မြန်မာ့ရွေးကောက်ပွဲကို အနောက်နိုင်ငံများက တာဝန်အရကန့်ကွက်နေ

703

သန့်ဇင်(NP News)-ဇူလိုင်၁၃
လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အနောက်နိုင်ငံများက တာဝန်အရသာကန့်ကွက်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ(NDF)မှ ဒုတိယဥက္ကဋ္ဌဦးထက်အောင်ကျော်က ဆိုသည်။
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်ကာ လေးပတ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ပြုလုပ်သော ငြိမ်ချမ်းရေးဖိုရမ်အဖွင့်မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံအများစုကထောက် ခံထား သော်လည်း အနောက်ဥရောပနိုင်ငံအချို့မှာ တာဝန်အရသာ ကန့်ကွက်နေကြောင်း ဦးထက်အောင်ကျော် ဆိုသည်။
“စတည်းကိုက သူက တပ်မတော်က အာဏာရယူသွားတဲ့ ဖြစ်စဉ်တည်းကိုက သူက ကန့်ကွက်တာ။ ကန့်ကွက်တယ်ဆိုတဲ့အတွက်ကြောင့် လည်း သူရဲ့ ဆင့်ကဲဖြစ်စဉ်အရလို့တော့ ပြောနေရမှာပဲပေါ့နော်။ ဒါက သူ့တာ ဝန်လိုပေါ့။ ဒါပေမဲ့လို့ ဒီဘက်သံတမန်တွေနဲ့တွေ့တဲ့အခါ ကျလို့ရှိရင်တော့ သူတို့က ကန့်ကွက်တာဘာညာက ဝတ်တရားအရသာ ကန့်ကွက် နေတယ်လို့တော့ ကျွန်တော်တို့မြင်တယ်ပေါ့နော်။ လွှတ်တော်ပြန်ပေါ်လာမယ်။ လွှတ်တော် ကနေမှ အစိုးရပေါ်လာမယ်။ ဒီအပေါ်မှ အာဏာ(၃)ရပ်ခွဲဝေကျင့် သုံးပြီဆိုတဲ့အခါမှာလည်း သူတို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နော်။ ကျွန်တော်တို့ရှေ့မှာလည်း လက်ခံရှိပြီးသားပေါ့နော် (၂၀၁၀)မှာလည်း ဒီလိုပဲ။ မထောက်ခံဘူးနဲ့ ဒီဘက်က ပြုပြင်ပြောင်းလဲရေး များဖြစ်လိုက်တဲ့အခါကျတော့လည်း အဆင်ပြေသွားတာပဲပေါ့နော်”ဟု ဦးထက် အောင်ကျော်က ဆိုသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများ၏ ထောက်ခံခြင်း၊ မထောက်ခံခြင်းကို ဂရုစိုက်နေပါက မိမိတို့လုပ်ဆောင်နေသော နိုင်ငံရေးအပြောင်းအလဲဆိုင်ရာကိစ္စရပ်များအတွက် နှောင့်နှေးနိုင်ကြောင်း ဦးထက်အောင်ကျော်က ဆိုသည်။
“ကျွန်တော်ကတော့ သူတို့ထောက်ခံခြင်းမထောက်ခံခြင်းကို သွားဂရုစိုက်နေရင် ကျွန်တော်တို့ ဒီဘက်က ကိုယ်လုပ်ရမယ့် ကိစ္စတွေနှောင့် နှေးတာ ပေါ့လေ။ အဲဒီတော့ ကိုယ်လုပ်စရာရှိတာကိုယ်လုပ်မယ်။ ကိုယ့်နိုင်ငံအကောင်းဆုံးဖြစ်ဖို့အတွက်က လက်ရှိအပြောင်း အလဲဖြစ် စဉ်တွေကို