A,B ,C သုံးနိုင်ငံ ၊ ရခိုင် AA နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ (၃)

 895

စစ်မုန်း (NP News) - ဇူလိုင် ၁၆
(ယခင်တစ်ပတ်မှအဆက်)
ဘင်္ဂလားဒေ့ရှ်အစိုးရသည်လည်းကောင်း ၎င်း၏နောက်ကွယ်မှလက်မည်းကြီး အမေရိကန်နိုင်ငံ သည်လည်းကောင်း မြန်မာနိုင်ငံရှမ်းမြောက်ဒေသရှိ “ဝ” နှင့် ကိုးကန့်တို့၏ဖွဲ့စည်းပုံများကို သဘောကျ ထပ်တူ ကူးရန် ရည်မှန်းချက်များထားရှိနေသလားဟု သုံးသပ်ရသည်။
လက်ရှိ ရခိုင် AA အဖွဲ့ကလည်း “ဝ” ကဲ့သို့ မနိမ့်သောအခွင့်အရေးများကိုရယူလိုကြောင်းတောင်း ဆိုထားနေရာ ဝင်ရောက်စွက်ဖက်လိုသူတို့ အကြိုက်လည်းဖြစ်နေသည်။ သို့ရာတွင် ရှမ်းမြောက်နှင့်ရခိုင် ပြည်နယ်တို့၏ပထဝီနယ်မြေအနေအထားမှာ တူညီခြင်းကား မရှိပေ။
ရှမ်းမြောက်နှင့်ရခိုင်ပြည်နယ်
ရှမ်းမြောက်ဒေသတွင် “ဝ” နှင့်ကိုးကန့်တို့သည် တရုတ်မျိုးနွယ်စုဝင်များဖြစ်ကြသည်။ တရုတ် နိုင်ငံနှင့် ကူးလူးဆက်ဆံနေကြသည့်ဒေသများဖြစ်ကြသည်။ ၎င်းတို့သည် မြန်မာပြည်မှခွဲထွက်ခြင်း ပြု မည်မဟုတ်ကြောင်းကိုလည်း ပြောကြားခဲ့ကြသည်။ ဤသည်မှာလည်း အကြောင်းထူးရှိသည်။ အကယ် ၍ ၎င်းတို့သည် မြန်မာပြည်မှခွဲထွက်လိုက်ပါက ၎င်းတို့ဒေသမှာ ကုန်းတွင်းပိတ်ဒေသများဖြစ်နေပြီး ထွက်ပေါက် မရှိသည့်နေရာများဖြစ်ကြသည်။ ယင်းပြင် ခွဲထွက်လိုက်ပါက မြန်မာနိုင်ငံဒေသအနှံ့သို့ ဝင် ထွက်ခွင့်လည်း ရှိတော့မည်မဟုတ်ပေ။
ယခုအချိန်တွင် ပြည်ထောင်စုအတွင်း နေထိုင် ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်း နေရာဒေသ အသီး သီးသို့ ဝင်ထွက်သွားလာနိုင်ကာ စီးပွားရေးအင်အား တိုးချဲ့လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းများလည်း ရှိ သည်။ “ဝ”၊ ကိုးကန့်တရုတ်များ၏စီးပွားရေးအင်ပါယာမှာ မန္တလေးလို၊ ရန်ကုန်လို၊ လားရှိုးလို၊ တောင် ကြီး လိုဒေသများမှာသာမက မြန်မာနိုင်ငံအနောက်ဘက်အစွန်းဆုံးဒေသ ရခိုင်ပြည်နယ်အထိပါ ခြေဆန့် ဝင်ရောက်နေသည်များကို တွေ့ရသည်။ အကယ်၍ခွဲထွက်လိုက်ပါ ထိုအခွင့်အရေးများဆုံးရှုံးသွားနိုင် သည်။
တရုတ်နိုင်ငံသို့တရားဝင်ပူးပေါင်းလိုက်မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်ရရှိနေသည့် အခွင့် အရေးများကို ရနိုင်မည်မဟုတ်သည်မှာသေချာသည်။ ထို့ကြောင့် ရှမ်းမြောက်ဒေသမှ “ဝ” နှင့်ကိုးကန့် တို့ ၏ နေရာဒေသသည် မြန်မာနိုင်ငံမှ ပဲ့ပါသွားရန်အကြောင်း မရှိပေ။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရခိုင်ပြည်နယ်တွင်လည်း ၎င်းတို့နှင့် ဘာသာတူ၊ လူမျိုးတူ ဘင်္ဂါလီ များအတွက် သီးခြားနေရာတစ်ခုရယူပြီး “ဝ” နှင့် ကိုးကန့် တို့ကဲ့သို့ ပြည်ထောင်စုအဝန်း သွားလာစေနိုင် သည့်အခြေအနေများကို ဖန်တီးပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုလည်း ဒေသခံ ဘင်္ဂါလီများနှင့် ရောထွေးပေးခြင်းဖြင့် ၎င်းတို့ဒေသ၏ လူဦးရေထူထပ်မှုပြဿနာကို ရှင်းလင်းပေးနိုင်ရန်မျှော်လင့်ထား ဟန်လည်း ရှိသည်။
ထို့အတူ ဒေသခံ ရခိုင်တိုင်းရင်းသားများကို “ဝ” နှင့်ကိုးကန့်ကဲ့သို့ အင်အားတောင့်တင်းသော အဖွဲ့အစည်းတစ်ရပ်အဖြစ်ထူထောင်ပေးကာ ၎င်းတို့၏ဩဇာခံအဖြစ်ထားရှိရန်ကြံရွယ်လာခြင်းလည်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အကြံအစည်ကို နောက်မှထောက်ပံ့ကူညီနေသည်မှာ အမေရိကန် CIA အဖွဲ့ အစည်းကြီးပင်ဖြစ်သည်။ ဤလုပ်ဆောင်ချက်မှာ ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရ မိုဟာမက်ယူနွတ် လက်ထက်တွင် ခပ်စိပ်စိပ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်စစ်ဘက်မှ တာဝန်ရှိသူများ မကြာခဏလာရောက်ခြင်း၊ လာ ရောက်ရာတွင်လည်း ဘင်္ဂလားဒေ့ရှ်-မြန်မာနိုင်ငံ နယ်စပ်ဒေသသို့လာရောက်နေခြင်းတို့မှာ ထည့်သွင်း စဉ်းစားရမည့်အချက်များဖြစ်သည်။ အမေရိကန် နိုင်ငံအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းကို ဩဇာညောင်းနေစေခြင်းဖြင့် ၎င်းတို့ရည်မှန်းချက်ဖြစ်သည့် စိန့်မာတင် ကျွန်းပြဿနာကိုလည်းထိန်းချုပ်နိုင်ပြီးဖြစ်စေရန် ရည်မှန်းဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ စိန့်မာတင် ကျွန်းမှာ ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်ရှိသည်ဆိုသော်လည်း ရခိုင်ပြည်နယ် မောင်တောကမ်းခြေနှင့် (၅) မိုင်ခန့်သာ ဝေးသည့်ရေလက်ကြားဖြင့်ပိုင်းခြားထားသည်။ ဤရေလက်ကြားမှာလည်း တဖြည်းဖြည်း တိမ်ကောလာသဖြင့် ကုန်တင်မော်တော်သင်္ဘောများပင် ဖြတ်သန်းသွားလာမရဘဲရှိသည်။ နတ်မြစ်ဝ တွင် ရှိခဲ့သည့်(တစ်ချိန်ကမြန်မာပိုင်ဖြစ်ခဲ့ပြီး အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲကိုဖြစ်ပွားစေခဲ့သည့်) ရှင်မဖြူ ကျွန်းမှာလည်း ယခုအခါ ဘင်္ဂလားဒေ့ရှ်ကုန်းမြေနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သွားခဲ့ပြီဖြစ်ရာ စိန့်မာ တင် ကျွန်းမျာလည်း မကြာမြင့်မီတွင် ရခိုင်ကမ်းခြေနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်လာနိုင်သည့် အနေ အထားရှိလာရာ စိန့်မာတင်ကျွန်းကိုအပိုင်စီးလိုသည့် သူတို့အဖို့ ရခိုင်ပြည်နယ်မြောက်ပိုင်းသည် မက်မော စရာ အနေအထားလည်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီများအတွက် သီးခြား လွတ်လပ်သည့်ပြည်နယ်တစ်ခု တည်ထောင်ခွင့်ရရှိနိုင်ရေးကြိုးပမ်းလုပ်ဆောင်နေသလို ရခိုင်ပြည်နယ် တွင် ၎င်းတို့ဩဇာခံအစိုးရတစ်ရပ် ထူထောင်နိုင်ရေး ကြိုးစားလုပ်ဆောင်နေခြင်းကိုတွေ့မြင်နေရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံမှ၎င်းတို့နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂါလီများအရေးကို အကြောင်းပြကာ ရခိုင်ပြည်နယ်ကို သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခုအဖြစ် တောင်းဆိုလုပ်ကိုင် လာသည်။ အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်တွင် လှုပ်ရှားတိုက်ခိုက်နေကြသည့် သောင်းကျန်း သူအဖွဲ့အစည်းများကို အမေရိကန်၏အကူအညီဖြင့်ထောက်ပံ့ပေးနေကြောင်း သတင်းအချက်အလက် များအရ ကြားသိနေရသည်။
ရခိုင် AA အတွက် ရွေးချယ်စရာလမ်း
လက်ရှိအနေအထားတွင် ရခိုင် AA သည် ရခိုင်ပြည်နယ်တစ်ခုလုံးကိုထိန်းချုပ်ထားနိုင်သည့် အနေအထားတွင်ရှိသည်။ လက်ရှိအားဖြင့်လည်း ရခိုင် AA အဖွဲ့သည် ရခိုင်ကမ်းရိုးတန်း၏အရေးပါပြီး တရုတ် နိုင်ငံသို့ ရေနံများတင်ပို့နေရာ၊ သဘာဝ ဓာတ်ငွေ့များတင်ပို့နေရာဖြစ်သော ကျောက်ဖြူဆိပ် ကမ်းမြို့ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲကို ဆင်နွှဲတိုက်ခိုက်နေသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တရုတ်နိုင်ငံအတွက်သာမက မြန်မာနိုင်ငံ၏အရေးကြီးသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။ တောင်အာရှ နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ရေ ကြောင်းဖြင့်ဆက်သွယ်သွားလာနိုင်သည့် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ဆိပ်ကမ်းလည်းဖြစ်ကာ မြန်မာနိုင်ငံကမ်းရိုးတန်းလုံခြုံရေးအတွက် ရေတပ်စခန်း ဌာန ချုပ်တည်ရှိရာမြို့လည်းဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုထိန်းချုပ်ထားနိုင်ရန် မြန်မာ နိုင်ငံအတွက် အရေးကြီးသည်။ အခြားတစ်ဖက်တွင်လည်း ရခိုင် AA ၏စစ်ရေးအခြေအနေများကို A,B,C သုံးနိုင်ငံက သုံးသပ်အကဲဖြတ်စောင့်ကြည့်နေမည်ဖြစ် သည်။ ၎င်းတို့သုံးနိုင်ငံက အခွင့်သာ၍ လိုအပ်လာ လျှင် အသုံးချနိုင်ရန် ရခိုင် AA ကို သိမ်းသွင်းနိုင်ရေး ကြိုးပမ်းနေမည်ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးတွင် A,B,C သုံးနိုင်ငံ၏ပါဝင်ပတ်သက်လာနိုင်မှုကိုလည်း