၂ဝ၂၇ ခုနှစ်မှာ အိန္ဒိယ-မြန်မာ ကုလားတန်စီမံကိန်း အပြည့်အဝ လည်ပတ်မယ်လို့ ဆို

489

Htay Oung (NP News) - ဇူလိုင် ၁၆
အိန္ဒိယနဲ့ မြန်မာတို့အကြား မျှော်လင့်ရည်မှန်းထားတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ ၂၀၂၇ ခုနှစ်မှာ လည်ပတ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ဆိပ်ကမ်း-သင်္ဘောတင်ပို့ရေးနဲ့ရေကြောင်းသွားလာရေးဆိုင်ရာ ပြည်ထောင်စုသင်္ဘောဝန်ကြီး ဆာဘန်နမ်ဆိုနိုဝဲလ်က ဇူလိုင်လ ၇ ရက်(တနင်္လာနေ့)က ပြောတယ်လို့ အိန္ဒိယ RAW ထောက်လှမ်းအဖွဲ့ ရဲ့သတင်းပြန်ကြားရေးဌာနဖြစ်တဲ့ “IDRW” က ၂ဝ၂၅ ခုနှစ် ဇူလိုင် ၈ ရက်မှာ ရေးသားခဲ့ပါတယ်။
အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များသို့ ကုန်စည်တင်ပို့ရာမှာ ခရီးအကွာအဝေးကို လျှော့ချရန် ရည်ရွယ်ထား ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအသက်ဝင်တဲ့အခါ လက်ရှိသွားလာနေသည်ထက် မိုင်ပေါင်း ၄၃ဝ ကျော် ပိုမို တိုတောင်းသွားလိမ့်မယ်လို့ နာရင်ဒြာမိုဒီအစိုးရ နိုင်ငံရေးဆိုင်ရာ ကဲဘိနက်ကော်မတီအဖွဲ့ဝင်နဲ့ အာသံပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဝန်ကြီး ဆိုနိုဝဲလ်က မီဒီယာတွေ့ဆုံပွဲမှာ ပြောပါတယ်။
“စစ်တွေဆိပ်ကမ်းက အဆင်သင့်ဖြစ်နေပါပြီ။ အခု မြန်မာနိုင်ငံမှ (မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်ကို လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပါတယ်။ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခုလုံးကို ၂၀၂၇-ခုနှစ်မှာ စတင်လည်ပတ်မှာပါ” လို့ ဝန်ကြီးက ရှင်းပြပါတယ်။
စီမံကိန်းရဲ့ ရေလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အိန္ဒိယအစိုးရက ရူပီး ကုဋေ ၁,၀၀၀ ရင်းနှီးမြုပ်နှံထားပြီး အခြားအေဂျင်စီများကလည်း ကျန်ကဏ္ဍများမှာ ပါဝင်ဆောင်ရွက်လျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံရဲ့စီးပွားရေး သာယာဝပြောမှုကို ပြန်လည်အသက်သွင်းရာမှာ အရှေ့မြောက်ဒေသဟာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးမှတဆင့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်သင့်တယ်လို့ နာရင်ဒြာမိုဒီ ပြော ကြားခဲ့ကြောင်း၊ ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရ အရှေ့မြောက်ဒေသကို တောင်အာရှရဲ့စီးပွားရေးအချက်အချာ အဖြစ် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း။ အဲဒီအတွက် ရေလမ်းကြောင်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်နေမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
