တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးမိတ်ဖက် ဖြစ်လာနိုင်လား

221

သန်းထိုက်စိုး -(NP News) - ဇူလိုင်လ ၁၅
အီရန်နိုင်ငံသည် မကြာသေးမီကပင် အစ္စရေးနိုင်ငံနှင့် (၁၂)ရက်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် အဆိုပါပဋိပက္ခတွင် လေ ကြောင်းကာကွယ်ရေးစနစ်နှင့် ထောက်လှမ်းရေးစ နစ်အားနည်းချက်ကိုတွေ့ရှိခဲ့သည်။ အဆိုပါ ပဋိပက္ခ သည် အီရန်နိုင်ငံအတွက် ၎င်း၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
မကြာသေးမီကပင် တရုတ်နှင့်အီရန်နိုင်ငံ တို့သည် ကာကွယ်ရေးကဏ္ဍတွင် နီးနီးကပ်ကပ်ရှိ လာခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် တရုတ်စစ်ဘက် ဆိုင်ရာပစ္စည်းများကို ဝယ်ယူရန်ကြိုးပမ်းလာခဲ့သည်။ ယင်းမှာ မကြာသေးမီက ပါကစ္စတန်နိုင်ငံသည် အိန္ဒိ ယနိုင်ငံနှင့်ဖြစ်ပွားသည့်ပဋိပက္ခအတွင်း တရုတ်လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူအသုံးပြုခဲ့ ရာ အောင်မြင်မှုရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ တစ်နည်း အားဖြင့် အီရန်နိုင်ငံသည် ၎င်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အရေးတကြီး ပြန်လည်တည် ဆောက်ရာတွင် ရုရှားတို့၏လေကြောင်းရန် ကာကွယ် ရေးစနစ်နှင့် အရည်အသွေးအပေါ် ယုံကြည်မှုကျဆင်း လာခြင်းကြောင့်ဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိလာ သည်။ သို့ဖြစ်ရာ အီရန် " တရုတ်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနီးကပ်လာစေရန် တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။ သို့သော် ယင်းအချက်မှာ တရုတ်အစိုးရမူဝါဒ ချမှတ်သူများက ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မည်သို့ရှိနိုင်သည်ဆိုသည့် တွက်ချက်မှုအ ပေါ်တွင်မူတည်သည်။
တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံကို ကာ ကွယ်ရေးမိတ်ဖက်အဖြစ်ထားရှိမည်ဆိုပါက သိသာ ထင်ရှားသည့်အကျိုးအမြတ်အနက်တစ်ခုမှာ သမားရိုးကျရေလမ်းကြောင်းများကို ဖြတ်သန်းသွားလာခြင်း အပြင် အခြားသော ရွေးချယ်စရာစွမ်းအင်လမ်း ကြောင်းတစ်ခု အခိုင်အမာရရှိနိုင်ခြင်းပင်ဖြစ်သည်။ အီရန်အခြေခံအဆောက်အအုံမှတစ်ဆင့် စွမ်းအင် အရင်းအမြစ်ြွကယ်ဝသည့် အီရတ်နှင့်ချိတ်ဆက်ပြီး ပါကစ္စတန်အထိပါဆက်သွယ်လိုက်ပါက တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လုံခြုံရေး ကုန်းလမ်းတစ်ခု ထပ်မံ တိုးချဲ့ ရရှိနိုင်မည်ဖြစ်သည်။ အီရတ်-အီရန်-ပါကစ္စ တန်စင်္ကြံလမ်းသည် အရှေ့အလယ်ပိုင်း ဟိုက်ဒရိုကာ ဗွန်များကို လုံခြုံစိတ်ချစွာရယူနိုင်သည်။ တစ်ချိန် တည်းမှာပင် ပါကစ္စတန်နိုင်ငံကိုလည်း စွမ်းအင်လုံခြုံ ရေးမိတ်ဖက်အဖြစ် တိုးချဲ့တည်ဆောက်နိုင်မည်ဖြစ် သည်။ အကယ်၍ အဆိုပါလမ်းကြောင်းသာ ဆက် လက်အကောင်အထည်ဖော်ဖြစ်ပါက တရုတ်နိုင်ငံ အတွက် မလက္ကာရေလက်ကြားနှင့်Bab-el-Mandeb ကဲ့သို့သော မရေရာမသေချာသည့်အခြေ အနေများမှရုန်းထွက်ပြီး ရေရှည်စွမ်းအင်ရရှိမှုအ တွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ပို၍ အ ရေးပါသည့်အချက်မှာ တရုတ်နိုင်ငံအနေဖြင့် အီရန် နိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုလေးနက်စွာ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြား အပေါ် သွယ်ဝိုက်၍ ဩဇာသက်ရောက်မှုရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံသာ အီရန်နိုင်ငံ၏ အဓိကလုံခြုံရေးမိတ်ဖက်ဖြစ်လာမည်ဆိုပါက တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်းတင်းမာမှုများတွင် အီရန် နိုင်ငံကိုတည့်မတ်ပေးရာတွင် ပိုမိုကောင်းမွန်သည့် နေရာတွင်ရှိနေစေပြီး ဟော်မုဇ်ရေလက်ကြားမှာလည်း ရေကြောင်းသွားလာမှုအတွက် လမ်းပွင့်နေမည်ဖြစ် သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများ ၏ စီးပွားရေးလုံခြုံမှုအတွက်လည်း များစွာ အထောက် အကူရစေမည်ဖြစ်သည်။ လုံခြုံရေးကဏ္ဍအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ် နိုင်ငံ၏မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်း တည်ငြိမ် ရေးနှင့် ကြိုတင်ဟန့်တားရေး နှစ်ခုလုံးအတွက်လည်း အလုပ်ဖြစ်နိုင်သည်။
အခြား ရရှိနိုင်သည့် အဓိကအကျိုးအမြတ် မှာ ဗဟိုအာရှဒေသအတွင်း အိန္ဒိယနိုင်ငံ၏လွှမ်းမိုး မှုကို ထိန်းသိမ်းနိုင်မည့်အခွင့်အရေး ပိုမိုရရှိခြင်းပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အီရန်မှ ရေနံသွင်းကုန် များကိုရပ်တန့်ပြီး (၂၀၂၈)ခုနှစ်တွင် အမေရိကန်ဦး ဆောင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်လိုက်နာ ချိန်နောက်ပိုင်းတွင် အီရန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင် ငံမှဖယ်ခွာလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အီရန်နှင့်ဆက်ဆံရေးကျဲသွားပြီးနောက် အစ္စရေးနှင့် ပိုမိုနီးကပ်လာခဲ့ခြင်းဖြစ်သည်။ အိုက်ဒီရော်လော်ဂျီအ ရ အစွန်းရောက်ဆန့်ကျင်ရေး ပုံရိပ်ကိုဖော်ကျူးနေ သကဲ့သို့ လက်တွေ့နယ်ပယ်တွင်လည်း ကာကွယ် ရေး၊ ဆိုက်ဘာနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနှင့်အစ္စရေး တို့၏အဆိုပါဆက်ဆံရေးသည် အိန္ဒိယတို့၏ မဟာဗျူ ဟာမြောက်စဉ်းစားချက်တွင် အီရန်နိုင်ငံ၏တန်ဖိုးကို ကျဆင်းစေခဲ့ပြီး အစ္စရေးဘက်ယိမ်းသည့် အိန္ဒိယ နိုင်ငံ၏သဘောထားသည် အီရန်မူဝါဒချမှတ်သူများ အမြင်တွင် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ရှုမြင် ထားသည်။ အဆိုပါအခြေအနေသည် အီရန်နိုင်ငံကို တရုတ်နိုင်ငံဘက် တွန်းပို့ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။
အီရန်နိုင်ငံသည် ဗဟိုအာရှဒေသနှင့် ကော့ကေးဆပ်တောင်ပိုင်းတွင် အရေးပါသည့်နေရာ တွင်ရှိနေရာ တရုတ်နိုင်ငံသည်သာ အီရန်၏ ကာကွယ်ရေးမိတ်ဖက်ဖြစ်လာခဲ့ပါက အိန္ဒိယနိုင်ငံ၏ ဗဟို အာရှဒေသနှင့် ကော့ကေးဆပ်တောင်ပိုင်းရည်မှန်း ချက်များကို အားနည်းယုတ်လျော့အောင်ပြုလုပ်ရာတွင် ခိုင်မာအားကောင်းစေမည်ဖြစ်သည်။ တရုတ် နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့် လေးလေးနက်နက် ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် အီရန်နိုင်ငံကို ပထဝီနိုင်ငံ ရေးဆိုင်ရာ ကြားခံဇုန်တစ်ခုအဖြစ်လည်းကောင်း၊ ပေါင်းကူးလမ်းကြောင်းတစ်ခုအဖြစ်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ရာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်လေဖြစ် သည်။ အဆိုပါ ညှိနှိုင်းဆောင်ရွက်မှုသည် International North-South Transport Corridor (INSTC) မှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံ၊ ဗဟိုအာရှဒေသတို့နှင့် ဆက်သွယ်ရန် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို လျော့နည်းစေနိုင်ပြီး အီရန် နိုင်ငံ၏ Chabahar ဆိပ်ကမ်းတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင်လည်း ရိုက်ခတ်လာစေ နိုင်သည်။ အီရန်နိုင်ငံကသာ တရုတ်နိုင်ငံကို Chabahar ဆိပ်ကမ်းကို အသုံးပြုခွင့်ပေးလိုက်မည်ဆိုပါက ညှိနှိုင်းဆောင်ရွက်မှုသည် International North-South Transport Corridor (INSTC) ၏ ဖြစ် နိုင်ခြေမှာ လုံးဝပျက်ပြယ်သွားနိုင်ပါသည်။ ယင်းသို့ ဖြစ်လာခဲ့ပါက အိန္ဒိယနိုင်ငံ၏ ဗဟိုအာရှဒေသ မဟာ ဗျူဟာမြောက်ဝင်ပေါက် ပိတ်သွားခြင်းနှင့် တရုတ်နိုင်ငံ၏ (BRI) ကို တန်ပြန်ရန်ကြိုးပမ်းပြီး အကျိုးထုတ်မည့် အစီအစဉ်တို့ ဆုံးရှုံးသွားမည်ဖြစ်ရာ အိန္ဒိယနိုင်ငံအတွက် မိအေးနှစ်ခါနာမည့်အခြေအနေဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တည့် မတ်ပေးမှု မြင့်တက်လာသည်နှင့်အမျှ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ပြိုင်ဆိုင်မှုများမှာလည်း စည်းလုံးညီ ညွတ်မှုဖြစ်လာပြီး အစ္စလာမ္မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့(IRGC)ဦးဆောင်သည့် လုံခြုံသည့်နိုင်ငံတော် အဖြစ် အခိုင်အမာပေါ်ထွက်လာနိုင်သည်။ ထိုသို့ သောအခြေအနေမျိုးမှာ ပါကစ္စတန်နိုင်ငံ၏ စစ် ဘက်-အရပ်ဘက်ပေါင်းစပ်ထားသည့် မော်ဒယ်တစ် ခုဖြစ်ပြီး လက်တွေ့ပါဝါမှာ ပါကစ္စတန် တပ်မတော်၏ လက်ထဲတွင်ရှိသည်။ တရုတ်နိုင်ငံအတွက်လည်း အကျွမ်းတဝင်ရှိပြီး စီမံခန့်ခွဲနိုင်သည့် တည်ဆောက်ပုံ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ တွင် အလားတူပုံစံတစ်ခုပေါ်ပေါက်လာခဲ့ပါက ထိ တွေ့ဆက်ဆံရသည်မှာလွယ်ကူပြီး အီရန်-ပါကစ္စ တန်ဆက်ဆံရေးကိုပါမြှင့်တင်ပေးနိုင်ကာ တရုတ်၏ ဦးဆောင်မှုဖြင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်သည့် လမ်းကြောင်းကို ချောမွေ့အောင်ဆောင်ရွက်ပေးနိုင် မည်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေး၊ လုံ ခြုံရေးကဏ္ဍတို့နှင့်ပတ်သက်၍ တိုးချဲ့ဆောင်ရွက်ရာ တွင် ဂရုတစိုက်ဆောင်ရွက်စရာများရှိနေသည်။ ယင်းမှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီး နိုင်ငံများနှင့် အဖုအထစ်များရှိနိုင်သည်။ အီရန်နှင့် ဆက်ဆံရေးတိုးချဲ့ခြင်းသည် ပထဝီနိုင်ငံရေးအရ အသုံးတည့်နိုင်သော်လည်း သံခင်းတမန်ခင်းအရ အခက်အခဲများရှိနိုင်ပါသည်။ လုံခြုံရေး၊ စစ်ရေးကဏ္ဍတို့တွင် အီရန်နှင့်ဆက်ဆံရေးတိုးချဲ့ခြင်းသည် တရုတ် နိုင်ငံအတွက် အရှေ့အလယ်ပိုင်းနယ်နိမိတ်ထက် ကျော်လွန်ပြီး စဉ်းစားစရာများကရှိနေသည်။ တရုတ် နိုင်ငံ၏ အဓိကစိုးရိမ်ချက်မှာ အစ္စရေးနိုင်ငံနှင့် ဆက် ဆံရေးပင်ဖြစ်သည်။ တရုတ်နှင့်အစ္စရေးတို့သည် ကိစ္စ ရပ်အတော်များများတွင် ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်သော်လည်း စီးပွားရေးနှင့် နည်းပညာနယ်ပယ် တို့၌ ပူးပေါင်းဆောင်ရွက်မှုကြီးမားသည်။ တရုတ်နိုင် ငံသည် အစ္စရေးနိုင်ငံ၏ဆိပ်ကမ်းများ၊ နည်းပညာကုမ္ပ ဏီများအပါအဝင် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားရာ အစ္စရေးနိုင်ငံကို နည်းပညာဆန်းသစ်တီထွင်ရာဗဟိုချက်အဖြစ် တန် ဖိုးထားသည့်နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံက အီ ရန်နှင့်စစ်ရေးအရ တိုးချဲ့ဆက်ဆံခြင်းသည် အစ္စရေး ကိုလျစ်လျူရှုရာကျမည်ဖြစ်သည်။ အခြားသော ထိ လွယ်ရှလွယ်ကိစ္စရပ်တစ်ခုမှာ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၊ အထူးသဖြင့် ဆော် ဒီ၊ ယူအေအီးစသည့်နိုင်ငံများနှင့် ဆက်ဆံရေးပင် ဖြစ်သည်။ အဆိုပါနိုင်ငံများသည် စွမ်းအင်ကဏ္ဍမှ သယ်ယူပို့ဆောင်ရေးကဏ္ဍအထိ အဓိကကျသော စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ကြသည်။ အီရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် အနီးကပ်ပူးပေါင်းဆောင် ရွက်ပြီး အီရန်နိုင်ငံကို ဒေသတွင်း၌ ရဲဆေးတင်ပေး သည့်နိုင်ငံအဖြစ် တရုတ်နိုင်ငံကိုရှုမြင်ခဲ့ပါက အဆိုပါနိုင်ငံများနှင့်ဆက်ဆံရေးအပေါ် ထိခိုက်နိုင်သည်။
တစ်ဖက်မှကြည့်မည်ဆိုပါကလည်း တရုတ်နှင့်အီရန် အနီးကပ်ဆက်ဆံခြင်းသည် ပင် လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးအရှိန်ကိုလည်း တိုးတက်စေနိုင်သည်။ တရုတ်နိုင်ငံသည် အီရန်နိုင်ငံ အပေါ် ဩဇာလွှမ်းမိုးမှုရရှိခြင်း သို့မဟုတ် ညှိနှိုင်း ရေးမှူးအဖြစ်ဆောင်ရွက်ခြင်းဖြင့် အီရန်နိုင်ငံကို စစ် ရေးအရ အရှိန်မမြှင့်ရန် သို့မဟုတ် နျူကလီးယားနယ် နိမိတ်ကိုမဖြတ်ကျော်ရန်နှင့် ဆော်ဒီ၊ ကာတာနိုင်ငံတို့ ကိုပါ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်ပေးသူအဖြစ် လက်ခံလာစေရန်ဆောင်ရွက်နိုင်သည်။ တရုတ်နိုင်ငံ အနေဖြင့် အဆိုပါနည်းဖြင့် အီရန်နိုင်ငံနှင့် ဆက်ဆံ ရေးတိုးမြှင့်ပြီး အီရန်၏ တောင်ဘက်ရှိ အိမ်နီးချင်းနိုင် ငံများနှင့်ပါ သံခင်းတမန်ခင်း တိုးချဲ့သွားနိုင်သည်။
နောက်ထပ်စဉ်းစားစရာအချက်တစ်ခုမှာ တရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ သည် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှု ကြုံ တွေ့ရနိုင်ခြင်းပင်ဖြစ်သည်။ အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည်လည်း နည်းပညာနှင့်ကုန်သွယ်ရေး ကဏ္ဍတို့ကိုအကြောင်းပြုပြီး ဆက်ဆံရေးတင်းမာနေ ချိန်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့်ဆက် ဆံခြင်းဖြင့် ဖြစ်လာနိုင်ခြေရှိသည့်အကျိုးဆက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
ချုပ်၍ကြည့်မည်ဆိုပါက တရုတ်နှင့် အီရန် တို့သည် ကာကွယ်ရေးကဏ္ဍတွင် ပထဝီနိုင်ငံရေးအ ရပူးပေါင်းဆောင်ရွက်နိုင်သော်လည်း အပြည့်အဝ ပူး ပေါင်းဆောင်ရွက်ခြင်းထက် အကန့်အသတ်ဖြင့်သာ ပူးပေါင်းဆောင်ရွက်နိုင်သည်။ တရုတ်နှင့်အီရန်တို့ သည် (၂၀၂၁) ခုနှစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)တွင်လည်း အဖွဲ့ဝင်များဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ မူဘောင်ကို ကာကွယ်ရေးကဏ္ဍ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်လိုသည့်ဆန္ဒ သို့မဟုတ် အိုက်ဒီရော် လော်ဂျီဆိုင်ရာတည့်မတ်မှုသာမက တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရေရှည်အကျိုးစီးပွားအရလည်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်ရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕ အေရးပါတဲ့ ကာကြယ္ေရးမိတ္ဖက္ ျဖစ္လာႏိုင္လား
