တူရကီတွင် နှစ်ပေါင်း (၄၀)ကြာလက်နက်ကိုင်ခဲ့သည့် ကာဒစ် PKK အဖွဲ့ လက်နက်စွန့်လွှတ်

239

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃
တူရကီနိုင်ငံတွင် နှစ်ပေါင်း (၄၀)ကြာ လက်နက်ကိုင်တိုက်ခိုက်နေသည့် ကာဒစ် PKK သည် အစိုးရထံ လက်နက်ချ လိုက်ကြောင်း သိရသည်။ အဆိုပါလက်နက်ကိုင်အဖွဲ့၏ လက်နက်စွန့်လွှတ်ခြင်းကို ဇူလိုင် (၁၁) ရက်က အခမ်း အနားဖြင့် ကျင်းပခဲ့ပြီး လုံခြုံရေးတင်းကြပ်ခဲ့ကြောင်း သိရသည်။
တူရကီသမ္မတ အာဒိုဂမ်သည် အစိုးရကို နှစ်ပေါင်း (၄၀) ကြာ တိုက်ခိုက်ပြီးနောက် လက်နက်ချ ခဲ့သည့် လက်နက်ကိုင်အဖွဲ့၏လုပ်ရပ်များကို ချီးကျူးခဲ့သည်။ တူရကီသမ္မတက “နိုင်ငံမှာဖြစ်ခဲ့တဲ့ သွေးထွက်သံယိုဖြစ်ပွား မှုကို လုံးဝဆုတ်ဖြဲပြီး လွှင့်ပစ်တာ” ဟု ပြောသည်။
ကာဒစ် PKK အဖွဲ့က လက်နက်ကိုင်တိုက်ခိုက်မှုများ စတင်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း တူရကီနိုင်ငံတွင် လူပေါင်း (၄၀ဝဝ) ခန့် သေဆုံးခဲ့သည်။ ကာဒစ် PKK လက်နက်ကိုင်အဖွဲ့ကို အမေရိကန်၊ တူရကီ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ အဖွဲ့တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ကာဒစ် PKK ၏ လက်နက် စွန့်လွှတ်ခြင်းသည် တူရကီနိုင်ငံအပြင် အီရတ်၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့အပေါ်လည်း အကျိုးကျေးဇူးများ ဖြစ်လာဖွယ်ရှိသည်။
လက်နက် စွန့်လွှတ်ခြင်းအခမ်းအနားကို Suleymaniyah အရပ်ဒေသတွင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ တူရကီ လက်နက်ကိုင်အဖွဲ့၏ လက်နက်စွန့်လွှတ်ခြင်းအခမ်းအနားများကို လာမည့်လများအတွင်း တူရကီ၊ အီရတ် နှင့် ကာဒစ်စတန်ဒေသများတွင် ထပ်မံပြုလုပ်ဖွယ်ရှိနေသည်။ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးက “လက်နက်ကိုင်ပဋိပက္ခအဆင့်ကနေ ဒီမိုကရေစီနိုင်ငံရေးနဲ့ ဥပဒေအဆင့်ကို မိမိဆန္ဒအလျောက် ကူးပြောင်းခြင်း ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါလက်နက်ကိုင်အဖွဲ့သည် တူရကီနိုင်ငံတွင်လွတ်လပ်ရေးရယူရန်အတွက် (၁၉၈၄)ခုနှစ်တွင် စတင် လက်နက်ကိုင်ခဲ့ပြီး (၁၉၉၀) ပြည့်နှစ်တွင် ကာ့ဒ်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့သည်။

