ဗိုလ်နဂါးနှင့်အဖွဲ့က ပုလဲမြို့ရှိ ပြည်သူပိုင်ရုံးများကို မီးရှို့ထွက်ပြေးခဲ့ပြီးနောက် ဖမ်းဆီးထားသော Non-CDM များကို စစ်သုံ့ပန်းဟု ဝါဒဖြန့်နေ

 2073

မြူနစ် (NP News) - နိုဝင်ဘာ ၁၆

ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့သည် ပုလဲမြို့ရှိ ပြည်သူပိုင်ရုံးများကို မီးရှို့ဖျက်ဆီးကာ ထွက်ပြေးခဲ့ပြီးနောက် ဖမ်းဆီး ထားသည့် Non-CDM ဝန်ထမ်းများ ကို စစ်သုံ့ပန်းအဖြစ် ဝါဒဖြန့်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ဗိုလ်နဂါး၏ BNRA အဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ (၁၁) ရက်၊ နံနက် (၄) နာရီ ဝန်းကျင်အချိန်မှ စ၍ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် မြို့သိမ်းတိုက်ပွဲတစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။ ထိုသို့ ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့သည် ပုလဲမြို့ကို တိုက်ပွဲမဖော်ဆောင်ခင်အချိန်တွင် မြို့ပေါ်ရှိ လုံခြုံရေးအဖွဲ့များနှင့် အခြားသောဌာန ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးရုံး၌ စုပေါင်းကာ အခြေချနေထိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်နဂါးနှင့်ပူးပေါင်းအဖွဲ့သည် ပုလဲမြို့ရှိ မြသိန်း တန်ဘုရားဝင်း၊ ရေကန်ပေါင်၊ ရဲစခန်း၊ လျှပ်စစ်ရုံး၊ ခေတ်သစ် တည်းခိုခန်း အပါအဝင် အခြားသောနေရာများတွင် နေရာယူကာ ထွေအုပ်ရုံးရှိ နစက၏လုံခြုံရေးအဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပုလဲမြို့ကို ထိန်းချုပ်နိုင်ရန် ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့က အင်အား (၁၀ဝဝ)ဝန်းကျင် အသုံးပြုကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း တပ်မတော်၏ ပြင်းထန်သည့်လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ (၁၄) ရက်တွင် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ‘‘မနေ့ကတော့ နိုဝင်ဘာ (၁၄)ရက် မှာ လေယာဉ်နဲ့ ပြင်းပြင်းထန်ထန်လုပ်တာဆိုတော့ လုံးဝကို မရှိတော့ဘူးပေါ့။ ဗိုလ်နဂါးတို့က (၁၁) ရက်က စတိုက်တာ (၁၄)ရက်မှာ ပြတ်သွားတာပေါ့။ စစ်ကူတွေ၊ လေယာဉ်တွေနဲ့ ပြန်တိုက်သွားတာ။ လေယာဉ်တွေနဲ့ ပတ်ပတ်လည် လိုက်ပြီးတော့ ရှင်းတာပေါ့။ တကယ်တမ်းကတော့ လက်နက်ချတာတို့၊ သုံ့ပန်း အဖြစ်အဖမ်းခံရတာတို့က ဘာမှမရှိဘူး” ဟု ပုလဲမြို့ခံတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့ဖော်ဆောင်သည့် ပုလဲမြို့သိမ်း တိုက်ပွဲတွင် နစက၏လုံ ခြုံရေးအဖွဲ့များသည် မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၌ စခန်းချကာ ပြန်လည်ခုခံခဲ့ခြင်းဖြစ်သကဲ့သို့ တပ်မတော်ကလည်း Y-12 ဂျက်ဖိုက်တာ (၂)စင်းဖြင့် ပျံဝဲကာ ပစ်ခတ်ရှင်းလင်းပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ‘‘ဗိုလ်နဂါးတို့က အလှူခံ ထားတာတွေလည်းရှိတော့ သူ့ကိုဒေသခံတွေက တိုက်ပွဲမတိုက်ဘဲ အလှူခံစားတယ်ဆိုပြီးတော့ စွပ်စွဲတာနဲ့ တိုက်ပွဲကို ဖော်ဆောင်တာလို့ ပြောတာပဲ။ သူတို့ဘက်က သေကျေထိခိုက်တာတော့ သေသေချာချာမရဘူးဗျ။ သေတာတော့ တော်တော်သေတယ်။ ပန်းရွာက နဂါးအဖွဲ့ဝင်ထဲက တစ်ယောက်လည်း သေတယ်လို့ ပြောတယ်။ အရေအတွက်တော့ တိတိကျကျမသိရဘူး” ဟု ပုလဲမြို့ပေါ်ရှိ လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သောမြို့ခံတစ်ဦးက NP News ကို ဆက်သွယ် ပြောကြားသည်။

