အသေခံတိုက်ခိုက်ရေးဒရုန်း အများအပြားထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် အမိန့်ပေး
42
Pika (NP News) - နိုဝင်ဘာ ၁၆
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် အသေခံတိုက်ခိုက်ရေးဒရုန်းများစမ်းသပ်မှုကို လမ်းညွှန်ပေးခဲ့ပြီး ဒရုန်း အများအပြားထုတ်လုပ်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းတွင် အဆိုပါဒရုန်းများကို မိတ်ဆက်ခြင်းသည် စစ် ဘက်ဆိုင်ရာသီအိုရီ၏ အရေးပေါ်နောက်ဆုံးအခြေအနေများကို လိုအပ်ကြောင်း ကင်ဂျုံအန်က ထပ်မံပြောဆိုခဲ့ သည်။
မြောက်ကိုရီးယားနှင့် ရုရှားစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည့် ကြားမှ ယခုနှစ်အစောပိုင်းတွင် ကင်ဂျုံအန်သည် အသေခံဒရုန်းများစမ်းသပ်မှုကိုကြီး ကြပ်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယားသည် ရုရှားထံမှနည်း ပညာအကူအညီများ လက်ခံရရှိနေ သလားဆို သည့် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဒရုန်းများကို ယူကရိန်း စစ်ပွဲ တွင်သာမက အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင်လည်း တွင်တွင် ကျယ်ကျယ်အသုံးပြု လျက်ရှိသည်။ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ‘‘ဒရုန်း ထုတ်လုပ်မှုစနစ်တွေကို တတ်နိုင် သမျှအမြန်ဆုံး တည်ဆောက်ပြီး ဒရုန်းအများပြားထုတ်လုပ်ဖို့အတွက် လိုအပ်တာတွေကို ကင်ဂျုံအန်းက အလေး ပေးပြောကြားခဲ့ပါ တယ်” ဟု ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် ဒရုန်းများအသုံးပြုမှုနှင့် ပတ်သက်သည့် ယှဉ်ပြိုင်မှု များသည် ပိုမိုအရှိန်မြင့် လာနေပြီး စစ်ဘက်ဆိုင်ရာအာဏာပိုင်များသည် အမျိုးမျိုးသောပဋိပက္ခများတွင် ဒရုန်းများ၏ အောင်မြင်မှုကို အသိအမှတ်ပြုနိုင်ဖွယ်ရှိကြောင်း ကင်ဂျုံအန်က ပြောကြားခဲ့သည်။ KCNA က ‘‘ဒီလိုမျိုး ရည်ရွယ်ချက် အပြောင်းအလဲက စစ်ဘက်ဆိုင်ရာသီအိုရီ၊ လေ့ကျင့်မှုနဲ့ ပညာရေးကဏ္ဍတွေမှာ မြှင့်တင်မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေတာမျိုးဖြစ်ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် ရုရှားဘက်မှပါဝင်တိုက်ခိုက်ပေးရန်အတွက် ၎င်း၏ စစ်သားများကို ရုရှားကိုပေးပို့ခဲ့သည်ဆိုသည့် စွပ်စွဲပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက်ပိုင်း ယခုကဲ့သို့သောဖြစ်ရပ် များ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
Zawgyi Version;