ချည်းကပ် နေတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးထံမှာ ဒီပုံစံကပဲ လူထုနစ်နာမှုအနည်းဆုံးပေါ့နော်။ လူထုထိခိုက်အနည်းဆုံးနဲ့ ပြောင်း လဲနိုင်တာ ဖြစ်တဲ့အတွက် ကြောင့် ဒီဟာကိုပဲ ပြောဆိုပြီးတော့သွားရမှာပေါ့နော်”ဟု ၎င်းကဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် တည်ငြိမ်သောအစိုးရတစ်ရပ်နှင့် ဒီမိုကရေစီအဆင့်အတန်းအရသွားရမည်ဆိုပါက ရွေးကောက်ပွဲဖြစ်ရမည်ကို ပြည်ပနိုင်ငံများကလည်း နားလည်ထားပြီးဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက လည်း ဆိုသည်။
“ဒီကိစ္စကို သူတို့လှိုက်လှိုက်လဲလဲနဲ့ အကူအညီပေးကြပါလိမ့်မယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ အသိအမှတ်ပြုကြပါလိမ့်မယ်။ တချို့ တွေကတော့ ဒီအချိန်မှာ ဒါနဲ့ပတ်သက်ပြီးတော့ ယုံကြည်ချင်မှယုံကြည်လိမ့်မယ်။ တချို့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ယုံကြည်ရမှု မရှိဘူး လို့ ပြောနေပေမယ့် ရွေးကောက်ပွဲသည်သာလျှင်အဖြေတစ်ခုကိုပေးနိုင်မယ်ဆိုတာ သူတို့သိပြီးသားဖြစ်တယ်။ ဒါကတော့ ရွေးကောက်ပွဲ ဟာ နိုင်ငံရေးအပြောင်းအလဲအတွက် မဖြစ်မနေလိုအပ်တဲ့ တစ်ခုလို့ ကျွန်တော်တို့ကမြင်ထားပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

Zawgyi Version:
ျမန္မာ့ေ႐ြးေကာက္ပြဲကို အေနာက္ႏိုင္ငံမ်ားက တာဝန္အရကန႔္ကြက္ေန
သန႔္ဇင္(NP News)-ဇူလိုင္၁၃
လာမည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ အေနာက္ႏိုင္ငံမ်ားက တာဝန္အရသာကန႔္ကြက္ေနျခင္းျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရ စီအင္အားစုပါတီ(NDF)မွ ဒုတိယဥကၠ႒ဦးထက္ေအာင္ေက်ာ္က ဆိုသည္။
ယခုႏွစ္ ဒီဇင္ဘာလ တတိယပတ္မွစတင္ကာ ေလးပတ္အတြင္း ေ႐ြးေကာက္ပြဲလုပ္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇြန္လ ၂၅ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ ၿငိမ္ခ်မ္းေရးဖိုရမ္အဖြင့္မိန႔္ခြန္းတြင္ ထည့္ သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွားႏွင့္ ထိုင္းႏိုင္ငံတို႔အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအမ်ားစုကေထာက္ ခံထား ေသာ္လည္း အေနာက္ဥေရာပႏိုင္ငံအခ်ိဳ႕မွာ တာဝန္အရသာ ကန႔္ကြက္ေနေၾကာင္း ဦးထက္ေအာင္ေက်ာ္ ဆိုသည္။
