ဂျိုးဘိုင်ဒန် မစွမ်းဆောင်နိုင်သော ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကို အစွမ်းကုန်ကြိုးပမ်းမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု
80
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆
အမေရိကန်ရွေးကောက်ခံသမ္မတအသစ် ဒေါ်နယ်ထရမ့်က နောက်ထပ်သွေးထွက်သံယိုမှုများ မဖြစ်စေရန်အတွက် ယူကရိန်းစစ်ပွဲကိုဖြေရှင်းနိုင်ရန် အပြင်းအထန် အစွမ်းကုန်ကြိုးပမ်းမည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသောစစ်ပွဲသည် (၃) နှစ်နီးပါးရှိခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးရ ယူနိုင်ခြင်း မရှိသေးသကဲ့သို့ နှစ်ဖက်တွေ့ ဆုံဆွေနွေးနိုင်ခြင်းလည်း မရှိသေးကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က ‘‘ကျွန်တော်တို့ အစိုးရအဖွဲ့အသစ် လက်ထက်မှာ အရှေ့အလယ်ပိုင်း စစ်ပွဲအဆုံးသတ်ဖို့အပြင် ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကိုဖြေရှင်းနိုင်အောင် အစွမ်းကုန် အပြင်းအထန်ကြိုးပမ်းသွားမယ်။
ပြီးခဲ့တဲ့သုံးရက်အတွင်း စစ်ပွဲတွေကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့တာကို ကြားသိရတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ အသစ်ဟာ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်တန့်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းမယ်” ဟုပြောသည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သော်လည်း အသေးစိတ်အစီအစဉ်များကိုထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိကြောင်း သိရသည်။
သမ္မတအဖြစ် ရွေးကောက်မခံရခင်အချိန်ကတည်းက ယူကရိန်းကိုစစ်ရေးနှင့် ငွေကြေးများ အကူအညီပေးခဲ့သည့် သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့သည်။ ဂျိုးဘိုင်ဒန်ဦးဆောင်သော အမေရိကန် အစိုးရအဖွဲ့သည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား ဖြစ်ပွားနေသောစစ်ပွဲကိုအဆုံးသတ်ရန် ကြားဝင် ကြိုးပမ်းခြင်းမရှိဘဲ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာဘီလျံချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က ၎င်းသည်အမေရိကန် သမ္မတအသစ်အဖြစ် ရွေးကောက်ခံရမည်ဆိုလျှင် ယူကရိန်း စစ်ပွဲကို (၂၄) နာရီအတွင်း အဆုံးသတ်နိုင်ရန် ကြိုး ပမ်းမည်ဟုပြောဆိုခဲ့ဖူးရာ သမ္မတအသစ်အဖြစ် တာဝန်ယူချိန်တွင် လက်တွေ့ စွမ်းဆောင်နိုင်မည်လား ဆိုသောအချက်ကို ကမ္ဘာတစ်ဝန်း စိတ်ဝင်စား နေကြောင်း သိရသည်။ အမေရိကန်အခြေစိုက် Wall Street Journal က အလားလာရှိသော ငြိမ်း ချမ်းရေး အစီအစဉ်တွင် ယူကရိန်းကို နေတိုးမဟာ မိတ်အဖွဲ့ဝင် နိုင်ငံအဖြစ်ပါဝင်ရန်ကြိုးပမ်းမည့်အစီအစဉ်ကို နှစ်ပေါင်း (၂၀)ကြာ ဆိုင်းငံ့ထားဖွယ်ရှိနေကြောင်း ဖော်ပြသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက်တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားသော်လည်း သိမ်းပိုက်ထားသော နယ်မြေများ စွန့်လွှတ်မည်ဆိုသောအချက်ကို ပယ်ချထား ဆဲဖြစ်ကြောင်းသိရသည်။
