ရန်ကုန်တိုင်အတွင်းခရိုင်ကြီး(၄)ခုမှ လူပေါင်း(၃၈၀၀)ကျော်ကို USDPပါတီက ပါတီဝင်အသစ်အဆိုပြုလွှာပေးအပ်

 233

သန့်ဇင်(NP News)-ဇူလိုင် ၁၃
ရန်ကုန်တိုင်ဒေသကြီးအတွင်းရှိ လှည်းကူးခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်နှင့် မှော်ဘီခရိုင်တို့မှ လူပေါင်း(၃၈၀၀)ကျော်ကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီဝင်အသစ်များ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့(ဇူလိုင်လ ၁၃ရက်)၊ နံနက် ၉နာရီအချိန်ခန့်က မရမ်းကုန်းမြို့နယ် Myanmar Convention Centre (MCC Hall)ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကတော့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခရိုင်ကြီး(၄)ခုပေါ့နော်။ အဲဒီခရိုင်တွေကတော့ မင်္ဂလာဒုံခရိုင်၊ မှော်ဘီ ခရိုင်၊ အင်းစိန်ခရိုင်နဲ့ လှဉ်းကူးခရိုင်ပေါ့။ အဲဒီခရိုင်(၄)ခုကနေပြီးတော့ အဆိုပြုလွှာ (၃၈၇၅)ဦးကို ပေးအပ်တဲ့ပွဲဖြစ်ပါတယ်။ တက်ရောက် လာတဲ့ ဦးရေအနေအထားအနေနဲ့ကတော့ (၄၀၀၀)ကျော်အထိတက်ရောက်အထိ တက်ရောက်သွားတာဖြစ်တဲ့အတွက် တချို့ ခုံမလောက် တဲ့အထိ လူတွေဟာအားကျိုးမန်တက်နဲ့တက်ရောက်လာတာတွေ့ရပါတယ်”ဟု ပါတီဗဟိုကော်မတီဝင်၊ ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက NP Newsကိုပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း လူငယ်အလွှာ၊ အမျိုးသမီးအလွှာ၊ တောင်သူလယ်သမားနှင့် အလုပ်သမားအလွှာများ ပါဝင်ပြီ သက်ဆိုင်ရာတာဝန်ခံများမှ ထိတွေ့မှုများရှိကြောင်း ၎င်းကဆိုသည်။
“လူငယ်တွေဘာကြောင့်ပါဝင်လာရလည်းဆိုရင် ပါတီဟာ အရေးကြုံလို့ရှိရင် ပြည်သူ့ရှေ့ကနေပြီးတော့မှ ပရဟိတလုပ်ငန်းများကို ချက် ချင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေအပေါ်မှာလည်း သူတို့လေးစားအားကျမိတယ်။ အနာဂတ်နိုင်ငံတော်အတွက်လည်း သူတို့တွေ ပူးပေါင်း ဆောင်ရွက်ချင်တာဖြစ်တဲ့အတွက်ပါတီဝင်လာကြတာဖြစ်တယ်လို့ သူတို့ပြောသွားတာကျတာရှိတယ်”ဟု ၎င်းကဆက် ပြောသည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း လူငယ်အခန်းကဏ္ဍအား မဟာဗျူဟာများနှင့် နည်းဗျူဟာပေါင်းများ စွာချမှတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

