လက်ရှိအချိန်အထိ ဒေါ်နယ်ထရမ့်အစိုးရနဲ့ ဆက်သွယ်တာမျိုးမရှိသေးကြောင်း ရုရှားအစိုးရပြော

 348

Pika (NP News) - ဇန်နဝါရီ ၂၈

ရုရှားအ‌စိုးရဟာ အမေရိကန်အစိုးရအသစ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားပေမယ့်လည်း လက်ရှိအချိန်အထိ ဆက်သွယ်တာမျိုးတွေမရှိသေးဘူးလို့ ရုရှားနိုင်ငံခြား ရေးဒုဝန်ကြီး ဆာဂေးရိုက်ယက်ကော့ဗ်ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်နဲ့ရုရှားနိုင်ငံ သမ္မတတို့ကြား ဖုန်းခေါ်ဆိုမှုတွေလုပ်ဆောင်ဖို့ စီစဉ်ထားတာမျိုးမရှိသလို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှု ဒါမှမဟုတ် နားလည်မှုတွေမရှိသေးဘူးလို့ ဆာ‌ဂေးရိုက်ယက်ကော့ဗ်ကပြောကြားခဲ့ပါတယ်။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ရုရှားသမ္မတပူတင်နဲ့ တတ်နိုင်သမျှ အမြန်ဆုံးတွေ့ ဆုံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားဘက်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဒေါ်နယ်ထရမ့်အစိုးရဆီကနေ အချက်ပြမှုတွေကို စောင့်ဆိုင်းနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဆာဂေးရိုက်ယက်ကော့ဗ်က "ပူတင် ထပ်ခါတလဲလဲပြောခဲ့သလိုပဲ တွေ့ဆုံဆွေးနွေးမှုတွေ၊ အဆက်အသွယ်တွေ၊ စကားပြောဆိုမှုတွေနဲ့ အစည်းအဝေးတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လာမယ့်ဖေဖော်ဝါရီလကုန်မှာ တောင်အာဖရိကနိုင်ငံမှာကျင်းပမယ့် G20 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ရုရှားနိုင် ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် မာကိုရူဘီအိုတို့အကြား တွေ့ဆုံနိုင်ချေနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆာဂေးရိုက်ယက်ကော့ဗ်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက"လာမယ့် သီတင်းပတ်တွေအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်စရာပါပဲ။ ဘာမဆို ဖြစ်လာနိုင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
လက္ရွိအခ်ိန္အထိ ေဒၚနယ္ထရမ့္အစိုးရနဲ႔ ဆက္သြယ္တာမ်ိဳးမရွိေသးေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၂၈

႐ုရွားအ‌စိုးရဟာ အေမရိကန္အစိုးရအသစ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားေပမယ့္လည္း လက္ရွိအခ်ိန္အထိ ဆက္သြယ္တာမ်ိဳးေတြမရွိေသးဘူးလို႔ ႐ုရွားႏိုင္ငံျခား ေရးဒုဝန္ႀကီး ဆာေဂး႐ိုက္ယက္ေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္နဲ႔႐ုရွားႏိုင္ငံ သမၼတတို႔ၾကား ဖုန္းေခၚဆိုမႈေတြလုပ္ေဆာင္ဖို႔ စီစဥ္ထားတာမ်ိဳးမရွိသလို အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး သေဘာတူညီမႈ ဒါမွမဟုတ္ နားလည္မႈေတြမရွိေသးဘူးလို႔ ဆာ‌ေဂး႐ိုက္ယက္ေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။

ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားသမၼတပူတင္နဲ႔ တတ္ႏိုင္သမွ် အျမန္ဆုံးေတြ႕ ဆုံဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားဘက္ကလည္း ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ေဒၚနယ္ထရမ့္အစိုးရဆီကေန အခ်က္ျပမႈေတြကို ေစာင့္ဆိုင္းေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

ဆာေဂး႐ိုက္ယက္ေကာ့ဗ္က "ပူတင္ ထပ္ခါတလဲလဲေျပာခဲ့သလိုပဲ ေတြ႕ဆုံေဆြးေႏြးမႈေတြ၊ အဆက္အသြယ္ေတြ၊ စကားေျပာဆိုမႈေတြနဲ႔ အစည္းအေဝးေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ လမ္းဖြင့္ထားပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ လာမယ့္ေဖေဖာ္ဝါရီလကုန္မွာ ေတာင္အာဖရိကႏိုင္ငံမွာက်င္းပမယ့္ G20 အဖြဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအၿပီး ႐ုရွားႏိုင္ ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ မာကို႐ူဘီအိုတို႔အၾကား ေတြ႕ဆုံႏိုင္ေခ်နဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို ဆာေဂး႐ိုက္ယက္ေကာ့ဗ္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က"လာမယ့္ သီတင္းပတ္ေတြအတြင္းမွာ ဘာေတြျဖစ္လာမလဲဆိုတာကေတာ့ ပြင့္ပြင့္လင္းလင္း ေမးခြန္းထုတ္စရာပါပဲ။ ဘာမဆို ျဖစ္လာႏိုင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.