ပစ္ပယ္၍မရေသာ ႏိုင္ငံေရးစ နစ္ တစ္ခုျဖစ္လာပါသည္။
ပါတီသည္လူ႔အဖြဲ႕အစည္း၏အစိတ္အပိုင္းမွ်သာျဖစ္၍ တိုင္းျပည္တစ္ခုလုံးမဟုတ္ဟုဆိုႏိုင္ေသာ္လည္း တိုင္း ျပည္/ႏိုင္ငံတစ္ခုတြင္ ႏိုင္ငံေရးပါတီ Political Party မ်ားဟူ၍ ရွိၾကပါသည္။ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ က်င့္သုံးသည့္ ႏိုင္ငံေရးစနစ္မ်ားမတူၾကသည့္တိုင္ သက္ဦးဆံပိုင္ဘုရင္စနစ္က်င့္သုံးၾက ေသာႏိုင္ငံမ်ားမွလြဲ၍ ႏိုင္ငံအမ်ားစုကေတာ့ ပါတီႏိုင္ငံေရး ကင္း၍မရေပ။ ႏိုင္ငံတစ္ႏိုင္ငံ၏ ျဖတ္သန္းခဲ့ေသာသမိုင္းေၾကာင္းအေျခအေန၊ ႏိုင္ငံေရးဓေလ့၊ လူမႈဓေလ့ တို႔ကိုအေျခတည္ၿပီး တစ္ပါတီစနစ္က်င့္ သုံးသည့္ႏိုင္ငံမ်ားရွိသကဲ့သို႔ ပါတီစုံဒီမိုကေရစီစနစ္ က်င့္သုံးသည့္ႏိုင္ငံမ်ား လည္း ရွိၾကပါသည္။
ႏိုင္ငံေရးပါတီမ်ား၏ ပထမဆုံးအလုပ္မွာ ႏိုင္ငံေရးအာဏာရရွိေအာင္ ႀကိဳးပမ္းျခင္းျဖစ္ပါသည္။ ႏိုင္ငံ ေရးအလုပ္ကို လုပ္ပိုင္ခြင့္ရွိေစေသာအခြင့္အာဏာကို ႏိုင္ငံေရးအာဏာဟုေခၚပါသည္။ ႏိုင္ငံေရးအာဏာ ရရွိမွသာ ႏိုင္ငံ ေရးကိုေဆာင္႐ြက္ႏိုင္မည္ျဖစ္ေသာ ေၾကာင့္ ႏိုင္ငံေရးႏွင့္ ႏိုင္ငံေရးအာဏာသည္လည္း ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီသဖြယ္ အျပန္အလွန္ အမွီ သဟဲျပဳေနပါသည္။ ထို႔ေၾကာင့္ ပါတီ ႏိုင္ငံေရးလုပ္သူ မ်ားသည္လည္း မိမိႏိုင္ငံကို ေကာင္းေအာင္လုပ္ ေဆာင္ၾကရန္လိုအပ္ပါသည္။ ႏိုင္ငံေရးပါတီမ်ား၊ အဖြဲ႕မ်ား၊ အသင္းမ်ားသည္ မိမိတို႔လက္ထဲသို႔ ႏိုင္ငံ ေရးအာဏာ ေရာက္ရွိေရးအတြက္ နည္းလမ္းအမ်ိဳးမ်ိဳး ျဖင့္ႀကိဳးပမ္းၾကသလို အာဏာရရွိၿပီးသည့္အခါတြင္ လည္း ႏိုင္ငံေကာင္းေအာင္ လုပ္ေဆာင္ၾကရန္ တာ ဝန္ရွိပါသည္။
ပါတီအာဏာရရွိေရးအတြက္ ေဆာင္႐ြက္ေန ေသာႏိုင္ငံေရးမ်ိဳးကို ပါတီႏိုင္ငံေရးဟု ေခၚေလ့ရွိၾက ေသာ္လည္း ပါတီ၏ရည္႐ြယ္ခ်က္ေကာင္းမြန္ျခင္း၊ ရည္မွန္းခ်က္ခိုင္မာေကာင္းမြန္ျခင္း၊ ပါတီဝင္မ်ား အရည္အခ်င္းရွိျခင္း၊ ႏိုင္ငံေတာ္ ႏွင့္ ျပည္သူလူထုအေပၚ သစၥာရွိျခင္း၊ ေစတနာမွန္ကန္ျခင္းတို႔ျဖင့္ ႏိုင္ငံေတာ္ ကိုအလုပ္အေကြၽးျပဳစုၾကမည္ဆိုလွ်င္ ပါတီႏိုင္ငံေရး သည္လည္း ျဖဴစင္သန႔္ရွင္းေသာ ပရဟိတႏိုင္ငံေရးကဲ့ သို႔ လူထုက ယုံၾကည္ကိုးစားလာမည္ျဖစ္ပါသည္။
ပါတီႏိုင္ငံေရး၏ အဓိကလကၡဏာႏွင့္ရည္႐ြယ္ခ်က္မွာ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု၏ ျပႆနာ မ်ားကိုေျဖရွင္း ရန္အတြက္ ရည္႐ြယ္ခ်က္တူသူမ်ားႏွင့္ ဆႏၵတူသူမ်ားအခ်င္းခ်င္းဖြဲ႕စည္းထားေသာ အဖြဲ႕အစည္းျဖစ္ပါသည္။ ႏိုင္ငံတစ္ ႏိုင္ငံတြင္ ျပႆနာမ်ိဳး စုံရွိသကဲ့သို႔ ျပႆနာတစ္ခုခ်င္းကိုေျဖရွင္းရန္ ရည္႐ြယ္ခ်က္မ်ိဳးစုံ၊ နည္းလမ္းမ်ိဳးစုံလည္းရွိရာ ရည္႐ြယ္ခ်က္မတူေသာအုပ္စုမ်ားစြာ ေပၚေပါက္ေလ့ရွိသျဖင့္ ပါတီမ်ိဳးစုံဖြဲ႕စည္းၿပီး ပါတီႏိုင္ငံေရးျဖင့္ ႏိုင္ငံေတာ္ ျပႆနာမ်ားကိုေျဖရွင္းၾကသည္မွာလည္း ေခတ္သစ္ လူမႈအဖြဲ႕အစည္း၏ ဒီမိုကေရစီ ႏိုင္ငံေရး ယဥ္ေက်းမႈ တစ္ရပ္ျဖစ္ပါ သည္။
ေခတ္ကာလႏွင့္ လူ႔အဖြဲ႕အစည္း၏ ေတာင္းဆို ခ်က္မ်ားအရ ယေန႔ကာလတြင္ ပါတီႏိုင္ငံေရးသည္ တြင္က်ယ္၍ ဒီမိုကေရစီေခတ္ေရစီးေၾကာင္းျဖစ္ သည္ႏွင့္အညီ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီေပါင္း (၅၇)ပါတီႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္(၅၁)ဦး တို႔ျဖင့္ လာမည့္ ဒီဇင္ဘာလ(၂၈)ရက္တြင္ ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ေတာ့မည္ျဖစ္ပါသည္။ ႏိုင္ငံ ေတာ္၏ရည္မွန္းခ်က္(၂)ရပ္မွာ စစ္မွန္စည္းကမ္းျပည့္ ဝသည့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုစနစ္ ခိုင္ မာေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးတို႔ အားခ်မွတ္ထားသျဖင့္ ပါတီႏိုင္ငံေရးယဥ္ေက်းမႈမွာ ျပန္လည္အားေကာင္းလာၿပီျဖစ္ပါသည္။ ထို႔ေၾကာင့္ မၾကာေတာ့မည့္အခ်ိန္အတြင္း ႏိုင္ငံေရးပါတီမ်ားသည္ ျပည္သူလူထုအား မဲဆြယ္စည္း႐ုံးၾကေတာ့မည္ ျဖစ္ပါသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ပါတီႏိုင္ငံေရးလမ္း ေၾကာင္းေပၚကို လမ္းမွန္ေရာက္ေအာင္ အခ်ိန္ေပး တည္ေဆာက္ခဲ့ရာ ယခုဆိုလွ်င္ ခရီးေတာ္ေတာ္ ေရာက္လာၿပီျဖစ္ပါသည္။ လြတ္လပ္၍တရားမွ်တေသာ ပါတီစုံဒီမိုကေရစီျဖစ္ေပၚလာေစ ေရးအတြက္ တည္ၿငိမ္ေအးခ်မ္းေရးကို တပ္မေတာ္ကဦးေဆာင္၍ အေလးထားတည္ေဆာက္ခဲ့ရပါသည္။ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာတည္ေစခဲ့ျခင္းျဖင့္ ႏိုင္ငံတစ္ဝန္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေအာင္ စစ္ေရးအ ရေသာ္လည္းေကာင္း၊ ႏိုင္ငံေရးအရေသာ္လည္း ေကာင္း ႏိုင္ငံေတာ္အစိုးရ၏ ဦးေဆာင္မႈေအာက္တြင္ တပ္မေတာ္က ႀကိဳးပမ္းခဲ့ရပါသည္။ ထို႔ေၾကာင့္ ယခုအခါတြင္ ပါတီႏိုင္ငံေရးခရီးသည္ ႐ုပ္လုံးေပၚလာခဲ့ၿပီျဖစ္သလို ေ႐ြးေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီးလုပ္မည့္ သူမ်ားကိုလည္း ဥပေဒႏွင့္အညီ ျပင္းျပင္းထန္ ထန္ ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္လ်က္ရွိပါသည္။ ပါတီႏိုင္ငံေရးေဆာင္႐ြက္ၾကသူမ်ားအေနျဖင့္လည္း ႏိုင္ငံေတာ္အေပၚ သစၥာရွိရွိႏွင့္ ေစတနာမွန္ ကန္စြာ အလုပ္အေကြၽးျပဳစုၾကဖို႔လိုပါသည္။
ပါတီႏိုင္ငံေရးႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ တပ္ မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က “ပါတီႏိုင္ငံေရးဆိုသည္မွာ မိမိတို႔ပါ တီ၏မူဝါဒမ်ားကို ျပည္သူ အမ်ားက လက္ခံလာေအာင္၊ ပါတီဝင္မ်ားျဖစ္လာေအာင္ လုပ္ေဆာင္ျခင္း ျဖစ္ၿပီး ပါတီႏိုင္ငံေရးမွတစ္ဆင့္ ႏိုင္ငံ့ အေရးကို ေဖာ္ေဆာင္ရမွာျဖစ္တယ္။ ႏိုင္ငံ့အေရးဟာ ပထမ၊ ပါတီအေရးက ဒုတိယျဖစ္ၿပီး ႏိုင္ငံႏွင့္ပါတီယွဥ္လာပါက ႏိုင္ငံ့အက်ိဳးကိုသာ ဦးစားေပးရန္လိုတယ္။ ႏိုင္ငံသည္ သာလွ်င္အဓိကအေရးႀကီးျဖစ္တယ္”ဟု ေဖေဖာ္ ဝါရီလ (၁၃)ရက္က ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္သည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံစဥ္ ထည့္သြင္းေျပာ ၾကားခဲ့ပါသည္။
ထို႔ေၾကာင့္ ပါတီႏိုင္ငံေရး၏ ေနာက္ဆုံးရည္မွန္းခ်က္မွာ ႏိုင္ငံ့အေရး၊ ႏိုင္ငံေရးကိုေကာင္းေအာင္ ႀကိဳး ပမ္းအားထုတ္ျခင္းျဖင့္ ပါတီႏိုင္ငံေရးသမားေကာင္းမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ားျဖစ္ေအာင္ ေဆာင္႐ြက္ သြားၾကရမည္ျဖစ္ ပါသည္။
အမ်ိဳးသားႏိုင္ငံေရး
ႏိုင္ငံတစ္ႏိုင္ငံတြင္ ႏိုင္ငံေရးပါတီမ်ားရွိၾကရာ ထိုႏိုင္ငံေရးပါတီမ်ားသည္ ၎တို႔၏ပါတီအာဏာရ ရွိေရးအတြက္ အၿပိဳင္အဆိုင္ႀကိဳးပမ္းၾကပါသည္။ ထိုသို႔ႀကိဳးပမ္းေသာအေရးကို ပါတီႏိုင္ငံေရးဟုဆိုပါသည္။ သို႔ေသာ္ တစ္တိုင္းျပည္ လုံးႏွင့္ဆိုင္ေသာ အေရးကိစၥမ်ား၊ လူမ်ိဳးအားလုံး၏အက်ိဳးစီးပြားႏွင့္ အက်ဳံးဝင္ေသာအေရးကိစၥမ်ား၊ ႏိုင္ငံေရးပါတီ အားလုံးႏွင့္သက္ဆိုင္ေသာအေရး ကိစၥရပ္မ်ား၊ ဥပမာလြတ္လပ္ေရးအတြက္ႀကိဳးပမ္းျခင္း၊ တိုင္းတစ္ပါးႏွင့္ စစ္မက္ျဖစ္ ပြားျခင္း၊ က်ဴးေက်ာ္စစ္ကို တြန္းလွန္ျခင္း၊ တိုင္းသူျပည္သားမ်ား၏ အေျခခံလြတ္လပ္မႈအခြင့္ အေရးမ်ားႏွင့္ အက်ိဳး စီးပြားအရပ္ရပ္ကိုထိခိုက္ျခင္း၊ ႏိုင္ငံၿပိဳကြဲမည့္အႏၲရာယ္က်ေရာက္ျခင္းစသည္တို႔ ျဖစ္ပြားေပၚေပါက္လာေသာအခါ ႏိုင္ငံေရးသည္ အမ်ိဳးသားအားလုံးႏွင့္သက္ဆိုင္လာေသာ အေရး၊ တစ္ႏိုင္ငံလုံးႏွင့္ပတ္သက္လာေသာအေရး၊ လူမ်ိဳး မေ႐ြး၊ ပါတီမေ႐ြး၊ ပုဂၢိဳလ္မေ႐ြး အားလုံးအက်ဳံးဝင္ေသာ အေရးအျဖစ္သို႔ ေရာက္ရွိလာတတ္ေပသည္။ ထိုသို႔ ျဖစ္ေပၚ လာေသာကိစၥရပ္မ်ားကို ႏိုင္ငံေတာ္အေရး (သို႔) အမ်ိဳးသားႏိုင္ငံေရးဟု ေခၚဆိုရမည္ျဖစ္သည္။
အမ်ိဳးသားႏိုင္ငံေရးမွာ တစ္တိုင္းျပည္လုံးႏွင့္ ဆိုင္ေသာအေရးအရာမ်ား၊ တိုင္းျပည္အတြင္းရွိ လူမ်ိဳးအားလုံး ႏွင့္ဆိုင္ေသာအေရးအရာမ်ား၊ ႏိုင္ငံေရးပါတီအားလုံးႏွင့္သက္ဆိုင္သည့္အေရးမ်ား အားလုံးျဖစ္ပါသည္။ အမ်ိဳးသား ႏိုင္ငံေရးတာဝန္ဆိုသည္မွာ တစ္မ်ိဳးသားလုံး၊ တစ္ႏိုင္ငံလုံးအတြက္ အက်ိဳးရွိ ေအာင္ လုပ္ငန္းမ်ားကိုလည္း စီမံကိန္း ခ်ျပ၍အေကာင္အထည္ေဖာ္ရန္ တာဝန္ရွိသကဲ့သို႔ တစ္မ်ိဳးသားလုံး၊ တစ္ႏိုင္ငံလုံးအေပၚ က်ေရာက္လာမည့္အႏၲရာယ္ ကို ကာကြယ္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ထားႏိုင္ရန္၊ က်ေရာက္လာျပန္လွ်င္လည္း တြန္းလွန္ေခ်မႈန္း ပစ္ႏိုင္ရန္တာဝန္ရွိ ေပသည္။ ထိုတာဝန္မ်ားကို မိမိတို႔ျမန္မာႏိုင္ငံတြင္ တပ္မေတာ္သည္ ေရွးပေဒသရာဇ္ ေခတ္မွ ယေန႔အထိထမ္း ေဆာင္လ်က္ရွိရာ ႏိုင္ငံအေပၚက်ေရာက္လာမည့္ ေဘးအႏၲရာယ္မ်ားကို တားဆီးကာကြယ္ရန္ ႀကိဳတင္ျပင္ဆင္ျခင္း၊ ေဘးအႏၲရာယ္ က်ေရာက္လာပါက တြန္းလွန္ဖယ္ရွားျခင္း၊ ႏိုင္ငံေတာ္ ႏွင့္တစ္မ်ိဳးသားလုံးအတြက္ အက်ိဳးရွိေစမည့္ စီမံ ကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း၊ ႏိုင္ငံေတာ္ကို လြတ္လပ္သည့္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံ ေပၚေပါက္လာေအာင္ လြတ္လပ္ေရးကို ႀကိဳးပမ္းရယူခဲ့ျခင္း၊ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာ ဏာကို ကာကြယ္ေစာင့္ ေရွာက္ျခင္းႏွင့္ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈကို တည္ေဆာက္ေရးတို႔သည္ လက္ေတြ႕က်က် ေဆာင္႐ြက္ခဲ့ေသာ အမ်ိဳးသားႏိုင္ငံေရးတာဝန္မ်ားပင္ျဖစ္ပါသည္။
