အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် နယ်စပ်ဒေသမှ ဟစ္စဘိုလာအဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် အဆင်သင့်ရှိနေဟုဆို
57
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆
လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာအဖွဲ့သည် အပစ်အခတ်ရပ်စဲရေးရယူနိုင်မည်ဆိုလျှင် အစ္စရေးနှင့် လက်ဘနွန်နယ်စပ် ဒေသမှ တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရန်အဆင့်သင့်ရှိနေကြောင်း လက်ဘနွန်အစိုးရအဖွဲ့အကြီး တန်းအရာရှိတစ်ဦး က ထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေးသည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်၍ ဟစ္စဘိုလာအဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အစ္စရေးက စက်တင်ဘာလအတွင်းမှစတင်ပြီး လက်ဘနွန်နိုင်ငံကို တိုက်ခိုက်မှုအရှိန်မြှင့်ခဲ့ ကြောင်းသိရသည်။
အစ္စရေး၏ ထိုးစစ်အရှိန်မြင့်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံအပြင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများ သည် အစ္စရေးနှင့်ဟစ္စဘိုလာအဖွဲ့ကြားတိုက်ခိုက်ခြင်းများကိုအပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြိုးပမ်းနေခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရသည် ဟစ္စဘိုလာအဖွဲ့ နှင့် အပစ်ခတ်ရပ်စဲရေးရယူရာတွင် ဟစ္စဘိုလာအဖွဲ့ကို အစ္စရေး နှင့် လက်ဘနွန်နယ်စပ်ဒေသမှ ပြန်ရုပ်သိမ်းရမည်ဟု တောင်းဆိုထားကြောင်း သိရသည်။
ဟစ္စဘိုလာအဖွဲ့သည် လက်ဘနွန်နိုင်ငံအတွင်း လွတ်လပ်စွာသွားလာလှုပ်ရှားနေပြီး အစ္စရေးနှင့်နယ်စပ်ချင်း ထိစပ်နေ သော လက်ဘနွန်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေကြောင်းသိရသည်။ ကမ္ဘာ့ဘဏ်က လက်ဘနွန်နိုင်ငံကို အစ္စရေး ၏ တိုက်ခိုက်မှုများကြောင့် စီးပွားရေးအပြင် ရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုများမြင့်တက်ခဲ့ပြီး စီးပွားရေး နှင့် ဘဏ္ဍာရေး အကျပ်တည်းရင်ဆိုင်နေရသော လက်ဘနွန်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၉)ဘီလျံနီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထောက်ပြသည်။ လက်ဘနွန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သော အလီဟတ်ဆန်ခါလီက လက်ဘနွန်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၁၇၀၁) ကို လက်တွေ့အကောင်ထည်ဖော်ရန် အဆင့်သင့်ရှိနေကြောင်း ပြောသည်။
အစ္စရေးနှင့် ဟစ္စဘိုလာတို့သည် (၂၀ဝ၆)ခုနှစ်က စစ်ပွဲဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင် စီဆုံးဖြတ်ချက် (၁၇၀၁) အရ စစ်ပွဲအဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်ထဲတွင် ဟစ္စဘိုလာအဖွဲ့သည် အစ္စရေးနှင့်နယ်စပ်ချင်း ထိစပ်နေသော လက်ဘနွန်နိုင်ငံတောင်ပိုင်း ကီလီုမီတာ (၃၀)အကွာ အဝေးအတွင်း တပ်ဖွဲ့များဖြန့်ကြက်ချထားခြင်း မလုပ်ဆောင်ရန် သတ်မှတ်ထားကြောင်းသိရသည်။