Zawgyi Version:
ရန္ကုန္တိုင္အတြင္းခ႐ိုင္ႀကီး(၄)ခုမွ လူေပါင္း(၃၈၀၀)ေက်ာ္ကို USDPပါတီက ပါတီဝင္အသစ္အဆိုျပဳလႊာေပးအပ္
သန႔္ဇင္(NP News)-ဇူလိုင္ ၁၃
ရန္ကုန္တိုင္ေဒသႀကီးအတြင္းရွိ လွည္းကူးခ႐ိုင္၊ မဂၤလာဒုံခ႐ိုင္၊ အင္းစိန္ခ႐ိုင္ႏွင့္ ေမွာ္ဘီခ႐ိုင္တို႔မွ လူေပါင္း(၃၈၀၀)ေက်ာ္ကို ျပည္ေထာင္ စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ(USDP)က ပါတီဝင္အဆိုျပဳလႊာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပါတီဝင္အသစ္မ်ား အဆိုျပဳလႊာေပးအပ္ပြဲအခမ္းအနားကို ယေန႔(ဇူလိုင္လ ၁၃ရက္)၊ နံနက္ ၉နာရီအခ်ိန္ခန႔္က မရမ္းကုန္းၿမိဳ႕နယ္ Myanmar Convention Centre (MCC Hall)ခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔ကေတာ့ ကြၽန္ေတာ္တို႔က ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ခ႐ိုင္ႀကီး(၄)ခုေပါ့ေနာ္။ အဲဒီခ႐ိုင္ေတြကေတာ့ မဂၤလာဒုံခ႐ိုင္၊ ေမွာ္ဘီ ခ႐ိုင္၊ အင္းစိန္ခ႐ိုင္နဲ႔ လွဥ္းကူးခ႐ိုင္ေပါ့။ အဲဒီခ႐ိုင္(၄)ခုကေနၿပီးေတာ့ အဆိုျပဳလႊာ (၃၈၇၅)ဦးကို ေပးအပ္တဲ့ပြဲျဖစ္ပါတယ္။ တက္ေရာက္ လာတဲ့ ဦးေရအေနအထားအေနနဲ႔ကေတာ့ (၄၀၀၀)ေက်ာ္အထိတက္ေရာက္အထိ တက္ေရာက္သြားတာျဖစ္တဲ့အတြက္ တခ်ိဳ႕ ခုံမေလာက္ တဲ့အထိ လူေတြဟာအားက်ိဳးမန္တက္နဲ႔တက္ေရာက္လာတာေတြ႕ရပါတယ္”ဟု ပါတီဗဟိုေကာ္မတီဝင္၊ ေျပာေရး ဆိုခြင့္ရွိသူ ဦးသိန္းထြန္း ဦးက NP Newsကိုေျပာသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအတြင္း လူငယ္အလႊာ၊ အမ်ိဳးသမီးအလႊာ၊ ေတာင္သူလယ္သမားႏွင့္ အလုပ္သမားအလႊာမ်ား ပါဝင္ၿပီ သက္ဆိုင္ရာတာဝန္ခံမ်ားမွ ထိေတြ႕မႈမ်ားရွိေၾကာင္း ၎ကဆိုသည္။
“လူငယ္ေတြဘာေၾကာင့္ပါဝင္လာရလည္းဆိုရင္ ပါတီဟာ အေရးႀကဳံလို႔ရွိရင္ ျပည္သူ႔ေရွ႕ကေနၿပီးေတာ့မွ ပရဟိတလုပ္ငန္းမ်ားကို ခ်က္ ခ်င္းေဆာင္႐ြက္တဲ့ လုပ္ငန္းေတြအေပၚမွာလည္း သူတို႔ေလးစားအားက်မိတယ္။ အနာဂတ္ႏိုင္ငံေတာ္အတြက္လည္း သူတို႔ေတြ ပူးေပါင္း ေဆာင္႐ြက္ခ်င္တာျဖစ္တဲ့အတြက္ပါတီဝင္လာၾကတာျဖစ္တယ္လို႔ သူတို႔ေျပာသြားတာက်တာရွိတယ္”ဟု ၎ကဆက္ ေျပာသည္။
ထို႔ျပင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္လည္း လူငယ္အခန္းက႑အား မဟာဗ်ဴဟာမ်ားႏွင့္ နည္းဗ်ဴဟာေပါင္းမ်ား စြာခ်မွတ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ဦးသိန္းထြန္းဦးက ဆိုသည္။

Related news

© 2021. All rights reserved.