အိန္ဒိယအရှေ့ဘက်ဆိပ်ကမ်းများမှ (အရှေ့မြောက်ပိုင်းပြည်နယ်များအတွက်) မြန်မာနိုင်ငံမှတဆင့် ကုန်စည် ပို့ဆောင်ရေး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMTTP) ကို ဖန်တီးရန် နှစ်နိုင်ငံ ပူးပေါင်း ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနဲ့မြန်မာကြား အဲဒီချစ်ကြည်ရေးပရောဂျက်ကို နယူးဒေလီဖက်မှာ နိုင်ငံခြားရေးဝန်ကြီးက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
"စစ်တွေဆိပ်ကမ်းကို ၂၀၂၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကာလကတ္တားမှ ခုတ်မောင်းလာတဲ့ ကုန်တင်သင်္ဘောမှ ကုန်စည် မက်ထရစ်တန် ၂,၀၀၀ ကို ကုန်ချနိုင်ခဲ့တဲ့အတွက် ဆိပ်ကမ်းရဲ့အပြည့်အဝ လည်ပတ်နိုင်မှုမှာ ကျေနပ်ဖွယ် ဖြစ်ကြောင်း၊ KMTTP တစ်ခုလုံး ပြီးစီးတဲ့အခါ ကာလကတ္တားနဲ့ မီဇိုရမ်ပြည်နယ်ကြား လက်ရှိ မိုင် ၁၁၀၀ ကျော် သွားလာနေရာမှ မိုင် ၄၃၀ ကျော် ပိုမိုတိုတောင်းသွားမည်ဖြစ်ကြောင်း၊ ပထမဆုံး ကုန်သင်္ဘောဟာ ကာလကတ္တား “ရှာမာ ပရာဆက် မူကာဂျီ” ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ခုတ်မောင်းသွားခဲ့ခြင်းဖြစ် ကြောင်း၊ ကုလားတန်မြစ်ကြောင်းအတိုင်း ဘက်စုံသုံး ကူးသန်းသွားလာရေး အထောက်အကူပြု အဆောက်အအုံ တည်ဆောက်ခြင်းနဲ့လည်ပတ်လုပ်ကိုင်ခြင်းအတွက် အိန္ဒိယနဲ့မြန်မာကြား မူဘောင်သဘောတူညီချက်အရ စစ်တွေ ဆိပ်ကမ်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း
စစ်တွေဆိပ်ကမ်းမှတဆင့် မြန်မာပြည်အတွင်း ရေကြောင်းလမ်းအတိုင်း (ချင်းပြည်နယ်) ပလက်ဝမြို့ကို ဆက်သွယ်ပြီး ၎င်းမှတဆင့် မီဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့သို့ ကားလမ်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း၊
စစ်တွေဆိပ်ကမ်းကိုရောက်ရှိလာတဲ့ ကာလကတ္တားမှ ကုန်ပစ္စည်းများကို စစ်တွေမြို့မှ ရေမိုင် ၆၀ သာကွာဝေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်ဆိပ်ကမ်းသို့ တင်ပို့နိုင်ကြောင်း။ တက္ကနဖ်ဆိပ်ကမ်းမှ အိန္ဒိယတြိပူရပြည်နယ် တောင်ပိုင်း ဆာဘာရွန်မြို့မှာ ၁၈၅ မိုင်ခန့်ကွာဝေးကြောင်း၊ အဲ့ဒီမြို့မှာ ဘင်္ဂလားဒေ့ရှ်နဲ့ တြိပူရကြား နယ်ခြား ပေါင်းစပ် အကောက်ခွန်ဂိတ်ရှိကြောင်း၊ စစ်တွေဆိပ်ကမ်နဲ့ ကုလားတန်စီမံကိန်းဟာ သယ်ယူပို့ဆောင်ချိန်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်များကို သိသိသာသာ လျှော့ချနိုင်တဲ့အတွက် တြိပူရကိုပြည်နယ်များစွာ အကျိုးဖြစ် ထွန်းစေမှာဖြစ်ကြောင်း၊ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းအကောင်အထည်ဖော်မှုမှာ ကနဦး ဆာဗေးတိုင်းတာစဉ် ညွှန်းဆိုသည်များထက် ပိုမိုခက်ခဲကြောင်း၊ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ် အတွင်းမှာလည်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေခဲ့တယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။
