မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပြီလို့ အမေရိကန်အစိုးရ အတည်ပြု ပြောဆို

 822

Pika (NP News) - နိုဝင်ဘာ ၁၃

မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ယူကရိန်းနယ်စပ်မှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက် ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၁၂)ရက်မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတယ်က "မြောက်ကိုရီးယားစစ်သား(၁)သောင်းကျော်ဟာ ရုရှားနိုင်ငံအရှေ့ပိုင်းကို စေလွှတ်ခံလိုက်ရတယ်ဆိုတာ ဒီနေ့မှာတော့ ကျွန်တော်အတည်ပြုပေးနိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သား(၁) သောင်းအနက် အများစုဟာ Kursk Oblast ဒေသကို ရောက်ရှိနေပြီး ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယားနဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့စွပ်စွဲပြောဆိုမှုတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ရုရှားကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးတာမျိုး မရှိခဲ့ဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားဟာ ၎င်းရဲ့စစ်သားတွေကို ရုရှားကို စေလွှတ်ခဲ့တယ်ဆိုတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုချက်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ(၁၀)ရက်တုန်းက ရုရှားသမ္မတပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ အပြန်အလှန်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်တွေပါဝင်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသဘောတူစာချုပ်ကို ဥပဒေအဖြစ် တရားဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြဟာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ တိုက္ခိုက္ေရးစစ္ဆင္ေရးေတြမွာ စတင္ပါဝင္လာေနၿပီလို႔ အေမရိကန္အစိုးရ အတည္ျပဳ ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၁၃

ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြဟာ ယူကရိန္းနယ္စပ္မွာရွိတဲ့ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ တိုက္ ခိုက္ေရးစစ္ဆင္ေရးေတြမွာ စတင္ပါဝင္လာေနၿပီျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ(၁၂)ရက္မွာ အတည္ျပဳေျပာဆိုခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဗီဒန႔္ပါတယ္က "ေျမာက္ကိုရီးယားစစ္သား(၁)ေသာင္းေက်ာ္ဟာ ႐ုရွားႏိုင္ငံအေရွ႕ပိုင္းကို ေစလႊတ္ခံလိုက္ရတယ္ဆိုတာ ဒီေန႔မွာေတာ့ ကြၽန္ေတာ္အတည္ျပဳေပးႏိုင္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားစစ္သား(၁) ေသာင္းအနက္ အမ်ားစုဟာ Kursk Oblast ေဒသကို ေရာက္ရွိေနၿပီး ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ တိုက္ခိုက္ေရးစစ္ဆင္ေရးေတြမွာ စတင္ပါဝင္လာေနပါၿပီ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ ေျမာက္ကိုရီးယားဟာ ႐ုရွားကို စစ္လက္နက္ ပစၥည္းေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔ ေတာင္ကိုရီးယားနဲ႔အေနာက္အုပ္စုႏိုင္ငံေတြရဲ႕စြပ္စြဲေျပာဆိုမႈေတြလည္း ရွိခဲ့ဖူးပါတယ္။

ဒါေပမဲ့လည္း ႐ုရွားကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးတာမ်ိဳး မရွိခဲ့ဘူးလို႔ ေျမာက္ကိုရီးယားအစိုးရက ျပန္လည္ျငင္းဆိုခဲ့ပါတယ္။ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားဟာ ၎ရဲ႕စစ္သားေတြကို ႐ုရွားကို ေစလႊတ္ခဲ့တယ္ဆိုတဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထြက္ေပၚလာခဲ့ပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔က အတည္ျပဳတာမ်ိဳး ဒါမွမဟုတ္ ျငင္းဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၁၀)ရက္တုန္းက ႐ုရွားသမၼတပူတင္ဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ အျပန္အလွန္ကာကြယ္ေရးဆိုင္ရာျပ႒ာန္းခ်က္ေတြပါဝင္တဲ့ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးသေဘာတူစာခ်ဳပ္ကို ဥပေဒအျဖစ္ တရားဝင္လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.