သန္းထိုက္စိုး -(NP News) - ဇူလိုင္လ ၁၅
အီရန္ႏိုင္ငံသည္ မၾကာေသးမီကပင္ အစၥေရးႏိုင္ငံႏွင့္ (၁၂)ရက္ၾကာ ပဋိပကၡျဖစ္ပြားခဲ့သည္။ အီရန္ႏိုင္ငံအေနျဖင့္ အဆိုပါပဋိပကၡတြင္ ေလ ေၾကာင္းကာကြယ္ေရးစနစ္ႏွင့္ ေထာက္လွမ္းေရးစ နစ္အားနည္းခ်က္ကိုေတြ႕ရွိခဲ့သည္။ အဆိုပါ ပဋိပကၡ သည္ အီရန္ႏိုင္ငံအတြက္ ၎၏ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအတြက္ ေမးခြန္းထုတ္စရာျဖစ္လာခဲ့သည္။
မၾကာေသးမီကပင္ တ႐ုတ္ႏွင့္အီရန္ႏိုင္ငံ တို႔သည္ ကာကြယ္ေရးက႑တြင္ နီးနီးကပ္ကပ္ရွိ လာခဲ့သည္။ အီရန္ႏိုင္ငံအေနျဖင့္ တ႐ုတ္စစ္ဘက္ ဆိုင္ရာပစၥည္းမ်ားကို ဝယ္ယူရန္ႀကိဳးပမ္းလာခဲ့သည္။ ယင္းမွာ မၾကာေသးမီက ပါကစၥတန္ႏိုင္ငံသည္ အိႏၵိ ယႏိုင္ငံႏွင့္ျဖစ္ပြားသည့္ပဋိပကၡအတြင္း တ႐ုတ္ေလ ေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ဝယ္ယူအသုံးျပဳခဲ့ ရာ ေအာင္ျမင္မႈရရွိခဲ့ျခင္းေၾကာင့္ျဖစ္သည္။ တစ္နည္း အားျဖင့္ အီရန္ႏိုင္ငံသည္ ၎၏ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကို အေရးတႀကီး ျပန္လည္တည္ ေဆာက္ရာတြင္ ႐ုရွားတို႔၏ေလေၾကာင္းရန္ ကာကြယ္ ေရးစနစ္ႏွင့္ အရည္အေသြးအေပၚ ယုံၾကည္မႈက်ဆင္း လာျခင္းေၾကာင့္ျဖစ္ႏိုင္သည္ဟု သုံးသပ္မႈမ်ားရွိလာ သည္။ သို႔ျဖစ္ရာ အီရန္ " တ႐ုတ္လုံၿခဳံေရး ပူးေပါင္း ေဆာင္႐ြက္မႈ ပိုမိုနီးကပ္လာေစရန္ တြန္းအားတစ္ရပ္ ျဖစ္လာခဲ့သည္။ သို႔ေသာ္ ယင္းအခ်က္မွာ တ႐ုတ္အစိုးရမူဝါဒ ခ်မွတ္သူမ်ားက ကုန္က်စရိတ္ႏွင့္ အက်ိဳးအျမတ္ မည္သို႔ရွိႏိုင္သည္ဆိုသည့္ တြက္ခ်က္မႈအ ေပၚတြင္မူတည္သည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ အီရန္ႏိုင္ငံကို ကာ ကြယ္ေရးမိတ္ဖက္အျဖစ္ထားရွိမည္ဆိုပါက သိသာ ထင္ရွားသည့္အက်ိဳးအျမတ္အနက္တစ္ခုမွာ သမား႐ိုးက်ေရလမ္းေၾကာင္းမ်ားကို ျဖတ္သန္းသြားလာျခင္း အျပင္ အျခားေသာ ေ႐ြးခ်ယ္စရာစြမ္းအင္လမ္း ေၾကာင္းတစ္ခု အခိုင္အမာရရွိႏိုင္ျခင္းပင္ျဖစ္သည္။ အီရန္အေျခခံအေဆာက္အအုံမွတစ္ဆင့္ စြမ္းအင္ အရင္းအျမစ္ျြကယ္ဝသည့္ အီရတ္ႏွင့္ခ်ိတ္ဆက္ၿပီး ပါကစၥတန္အထိပါဆက္သြယ္လိုက္ပါက တ႐ုတ္ႏိုင္ငံ အေနျဖင့္ စြမ္းအင္လုံၿခဳံေရး ကုန္းလမ္းတစ္ခု ထပ္မံ တိုးခ်ဲ႕ ရရွိႏိုင္မည္ျဖစ္သည္။ အီရတ္-အီရန္-ပါကစၥ တန္စႀကႍလမ္းသည္ အေရွ႕အလယ္ပိုင္း ဟိုက္ဒ႐ိုကာ ဗြန္မ်ားကို လုံၿခဳံစိတ္ခ်စြာရယူႏိုင္သည္။ တစ္ခ်ိန္ တည္းမွာပင္ ပါကစၥတန္ႏိုင္ငံကိုလည္း စြမ္းအင္လုံၿခဳံ ေရးမိတ္ဖက္အျဖစ္ တိုးခ်ဲ႕တည္ေဆာက္ႏိုင္မည္ျဖစ္ သည္။ အကယ္၍ အဆိုပါလမ္းေၾကာင္းသာ ဆက္ လက္အေကာင္အထည္ေဖာ္ျဖစ္ပါက တ႐ုတ္ႏိုင္ငံ အတြက္ မလကၠာေရလက္ၾကားႏွင့္Bab-el-Mandeb ကဲ့သို႔ေသာ မေရရာမေသခ်ာသည့္အေျခ အေနမ်ားမွ႐ုန္းထြက္ၿပီး ေရရွည္စြမ္းအင္ရရွိမႈအ တြက္ အေထာက္အပံ့ျဖစ္ေစမည္ျဖစ္သည္။ ပို၍ အ ေရးပါသည့္အခ်က္မွာ တ႐ုတ္ႏိုင္ငံအေနျဖင့္ အီရန္ ႏိုင္ငံႏွင့္ ကာကြယ္ေရးက႑တြင္ ပိုမိုေလးနက္စြာ ပူးေပါင္းေဆာင္႐ြက္မည္ဆိုပါက ေဟာ္မုဇ္ေရလက္ၾကား အေပၚ သြယ္ဝိုက္၍ ဩဇာသက္ေရာက္မႈရရွိႏိုင္မည္ ျဖစ္သည္။ အကယ္၍ တ႐ုတ္ႏိုင္ငံသာ အီရန္ႏိုင္ငံ၏ အဓိကလုံၿခဳံေရးမိတ္ဖက္ျဖစ္လာမည္ဆိုပါက တ႐ုတ္ ႏိုင္ငံအေနျဖင့္ ေဒသတြင္းတင္းမာမႈမ်ားတြင္ အီရန္ ႏိုင္ငံကိုတည့္မတ္ေပးရာတြင္ ပိုမိုေကာင္းမြန္သည့္ ေနရာတြင္ရွိေနေစၿပီး ေဟာ္မုဇ္ေရလက္ၾကားမွာလည္း ေရေၾကာင္းသြားလာမႈအတြက္ လမ္းပြင့္ေနမည္ျဖစ္ သည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံႏွင့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ား ၏ စီးပြားေရးလုံၿခဳံမႈအတြက္လည္း မ်ားစြာ အေထာက္ အကူရေစမည္ျဖစ္သည္။ လုံၿခဳံေရးက႑အတြက္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ တ႐ုတ္ ႏိုင္ငံ၏ေမွ်ာ္မွန္းခ်က္ျဖစ္သည့္ ေဒသတြင္း တည္ၿငိမ္ ေရးႏွင့္ ႀကိဳတင္ဟန႔္တားေရး ႏွစ္ခုလုံးအတြက္လည္း အလုပ္ျဖစ္ႏိုင္သည္။
အျခား ရရွိႏိုင္သည့္ အဓိကအက်ိဳးအျမတ္ မွာ ဗဟိုအာရွေဒသအတြင္း အိႏၵိယႏိုင္ငံ၏လႊမ္းမိုး မႈကို ထိန္းသိမ္းႏိုင္မည့္အခြင့္အေရး ပိုမိုရရွိျခင္းပင္ ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အီရန္မွ ေရနံသြင္းကုန္ မ်ားကိုရပ္တန႔္ၿပီး (၂၀၂၈)ခုႏွစ္တြင္ အေမရိကန္ဦး ေဆာင္သည့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား စတင္လိုက္နာ ခ်ိန္ေနာက္ပိုင္းတြင္ အီရန္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ ငံမွဖယ္ခြာလာခဲ့ျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အီရန္ႏွင့္ဆက္ဆံေရးက်ဲသြားၿပီးေနာက္ အစၥေရးႏွင့္ ပိုမိုနီးကပ္လာခဲ့ျခင္းျဖစ္သည္။ အိုက္ဒီေရာ္ေလာ္ဂ်ီအ ရ အစြန္းေရာက္ဆန႔္က်င္ေရး ပုံရိပ္ကိုေဖာ္က်ဴးေန သကဲ့သို႔ လက္ေတြ႕နယ္ပယ္တြင္လည္း ကာကြယ္ ေရး၊ ဆိုက္ဘာႏွင့္ စိုက္ပ်ိဳးေရးက႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္။ အိႏၵိယႏွင့္အစၥေရး တို႔၏အဆိုပါဆက္ဆံေရးသည္ အိႏၵိယတို႔၏ မဟာဗ်ဴ ဟာေျမာက္စဥ္းစားခ်က္တြင္ အီရန္ႏိုင္ငံ၏တန္ဖိုးကို က်ဆင္းေစခဲ့ၿပီး အစၥေရးဘက္ယိမ္းသည့္ အိႏၵိယ ႏိုင္ငံ၏သေဘာထားသည္ အီရန္မူဝါဒခ်မွတ္သူမ်ား အျမင္တြင္ ႏိုင္ငံ၏ပုံရိပ္ကို ထိခိုက္ေစသည္ဟု ရႈျမင္ ထားသည္။ အဆိုပါအေျခအေနသည္ အီရန္ႏိုင္ငံကို တ႐ုတ္ႏိုင္ငံဘက္ တြန္းပို႔ေပးသကဲ့သို႔ ျဖစ္ေစခဲ့သည္။
အီရန္ႏိုင္ငံသည္ ဗဟိုအာရွေဒသႏွင့္ ေကာ့ေကးဆပ္ေတာင္ပိုင္းတြင္ အေရးပါသည့္ေနရာ တြင္ရွိေနရာ တ႐ုတ္ႏိုင္ငံသည္သာ အီရန္၏ ကာကြယ္ေရးမိတ္ဖက္ျဖစ္လာခဲ့ပါက အိႏၵိယႏိုင္ငံ၏ ဗဟို အာရွေဒသႏွင့္ ေကာ့ေကးဆပ္ေတာင္ပိုင္းရည္မွန္း ခ်က္မ်ားကို အားနည္းယုတ္ေလ်ာ့ေအာင္ျပဳလုပ္ရာတြင္ ခိုင္မာအားေကာင္းေစမည္ျဖစ္သည္။ တ႐ုတ္ ႏိုင္ငံအေနျဖင့္ အီရန္ႏိုင္ငံႏွင့္ ေလးေလးနက္နက္ ပူး ေပါင္းေဆာင္႐ြက္ျခင္းျဖင့္ အီရန္ႏိုင္ငံကို ပထဝီႏိုင္ငံ ေရးဆိုင္ရာ ၾကားခံဇုန္တစ္ခုအျဖစ္လည္းေကာင္း၊ ေပါင္းကူးလမ္းေၾကာင္းတစ္ခုအျဖစ္လည္းေကာင္း အသုံးျပဳႏိုင္မည္ျဖစ္ရာ တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍလမ္းကို လုံၿခဳံစိတ္ခ်စြာအသုံးျပဳႏိုင္ေလျဖစ္ သည္။ အဆိုပါ ညႇိႏႈိင္းေဆာင္႐ြက္မႈသည္ International North-South Transport