စစ်တကောင်း ဆိပ်ကမ်းအစား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယအကြီးဆုံးဖြစ်တဲ့ မွန်ဂလာဆိပ်ကမ်းမှတဆင့် ဆက်သွယ်ရန် ဖြစ်-မဖြစ်နိုင် သတင်းထောက်တစ်ဦးက မေးမြန်းပါတယ်။ ဝန်ကြီးက တိုက်ရိုက်ဖြေကြားခြင်း မရှိပဲ “အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့အတူ အိန္ဒိယနိုင်ငံရဲ့ရေကြောင်းသွားလာရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နေပါတယ်” လို့ တုန့်ပြန်ပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုများ ရှိနေသည့်တိုင် ဘင်္ဂလားဒေ့ရှ် မြစ်ကြောင်းများတစ်လျှောက် ကုန်တင်ကုန်ချ ကိုင်တွယ် မှုများကို ဆက်လက်လုပ်ဆောင်နေပြီး အိမ်နီးချင်း နိုင်ငံမှတဆင့် နှစ်စဉ် ကုန်စည် မက်ထရစ်တန်ချိန် ၄ သန်းခန့် ပို့ဆောင်နေကြောင်း “သင်္ဘောတွေက တင်ပို့လိုက်တဲ့ကုန်စည်တွေဟာ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး လည်ပတ်လျက် ရှိကြောင်း။ ဒီအတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေ ရှိနေပြီး ဒါကို နှစ်ဖက်စလုံးက လေးစားကြတယ်လို့ အိန္ဒိယအစိုးရ ဆိပ်ကမ်း-သင်္ဘောတင်ပို့ရေးနဲ့ ရေကြောင်းသွားလာရေးဆိုင်ရာ ပြည်ထောင်စုသင်္ဘောဝန်ကြီး ဆာဘန်နမ် ဆိုနိုဝဲလ်က နယူးဒေလီ မီဒီယာတွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
#HtayOung #OungMarine

Zawgyi Version:
၂ဝ၂၇ ခုႏွစ္မွာ အိႏၵိယ-ျမန္မာ ကုလားတန္စီမံကိန္း အျပည့္အဝ လည္ပတ္မယ္လို႔ ဆို
Htay Oung (NP News) - ဇူလိုင္ ၁၆
အိႏၵိယနဲ႔ ျမန္မာတို႔အၾကား ေမွ်ာ္လင့္ရည္မွန္းထားတဲ့ ကုလားတန္ျမစ္ေၾကာင္း စီမံကိန္းဟာ ၂၀၂၇ ခုႏွစ္မွာ လည္ပတ္ႏိုင္မည္ျဖစ္ေၾကာင္း အိႏၵိယအစိုးရ ဆိပ္ကမ္း-သေဘၤာတင္ပို႔ေရးနဲ႔ေရေၾကာင္းသြားလာေရးဆိုင္ရာ ျပည္ေထာင္စုသေဘၤာဝန္ႀကီး ဆာဘန္နမ္ဆိုႏိုဝဲလ္က ဇူလိုင္လ ၇ ရက္(တနလၤာေန႔)က ေျပာတယ္လို႔ အိႏၵိယ RAW ေထာက္လွမ္းအဖြဲ႕ ရဲ႕သတင္းျပန္ၾကားေရးဌာနျဖစ္တဲ့ “IDRW” က ၂ဝ၂၅ ခုႏွစ္ ဇူလိုင္ ၈ ရက္မွာ ေရးသားခဲ့ပါတယ္။
အိႏၵိယ အေရွ႕ေျမာက္ပိုင္း ျပည္နယ္မ်ားသို႔ ကုန္စည္တင္ပို႔ရာမွာ ခရီးအကြာအေဝးကို ေလွ်ာ့ခ်ရန္ ရည္႐ြယ္ထား ျခင္းျဖစ္ေၾကာင္း၊ စီမံကိန္းအသက္ဝင္တဲ့အခါ လက္ရွိသြားလာေနသည္ထက္ မိုင္ေပါင္း ၄၃ဝ ေက်ာ္ ပိုမို တိုေတာင္းသြားလိမ့္မယ္လို႔ နာရင္ျဒာမိုဒီအစိုးရ ႏိုင္ငံေရးဆိုင္ရာ ကဲဘိနက္ေကာ္မတီအဖြဲ႕ဝင္နဲ႔ အာသံျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္သူ ဝန္ႀကီး ဆိုႏိုဝဲလ္က မီဒီယာေတြ႕ဆုံပြဲမွာ ေျပာပါတယ္။
