တရုတ် နဲ့ အီဂျစ်ကြား ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

213

Pika (NP News) - မေ ၇
တရုတ်နိုင်ငံဟာ အီဂျစ်နိုင်ငံနဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး အီဂျစ်ပိရ မစ်တွေတစ်ဝိုက်မှာ တရုတ်တိုက်လေယာဉ်တွေက ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အီဂျစ်နဲ့ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့မဟာဗျူဟာမြောက် ဩဇာလွှမ်းမိုးမှုကို ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်တိုက်လေ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေက ဆာဟာရသဲကန္တာရအပေါ်ဘက်မှာ ပျံသန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ အီဂျစ်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေကို ပိုမိုနက်ရှိုင်းလာတာကို ပြသတဲ့အချက်ပြမှုတစ်ခုဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုတွေဖြစ်ပွားခဲ့ပြီးနောက် တရုတ်နဲ့အီဂျစ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ တရုတ်စစ်တပ်က "ကျွန်တော်တို့နဲ့ အီဂျစ်တို့ကြား ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်းလာတာကို ပြသနေတာမျိုးဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
တ႐ုတ္ နဲ႔ အီဂ်စ္ၾကား ပထမဆုံးအႀကိမ္ပူးတြဲစစ္ေရးေလ့က်င့္မႈျပဳလုပ္
Pika (NP News) - ေမ ၇
တ႐ုတ္ႏိုင္ငံဟာ အီဂ်စ္ႏိုင္ငံနဲ႔ ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့ၿပီး အီဂ်စ္ပိရ မစ္ေတြတစ္ဝိုက္မွာ တ႐ုတ္တိုက္ေလယာဥ္ေတြက ပ်ံသန္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အီဂ်စ္နဲ႔ ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ေဒသတြင္းမွာ အေမရိကန္ရဲ႕မဟာဗ်ဴဟာေျမာက္ ဩဇာလႊမ္းမိုးမႈကို ေခ်မႈန္းပစ္ဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္တိုက္ေလ ယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြက ဆာဟာရသဲကႏၲာရအေပၚဘက္မွာ ပ်ံသန္းေနတဲ့ ဗီဒီယိုဖိုင္တစ္ခုကို တ႐ုတ္စစ္တပ္က ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ အီဂ်စ္နဲ႔ပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ႏွစ္ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြကို ပိုမိုနက္ရႈိင္းလာတာကို ျပသတဲ့အခ်က္ျပမႈတစ္ခုျဖစ္တယ္လို႔ တ႐ုတ္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ကမာၻ႔စီးပြားေရးအင္အားႀကီး ႏိုင္ငံႏွစ္ႏိုင္ငံျဖစ္တဲ့ အေမရိကန္နဲ႔တ႐ုတ္ၾကား ကုန္သြယ္ေရးတင္းမာမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္နဲ႔အီဂ်စ္တို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ တ႐ုတ္စစ္တပ္က "ကြၽန္ေတာ္တို႔နဲ႔ အီဂ်စ္တို႔ၾကား ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈက ႏွစ္ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြ ပိုမိုနက္ရႈိင္းလာတာကို ျပသေနတာမ်ိဳးျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။