လျှော့တွက်၍ရမည်မဟုတ်ဘဲ မျက်ခြည်မပြတ်စောင့်ကြည့်နေရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ လက်ရှိ ရခိုင် AA ၏ဖြစ်တည်မှုသည် မြန်မာနိုင်ငံ၏တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်မှု၊ မဝင်မှုဆို သည်မှာ ပြဿနာဖြစ်ပြီး A,B,C သုံးနိုင်ငံအနေဖြင့် အလေးအနက်ထား သုံးသပ်စဉ်းစားရမည့်ကိစ္စလည်း ဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် တရုတ်နိုင်ငံသည် “ဝ” ၊ ကိုးကန့်နှင့် တအောင်း(ပလောင်)စသည်များကို ကြားခံအဖွဲ့အစည်းများအဖြစ် မွေးစားထားကာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး နယ် ပယ် အသီးသီးတွင် လိုအပ်လျှင်လိုအပ်သလို အသုံးချနေသည်ကိုတွေံမြင်နေရသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း(ရခိုင်ပြည်နယ်မြောက်ပိုင်း)ဒေသတွင်လည်း A,B,C သုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးနယ်ပယ်အသီးသီးတွင် လို အပ်သည့်အခါထုတ်သုံးနိုင်သည့် ကြားခံအဖွဲ့အစည်း တစ်ရပ်ထားရှိမည်ဆိုပါက ရခိုင် AA အဖွဲ့သည်သာ အသင့်တော်ဆုံးဖြစ်နေသည်။
သို့ရာတွင် ရခိုင် AA အနေဖြင့် A နိုင်ငံဘက်သို့ ယိမ်းမည်လော၊ C နိုင်ငံဘက်သို့ယိမ်းမည်လော စဉ်းစားရပေတော့မည်။ A ဘက်သို့ယိမ်းမည်ဆိုပါက A ၏ကျောထောက်နောက်ခံပေးထားသော ဘင်္ဂ လားဒေ့ရှ်နိုင်ငံ၏လိုလားချက်ကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာ နိုင်ငံအနောက်ပိုင်း(ရခိုင်ပြည်နယ်မြောက်ပိုင်း)ဒေသတွင် ၎င်းတို့နှင့်ဘာသာတူ၊ လူမျိုးတူများ အတွက် သီးခြားပြည်နယ်ရရှိနိုင်ရေးသာမက၊ ရခိုင်ပြည်နယ်ကို ၎င်းတို့ ဝင်ရောက်စွက်ဖက်ပြီး ခြယ်လှယ်ခွင့်ရရှိ နိုင်စေရန်လည်း ကြံစည်လုပ်ကိုင်နေလေရာ ထိုအချက်ကို ရခိုင် AA အနေဖြင့် မလွဲမသွေ ထည့်သွင်း စဉ်းစားရန်လိုအပ်ပေလိမ့်မည်။
အကယ်၍ C ဘက်သို့ယိမ်းမည်ဆိုပါကလည်း မြောက်ပိုင်းအဖွဲ့များနည်းတူ ပြည်ထောင်စု အတွင်းမှ ခွဲထွက်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာနေထိုင်ရေးလမ်းကို လျှောက်လှမ်းရပေလမ့်မည်။ သို့ဆိုလျှင် အာရက္ခ လမ်းစဉ်၊ အာရက္ခ အိပ်မက်ကို အကောင်အထည်ဖော်လိုသည့် ရခိုင် AA အဖို့ ဘယ်လမ်းကို လိုက်မည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။
အကောင်းဆုံးမှာ (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေမူဘောင်အတွင်းမှ တိုင်းရင်းသားတို့ ရသင့် ရထိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးသည်သာ အကောင်းဆုံးဖြစ်ကြောင်း ရေး သားရပေသည်။