“စစ္ေတြဆိပ္ကမ္းက အဆင္သင့္ျဖစ္ေနပါၿပီ။ အခု ျမန္မာႏိုင္ငံမွ (မီဇိုရမ္ျပည္နယ္ၿမိဳ႕ေတာ္ အိုင္ေဇာလ္ကို လမ္းပန္းဆက္သြယ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ကုလားတန္ ဘက္စုံသုံး သယ္ယူပို႔ေဆာင္ေရး စီမံကိန္းတစ္ခုလုံးကို ၂၀၂၇-ခုႏွစ္မွာ စတင္လည္ပတ္မွာပါ” လို႔ ဝန္ႀကီးက ရွင္းျပပါတယ္။
စီမံကိန္းရဲ႕ ေရလမ္းေၾကာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးမွာ အိႏၵိယအစိုးရက ႐ူပီး ကုေဋ ၁,၀၀၀ ရင္းႏွီးျမဳပ္ႏွံထားၿပီး အျခားေအဂ်င္စီမ်ားကလည္း က်န္က႑မ်ားမွာ ပါဝင္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း၊ အိႏၵိယႏိုင္ငံရဲ႕စီးပြားေရး သာယာဝေျပာမႈကို ျပန္လည္အသက္သြင္းရာမွာ အေရွ႕ေျမာက္ေဒသဟာ အေရးပါတဲ့ အခန္းက႑မွ ပါဝင္လာမည္ ျဖစ္ေၾကာင္း၊ သယ္ယူပို႔ေဆာင္ေရးမွတဆင့္ အသြင္ကူးေျပာင္းေရးကို လုပ္ေဆာင္သင့္တယ္လို႔ နာရင္ျဒာမိုဒီ ေျပာ ၾကားခဲ့ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္ရဲ႕လမ္းၫႊန္ခ်က္အရ အေရွ႕ေျမာက္ေဒသကို ေတာင္အာရွရဲ႕စီးပြားေရးအခ်က္အခ်ာ အျဖစ္ ဖြံ႕ၿဖိဳးတိုးတက္ေစလိုေၾကာင္း။ အဲဒီအတြက္ ေရလမ္းေၾကာင္းမွာ အေရးႀကီးတဲ့အခန္းက႑မွ ပါဝင္ေနမွာ ျဖစ္တယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။
အိႏၵိယအေရွ႕ဘက္ဆိပ္ကမ္းမ်ားမွ (အေရွ႕ေျမာက္ပိုင္းျပည္နယ္မ်ားအတြက္) ျမန္မာႏိုင္ငံမွတဆင့္ ကုန္စည္ ပို႔ေဆာင္ေရး ကုလားတန္ ဘက္စုံသယ္ယူပို႔ေဆာင္ေရး စီမံကိန္း (KMTTP) ကို ဖန္တီးရန္ ႏွစ္ႏိုင္ငံ ပူးေပါင္း ေဖာ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အိႏၵိယနဲ႔ျမန္မာၾကား အဲဒီခ်စ္ၾကည္ေရးပေရာဂ်က္ကို နယူးေဒလီဖက္မွာ ႏိုင္ငံျခားေရးဝန္ႀကီးက တာဝန္ယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရပါတယ္။
"စစ္ေတြဆိပ္ကမ္းကို ၂၀၂၃ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ကာလကတၱားမွ ခုတ္ေမာင္းလာတဲ့ ကုန္တင္သေဘၤာမွ ကုန္စည္ မက္ထရစ္တန္ ၂,၀၀၀ ကို ကုန္ခ်ႏိုင္ခဲ့တဲ့အတြက္ ဆိပ္ကမ္းရဲ႕အျပည့္အဝ လည္ပတ္ႏိုင္မႈမွာ ေက်နပ္ဖြယ္ ျဖစ္ေၾကာင္း၊ KMTTP တစ္ခုလုံး ၿပီးစီးတဲ့အခါ ကာလကတၱားနဲ႔ မီဇိုရမ္ျပည္နယ္ၾကား လက္ရွိ မိုင္ ၁၁၀၀ ေက်ာ္ သြားလာေနရာမွ မိုင္ ၄၃၀ ေက်ာ္ ပိုမိုတိုေတာင္းသြားမည္ျဖစ္ေၾကာင္း၊ ပထမဆုံး ကုန္သေဘၤာဟာ ကာလကတၱား “ရွာမာ ပရာဆက္ မူကာဂ်ီ” ဆိပ္ကမ္းမွ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို ခုတ္ေမာင္းသြားခဲ့ျခင္းျဖစ္ ေၾကာင္း၊ ကုလားတန္ျမစ္ေၾကာင္းအတိုင္း ဘက္စုံသုံး ကူးသန္းသြားလာေရး အေထာက္အကူျပဳ အေဆာက္အအုံ တည္ေဆာက္ျခင္းနဲ႔လည္ပတ္လုပ္ကိုင္ျခင္းအတြက္ အိႏၵိယနဲ႔ျမန္မာၾကား မူေဘာင္သေဘာတူညီခ်က္အရ စစ္ေတြ ဆိပ္ကမ္းကို တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း