Zawgyi Version:
တူရကီတြင္ ႏွစ္ေပါင္း (၄၀)ၾကာလက္နက္ကိုင္ခဲ့သည့္ ကာဒစ္ PKK အဖြဲ႕ လက္နက္စြန႔္လႊတ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃
တူရကီႏိုင္ငံတြင္ ႏွစ္ေပါင္း (၄၀)ၾကာ လက္နက္ကိုင္တိုက္ခိုက္ေနသည့္ ကာဒစ္ PKK သည္ အစိုးရထံ လက္နက္ခ် လိုက္ေၾကာင္း သိရသည္။ အဆိုပါလက္နက္ကိုင္အဖြဲ႕၏ လက္နက္စြန႔္လႊတ္ျခင္းကို ဇူလိုင္ (၁၁) ရက္က အခမ္း အနားျဖင့္ က်င္းပခဲ့ၿပီး လုံၿခဳံေရးတင္းၾကပ္ခဲ့ေၾကာင္း သိရသည္။
တူရကီသမၼတ အာဒိုဂမ္သည္ အစိုးရကို ႏွစ္ေပါင္း (၄၀) ၾကာ တိုက္ခိုက္ၿပီးေနာက္ လက္နက္ခ် ခဲ့သည့္ လက္နက္ကိုင္အဖြဲ႕၏လုပ္ရပ္မ်ားကို ခ်ီးက်ဴးခဲ့သည္။ တူရကီသမၼတက “ႏိုင္ငံမွာျဖစ္ခဲ့တဲ့ ေသြးထြက္သံယိုျဖစ္ပြား မႈကို လုံးဝဆုတ္ၿဖဲၿပီး လႊင့္ပစ္တာ” ဟု ေျပာသည္။
ကာဒစ္ PKK အဖြဲ႕က လက္နက္ကိုင္တိုက္ခိုက္မႈမ်ား စတင္လုပ္ကိုင္ခဲ့ၿပီးေနာက္ပိုင္း တူရကီႏိုင္ငံတြင္ လူေပါင္း (၄၀ဝဝ) ခန႔္ ေသဆုံးခဲ့သည္။ ကာဒစ္ PKK လက္နက္ကိုင္အဖြဲ႕ကို အေမရိကန္၊ တူရကီ၊ ၿဗိတိန္ႏွင့္ ဥေရာပသမဂၢ အဖြဲ႕တို႔က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ ကာဒစ္ PKK ၏ လက္နက္ စြန႔္လႊတ္ျခင္းသည္ တူရကီႏိုင္ငံအျပင္ အီရတ္၊ ဆီးရီးယားႏွင့္ အီရန္ႏိုင္ငံတို႔အေပၚလည္း အက်ိဳးေက်းဇူးမ်ား ျဖစ္လာဖြယ္ရွိသည္။
လက္နက္ စြန႔္လႊတ္ျခင္းအခမ္းအနားကို Suleymaniyah အရပ္ေဒသတြင္ လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။ တူရကီ လက္နက္ကိုင္အဖြဲ႕၏ လက္နက္စြန႔္လႊတ္ျခင္းအခမ္းအနားမ်ားကို လာမည့္လမ်ားအတြင္း တူရကီ၊ အီရတ္ ႏွင့္ ကာဒစ္စတန္ေဒသမ်ားတြင္ ထပ္မံျပဳလုပ္ဖြယ္ရွိေနသည္။ လက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္တစ္ဦးက “လက္နက္ကိုင္ပဋိပကၡအဆင့္ကေန ဒီမိုကေရစီႏိုင္ငံေရးနဲ႔ ဥပေဒအဆင့္ကို မိမိဆႏၵအေလ်ာက္ ကူးေျပာင္းျခင္း ျဖစ္တယ္” ဟု ေျပာသည္။
အဆိုပါလက္နက္ကိုင္အဖြဲ႕သည္ တူရကီႏိုင္ငံတြင္လြတ္လပ္ေရးရယူရန္အတြက္ (၁၉၈၄)ခုႏွစ္တြင္ စတင္ လက္နက္ကိုင္ခဲ့ၿပီး (၁၉၉၀) ျပည့္ႏွစ္တြင္ ကာ့ဒ္ေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေပးရန္ ေတာင္းဆိုခဲ့သည္။