ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးနေရာကို အစားထိုး

219

Pika (NP News) - ဇူလိုင် ၁၆
ယူကရိန်းသမ္မတဇီလန်စကီးဟာ နိုင်ငံရဲ့တာဝန်ထမ်းဆောင်မှု သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် Denis Shmigal ကို လာမယ့်ကာကွယ်ရေးဝန်ကြီးအဖြစ် တရားဝင်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီသတ်မှတ်မှု အသစ်ဟာ ယခုသီတင်းပတ်အတွင်း အပြီးသတ်ဖို့မျှော်မှန်းထားတဲ့အစိုးရအပြောင်းအလဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
အသက်(၄၉)နှစ်အရွယ်ရှိတဲ့ Denis Shmigal ဟာ ၂ဝ၂ဝ ပြည့်နှစ်တည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တာဖြစ်ပြီး ကိုဗစ်(၁၉)ကပ်ရောဂါကာလနဲ့ ရုရှားနဲ့စစ်ပွဲတို့အတွင်း ယူကရိန်းအစိုးရကို လမ်းညွှန်မှုတွေ လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဇီလန်စကီးဟာ နိုင်ငံရဲ့အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ အတွေ့အကြုံရှိတဲ့ Denis Shmigalကို ချီးကျူး စကားပြောဆိုခဲ့ပြီး ၎င်းရဲ့အခန်းကဏ္ဍအသစ်ဟာ အသုံးဝင်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “Denis Shmigal ရဲ့အတွေ့အကြုံတွေဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီးရာထူးအတွက် သေချာပေါက်တန်ဖိုးရှိပါလိမ့်မယ်။ လက်ရှိအချိန်မှာ နိုင်ငံရဲ့အရင်းအမြစ်တွေဟာ အရေးကြီးတဲ့အခြေအနေမှာ ရောက်နေပါတယ်။ ပြီးတော့ အဲဒါတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုကလည်း အလွန်ကြီးမားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတက ကာကြယ္ေရးဝန္ႀကီးေနရာကို အစားထိုး
Pika (NP News) - ဇူလိုင္ ၁၆
ယူကရိန္းသမၼတဇီလန္စကီးဟာ ႏိုင္ငံရဲ႕တာဝန္ထမ္းေဆာင္မႈ သက္တမ္းအရွည္ၾကာဆုံး ဝန္ႀကီးခ်ဳပ္ Denis Shmigal ကို လာမယ့္ကာကြယ္ေရးဝန္ႀကီးအျဖစ္ တရားဝင္သတ္မွတ္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီသတ္မွတ္မႈ အသစ္ဟာ ယခုသီတင္းပတ္အတြင္း အၿပီးသတ္ဖို႔ေမွ်ာ္မွန္းထားတဲ့အစိုးရအေျပာင္းအလဲရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။
အသက္(၄၉)ႏွစ္အ႐ြယ္ရွိတဲ့ Denis Shmigal ဟာ ၂ဝ၂ဝ ျပည့္ႏွစ္တည္းက ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့တာျဖစ္ၿပီး ကိုဗစ္(၁၉)ကပ္ေရာဂါကာလနဲ႔ ႐ုရွားနဲ႔စစ္ပြဲတို႔အတြင္း ယူကရိန္းအစိုးရကို လမ္းၫႊန္မႈေတြ လုပ္ေဆာင္ေပးခဲ့သူျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဇီလန္စကီးဟာ ႏိုင္ငံရဲ႕အရင္းအျမစ္ေတြကို စီမံခန႔္ခြဲရာမွာ အေတြ႕အႀကဳံရွိတဲ့ Denis Shmigalကို ခ်ီးက်ဴး စကားေျပာဆိုခဲ့ၿပီး ၎ရဲ႕အခန္းက႑အသစ္ဟာ အသုံးဝင္လိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “Denis Shmigal ရဲ႕အေတြ႕အႀကဳံေတြဟာ ယူကရိန္းကာကြယ္ေရးဝန္ႀကီးရာထူးအတြက္ ေသခ်ာေပါက္တန္ဖိုးရွိပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာ ႏိုင္ငံရဲ႕အရင္းအျမစ္ေတြဟာ အေရးႀကီးတဲ့အေျခအေနမွာ ေရာက္ေနပါတယ္။ ၿပီးေတာ့ အဲဒါေတြအတြက္ တာဝန္ယူမႈတာဝန္ခံမႈကလည္း အလြန္ႀကီးမားပါတယ္” လို႔ ေျပာခဲ့ပါတယ္။