zawgyi version
A,B ,C သုံးႏိုင္ငံ ၊ ရခိုင္ AA ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းျပႆနာ (၃)
စစ္မုန္း (NP News) - ဇူလိုင္ ၁၆
(ယခင္တစ္ပတ္မွအဆက္)
ဘဂၤလားေဒ့ရွ္အစိုးရသည္လည္းေကာင္း ၎၏ေနာက္ကြယ္မွလက္မည္းႀကီး အေမရိကန္ႏိုင္ငံ သည္လည္းေကာင္း ျမန္မာႏိုင္ငံရွမ္းေျမာက္ေဒသရွိ “ဝ” ႏွင့္ ကိုးကန႔္တို႔၏ဖြဲ႕စည္းပုံမ်ားကို သေဘာက် ထပ္တူ ကူးရန္ ရည္မွန္းခ်က္မ်ားထားရွိေနသလားဟု သုံးသပ္ရသည္။
လက္ရွိ ရခိုင္ AA အဖြဲ႕ကလည္း “ဝ” ကဲ့သို႔ မနိမ့္ေသာအခြင့္အေရးမ်ားကိုရယူလိုေၾကာင္းေတာင္း ဆိုထားေနရာ ဝင္ေရာက္စြက္ဖက္လိုသူတို႔ အႀကိဳက္လည္းျဖစ္ေနသည္။ သို႔ရာတြင္ ရွမ္းေျမာက္ႏွင့္ရခိုင္ ျပည္နယ္တို႔၏ပထဝီနယ္ေျမအေနအထားမွာ တူညီျခင္းကား မရွိေပ။
ရွမ္းေျမာက္ႏွင့္ရခိုင္ျပည္နယ္
ရွမ္းေျမာက္ေဒသတြင္ “ဝ” ႏွင့္ကိုးကန႔္တို႔သည္ တ႐ုတ္မ်ိဳးႏြယ္စုဝင္မ်ားျဖစ္ၾကသည္။ တ႐ုတ္ ႏိုင္ငံႏွင့္ ကူးလူးဆက္ဆံေနၾကသည့္ေဒသမ်ားျဖစ္ၾကသည္။ ၎တို႔သည္ ျမန္မာျပည္မွခြဲထြက္ျခင္း ျပဳ မည္မဟုတ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့ၾကသည္။ ဤသည္မွာလည္း အေၾကာင္းထူးရွိသည္။ အကယ္ ၍ ၎တို႔သည္ ျမန္မာျပည္မွခြဲထြက္လိုက္ပါက ၎တို႔ေဒသမွာ ကုန္းတြင္းပိတ္ေဒသမ်ားျဖစ္ေနၿပီး ထြက္ေပါက္ မရွိသည့္ေနရာမ်ားျဖစ္ၾကသည္။ ယင္းျပင္ ခြဲထြက္လိုက္ပါက ျမန္မာႏိုင္ငံေဒသအႏွံ႔သို႔ ဝင္ ထြက္ခြင့္လည္း ရွိေတာ့မည္မဟုတ္ေပ။
ယခုအခ်ိန္တြင္ ျပည္ေထာင္စုအတြင္း ေနထိုင္ ျခင္းျဖင့္ ျမန္မာႏိုင္ငံတစ္ဝန္း ေနရာေဒသ အသီး သီးသို႔ ဝင္ထြက္သြားလာႏိုင္ကာ စီးပြားေရးအင္အား တိုးခ်ဲ႕လုပ္ကိုင္ႏိုင္သည့္အခြင့္အလမ္းမ်ားလည္း ရွိ သည္။ “ဝ”၊ ကိုးကန႔္တ႐ုတ္မ်ား၏စီးပြားေရးအင္ပါယာမွာ မႏၲေလးလို၊ ရန္ကုန္လို၊ လားရႈိးလို၊ ေတာင္ ႀကီး လိုေဒသမ်ားမွာသာမက ျမန္မာႏိုင္ငံအေနာက္ဘက္အစြန္းဆုံးေဒသ ရခိုင္ျပည္နယ္အထိပါ ေျခဆန႔္ ဝင္ေရာက္ေနသည္မ်ားကို ေတြ႕ရသည္။ အကယ္၍ခြဲထြက္လိုက္ပါ ထိုအခြင့္အေရးမ်ားဆုံးရႈံးသြားႏိုင္ သည္။
တ႐ုတ္ႏိုင္ငံသို႔တရားဝင္ပူးေပါင္းလိုက္မည္ဆိုပါကလည္း ျမန္မာႏိုင္ငံတြင္ရရွိေနသည့္ အခြင့္ အေရးမ်ားကို ရႏိုင္မည္မဟုတ္သည္မွာေသခ်ာသည္။ ထို႔ေၾကာင့္ ရွမ္းေျမာက္ေဒသမွ “ဝ” ႏွင့္ကိုးကန႔္ တို႔ ၏ ေနရာေဒသသည္ ျမန္မာႏိုင္ငံမွ ပဲ့ပါသြားရန္အေၾကာင္း မရွိေပ။
