သြစတြေးလျမှာ လူနေအိပ်ခန်းထဲ ကိုအာလာဝက်ဝံ တစ်ကောင် လမ်းမှား ရောက်ရှိ

 259

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆

နိုဝင်ဘာလ ၁၃ ရက်က ဩစတြေးလျနိုင်ငံ၊ အက်ဒလိတ်မြို့ရဲ့လူနေအိမ်ခန်းတစ်ခုမှာ အံ့ဩစရာ ကိုအာလာ ဝက်ဝံ တစ်ကောင် ရောက်ရှိနေတဲ့ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

အက်ဒလိပ်မြို့မှာ နေထိုင်တဲ့ စုံတွဲတစ်တွဲရဲ့အိပ်ခန်းထဲက အိပ်ရာဘေး ကြမ်းပြင်ပေါ်မှာ ရောက်ရှိနေတဲ့ ကိုအာလာ ဝက်ဝံတစ်ကောင်ကို စုံတွဲက နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၂ နာရီ ၃၀ ခန့်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ကိုအာလာ အခန်းထဲ ရောက်ရှိနေတဲ့ ဗီဒီယိုဖိုင်ကို "Only In Australia” ဆိုတဲ့ စာတန်းနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ စုံတွဲက ကိုအာလာကို ပထမကြောက်ရွံ့မိပေမယ့် နောက်ပိုင်း ချော့မြူဖို့ကြိုးစားခဲ့တာကို ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။ အဲဒီနောက် ကိုအာလာဟာ ကုတင်ပေါ်က ခုန်ဆင်းပြီး အိမ်အပြင် ပြေးထွက်သွားတာ တွေ့ရပါတယ်။

အောက်တိုဘာလ ၄ ရက်ကလည်း ဩစတြေးလျ ဆစ်ဒနီရထားဘူတာရုံတစ်ခုမှာ ဓာတ်လှေကားကို စူးစမ်းနေတဲ့ ကိုအာလာတစ်ကောင်ကြောင့် လုပ်ငန်းစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။ ကိုအာလာတွေကို သြစတြေးလျ အရှေ့ဘက် နဲ့ အရှေ့တောင်ဘက်ကမ်းရိုးတန်းတွေမှာ အများဆုံးတွေ့ရှိရလေ့ရှိပါတယ်။

Zawgyi Version;
ၾသစေၾတးလ်မွာ လူေနအိပ္ခန္းထဲ ကိုအာလာဝက္ဝံ တစ္ေကာင္ လမ္းမွား ေရာက္ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၆

ႏိုဝင္ဘာလ ၁၃ ရက္က ဩစေၾတးလ်ႏိုင္ငံ၊ အက္ဒလိတ္ၿမိဳ႕ရဲ႕လူေနအိမ္ခန္းတစ္ခုမွာ အံ့ဩစရာ ကိုအာလာ ဝက္ဝံ တစ္ေကာင္ ေရာက္ရွိေနတဲ့ဗီဒီယိုဟာ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

အက္ဒလိပ္ၿမိဳ႕မွာ ေနထိုင္တဲ့ စုံတြဲတစ္တြဲရဲ႕အိပ္ခန္းထဲက အိပ္ရာေဘး ၾကမ္းျပင္ေပၚမွာ ေရာက္ရွိေနတဲ့ ကိုအာလာ ဝက္ဝံတစ္ေကာင္ကို စုံတြဲက ႏိုဝင္ဘာ ၁၃ ရက္၊ နံနက္ ၁၂ နာရီ ၃၀ ခန႔္က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီ ကိုအာလာ အခန္းထဲ ေရာက္ရွိေနတဲ့ ဗီဒီယိုဖိုင္ကို "Only In Australia” ဆိုတဲ့ စာတန္းနဲ႔ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တာ ျဖစ္ပါတယ္။ စုံတြဲက ကိုအာလာကို ပထမေၾကာက္႐ြံ႕မိေပမယ့္ ေနာက္ပိုင္း ေခ်ာ့ျမဴဖို႔ႀကိဳးစားခဲ့တာကို ဗီဒီယိုထဲမွာ ျမင္ေတြ႕ရပါတယ္။ အဲဒီေနာက္ ကိုအာလာဟာ ကုတင္ေပၚက ခုန္ဆင္းၿပီး အိမ္အျပင္ ေျပးထြက္သြားတာ ေတြ႕ရပါတယ္။

ေအာက္တိုဘာလ ၄ ရက္ကလည္း ဩစေၾတးလ် ဆစ္ဒနီရထားဘူတာ႐ုံတစ္ခုမွာ ဓာတ္ေလွကားကို စူးစမ္းေနတဲ့ ကိုအာလာတစ္ေကာင္ေၾကာင့္ လုပ္ငန္းစဥ္ေတြ ေႏွာင့္ေႏွးခဲ့ရပါတယ္။ ကိုအာလာေတြကို ၾသစေၾတးလ် အေရွ႕ဘက္ နဲ႔ အေရွ႕ေတာင္ဘက္ကမ္း႐ိုးတန္းေတြမွာ အမ်ားဆုံးေတြ႕ရွိရေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.