အေသခံတိုက္ခိုက္ေရးဒ႐ုန္း အမ်ားအျပားထုတ္လုပ္ရန္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္ အမိန႔္ေပး
Pika (NP News) - ႏိုဝင္ဘာ ၁၆
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္သည္ အေသခံတိုက္ခိုက္ေရးဒ႐ုန္းမ်ားစမ္းသပ္မႈကို လမ္းၫႊန္ေပးခဲ့ၿပီး ဒ႐ုန္း အမ်ားအျပားထုတ္လုပ္ရန္ အမိန႔္ေပးခဲ့ေၾကာင္း သိရသည္။ ကမာၻတစ္ဝန္းတြင္ အဆိုပါဒ႐ုန္းမ်ားကို မိတ္ဆက္ျခင္းသည္ စစ္ ဘက္ဆိုင္ရာသီအိုရီ၏ အေရးေပၚေနာက္ဆုံးအေျခအေနမ်ားကို လိုအပ္ေၾကာင္း ကင္ဂ်ဳံအန္က ထပ္မံေျပာဆိုခဲ့ သည္။
ေျမာက္ကိုရီးယားႏွင့္ ႐ုရွားစစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အရွိန္အဟုန္ျဖင့္ ျမင့္တက္ေနသည့္ ၾကားမွ ယခုႏွစ္အေစာပိုင္းတြင္ ကင္ဂ်ဳံအန္သည္ အေသခံဒ႐ုန္းမ်ားစမ္းသပ္မႈကိုႀကီး ၾကပ္ခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါ စမ္းသပ္မႈမ်ားေၾကာင့္ ေျမာက္ကိုရီးယားသည္ ႐ုရွားထံမွနည္း ပညာအကူအညီမ်ား လက္ခံရရွိေန သလားဆို သည့္ ေမးခြန္းမ်ားစြာ ထြက္ေပၚလာခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဒ႐ုန္းမ်ားကို ယူကရိန္း စစ္ပြဲ တြင္သာမက အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားတြင္လည္း တြင္တြင္ က်ယ္က်ယ္အသုံးျပဳ လ်က္ရွိသည္။ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ‘‘ဒ႐ုန္း ထုတ္လုပ္မႈစနစ္ေတြကို တတ္ႏိုင္ သမွ်အျမန္ဆုံး တည္ေဆာက္ၿပီး ဒ႐ုန္းအမ်ားျပားထုတ္လုပ္ဖို႔အတြက္ လိုအပ္တာေတြကို ကင္ဂ်ဳံအန္းက အေလး ေပးေျပာၾကားခဲ့ပါ တယ္” ဟု ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ ကမာၻတစ္ဝန္းတြင္ စစ္ဘက္ဆိုင္ရာရည္႐ြယ္ခ်က္မ်ားအတြက္ ဒ႐ုန္းမ်ားအသုံးျပဳမႈႏွင့္ ပတ္သက္သည့္ ယွဥ္ၿပိဳင္မႈ မ်ားသည္ ပိုမိုအရွိန္ျမင့္ လာေနၿပီး စစ္ဘက္ဆိုင္ရာအာဏာပိုင္မ်ားသည္ အမ်ိဳးမ်ိဳးေသာပဋိပကၡမ်ားတြင္ ဒ႐ုန္းမ်ား၏ ေအာင္ျမင္မႈကို အသိအမွတ္ျပဳႏိုင္ဖြယ္ရွိေၾကာင္း ကင္ဂ်ဳံအန္က ေျပာၾကားခဲ့သည္။ KCNA က ‘‘ဒီလိုမ်ိဳး ရည္႐ြယ္ခ်က္ အေျပာင္းအလဲက စစ္ဘက္ဆိုင္ရာသီအိုရီ၊ ေလ့က်င့္မႈနဲ႔ ပညာေရးက႑ေတြမွာ ျမႇင့္တင္မႈေတြ လုပ္ေဆာင္ဖို႔ ေတာင္းဆိုေနတာမ်ိဳးျဖစ္ပါတယ္” ဟု ေရးသားေဖာ္ျပခဲ့သည္။
ေျမာက္ကိုရီးယားသည္ ယူကရိန္းႏွင့္ျဖစ္ပြားေနသည့္စစ္ပြဲတြင္ ႐ုရွားဘက္မွပါဝင္တိုက္ခိုက္ေပးရန္အတြက္ ၎၏ စစ္သားမ်ားကို ႐ုရွားကိုေပးပို႔ခဲ့သည္ဆိုသည့္ စြပ္စြဲေျပာဆိုခ်က္မ်ား ထြက္ေပၚလာၿပီးေနာက္ပိုင္း ယခုကဲ့သို႔ေသာျဖစ္ရပ္ မ်ား ျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။