Zawgyi Version;
အစၥေရးႏွင့္ အပစ္အခတ္ရပ္စဲေရးရယူႏိုင္ရန္ နယ္စပ္ေဒသမွ ဟစၥဘိုလာအဖြဲ႕မ်ား ျပန္လည္႐ုပ္သိမ္းရန္ အဆင္သင့္ရွိ ေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆
လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာအဖြဲ႕သည္ အပစ္အခတ္ရပ္စဲေရးရယူႏိုင္မည္ဆိုလွ်င္ အစၥေရးႏွင့္ လက္ဘႏြန္နယ္စပ္ ေဒသမွ တပ္ဖြဲ႕ဝင္မ်ား ျပန္လည္႐ုပ္သိမ္းရန္အဆင့္သင့္ရွိေနေၾကာင္း လက္ဘႏြန္အစိုးရအဖြဲ႕အႀကီး တန္းအရာရွိတစ္ဦး က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အစၥေရးသည္ ဂါဇာစစ္ပြဲႏွင့္ဆက္ႏြယ္၍ ဟစၥဘိုလာအဖြဲ႕၏ တိုက္ခိုက္မႈမ်ားကို လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ရာ အစၥေရးက စက္တင္ဘာလအတြင္းမွစတင္ၿပီး လက္ဘႏြန္ႏိုင္ငံကို တိုက္ခိုက္မႈအရွိန္ျမႇင့္ခဲ့ ေၾကာင္းသိရသည္။
အစၥေရး၏ ထိုးစစ္အရွိန္ျမင့္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ႏိုင္ငံအျပင္ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ ႏိုင္ငံမ်ား သည္ အစၥေရးႏွင့္ဟစၥဘိုလာအဖြဲ႕ၾကားတိုက္ခိုက္ျခင္းမ်ားကိုအပစ္အခတ္ရပ္စဲေရးရယူႏိုင္ရန္ ႀကိဳးပမ္းေနခဲ့ေၾကာင္း သိရသည္။ အစၥေရးအစိုးရသည္ ဟစၥဘိုလာအဖြဲ႕ ႏွင့္ အပစ္ခတ္ရပ္စဲေရးရယူရာတြင္ ဟစၥဘိုလာအဖြဲ႕ကို အစၥေရး ႏွင့္ လက္ဘႏြန္နယ္စပ္ေဒသမွ ျပန္႐ုပ္သိမ္းရမည္ဟု ေတာင္းဆိုထားေၾကာင္း သိရသည္။
ဟစၥဘိုလာအဖြဲ႕သည္ လက္ဘႏြန္ႏိုင္ငံအတြင္း လြတ္လပ္စြာသြားလာလႈပ္ရွားေနၿပီး အစၥေရးႏွင့္နယ္စပ္ခ်င္း ထိစပ္ေန ေသာ လက္ဘႏြန္ေတာင္ပိုင္းတြင္ အေျခစိုက္လႈပ္ရွားေနေၾကာင္းသိရသည္။ ကမာၻ႔ဘဏ္က လက္ဘႏြန္ႏိုင္ငံကို အစၥေရး ၏ တိုက္ခိုက္မႈမ်ားေၾကာင့္ စီးပြားေရးအျပင္ ႐ုပ္ပိုင္းဆိုင္ရာပ်က္စီးဆုံးရႈံးမႈမ်ားျမင့္တက္ခဲ့ၿပီး စီးပြားေရး ႏွင့္ ဘ႑ာေရး အက်ပ္တည္းရင္ဆိုင္ေနရေသာ လက္ဘႏြန္ႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ (၉)ဘီလ်ံနီးပါး ပ်က္စီး ဆုံးရႈံးခဲ့ေၾကာင္း ေထာက္ျပသည္။ လက္ဘႏြန္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္ေသာ အလီဟတ္ဆန္ခါလီက လက္ဘႏြန္ႏိုင္ငံသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ (၁၇၀၁) ကို လက္ေတြ႕အေကာင္ထည္ေဖာ္ရန္ အဆင့္သင့္ရွိေနေၾကာင္း ေျပာသည္။
အစၥေရးႏွင့္ ဟစၥဘိုလာတို႔သည္ (၂၀ဝ၆)ခုႏွစ္က စစ္ပြဲျဖစ္ပြားခဲ့ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္ စီဆုံးျဖတ္ခ်က္ (၁၇၀၁) အရ စစ္ပြဲအဆုံးသတ္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါဆုံးျဖတ္ခ်က္ထဲတြင္ ဟစၥဘိုလာအဖြဲ႕သည္ အစၥေရးႏွင့္နယ္စပ္ခ်င္း ထိစပ္ေနေသာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္း ကီလီုမီတာ (၃၀)အကြာ အေဝးအတြင္း တပ္ဖြဲ႕မ်ားျဖန႔္ၾကက္ခ်ထားျခင္း မလုပ္ေဆာင္ရန္ သတ္မွတ္ထားေၾကာင္းသိရသည္။