အဆိုပါပုလဲမြို့တိုက်ပွဲအတွင်း၌ ဗိုလ်နဂါး နှင့်ပူးပေါင်းအဖွဲ့က စစ်သုံ့ပန်းများကို ဖမ်းဆီးရရှိ ထားကြောင်း သတင်းထုတ်လွှင့်မှု များရှိခဲ့သော်လည်း အမှန်တကယ်မှာ ပုလဲမြို့အနီးတစ်ဝိုက်တွင်ရှိသော ကျေးရွာများမှ Non- CDM
ဝန်ထမ်းများကို ဖမ်းဆီး ကာ စစ်သုံ့ပန်းအဖြစ် ဝါဒဖြန့်ချိခဲ့ခြင်းသာဖြစ်ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုနေ ကြသည်။ ‘‘အခုဖြစ်စဉ်မှာက သူတို့ အရှက်ကွဲတော့ ဝါဒဖြန့်ချင်တော့ CDM မလုပ်တဲ့သူတွေက ရွာတွေမှာ တစ်ယောက်စ၊ နှစ်ယောက်စ ရှိတယ်လေ။ အဓိကတော့ ဆရာ၊ ဆရာမတွေ များတာပါ။ ပုလဲမြို့က ရွာပတ်ပတ်လည်မှာ နေကြတာ။ တခြားဝန်ထမ်းတွေလည်း ပါတာပေါ့။ အဲဒါတွေကို လိုက်ခေါ်ပြီး တော့မှ ပုလဲမှာဝန်ထမ်းတွေကို သုံ့ပန်းအဖြစ် ခေါ် ထားတာတို့၊ ဖမ်းမိတာတို့ဆိုပြီး လျှောက်ပြောနေတာ။ တကယ်တမ်းက မြို့ပေါ်ကနေ ဖမ်းမိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့ သုံ့ပန်းဆိုတဲ့ဟာတွေက ရွာကလူ =တွေဆိုတာ သေချာတယ်။ နိုဝင်ဘာ (၁၃) ရက်နေ့ကတည်းက ခေါ်သွားတာ” ဟု ပုလဲမြို့ခံက ထပ်မံပြောသည်။

ထို့ပြင် ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ(၁၄) ရက်တွင် ပုလဲမြို့တိုက်ပွဲမှ ပြန်လည်ဆုတ်ခွာထွက်ပြေး ခြင်းမပြုမီ မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံး၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ မယ်တံခွန်ဈေးဆိုင်နှင့် လဝက ရုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းသိရသည်။
အလားတူ ပုလဲမြို့ကို ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖော်ဆောင်စဉ် နေရပ်စွန့်ခွာထွက် ပြေးနိုင်ခြင်း မရှိခဲ့သော ပုလဲမြို့ခံ (၆)ဦးထက် မနည်း ကိုလည်း အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေး အဖွဲ့နှင့်နီးစပ်သော ပုလဲမြို့ခံက ဆက်လက်ပြော သည်။ ‘‘မြို့ပေါ်မှာ ဒီနဂါး ဝင်ရောက်ဖျက်ဆီးတာ မိုလို့ ဒေသခံတွေလည်း သေတယ်ဗျ။ အကုန်သူတို့ သတ်ထားခဲ့တာလေ။ (ဏ) ရပ်ကွက်ထဲမှာဆိုရင် (၆) ယောက်၊ (၇) ယောက်လောက်ရှိတယ်။ အဘိုကြီး၊ အဘွားကြီးတွေ ပြီးတော့ ကလေးငယ်လေးတွေ။ မပြေးနိုင်တဲ့သူတွေကို မပြေးရင် သူတို့က ဒလန်ဆိုပြီး တော့ သတ်တာ။ ရပ်ကွက်ထဲမှာဆိုရင် ကျွန်တော့် မိတ်ဆွေတွေပါသွားတယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပုလဲမြို့၏ အခြေအနေ သည် တည်ငြိမ်အေးချမ်းနေလျက်ရှိပြီး နစက၏ လုံခြုံရေးအဖွဲ့ ဝင်များကလည်း မြို့နှင့် အနီးတစ်ဝိုက်တွင် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယခင်က တည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ ရှိခဲ့သကဲ့သို့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါ ရီလနောက်ပိုင်းတွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ ထပ်မံပေါ်ပေါက်လာခဲ့ပြီး ၎င်း လက်နက်ကိုင်များဖော်ဆောင်နေသည့် ရွာသိမ်း၊ မြို့သိမ်းတိုက်ပွဲများကြောင့် မြို့ရွာ၊ အိုးအိမ်ပျက်စီးကာ အိမ်ခြေယာမဲ့ဘဝသို့ ရောက်ရှိသွားသော ပြည်သူလူ ထုများစွာ လည်း ရှိလို့ နေသည်။