ဘဂၤလားေဒ့ရွ္အစိုးရသည္ ရခိုင္ျပည္နယ္တြင္လည္း ၎တို႔ႏွင့္ ဘာသာတူ၊ လူမ်ိဳးတူ ဘဂၤါလီ မ်ားအတြက္ သီးျခားေနရာတစ္ခုရယူၿပီး “ဝ” ႏွင့္ ကိုးကန႔္ တို႔ကဲ့သို႔ ျပည္ေထာင္စုအဝန္း သြားလာေစႏိုင္ သည့္အေျခအေနမ်ားကို ဖန္တီးေပးၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားကိုလည္း ေဒသခံ ဘဂၤါလီမ်ားႏွင့္ ေရာေထြးေပးျခင္းျဖင့္ ၎တို႔ေဒသ၏ လူဦးေရထူထပ္မႈျပႆနာကို ရွင္းလင္းေပးႏိုင္ရန္ေမွ်ာ္လင့္ထား ဟန္လည္း ရွိသည္။
ထို႔အတူ ေဒသခံ ရခိုင္တိုင္းရင္းသားမ်ားကို “ဝ” ႏွင့္ကိုးကန႔္ကဲ့သို႔ အင္အားေတာင့္တင္းေသာ အဖြဲ႕အစည္းတစ္ရပ္အျဖစ္ထူေထာင္ေပးကာ ၎တို႔၏ဩဇာခံအျဖစ္ထားရွိရန္ႀကံ႐ြယ္လာျခင္းလည္း ျဖစ္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏အႀကံအစည္ကို ေနာက္မွေထာက္ပံ့ကူညီေနသည္မွာ အေမရိကန္ CIA အဖြဲ႕ အစည္းႀကီးပင္ျဖစ္သည္။ ဤလုပ္ေဆာင္ခ်က္မွာ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရ မိုဟာမက္ယူႏြတ္ လက္ထက္တြင္ ခပ္စိပ္စိပ္ျဖစ္ေပၚလာျခင္းျဖစ္သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ အေမရိကန္စစ္ဘက္မွ တာဝန္ရွိသူမ်ား မၾကာခဏလာေရာက္ျခင္း၊ လာ ေရာက္ရာတြင္လည္း ဘဂၤလားေဒ့ရွ္-ျမန္မာႏိုင္ငံ နယ္စပ္ေဒသသို႔လာေရာက္ေနျခင္းတို႔မွာ ထည့္သြင္း စဥ္းစားရမည့္အခ်က္မ်ားျဖစ္သည္။ အေမရိကန္ ႏိုင္ငံအေနျဖင့္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွတစ္ဆင့္ ရခိုင္တိုင္းရင္းသားအဖြဲ႕အစည္းကို ဩဇာေညာင္းေနေစျခင္းျဖင့္ ၎တို႔ရည္မွန္းခ်က္ျဖစ္သည့္ စိန႔္မာတင္ ကြၽန္းျပႆနာကိုလည္းထိန္းခ်ဳပ္ႏိုင္ၿပီးျဖစ္ေစရန္ ရည္မွန္းေဆာင္႐ြက္ေနျခင္းပင္ ျဖစ္သည္။ စိန႔္မာတင္ ကြၽန္းမွာ ဘဂၤလားေဒ့ရွ္နယ္ေျမတြင္ရွိသည္ဆိုေသာ္လည္း ရခိုင္ျပည္နယ္ ေမာင္ေတာကမ္းေျခႏွင့္ (၅) မိုင္ခန႔္သာ ေဝးသည့္ေရလက္ၾကားျဖင့္ပိုင္းျခားထားသည္။ ဤေရလက္ၾကားမွာလည္း တျဖည္းျဖည္း တိမ္ေကာလာသျဖင့္ ကုန္တင္ေမာ္ေတာ္သေဘၤာမ်ားပင္ ျဖတ္သန္းသြားလာမရဘဲရွိသည္။ နတ္ျမစ္ဝ တြင္ ရွိခဲ့သည့္(တစ္ခ်ိန္ကျမန္မာပိုင္ျဖစ္ခဲ့ၿပီး အဂၤလိပ္- ျမန္မာ ပထမစစ္ပြဲကိုျဖစ္ပြားေစခဲ့သည့္) ရွင္မျဖဴ ကြၽန္းမွာလည္း ယခုအခါ ဘဂၤလားေဒ့ရွ္ကုန္းေျမႏွင့္ တစ္ဆက္တစ္စပ္တည္းျဖစ္သြားခဲ့ၿပီျဖစ္ရာ စိန႔္မာ တင္ ကြၽန္းမ်ာလည္း မၾကာျမင့္မီတြင္ ရခိုင္ကမ္းေျခႏွင့္ တစ္ဆက္တစ္စပ္တည္းျဖစ္လာႏိုင္သည့္ အေန အထားရွိလာရာ စိန႔္မာတင္ကြၽန္းကိုအပိုင္စီးလိုသည့္ သူတို႔အဖို႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္းသည္ မက္ေမာ စရာ အေနအထားလည္းျဖစ္သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသတြင္ ဘဂၤါလီမ်ားအတြက္ သီးျခား လြတ္လပ္သည့္ျပည္နယ္တစ္ခု တည္ေထာင္ခြင့္ရရွိႏိုင္ေရးႀကိဳးပမ္းလုပ္ေဆာင္ေနသလို ရခိုင္ျပည္နယ္ တြင္ ၎တို႔ဩဇာခံအစိုးရတစ္ရပ္ ထူေထာင္ႏိုင္ေရး ႀကိဳးစားလုပ္ေဆာင္ေနျခင္းကိုေတြ႕ျမင္ေနရသည္။ ဘဂၤလားေဒ့ရွ္အစိုးရသည္ ျမန္မာႏိုင္ငံမွ၎တို႔ႏိုင္ငံသို႔ ေရာက္ရွိေနေသာ ဘဂၤါလီမ်ားအေရးကို အေၾကာင္းျပကာ ရခိုင္ျပည္နယ္ကို သီးျခားလြတ္လပ္ေသာ ျပည္နယ္တစ္ခုအျဖစ္ ေတာင္းဆိုလုပ္ကိုင္ လာသည္။ အျခားတစ္ဖက္တြင္လည္း ရခိုင္ျပည္နယ္တြင္ လႈပ္ရွားတိုက္ခိုက္ေနၾကသည့္ ေသာင္းက်န္း သူအဖြဲ႕အစည္းမ်ားကို အေမရိကန္၏အကူအညီျဖင့္ေထာက္ပံ့ေပးေနေၾကာင္း သတင္းအခ်က္အလက္ မ်ားအရ ၾကားသိေနရသည္။
ရခိုင္ AA အတြက္ ေ႐ြးခ်ယ္စရာလမ္း
လက္ရွိအေနအထားတြင္ ရခိုင္ AA သည္ ရခိုင္ျပည္နယ္တစ္ခုလုံးကိုထိန္းခ်ဳပ္ထားႏိုင္သည့္ အေနအထားတြင္ရွိသည္။ လက္ရွိအားျဖင့္လည္း ရခိုင္ AA အဖြဲ႕သည္ ရခိုင္ကမ္း႐ိုးတန္း၏အေရးပါၿပီး တ႐ုတ္ ႏိုင္ငံသို႔ ေရနံမ်ားတင္ပို႔ေနရာ၊ သဘာဝ ဓာတ္ေငြ႕မ်ားတင္ပို႔ေနရာျဖစ္ေသာ ေက်ာက္ျဖဴဆိပ္ ကမ္းၿမိဳ႕ကို သိမ္းပိုက္ႏိုင္ေရး တိုက္ပြဲကို ဆင္ႏႊဲတိုက္ခိုက္ေနသည္။ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွာ တ႐ုတ္ႏိုင္ငံအတြက္သာမက ျမန္မာႏိုင္ငံ၏အေရးႀကီးေသာ ဆိပ္ကမ္းတစ္ခုျဖစ္သည္။ ေတာင္အာရွ ႏိုင္ငံမ်ား၊ အေရွ႕အလယ္ပိုင္းေဒသႏိုင္ငံမ်ားႏွင့္ ေရ ေၾကာင္းျဖင့္ဆက္သြယ္သြားလာႏိုင္သည့္ အိႏၵိယ သမုဒၵရာထြက္ေပါက္ဆိပ္ကမ္းလည္းျဖစ္ကာ ျမန္မာႏိုင္ငံကမ္း႐ိုးတန္းလုံၿခဳံေရးအတြက္ ေရတပ္စခန္း ဌာန ခ်ဳပ္တည္ရွိရာၿမိဳ႕လည္းျဖစ္သည္။ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကိုထိန္းခ်ဳပ္ထားႏိုင္ရန္ ျမန္မာ ႏိုင္ငံအတြက္ အေရးႀကီးသည္။ အျခားတစ္ဖက္တြင္လည္း ရခိုင္ AA ၏စစ္ေရးအေျခအေနမ်ားကို A,B,C သုံးႏိုင္ငံက သုံးသပ္အကဲျဖတ္ေစာင့္ၾကည့္ေနမည္ျဖစ္ သည္။ ၎တို႔သုံးႏိုင္ငံက အခြင့္သာ၍ လိုအပ္လာ လွ်င္ အသုံးခ်ႏိုင္ရန္ ရခိုင္ AA ကို သိမ္းသြင္းႏိုင္ေရး ႀကိဳးပမ္းေနမည္ျဖစ္သည္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းအေရးတြင္ A,B,C သုံးႏိုင္ငံ၏ပါဝင္ပတ္သက္လာႏိုင္မႈကိုလည္း ေလွ်ာ့တြက္၍ရမည္မဟုတ္ဘဲ မ်က္ျခည္မျပတ္ေစာင့္ၾကည့္ေနရမည္ျဖစ္သည္။ မည္သို႔ပင္ဆိုေစ လက္ရွိ ရခိုင္ AA ၏ျဖစ္တည္မႈသည္ ျမန္မာႏိုင္ငံ၏တည္ဆဲ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တရားဝင္မႈ၊ မဝင္မႈဆို သည္မွာ ျပႆနာျဖစ္ၿပီး A,B,C သုံးႏိုင္ငံအေနျဖင့္ အေလးအနက္ထား သုံးသပ္စဥ္းစားရမည့္ကိစၥလည္း ျဖစ္သည္။
