အီလွန်မတ်စ်နဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်တို့ နယူးယောက်မြို့မှာ လျှို့ဝှက်တွေ့ဆုံ
261
Pika (NP News) - နိုဝင်ဘာ ၁၆
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့်နီးစပ်သူ ကမ္ဘာကျော်ဘီလျံနာသူ ဌေးကြီးအီလွန်မတ်စ်သည် ယခုသီတင်းပတ် အစောပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်နှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အမည်မဖော်လို သည့် အီရန်အရာရှိနှစ်ဦး၏ ပြောကြားချက်များကို ကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြသည်။ အီလွန်မတ်စ်သည် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် Amir Saeid Iravani နှင့် နိုဝင်ဘာလ(၁၁)ရက်တွင် နယူးယောက် မြို့တွင် လျှို့ဝှက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း New York Times က ရေးသားဖော်ပြသည်။
အဆိုပါတွေ့ဆုံမှုသည် အီရန်နှင့်အမေရိကန်ကြားတင်းမာမှုများကိုလျှော့ချပစ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အီရန် သတင်းရင်းမြစ်၏အဆိုအရ New York Times က ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါတွေ့ဆုံမှုသည် အပြုသဘော ဆောင် သောရလဒ်များရခဲ့ပြီး သတင်းကောင်းများလည်းရှိခဲ့ကြောင်း အီရန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို အီလွန်မတ်စ်က မှတ်ချက်ပြု ပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ထို့ပြင် ဖြစ်ခဲ့သည် (သို့မဟုတ်) ဖြစ်ခဲ့ခြင်းမျိုးမရှိသော သီးသန့်တွေ့ဆုံမှု များဆိုင်ရာအစီရင်ခံစာများနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောဆိုလိမ့်မည်မဟုတ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချန်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာအီရန်မစ်ရှင်ကလည်း အဆိုပါ အစီရင်ခံစာများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။
အီလွန်မတ်စ်သည် ဒေါ်နယ်ထရမ့်၏ အတွင်းအကျဆုံးစည်းဝိုင်းထဲတွင် အရေးအကြီးဆုံးလူများထဲမှ တစ်ဦးအဖြစ် မကြာသေးမီက စတင်ရှု မြင်ခံလာရသူတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် အီလွန်မတ်စ်သည် အမေရိကန်အစိုးရ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် အသစ်ဖန်တီးထားသော အစိုးရ မဟုတ်သောဌာနတွင် ဦးဆောင်လိမ့်မည်ဖြစ် ကြောင်း ဒေါ်နယ်ထရမ့်က မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။
Zawgyi Version;
အီလြန္မတ္စ္နဲ႔ ကုလသမဂၢဆိုင္ရာ အီရန္သံအမတ္တို႔ နယူးေယာက္ၿမိဳ႕မွာ လွ်ိဳ႕ဝွက္ေတြ႕ဆုံ
Pika (NP News) - ႏိုဝင္ဘာ ၁၆
အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ႏွင့္နီးစပ္သူ ကမာၻေက်ာ္ဘီလ်ံနာသူ ေဌးႀကီးအီလြန္မတ္စ္သည္ ယခုသီတင္းပတ္ အေစာပိုင္းတြင္ ကုလသမဂၢဆိုင္ရာ အီရန္သံအမတ္ႏွင့္ လွ်ိဳ႕ဝွက္ေတြ႕ဆုံခဲ့ေၾကာင္း အမည္မေဖာ္လို သည့္ အီရန္အရာရွိႏွစ္ဦး၏ ေျပာၾကားခ်က္မ်ားကို ကိုးကားၿပီး New York Times သတင္းစာက ေရးသားေဖာ္ျပသည္။ အီလြန္မတ္စ္သည္ ကုလသမဂၢဆိုင္ရာ အီရန္သံအမတ္ Amir Saeid Iravani ႏွင့္ ႏိုဝင္ဘာလ(၁၁)ရက္တြင္ နယူးေယာက္ ၿမိဳ႕တြင္ လွ်ိဳ႕ဝွက္ေတြ႕ဆုံခဲ့ျခင္းျဖစ္ေၾကာင္း New York Times က ေရးသားေဖာ္ျပသည္။
အဆိုပါေတြ႕ဆုံမႈသည္ အီရန္ႏွင့္အေမရိကန္ၾကားတင္းမာမႈမ်ားကိုေလွ်ာ့ခ်ပစ္ရန္ ႀကိဳးပမ္းမႈတစ္ခုအျဖစ္ အီရန္ သတင္းရင္းျမစ္၏အဆိုအရ New York Times က ေဖာ္ျပခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ အဆိုပါေတြ႕ဆုံမႈသည္ အျပဳသေဘာ ေဆာင္ ေသာရလဒ္မ်ားရခဲ့ၿပီး သတင္းေကာင္းမ်ားလည္းရွိခဲ့ေၾကာင္း အီရန္သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို အီလြန္မတ္စ္က မွတ္ခ်က္ျပဳ ေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ ျဖစ္ခဲ့သည္ (သို႔မဟုတ္) ျဖစ္ခဲ့ျခင္းမ်ိဳးမရွိေသာ သီးသန႔္ေတြ႕ဆုံမႈ မ်ားဆိုင္ရာအစီရင္ခံစာမ်ားႏွင့္ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က မွတ္ခ်က္ျပဳေျပာဆိုလိမ့္မည္မဟုတ္ေၾကာင္း ၎၏ ေျပာေရးဆိုခြင့္ရွိသူ စတီဗင္ခ်န္းက ေျပာၾကားခဲ့သည္။
ကုလသမဂၢဆိုင္ရာအီရန္မစ္ရွင္ကလည္း အဆိုပါ အစီရင္ခံစာမ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ျငင္းဆိုခဲ့ေၾကာင္း သိရသည္။
အီလြန္မတ္စ္သည္ ေဒၚနယ္ထရမ့္၏ အတြင္းအက်ဆုံးစည္းဝိုင္းထဲတြင္ အေရးအႀကီးဆုံးလူမ်ားထဲမွ တစ္ဦးအျဖစ္ မၾကာေသးမီက စတင္ရႈ ျမင္ခံလာရသူတစ္ဦးလည္းျဖစ္သည္။ ထို႔ျပင္ အီလြန္မတ္စ္သည္ အေမရိကန္အစိုးရ၏ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးမည့္ အသစ္ဖန္တီးထားေသာ အစိုးရ မဟုတ္ေသာဌာနတြင္ ဦးေဆာင္လိမ့္မည္ျဖစ္ ေၾကာင္း ေဒၚနယ္ထရမ့္က မၾကာေသးမီက ထုတ္ျပန္ေၾကညာခဲ့သည္။