စစ္ေတြဆိပ္ကမ္းမွတဆင့္ ျမန္မာျပည္အတြင္း ေရေၾကာင္းလမ္းအတိုင္း (ခ်င္းျပည္နယ္) ပလက္ဝၿမိဳ႕ကို ဆက္သြယ္ၿပီး ၎မွတဆင့္ မီဇိုရမ္ျပည္နယ္ ဇိုရင္ပူၿမိဳ႕သို႔ ကားလမ္းျဖင့္ သြားေရာက္မည္ျဖစ္ေၾကာင္း၊
စစ္ေတြဆိပ္ကမ္းကိုေရာက္ရွိလာတဲ့ ကာလကတၱားမွ ကုန္ပစၥည္းမ်ားကို စစ္ေတြၿမိဳ႕မွ ေရမိုင္ ၆၀ သာကြာေဝးတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ တကၠနဖ္ဆိပ္ကမ္းသို႔ တင္ပို႔ႏိုင္ေၾကာင္း။ တကၠနဖ္ဆိပ္ကမ္းမွ အိႏၵိယႀတိပူရျပည္နယ္ ေတာင္ပိုင္း ဆာဘာ႐ြန္ၿမိဳ႕မွာ ၁၈၅ မိုင္ခန႔္ကြာေဝးေၾကာင္း၊ အဲ့ဒီၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္နဲ႔ ႀတိပူရၾကား နယ္ျခား ေပါင္းစပ္ အေကာက္ခြန္ဂိတ္ရွိေၾကာင္း၊ စစ္ေတြဆိပ္ကမ္နဲ႔ ကုလားတန္စီမံကိန္းဟာ သယ္ယူပို႔ေဆာင္ခ်ိန္နဲ႔ သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ားကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္တဲ့အတြက္ ႀတိပူရကိုျပည္နယ္မ်ားစြာ အက်ိဳးျဖစ္ ထြန္းေစမွာျဖစ္ေၾကာင္း၊ ကုလားတန္ ဘက္စုံသယ္ယူပို႔ေဆာင္ေရး စီမံကိန္းအေကာင္အထည္ေဖာ္မႈမွာ ကနဦး ဆာေဗးတိုင္းတာစဥ္ ၫႊန္းဆိုသည္မ်ားထက္ ပိုမိုခက္ခဲေၾကာင္း၊ ျမန္မာႏိုင္ငံနဲ႔ထိစပ္ေနတဲ့ မီဇိုရမ္ျပည္နယ္ အတြင္းမွာလည္း တရားဥပေဒစိုးမိုးေရးဆိုင္ရာ စိန္ေခၚမႈမ်ား ရွိေနခဲ့တယ္လို႔ ဝန္ႀကီးက ရွင္းျပပါတယ္။
စစ္တေကာင္း ဆိပ္ကမ္းအစား ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုတိယအႀကီးဆုံးျဖစ္တဲ့ မြန္ဂလာဆိပ္ကမ္းမွတဆင့္ ဆက္သြယ္ရန္ ျဖစ္-မျဖစ္ႏိုင္ သတင္းေထာက္တစ္ဦးက ေမးျမန္းပါတယ္။ ဝန္ႀကီးက တိုက္႐ိုက္ေျဖၾကားျခင္း မရွိပဲ “အိမ္နီးနားခ်င္းႏိုင္ငံေတြနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးနဲ႔အတူ အိႏၵိယႏိုင္ငံရဲ႕ေရေၾကာင္းသြားလာေရး ဆက္လက္ဖြံ႕ၿဖိဳး တိုးတက္ေအာင္ လုပ္ေဆာင္ေနပါတယ္” လို႔ တုန႔္ျပန္ပါတယ္။
ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ား ရွိေနသည့္တိုင္ ဘဂၤလားေဒ့ရွ္ ျမစ္ေၾကာင္းမ်ားတစ္ေလွ်ာက္ ကုန္တင္ကုန္ခ် ကိုင္တြယ္ မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနၿပီး အိမ္နီးခ်င္း ႏိုင္ငံမွတဆင့္ ႏွစ္စဥ္ ကုန္စည္ မက္ထရစ္တန္ခ်ိန္ ၄ သန္းခန႔္ ပို႔ေဆာင္ေနေၾကာင္း “သေဘၤာေတြက တင္ပို႔လိုက္တဲ့ကုန္စည္ေတြဟာ ဘဂၤလားေဒ့ရွ္ကိုျဖတ္ၿပီး လည္ပတ္လ်က္ ရွိေၾကာင္း။ ဒီအတြက္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ေတြ ရွိေနၿပီး ဒါကို ႏွစ္ဖက္စလုံးက ေလးစားၾကတယ္လို႔ အိႏၵိယအစိုးရ ဆိပ္ကမ္း-သေဘၤာတင္ပို႔ေရးနဲ႔ ေရေၾကာင္းသြားလာေရးဆိုင္ရာ ျပည္ေထာင္စုသေဘၤာဝန္ႀကီး ဆာဘန္နမ္ ဆိုႏိုဝဲလ္က နယူးေဒလီ မီဒီယာေတြ႕ဆုံပြဲမွာ ေျပာဆိုပါတယ္။
#HtayOung #OungMarine