ရွမ္းေျမာက္ေဒသတြင္ တ႐ုတ္ႏိုင္ငံသည္ “ဝ” ၊ ကိုးကန႔္ႏွင့္ တေအာင္း(ပေလာင္)စသည္မ်ားကို ၾကားခံအဖြဲ႕အစည္းမ်ားအျဖစ္ ေမြးစားထားကာ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ စီမံခန႔္ခြဲေရး နယ္ ပယ္ အသီးသီးတြင္ လိုအပ္လွ်င္လိုအပ္သလို အသုံးခ်ေနသည္ကိုေတြံျမင္ေနရသည္။ ျမန္မာႏိုင္ငံ အေနာက္ပိုင္း(ရခိုင္ျပည္နယ္ေျမာက္ပိုင္း)ေဒသတြင္လည္း A,B,C သုံးႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ စီမံခန႔္ခြဲေရးနယ္ပယ္အသီးသီးတြင္ လို အပ္သည့္အခါထုတ္သုံးႏိုင္သည့္ ၾကားခံအဖြဲ႕အစည္း တစ္ရပ္ထားရွိမည္ဆိုပါက ရခိုင္ AA အဖြဲ႕သည္သာ အသင့္ေတာ္ဆုံးျဖစ္ေနသည္။
သို႔ရာတြင္ ရခိုင္ AA အေနျဖင့္ A ႏိုင္ငံဘက္သို႔ ယိမ္းမည္ေလာ၊ C ႏိုင္ငံဘက္သို႔ယိမ္းမည္ေလာ စဥ္းစားရေပေတာ့မည္။ A ဘက္သို႔ယိမ္းမည္ဆိုပါက A ၏ေက်ာေထာက္ေနာက္ခံေပးထားေသာ ဘဂၤ လားေဒ့ရွ္ႏိုင္ငံ၏လိုလားခ်က္ကို ထည့္သြင္းစဥ္းစားရေပလိမ့္မည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျမန္မာ ႏိုင္ငံအေနာက္ပိုင္း(ရခိုင္ျပည္နယ္ေျမာက္ပိုင္း)ေဒသတြင္ ၎တို႔ႏွင့္ဘာသာတူ၊ လူမ်ိဳးတူမ်ား အတြက္ သီးျခားျပည္နယ္ရရွိႏိုင္ေရးသာမက၊ ရခိုင္ျပည္နယ္ကို ၎တို႔ ဝင္ေရာက္စြက္ဖက္ၿပီး ျခယ္လွယ္ခြင့္ရရွိ ႏိုင္ေစရန္လည္း ႀကံစည္လုပ္ကိုင္ေနေလရာ ထိုအခ်က္ကို ရခိုင္ AA အေနျဖင့္ မလြဲမေသြ ထည့္သြင္း စဥ္းစားရန္လိုအပ္ေပလိမ့္မည္။
အကယ္၍ C ဘက္သို႔ယိမ္းမည္ဆိုပါကလည္း ေျမာက္ပိုင္းအဖြဲ႕မ်ားနည္းတူ ျပည္ေထာင္စု အတြင္းမွ ခြဲထြက္ျခင္းမျပဳဘဲ ၿငိမ္းခ်မ္းစြာေနထိုင္ေရးလမ္းကို ေလွ်ာက္လွမ္းရေပလမ့္မည္။ သို႔ဆိုလွ်င္ အာရကၡ လမ္းစဥ္၊ အာရကၡ အိပ္မက္ကို အေကာင္အထည္ေဖာ္လိုသည့္ ရခိုင္ AA အဖို႔ ဘယ္လမ္းကို လိုက္မည္ကို ေစာင့္ၾကည့္ရမည္သာျဖစ္သည္။
အေကာင္းဆုံးမွာ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခ ခံဥပေဒမူေဘာင္အတြင္းမွ တိုင္းရင္းသားတို႔ ရသင့္ ရထိုက္သည့္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ထူေထာင္ေရးသည္သာ အေကာင္းဆုံးျဖစ္ေၾကာင္း ေရး သားရေပသည္။

Picture

Tha Lwin

16/07/2025 16:24

မူးယစ်ဆေးဝါးအကြီးစားကုန်သွယ်နေတဲ့အေအေကိုထောက်ခံအားပေးတဲ့ဘယ်နိုင်ငံမဆိုမတရားအသင်းပဲ လူမျိုးရေးအစွန်းရောက်မူးယစ်ရာဇာအေအေကိုအမြစ်ပြတ်ချေမှုန်းပါ

Related news

© 2021. All rights reserved.