Zawgyi Version;
ဂ်ိဳးဘိုင္ဒန္ မစြမ္းေဆာင္ႏိုင္ေသာ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးကို အစြမ္းကုန္ႀကိဳးပမ္းမည္ဟု ေဒၚနယ္ထရမ့္ ကတိျပဳ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆
အေမရိကန္ေ႐ြးေကာက္ခံသမၼတအသစ္ ေဒၚနယ္ထရမ့္က ေနာက္ထပ္ေသြးထြက္သံယိုမႈမ်ား မျဖစ္ေစရန္အတြက္ ယူကရိန္းစစ္ပြဲကိုေျဖရွင္းႏိုင္ရန္ အျပင္းအထန္ အစြမ္းကုန္ႀကိဳးပမ္းမည္ဟု ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနေသာစစ္ပြဲသည္ (၃) ႏွစ္နီးပါးရွိခဲ့ေသာ္လည္း အပစ္အခတ္ရပ္စဲေရးရ ယူႏိုင္ျခင္း မရွိေသးသကဲ့သို႔ ႏွစ္ဖက္ေတြ႕ ဆုံေဆြေႏြးႏိုင္ျခင္းလည္း မရွိေသးေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က ‘‘ကြၽန္ေတာ္တို႔ အစိုးရအဖြဲ႕အသစ္ လက္ထက္မွာ အေရွ႕အလယ္ပိုင္း စစ္ပြဲအဆုံးသတ္ဖို႔အျပင္ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကိုေျဖရွင္းႏိုင္ေအာင္ အစြမ္းကုန္ အျပင္းအထန္ႀကိဳးပမ္းသြားမယ္။
ၿပီးခဲ့တဲ့သုံးရက္အတြင္း စစ္ပြဲေတြေၾကာင့္ လူေပါင္းေထာင္ခ်ီေသဆုံးခဲ့တာကို ၾကားသိရတယ္။ ကြၽန္ေတာ္တို႔ အစိုးရအဖြဲ႕ အသစ္ဟာ ကမာၻတစ္ဝန္းမွာ ျဖစ္ပြားေနတဲ့လက္နက္ကိုင္ပဋိပကၡေတြကို ရပ္တန႔္ႏိုင္ေအာင္ အစြမ္းကုန္ ႀကိဳးပမ္းမယ္” ဟုေျပာသည္။ ေဒၚနယ္ထရမ့္သည္ ယူကရိန္းစစ္ပြဲ အဆုံးသတ္ရန္ အစြမ္းကုန္ႀကိဳးပမ္းမည္ဟု ေျပာဆိုခဲ့ေသာ္လည္း အေသးစိတ္အစီအစဥ္မ်ားကိုထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။
သမၼတအျဖစ္ ေ႐ြးေကာက္မခံရခင္အခ်ိန္ကတည္းက ယူကရိန္းကိုစစ္ေရးႏွင့္ ေငြေၾကးမ်ား အကူအညီေပးခဲ့သည့္ သမၼတ ဂ်ိဳးဘိုင္ဒန္ ဦးေဆာင္ေသာ အေမရိကန္အစိုးရအဖြဲ႕ကို ေဝဖန္ျပစ္တင္ခဲ့သည္။ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္ေသာ အေမရိကန္ အစိုးရအဖြဲ႕သည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနေသာစစ္ပြဲကိုအဆုံးသတ္ရန္ ၾကားဝင္ ႀကိဳးပမ္းျခင္းမရွိဘဲ ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာဘီလ်ံခ်ီၿပီး ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က ၎သည္အေမရိကန္ သမၼတအသစ္အျဖစ္ ေ႐ြးေကာက္ခံရမည္ဆိုလွ်င္ ယူကရိန္း စစ္ပြဲကို (၂၄) နာရီအတြင္း အဆုံးသတ္ႏိုင္ရန္ ႀကိဳး ပမ္းမည္ဟုေျပာဆိုခဲ့ဖူးရာ သမၼတအသစ္အျဖစ္ တာဝန္ယူခ်ိန္တြင္ လက္ေတြ႕ စြမ္းေဆာင္ႏိုင္မည္လား ဆိုေသာအခ်က္ကို ကမာၻတစ္ဝန္း စိတ္ဝင္စား ေနေၾကာင္း သိရသည္။ အေမရိကန္အေျခစိုက္ Wall Street Journal က အလားလာရွိေသာ ၿငိမ္း ခ်မ္းေရး အစီအစဥ္တြင္ ယူကရိန္းကို ေနတိုးမဟာ မိတ္အဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ပါဝင္ရန္ႀကိဳးပမ္းမည့္အစီအစဥ္ကို ႏွစ္ေပါင္း (၂၀)ၾကာ ဆိုင္းငံ့ထားဖြယ္ရွိေနေၾကာင္း ေဖာ္ျပသည္။ ႐ုရွားသည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္အတြက္ေတြ႕ဆုံေဆြးေႏြးရန္ လမ္းဖြင့္ထားေသာ္လည္း သိမ္းပိုက္ထားေသာ နယ္ေျမမ်ား စြန႔္လႊတ္မည္ဆိုေသာအခ်က္ကို ပယ္ခ်ထား ဆဲျဖစ္ေၾကာင္းသိရသည္။