Corridor (INSTC) မွတစ္ဆင့္ အာဖဂန္နစၥတန္ႏိုင္ငံ၊ ဗဟိုအာရွေဒသတို႔ႏွင့္ ဆက္သြယ္ရန္ အိႏၵိယႏိုင္ငံ၏ ႀကိဳးပမ္းအားထုတ္မႈကို ေလ်ာ့နည္းေစႏိုင္ၿပီး အီရန္ ႏိုင္ငံ၏ Chabahar ဆိပ္ကမ္းတြင္ အိႏၵိယႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအေပၚတြင္လည္း ႐ိုက္ခတ္လာေစ ႏိုင္သည္။ အီရန္ႏိုင္ငံကသာ တ႐ုတ္ႏိုင္ငံကို Chabahar ဆိပ္ကမ္းကို အသုံးျပဳခြင့္ေပးလိုက္မည္ဆိုပါက ညႇိႏႈိင္းေဆာင္႐ြက္မႈသည္ International North-South Transport Corridor (INSTC) ၏ ျဖစ္ ႏိုင္ေျခမွာ လုံးဝပ်က္ျပယ္သြားႏိုင္ပါသည္။ ယင္းသို႔ ျဖစ္လာခဲ့ပါက အိႏၵိယႏိုင္ငံ၏ ဗဟိုအာရွေဒသ မဟာ ဗ်ဴဟာေျမာက္ဝင္ေပါက္ ပိတ္သြားျခင္းႏွင့္ တ႐ုတ္ႏိုင္ငံ၏ (BRI) ကို တန္ျပန္ရန္ႀကိဳးပမ္းၿပီး အက်ိဳးထုတ္မည့္ အစီအစဥ္တို႔ ဆုံးရႈံးသြားမည္ျဖစ္ရာ အိႏၵိယႏိုင္ငံအတြက္ မိေအးႏွစ္ခါနာမည့္အေျခအေနျဖစ္သည္။
အီရန္ႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ တည့္ မတ္ေပးမႈ ျမင့္တက္လာသည္ႏွင့္အမွ် ျပည္တြင္း၌ ျဖစ္ေပၚေနသည့္ ၿပိဳင္ဆိုင္မႈမ်ားမွာလည္း စည္းလုံးညီ ၫြတ္မႈျဖစ္လာၿပီး အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္ တပ္ဖြဲ႕(IRGC)ဦးေဆာင္သည့္ လုံၿခဳံသည့္ႏိုင္ငံေတာ္ အျဖစ္ အခိုင္အမာေပၚထြက္လာႏိုင္သည္။ ထိုသို႔ ေသာအေျခအေနမ်ိဳးမွာ ပါကစၥတန္ႏိုင္ငံ၏ စစ္ ဘက္-အရပ္ဘက္ေပါင္းစပ္ထားသည့္ ေမာ္ဒယ္တစ္ ခုျဖစ္ၿပီး လက္ေတြ႕ပါဝါမွာ ပါကစၥတန္ တပ္မေတာ္၏ လက္ထဲတြင္ရွိသည္။ တ႐ုတ္ႏိုင္ငံအတြက္လည္း အကြၽမ္းတဝင္ရွိၿပီး စီမံခန႔္ခြဲႏိုင္သည့္ တည္ေဆာက္ပုံ တစ္ခုျဖစ္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ အီရန္ႏိုင္ငံ တြင္ အလားတူပုံစံတစ္ခုေပၚေပါက္လာခဲ့ပါက ထိ ေတြ႕ဆက္ဆံရသည္မွာလြယ္ကူၿပီး အီရန္-ပါကစၥ တန္ဆက္ဆံေရးကိုပါျမႇင့္တင္ေပးႏိုင္ကာ တ႐ုတ္၏ ဦးေဆာင္မႈျဖင့္ သုံးပြင့္ဆိုင္ပူးေပါင္းေဆာင္႐ြက္သည့္ လမ္းေၾကာင္းကို ေခ်ာေမြ႕ေအာင္ေဆာင္႐ြက္ေပးႏိုင္ မည္ျဖစ္သည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ကာကြယ္ေရး၊ လုံ ၿခဳံေရးက႑တို႔ႏွင့္ပတ္သက္၍ တိုးခ်ဲ႕ေဆာင္႐ြက္ရာ တြင္ ဂ႐ုတစိုက္ေဆာင္႐ြက္စရာမ်ားရွိေနသည္။ ယင္းမွာ ေဒသတြင္းႏွင့္ ကမာၻလုံးဆိုင္ရာ အင္အားႀကီး ႏိုင္ငံမ်ားႏွင့္ အဖုအထစ္မ်ားရွိႏိုင္သည္။ အီရန္ႏွင့္ ဆက္ဆံေရးတိုးခ်ဲ႕ျခင္းသည္ ပထဝီႏိုင္ငံေရးအရ အသုံးတည့္ႏိုင္ေသာ္လည္း သံခင္းတမန္ခင္းအရ အခက္အခဲမ်ားရွိႏိုင္ပါသည္။ လုံၿခဳံေရး၊ စစ္ေရးက႑တို႔တြင္ အီရန္ႏွင့္ဆက္ဆံေရးတိုးခ်ဲ႕ျခင္းသည္ တ႐ုတ္ ႏိုင္ငံအတြက္ အေရွ႕အလယ္ပိုင္းနယ္နိမိတ္ထက္ ေက်ာ္လြန္ၿပီး စဥ္းစားစရာမ်ားကရွိေနသည္။ တ႐ုတ္ ႏိုင္ငံ၏ အဓိကစိုးရိမ္ခ်က္မွာ အစၥေရးႏိုင္ငံႏွင့္ ဆက္ ဆံေရးပင္ျဖစ္သည္။ တ႐ုတ္ႏွင့္အစၥေရးတို႔သည္ ကိစၥ ရပ္အေတာ္မ်ားမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေနျခင္း မဟုတ္ေသာ္လည္း စီးပြားေရးႏွင့္ နည္းပညာနယ္ပယ္ တို႔၌ ပူးေပါင္းေဆာင္႐ြက္မႈႀကီးမားသည္။ တ႐ုတ္ႏိုင္ ငံသည္ အစၥေရးႏိုင္ငံ၏ဆိပ္ကမ္းမ်ား၊ နည္းပညာကုမၸ ဏီမ်ားအပါအဝင္ အေျခခံအေဆာက္အအုံမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျပဳလုပ္ထားရာ အစၥေရးႏိုင္ငံကို နည္းပညာဆန္းသစ္တီထြင္ရာဗဟိုခ်က္အျဖစ္ တန္ ဖိုးထားသည့္ႏိုင္ငံလည္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံက အီ ရန္ႏွင့္စစ္ေရးအရ တိုးခ်ဲ႕ဆက္ဆံျခင္းသည္ အစၥေရး ကိုလ်စ္လ်ဴရႈရာက်မည္ျဖစ္သည္။ အျခားေသာ ထိ လြယ္ရွလြယ္ကိစၥရပ္တစ္ခုမွာ ပင္လယ္ေကြ႕ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ၊ အထူးသျဖင့္ ေဆာ္ ဒီ၊ ယူေအအီးစသည့္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးပင္ ျဖစ္သည္။ အဆိုပါႏိုင္ငံမ်ားသည္ စြမ္းအင္က႑မွ သယ္ယူပို႔ေဆာင္ေရးက႑အထိ အဓိကက်ေသာ စီးပြားေရးမိတ္ဖက္ႏိုင္ငံမ်ားျဖစ္ၾကသည္။ အီရန္ႏွင့္ ကာကြယ္ေရးက႑တြင္ အနီးကပ္ပူးေပါင္းေဆာင္ ႐ြက္ၿပီး အီရန္ႏိုင္ငံကို ေဒသတြင္း၌ ရဲေဆးတင္ေပး သည့္ႏိုင္ငံအျဖစ္ တ႐ုတ္ႏိုင္ငံကိုရႈျမင္ခဲ့ပါက အဆိုပါႏိုင္ငံမ်ားႏွင့္ဆက္ဆံေရးအေပၚ ထိခိုက္ႏိုင္သည္။
တစ္ဖက္မွၾကည့္မည္ဆိုပါကလည္း တ႐ုတ္ႏွင့္အီရန္ အနီးကပ္ဆက္ဆံျခင္းသည္ ပင္ လယ္ေကြ႕ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးအရွိန္ကိုလည္း တိုးတက္ေစႏိုင္သည္။ တ႐ုတ္ႏိုင္ငံသည္ အီရန္ႏိုင္ငံ အေပၚ ဩဇာလႊမ္းမိုးမႈရရွိျခင္း သို႔မဟုတ္ ညႇိႏႈိင္း ေရးမႉးအျဖစ္ေဆာင္႐ြက္ျခင္းျဖင့္ အီရန္ႏိုင္ငံကို စစ္ ေရးအရ အရွိန္မျမႇင့္ရန္ သို႔မဟုတ္ န်ဴကလီးယားနယ္ နိမိတ္ကိုမျဖတ္ေက်ာ္ရန္ႏွင့္ ေဆာ္ဒီ၊ ကာတာႏိုင္ငံတို႔ ကိုပါ ေဒသတြင္း ညႇိႏႈိင္းေဆာင္႐ြက္ေပးသူအျဖစ္ လက္ခံလာေစရန္ေဆာင္႐ြက္ႏိုင္သည္။ တ႐ုတ္ႏိုင္ငံ အေနျဖင့္ အဆိုပါနည္းျဖင့္ အီရန္ႏိုင္ငံႏွင့္ ဆက္ဆံ ေရးတိုးျမႇင့္ၿပီး အီရန္၏ ေတာင္ဘက္ရွိ အိမ္နီးခ်င္းႏိုင္ ငံမ်ားႏွင့္ပါ သံခင္းတမန္ခင္း တိုးခ်ဲ႕သြားႏိုင္သည္။
ေနာက္ထပ္စဥ္းစားစရာအခ်က္တစ္ခုမွာ တ႐ုတ္ႏိုင္ငံပိုင္လုပ္ငန္းမ်ားႏွင့္ ပုဂၢလိကကုမၸဏီမ်ား သည္ အေမရိကန္ႏိုင္ငံ၏ ဒဏ္ခတ္ပိတ္ဆို႔မႈ ႀကဳံ ေတြ႕ရႏိုင္ျခင္းပင္ျဖစ္သည္။ အေမရိကန္ႏွင့္ တ႐ုတ္ ႏိုင္ငံတို႔သည္လည္း နည္းပညာႏွင့္ကုန္သြယ္ေရး က႑တို႔ကိုအေၾကာင္းျပဳၿပီး ဆက္ဆံေရးတင္းမာေန ခ်ိန္ျဖစ္ရာ တ႐ုတ္ႏိုင္ငံအေနျဖင့္ အီရန္ႏိုင္ငံႏွင့္ဆက္ ဆံျခင္းျဖင့္ ျဖစ္လာႏိုင္ေျခရွိသည့္အက်ိဳးဆက္မ်ားကို ထည့္သြင္းစဥ္းစားမည္ျဖစ္သည္။
ခ်ဳပ္၍ၾကည့္မည္ဆိုပါက တ႐ုတ္ႏွင့္ အီရန္ တို႔သည္ ကာကြယ္ေရးက႑တြင္ ပထဝီႏိုင္ငံေရးအ ရပူးေပါင္းေဆာင္႐ြက္ႏိုင္ေသာ္လည္း အျပည့္အဝ ပူး ေပါင္းေဆာင္႐ြက္ျခင္းထက္ အကန႔္အသတ္ျဖင့္သာ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည္။ တ႐ုတ္ႏွင့္အီရန္တို႔ သည္ (၂၀၂၁) ခုႏွစ္တြင္ ဘက္စုံ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ျဖစ္မႈကို လက္မွတ္ေရးထိုးခဲ့ၾကၿပီး ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO)တြင္လည္း အဖြဲ႕ဝင္မ်ားျဖစ္ၾကသည္။ မည္သို႔ပင္ျဖစ္ေစ အဆိုပါ မူေဘာင္ကို ကာကြယ္ေရးက႑ အျပန္အလွန္ပူး ေပါင္းေဆာင္႐ြက္လိုသည့္ဆႏၵ သို႔မဟုတ္ အိုက္ဒီေရာ္ ေလာ္ဂ်ီဆိုင္ရာတည့္မတ္မႈသာမက တ႐ုတ္ႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ ေရရွည္အက်ိဳးစီးပြားအရလည္း ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းသုံးသပ္ရသည္။