ကမာၻ႔အလယ္တြင္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ရပ္ တည္ႏိုင္ရန္ ပိုင္နက္နယ္နိမိတ္၊ ျပည္သူမ်ား၊ အုပ္ ခ်ဳပ္သူအစိုးရႏွင့္ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈတို႔ ျပည့္စုံရန္လိုအပ္ပါသည္။ အဆိုပါအဂၤါရပ္ (၄)ရပ္ ျပည့္စုံမွသာ ႏိုင္ငံ၏ဥပဓိ႐ုပ္ႏွင့္ ျပည့္စုံမည္ျဖစ္၍ စဥ္ဆက္မျပတ္ ျပည့္စုံေအာင္ ႏိုင္ငံသားတိုင္းက ကာကြယ္ေစာင့္ေရွာက္ၾကရမည္ျဖစ္ပါသည္။ ျမန္မာ ႏိုင္ငံသည္ လြတ္လပ္သည့္အခ်ဳပ္ အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္ႏွင့္အညီ အဆိုပါအဂၤါရပ္(၄)ပါး ႏွင့္ျပည့္စုံ ေပသည္။ သို႔ေသာ္ အတိတ္သမိုင္းတြင္ ကိုလိုနီနယ္ခ်ဲ႕တို႔၏က်ဴးေက်ာ္မႈေၾကာင့္ ႏွစ္ေပါင္း (၁၀ဝ)ေက်ာ္ သူ႔ကြၽန္ဘဝက် ေရာက္ခဲ့ရဖူးသည္။ လြတ္လပ္ေရးရၿပီးခ်ိန္တြင္လည္း (၁၉၄၈၇)-(၄၉) ေရာင္စုံသူပုန္ေသာင္းက်န္းမႈ အႏၲရာယ္၊ (၁၉၅၈) ခုႏွစ္ ပါတီႏိုင္ငံေရးပဋိပကၡ၊ (၁၉၆၂) ခုႏွစ္ လူမ်ိဳးေရး အျမင္က်ဥ္းေျမာင္းသူတို႔က ျပည္ေထာင္စုမွခြဲထြက္ ရန္ ႀကိဳးပမ္းမႈ အႏၲရာယ္ႏွင့္ (၁၉၈၈) မင္းမဲ့စ႐ိုက္ဆူပူ လႈပ္ရွားမႈတို႔ေၾကာင့္ ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာ ဆုံးရႈံးရမည့္အေရးႏွင့္ အႀကိမ္ႀကိမ္ႀကဳံေတြ႕ခဲ့ရသည္။
တပ္မေတာ္သည္ တစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာ လြတ္လပ္ေရးကိုအရယူေပးခဲ့ရသလို လြတ္လပ္ေရး ရၿပီးခ်ိန္ တြင္ အခ်ဳပ္အျခာအာဏာဆုံးရႈံးရမည့္အေရးမွလည္း အႀကိမ္ႀကိမ္ကာကြယ္ခဲ့ရေပသည္။ ထို႔ေၾကာင့္ ႀကဳံေတြ႕ရင္ ဆိုင္ခဲ့ရေသာအေျခအေနအရပ္ ရပ္ကိုေထာက္ရႈၿပီး (၁၉၈၈) ခုႏွစ္ ေနာက္ပိုင္းတြင္ ဒို႔တာဝန္အေရးသုံးပါးကို အမ်ိဳးသား ႏိုင္ငံေရးဟု သတ္မွတ္ခဲ့ၾကသလို ဒို႔တာဝန္ အေရးသုံးပါးကို ကာ ကြယ္ေစာင့္ေရွာက္ရန္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခ ခံဥပေဒမ်ားတြင္ ထည့္သြင္းျပ႒ာန္းခဲ့ပါသည္။ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ အေရးႀကီးဆုံးလိုအပ္ ခ်က္မွာ ျပည္ ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္း လုံးညီၫြတ္မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး ပင္ျဖစ္သည္။ ဤလိုအပ္ခ်က္သုံး ရပ္ျဖစ္ေသာ ဒို႔တာဝန္အေရးသုံးပါးသည္ လက္ငင္း လိုအပ္ခ်က္ျဖစ္သကဲ့သို႔ ေရရွည္လိုအပ္ခ်က္လည္း ျဖစ္ပါသည္။ ထို႔ေၾကာင့္ ကမာၻတည္သေ႐ြ႕ ျမန္မာျပည္ တည္ရွိေနေရးအတြက္ အေရးႀကီး သည့္ ဒို႔တာဝန္အေရးသုံးပါးကို အမ်ိဳးသားႏိုင္ငံေရးအျဖစ္ခံယူ၍ တပ္မေတာ္က ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ ေစာင့္ ေရွာက္ေနျခင္းျဖစ္ပါသည္။ ထို႔ျပင္ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က “အမ်ိဳးသား ႏိုင္ငံေရးဆိုတာ တစ္မ်ိဳးသားလုံးနဲ႔သက္ဆိုင္တဲ့ ေအးခ်မ္းသာယာျခင္း၊ စည္ပင္ဝေျပာျခင္း၊ တရားမွ် တလြတ္လပ္ျခင္းနဲ႔ ျပည္သူအေပါင္း ကိုယ္စိတ္ႏွစ္ျဖာခ်မ္းသာျခင္းစတဲ့ ေလာကီေကာင္းက်ိဳး၊ သုခအျဖာျဖာကို ေဖာ္ေဆာင္ေပးတဲ့လုပ္ငန္းမ်ား ျဖစ္တယ္ဆိုတာ ေျပာၾကားလိုတယ္”ဟု တပ္မေတာ္ (ၾကည္း)ဗိုလ္ သင္တန္း ေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရ အမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၁၀) သင္တန္းဆင္းပြဲအခမ္းအနားတြင္ ထည့္သြင္း ေျပာၾကား ခဲ့ပါသည္။ ထို႔ေၾကာင့္ အမ်ိဳးသားႏိုင္ငံေရးသည္ တစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာကိစၥရပ္တိုင္းကို ဆိုလိုသျဖင့္ မၾကာမီက်င္းပျပဳလုပ္ေတာ့မည့္ ေ႐ြးေကာက္ပြဲသည္လည္း တစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာ အမ်ိဳးသားႏိုင္ငံေရးဟု ဆိုလွ်င္လည္း ရမည္ျဖစ္ပါသည္။
မည္သို႔ပင္ဆိုေစကာမူ အမ်ိဳးသားႏိုင္ငံေရးကို ဆန္းစစ္ၾကည့္သည့္အခါ ႏိုင္ငံေတာ္၏ ေရရွည္အက်ိဳးစီးပြားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ မျဖစ္မေနလိုအပ္သည့္ ဒို႔တာဝန္အေရးသုံးပါးကဲ့သို႔ ေသာ ႏိုင္ငံေတာ္မူဝါဒမ်ား ရွိသကဲ့သို႔ ေခတ္အေျခအေနအရ လတ္တေလာ မျဖစ္မေနေဖာ္ေဆာင္ရမည့္ တစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာ ေ႐ြး ေကာက္ပြဲကဲ့သို႔ေသာ ေရတိုမူဝါဒမ်ားလည္း ရွိေပသည္။ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုတို႔၏အက်ိဳးစီးပြားကို ေရရွည္အ ေကာင္အထည္ေဖာ္ေဆာင္ရမည့္ အမ်ိဳးသားႏိုင္ငံေရးကို စဥ္ဆက္မျပတ္ ကာကြယ္ေစာင့္ေရွာက္ရန္လိုအပ္သလို ေရတို မျဖစ္မေနလုပ္ေဆာင္ရမည့္ အမ်ိဳးသားႏိုင္ငံေရးကိုလည္း ႏိုင္ငံသားတိုင္းက အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾက ရမည္။ ထို႔ေၾကာင့္ ပါတီႏိုင္ ငံေရးျဖစ္ေစ၊ အမ်ိဳးသားႏိုင္ငံေရးျဖစ္ေစ မိမိတို႔ႏိုင္ငံ တိုးတက္ႀကီးပြားေအာင္လုပ္သည့္ ႏိုင္ငံ့အေရးအရာ မွန္သမွ်သည္ ႏိုင္ငံေတာ္ကို လက္ငင္း အက်ိဳးျပဳသည္ ျဖစ္၍ ႏိုင္ငံ့အေရးကို ဦးထိပ္ပန္ဆင္ ေဆာင္ ႐ြက္သြား မည္ဆိုပါက ႏိုင္ငံေရးတိုင္းသည္ ျမင့္ျမတ္သန႔္စင္ သည့္လုပ္ငန္းပင္ျဖစ္ပါသည္။
အခ်ဳပ္ဆိုရလွ်င္ ပါတီႏိုင္ငံေရးလုပ္သည္ျဖစ္ေစ၊ အမ်ိဳးသားႏိုင္ငံေရးလုပ္သည္ျဖစ္ေစ ေနာက္ဆုံး အႏၲိမ ရည္မွန္းခ်က္မွာ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအက်ိဳးစီးပြားကို ေစတနာမွန္ကန္စြာျဖင့္ အလုပ္အေကြၽး ျပဳစုရမည္ ျဖစ္ပါသည္။ ျမန္မာ့သမိုင္းကို ျပန္ၾကည့္လွ်င္ မေအာင္ျမင္သည့္ႏိုင္ငံေရးသည္ အမ်ိဳးသားေရး၊ အမ်ိဳးသားႏိုင္ငံေရး၊ ႏိုင္ငံ့ အေရးႏွင့္ယွဥ္ၿပီး အလုပ္မ လုပ္ၾကသည့္ ႏိုင္ငံေရးသမားမ်ားေၾကာင့္ ျဖစ္သည္ကို ေတြ႕ရွိခဲ့ရသည္။ ပါတီစြဲ၊ ပုဂၢိဳလ္စြဲ၊ ဝါဒစြဲေဒစြဲ၊ လူမ်ိဳးစြဲမ်ားေၾကာင့္ ပါတီႏိုင္ငံေရးကို အလြန္အမင္းအားျပဳ ခဲ့ၾကသည္။ ပုဂၢိဳလ္ေရးအရ ကိုးကြယ္မႈမ်ား ျပင္းထန္ခဲ့ ၾကသည္။ ဗမာျပည္ကြန္ျမဴပါတီလို ဝါဒစြဲျပင္းထန္ ခဲ့ၾကသည္။ နယ္ေျမေဒသစြဲမ်ားရွိခဲ့ၾကသလို လူမ်ိဳး ေရးစြဲႏွင့္ ႏိုင္ငံေရးလုပ္ခဲ့ၾကသည္။ တစ္နည္းဆိုရေသာ္ လူမ်ိဳးေရးအေျချပဳႏိုင္ငံေရး၊ ပါတီအေျချပဳႏိုင္ငံ ေရး၊ ဝါဒအေျချပဳႏိုင္ငံေရး လုပ္ခဲ့ၾကျခင္းေၾကာင့္ မေအာင္မျမင္ျဖစ္ခဲ့ရျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးကို ႏိုင္ငံ့ အေရးဟုခံယူ၍ ႏိုင္ငံသားတိုင္းက ႏိုင္ငံေကာင္းေအာင္လုပ္ေဆာင္ၾကမည္ဆိုလွ်င္ ႏိုင္ငံေတာ္ႀကီးလည္း အေႏွးႏွင့္ အျမန္ဆိုသလို ဖြံ႕ၿဖိဳးတိုး တက္လာမည္ ျဖစ္ပါသည္။