တိုက်ခိုက်ခြင်းများကိုရပ်တန့်ရန်အတွက် အစ္စရေးကို ဖိအားပေးရန် ဒေါ်နယ်ထရမ့်ကို ဟားမက်အဖွဲ့တောင်းဆို
161
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆
ဟားမက်အဖွဲ့ခေါင်းဆောင်တစ်ဦးက ၎င်းတို့သည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အဆင့်သင့်ရှိနေကြောင်း၊ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ဂါဇာဒေသရှိ ပါလက်စတိုင်းများအား ဗုံးကြဲတိုက်ခိုက်ခြင်းတွေကို ဖိအားပေး စေလိုကြောင်း၊ တောင်းဆိုလိုက်သည်။
ဟားမက်စ်အဖွဲ့တွေကို လက်ခံထားသလို ဂါဇာစစ်ပွဲအဆုံးသတ်ရန် ကြားဝင်ကြိုးပမ်းနေသော ကာတာနိုင်ငံက ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ကြားဝင်စေ့စပ်မှုများကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဟားမက်အဖွဲ့ အကြီးအကဲက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကာတာနိုင်ငံအခြေစိုက်ဟားမက် နိုင်ငံရေးဗျူရို ရုံးအကြီးအကဲတစ်ဦးဖြစ်သူ Bassem Naim က "ဟားမက်အဖွဲ့ဟာ ဂါဇာဒေသအပစ်ခတ်ရပ်စဲရေး ရယူဖို့အဆင်သင့်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်အစိုးရ နဲ့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်အောင်ဖိအားပေး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဟားမက်အဖွဲ့ဟာ အပစ်ခတ်ရပ်စဲရေး ကြားဝင်ကြိုးပမ်းနေတဲ့နိုင်ငံတွေကို သတင်းပေးထားပြီးဖြစ်ပါတယ်။ ဂါဇာဒေသ ကနေ အစ္စရေးတပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းဖို့ အပြင်အဆိုပြုချက်တွေကို လက်ခံပေးဖို့ တောင်းဆိုထားတယ်။ နေရပ်စွန့်ခွာ သူတွေကို ပြန်လာခွင့်ပေးဖို့၊ အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်ဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုဖို့ နဲ့ ပျက်စီးသွားတဲ့အရာတွေ ပြန်လည်တည်ဆောက်ခွင့်ပေးဖို့ စတဲ့အချက်တွေပါ" ဟု ပြောသည်။
ကာတာနိုင်ငံသည် ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် ကြားဝင်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရသည့်အတွက် စေ့စပ်ဆွေးနွေးမှုများတွင် ပါဝင်နေခြင်းကို ဆိုင်းငံ့လိုက်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကာတာ နိုင်ငံခြားရေးဝန်ကြီးက "ဂါဇာစစ်ပွဲမှာ ပါဝင်ဆက်နွယ်နေသူအားလုံးဟာ စစ်ပွဲအဆုံးသတ်အောင်လုပ်ဖို့ အမှန်တကယ် ဆန္ဒရှိတယ်ဆိုတာ ပြသမယ်ဆိုရင်တော့ဂါဇာစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတွေမှာ ပြန်လည်ပါဝင်သွားမယ်" ဟု ပြောသည်။
Zawgyi Version;
တိုက္ခိုက္ျခင္းမ်ားကိုရပ္တန႔္ရန္အတြက္ အစၥေရးကို ဖိအားေပးရန္ ေဒၚနယ္ထရမ့္ကို ဟားမက္အဖြဲ႕ေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆
ဟားမက္အဖြဲ႕ေခါင္းေဆာင္တစ္ဦးက ၎တို႔သည္ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲရန္ အဆင့္သင့္ရွိေနေၾကာင္း၊ ေ႐ြးေကာက္ခံ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အေနျဖင့္ ဂါဇာေဒသရွိ ပါလက္စတိုင္းမ်ားအား ဗုံးႀကဲတိုက္ခိုက္ျခင္းေတြကို ဖိအားေပး ေစလိုေၾကာင္း၊ ေတာင္းဆိုလိုက္သည္။
ဟားမက္စ္အဖြဲ႕ေတြကို လက္ခံထားသလို ဂါဇာစစ္ပြဲအဆုံးသတ္ရန္ ၾကားဝင္ႀကိဳးပမ္းေနေသာ ကာတာႏိုင္ငံက ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး ၾကားဝင္ေစ့စပ္မႈမ်ားကို ဆိုင္းငံ့လိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ဟားမက္အဖြဲ႕ အႀကီးအကဲက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ကာတာႏိုင္ငံအေျခစိုက္ဟားမက္ ႏိုင္ငံေရးဗ်ဴ႐ို ႐ုံးအႀကီးအကဲတစ္ဦးျဖစ္သူ Bassem Naim က "ဟားမက္အဖြဲ႕ဟာ ဂါဇာေဒသအပစ္ခတ္ရပ္စဲေရး ရယူဖို႔အဆင္သင့္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ အေမရိကန္အစိုးရ နဲ႔ ေ႐ြးေကာက္ခံ သမၼတ ေဒၚနယ္ထရမ့္ကို အစၥေရးရဲ႕တိုက္ခိုက္မႈေတြ ရပ္တန႔္ေအာင္ဖိအားေပး တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ ဟားမက္အဖြဲ႕ဟာ အပစ္ခတ္ရပ္စဲေရး ၾကားဝင္ႀကိဳးပမ္းေနတဲ့ႏိုင္ငံေတြကို သတင္းေပးထားၿပီးျဖစ္ပါတယ္။ ဂါဇာေဒသ ကေန အစၥေရးတပ္ဖြဲ႕ေတြ ျပန္႐ုတ္သိမ္းဖို႔ အျပင္အဆိုျပဳခ်က္ေတြကို လက္ခံေပးဖို႔ ေတာင္းဆိုထားတယ္။ ေနရပ္စြန႔္ခြာ သူေတြကို ျပန္လာခြင့္ေပးဖို႔၊ အက်ဥ္းသားေတြ အျပန္အလွန္လဲလွယ္ဖို႔၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ ေပးပို႔ခြင့္ျပဳဖို႔ နဲ႔ ပ်က္စီးသြားတဲ့အရာေတြ ျပန္လည္တည္ေဆာက္ခြင့္ေပးဖို႔ စတဲ့အခ်က္ေတြပါ" ဟု ေျပာသည္။
ကာတာႏိုင္ငံသည္ ဂါဇာစစ္ပြဲအဆုံးသတ္ရန္အတြက္ ၾကားဝင္ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရသည့္အတြက္ ေစ့စပ္ေဆြးေႏြးမႈမ်ားတြင္ ပါဝင္ေနျခင္းကို ဆိုင္းငံ့လိုက္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။
ကာတာ ႏိုင္ငံျခားေရးဝန္ႀကီးက "ဂါဇာစစ္ပြဲမွာ ပါဝင္ဆက္ႏြယ္ေနသူအားလုံးဟာ စစ္ပြဲအဆုံးသတ္ေအာင္လုပ္ဖို႔ အမွန္တကယ္ ဆႏၵရွိတယ္ဆိုတာ ျပသမယ္ဆိုရင္ေတာ့ဂါဇာစစ္ပြဲအဆုံးသတ္ေရး ႀကိဳးပမ္းမႈေတြမွာ ျပန္လည္ပါဝင္သြားမယ္" ဟု ေျပာသည္။