Zawgyi Version;
ဗိုလ္နဂါးႏွင့္အဖြဲ႕က ပုလဲၿမိဳ႕ရွိ ျပည္သူပိုင္႐ုံးမ်ားကို မီးရႈိ႕ထြက္ေျပးခဲ့ၿပီးေနာက္ ဖမ္းဆီးထားေသာ Non-CDM မ်ားကို စစ္သုံ႔ပန္းဟု ဝါဒျဖန႔္ေန
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၆

ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕သည္ ပုလဲၿမိဳ႕ရွိ ျပည္သူပိုင္႐ုံးမ်ားကို မီးရႈိ႕ဖ်က္ဆီးကာ ထြက္ေျပးခဲ့ၿပီးေနာက္ ဖမ္းဆီး ထားသည့္ Non-CDM ဝန္ထမ္းမ်ား ကို စစ္သုံ႔ပန္းအျဖစ္ ဝါဒျဖန႔္ေနလ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ဗိုလ္နဂါး၏ BNRA အဖြဲ႕ႏွင့္ ေဒသခံ လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားသည္ ႏိုဝင္ဘာ (၁၁) ရက္၊ နံနက္ (၄) နာရီ ဝန္းက်င္အခ်ိန္မွ စ၍ စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕တြင္ ၿမိဳ႕သိမ္းတိုက္ပြဲတစ္ရပ္ကို ေဖာ္ေဆာင္ခဲ့သည္။ ထိုသို႔ ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕သည္ ပုလဲၿမိဳ႕ကို တိုက္ပြဲမေဖာ္ေဆာင္ခင္အခ်ိန္တြင္ ၿမိဳ႕ေပၚရွိ လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ အျခားေသာဌာန ဆိုင္ရာ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံး၌ စုေပါင္းကာ အေျခခ်ေနထိုင္ခဲ့ေၾကာင္း သိရသည္။
ဗိုလ္နဂါးႏွင့္ပူးေပါင္းအဖြဲ႕သည္ ပုလဲၿမိဳ႕ရွိ ျမသိန္း တန္ဘုရားဝင္း၊ ေရကန္ေပါင္၊ ရဲစခန္း၊ လွ်ပ္စစ္႐ုံး၊ ေခတ္သစ္ တည္းခိုခန္း အပါအဝင္ အျခားေသာေနရာမ်ားတြင္ ေနရာယူကာ ေထြအုပ္႐ုံးရွိ နစက၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ပုလဲၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ရန္ ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕က အင္အား (၁၀ဝဝ)ဝန္းက်င္ အသုံးျပဳကာ တိုက္ပြဲေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ေသာ္လည္း တပ္မေတာ္၏ ျပင္းထန္သည့္ေလေၾကာင္း တိုက္ခိုက္မႈမ်ားေၾကာင့္ ႏိုဝင္ဘာ (၁၄) ရက္တြင္ ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။ ‘‘မေန႔ကေတာ့ ႏိုဝင္ဘာ (၁၄)ရက္ မွာ ေလယာဥ္နဲ႔ ျပင္းျပင္းထန္ထန္လုပ္တာဆိုေတာ့ လုံးဝကို မရွိေတာ့ဘူးေပါ့။ ဗိုလ္နဂါးတို႔က (၁၁) ရက္က စတိုက္တာ (၁၄)ရက္မွာ ျပတ္သြားတာေပါ့။ စစ္ကူေတြ၊ ေလယာဥ္ေတြနဲ႔ ျပန္တိုက္သြားတာ။ ေလယာဥ္ေတြနဲ႔ ပတ္ပတ္လည္ လိုက္ၿပီးေတာ့ ရွင္းတာေပါ့။ တကယ္တမ္းကေတာ့ လက္နက္ခ်တာတို႔၊ သုံ႔ပန္း အျဖစ္အဖမ္းခံရတာတို႔က ဘာမွမရွိဘူး” ဟု ပုလဲၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕ေဖာ္ေဆာင္သည့္ ပုလဲၿမိဳ႕သိမ္း တိုက္ပြဲတြင္ နစက၏လုံ ၿခဳံေရးအဖြဲ႕မ်ားသည္ ၿမိဳ႕ေပၚရွိ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံး၌ စခန္းခ်ကာ ျပန္လည္ခုခံခဲ့ျခင္းျဖစ္သကဲ့သို႔ တပ္မေတာ္ကလည္း Y-12 ဂ်က္ဖိုက္တာ (၂)စင္းျဖင့္ ပ်ံဝဲကာ ပစ္ခတ္ရွင္းလင္းေပးခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။ ‘‘ဗိုလ္နဂါးတို႔က အလႉခံ ထားတာေတြလည္းရွိေတာ့ သူ႔ကိုေဒသခံေတြက တိုက္ပြဲမတိုက္ဘဲ အလႉခံစားတယ္ဆိုၿပီးေတာ့ စြပ္စြဲတာနဲ႔ တိုက္ပြဲကို ေဖာ္ေဆာင္တာလို႔ ေျပာတာပဲ။ သူတို႔ဘက္က ေသေက်ထိခိုက္တာေတာ့ ေသေသခ်ာခ်ာမရဘူးဗ်။ ေသတာေတာ့ ေတာ္ေတာ္ေသတယ္။ ပန္း႐ြာက နဂါးအဖြဲ႕ဝင္ထဲက တစ္ေယာက္လည္း ေသတယ္လို႔ ေျပာတယ္။ အေရအတြက္ေတာ့ တိတိက်က်မသိရဘူး” ဟု ပုလဲၿမိဳ႕ေပၚရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္ေသာၿမိဳ႕ခံတစ္ဦးက NP News ကို ဆက္သြယ္ ေျပာၾကားသည္။

အဆိုပါပုလဲၿမိဳ႕တိုက္ပြဲအတြင္း၌ ဗိုလ္နဂါး ႏွင့္ပူးေပါင္းအဖြဲ႕က စစ္သုံ႔ပန္းမ်ားကို ဖမ္းဆီးရရွိ ထားေၾကာင္း သတင္းထုတ္လႊင့္မႈ မ်ားရွိခဲ့ေသာ္လည္း အမွန္တကယ္မွာ ပုလဲၿမိဳ႕အနီးတစ္ဝိုက္တြင္ရွိေသာ ေက်း႐ြာမ်ားမွ Non- CDM
ဝန္ထမ္းမ်ားကို ဖမ္းဆီး ကာ စစ္သုံ႔ပန္းအျဖစ္ ဝါဒျဖန႔္ခ်ိခဲ့ျခင္းသာျဖစ္ေၾကာင္း ေဒသခံမ်ားက အခိုင္အမာေျပာဆိုေန ၾကသည္။ ‘‘အခုျဖစ္စဥ္မွာက သူတို႔ အရွက္ကြဲေတာ့ ဝါဒျဖန႔္ခ်င္ေတာ့ CDM မလုပ္တဲ့သူေတြက ႐ြာေတြမွာ တစ္ေယာက္စ၊ ႏွစ္ေယာက္စ ရွိတယ္ေလ။ အဓိကေတာ့ ဆရာ၊ ဆရာမေတြ မ်ားတာပါ။ ပုလဲၿမိဳ႕က ႐ြာပတ္ပတ္လည္မွာ ေနၾကတာ။ တျခားဝန္ထမ္းေတြလည္း ပါတာေပါ့။ အဲဒါေတြကို လိုက္ေခၚၿပီး ေတာ့မွ ပုလဲမွာဝန္ထမ္းေတြကို သုံ႔ပန္းအျဖစ္ ေခၚ ထားတာတို႔၊ ဖမ္းမိတာတို႔ဆိုၿပီး ေလွ်ာက္ေျပာေနတာ။ တကယ္တမ္းက ၿမိဳ႕ေပၚကေန ဖမ္းမိတာ မဟုတ္ဘူး။ သူတို႔ေျပာေနတဲ့ သုံ႔ပန္းဆိုတဲ့ဟာေတြက ႐ြာကလူ =ေတြဆိုတာ ေသခ်ာတယ္။ ႏိုဝင္ဘာ (၁၃) ရက္ေန႔ကတည္းက ေခၚသြားတာ” ဟု ပုလဲၿမိဳ႕ခံက ထပ္မံေျပာသည္။

ထို႔ျပင္ ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာ(၁၄) ရက္တြင္ ပုလဲၿမိဳ႕တိုက္ပြဲမွ ျပန္လည္ဆုတ္ခြာထြက္ေျပး ျခင္းမျပဳမီ ၿမိဳ႕ေပၚရွိ ျမန္မာ့စီးပြားေရးဘဏ္႐ုံး၊ ဝန္ထမ္းအိမ္ရာလိုင္းခန္း၊ မယ္တံခြန္ေဈးဆိုင္ႏွင့္ လဝက ႐ုံးတို႔ကိုလည္း မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္းသိရသည္။
အလားတူ ပုလဲၿမိဳ႕ကို ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕ တိုက္ပြဲေဖာ္ေဆာင္စဥ္ ေနရပ္စြန႔္ခြာထြက္ ေျပးႏိုင္ျခင္း မရွိခဲ့ေသာ ပုလဲၿမိဳ႕ခံ (၆)ဦးထက္ မနည္း ကိုလည္း အၾကမ္းဖက္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရး အဖြဲ႕ႏွင့္နီးစပ္ေသာ ပုလဲၿမိဳ႕ခံက ဆက္လက္ေျပာ သည္။ ‘‘ၿမိဳ႕ေပၚမွာ ဒီနဂါး ဝင္ေရာက္ဖ်က္ဆီးတာ မိုလို႔ ေဒသခံေတြလည္း ေသတယ္ဗ်။ အကုန္သူတို႔ သတ္ထားခဲ့တာေလ။ (ဏ) ရပ္ကြက္ထဲမွာဆိုရင္ (၆) ေယာက္၊ (၇) ေယာက္ေလာက္ရွိတယ္။ အဘိုႀကီး၊ အဘြားႀကီးေတြ ၿပီးေတာ့ ကေလးငယ္ေလးေတြ။ မေျပးႏိုင္တဲ့သူေတြကို မေျပးရင္ သူတို႔က ဒလန္ဆိုၿပီး ေတာ့ သတ္တာ။ ရပ္ကြက္ထဲမွာဆိုရင္ ကြၽန္ေတာ့္ မိတ္ေဆြေတြပါသြားတယ္” ဟု ၎က ေျပာသည္။ လက္ရွိတြင္ ပုလဲၿမိဳ႕၏ အေျခအေန သည္ တည္ၿငိမ္ေအးခ်မ္းေနလ်က္ရွိၿပီး နစက၏ လုံၿခဳံေရးအဖြဲ႕ ဝင္မ်ားကလည္း ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ နယ္ေျမ ရွင္းလင္းေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ ေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ယခင္က တည္းက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေပါင္းမ်ားစြာ ရွိခဲ့သကဲ့သို႔ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါ ရီလေနာက္ပိုင္းတြင္လည္း လက္နက္ကိုင္အဖြဲ႕အစည္းေပါင္းမ်ားစြာ ထပ္မံေပၚေပါက္လာခဲ့ၿပီး ၎ လက္နက္ကိုင္မ်ားေဖာ္ေဆာင္ေနသည့္ ႐ြာသိမ္း၊ ၿမိဳ႕သိမ္းတိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕႐ြာ၊ အိုးအိမ္ပ်က္စီးကာ အိမ္ေျခယာမဲ့ဘဝသို႔ ေရာက္ရွိသြားေသာ ျပည္သူလူ ထုမ်ားစြာ လည္း ရွိလို႔ ေနသည္။

Related news

© 2021. All rights reserved.