“စတည္းကိုက သူက တပ္မေတာ္က အာဏာရယူသြားတဲ့ ျဖစ္စဥ္တည္းကိုက သူက ကန႔္ကြက္တာ။ ကန႔္ကြက္တယ္ဆိုတဲ့အတြက္ေၾကာင့္ လည္း သူရဲ႕ ဆင့္ကဲျဖစ္စဥ္အရလို႔ေတာ့ ေျပာေနရမွာပဲေပါ့ေနာ္။ ဒါက သူ႔တာ ဝန္လိုေပါ့။ ဒါေပမဲ့လို႔ ဒီဘက္သံတမန္ေတြနဲ႔ေတြ႕တဲ့အခါ က်လို႔ရွိရင္ေတာ့ သူတို႔က ကန႔္ကြက္တာဘာညာက ဝတ္တရားအရသာ ကန႔္ကြက္ ေနတယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ျမင္တယ္ေပါ့ေနာ္။ လႊတ္ေတာ္ျပန္ေပၚလာမယ္။ လႊတ္ေတာ္ ကေနမွ အစိုးရေပၚလာမယ္။ ဒီအေပၚမွ အာဏာ(၃)ရပ္ခြဲေဝက်င့္ သုံးၿပီဆိုတဲ့အခါမွာလည္း သူတို႔အေနနဲ႔ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ေပါ့ ေနာ္။ ကြၽန္ေတာ္တို႔ေရွ႕မွာလည္း လက္ခံရွိၿပီးသားေပါ့ေနာ္ (၂၀၁၀)မွာလည္း ဒီလိုပဲ။ မေထာက္ခံဘူးနဲ႔ ဒီဘက္က ျပဳျပင္ေျပာင္းလဲေရး မ်ားျဖစ္လိုက္တဲ့အခါက်ေတာ့လည္း အဆင္ေျပသြားတာပဲေပါ့ေနာ္”ဟု ဦးထက္ ေအာင္ေက်ာ္က ဆိုသည္။
ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ျပည္ပႏိုင္ငံမ်ား၏ ေထာက္ခံျခင္း၊ မေထာက္ခံျခင္းကို ဂ႐ုစိုက္ေနပါက မိမိတို႔လုပ္ေဆာင္ေနေသာ ႏိုင္ငံေရးအေျပာင္းအလဲဆိုင္ရာကိစၥရပ္မ်ားအတြက္ ေႏွာင့္ေႏွးႏိုင္ေၾကာင္း ဦးထက္ေအာင္ေက်ာ္က ဆိုသည္။
“ကြၽန္ေတာ္ကေတာ့ သူတို႔ေထာက္ခံျခင္းမေထာက္ခံျခင္းကို သြားဂ႐ုစိုက္ေနရင္ ကြၽန္ေတာ္တို႔ ဒီဘက္က ကိုယ္လုပ္ရမယ့္ ကိစၥေတြေႏွာင့္ ေႏွးတာ ေပါ့ေလ။ အဲဒီေတာ့ ကိုယ္လုပ္စရာရွိတာကိုယ္လုပ္မယ္။ ကိုယ့္ႏိုင္ငံအေကာင္းဆုံးျဖစ္ဖို႔အတြက္က လက္ရွိအေျပာင္း အလဲျဖစ္ စဥ္ေတြကို ခ်ည္းကပ္ ေနတဲ့ ပုံသ႑ာန္အမ်ိဳးမ်ိဳးထံမွာ ဒီပုံစံကပဲ လူထုနစ္နာမႈအနည္းဆုံးေပါ့ေနာ္။ လူထုထိခိုက္အနည္းဆုံးနဲ႔ ေျပာင္း လဲႏိုင္တာ ျဖစ္တဲ့အတြက္ ေၾကာင့္ ဒီဟာကိုပဲ ေျပာဆိုၿပီးေတာ့သြားရမွာေပါ့ေနာ္”ဟု ၎ကဆိုသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ တည္ၿငိမ္ေသာအစိုးရတစ္ရပ္ႏွင့္ ဒီမိုကေရစီအဆင့္အတန္းအရသြားရမည္ဆိုပါက ေ႐ြးေကာက္ပြဲျဖစ္ရမည္ကို ျပည္ပႏိုင္ငံမ်ားကလည္း နားလည္ထားၿပီးျဖစ္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက လည္း ဆိုသည္။
“ဒီကိစၥကို သူတို႔လႈိက္လႈိက္လဲလဲနဲ႔ အကူအညီေပးၾကပါလိမ့္မယ္။ ၿပီးေတာ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အသိအမွတ္ျပဳၾကပါလိမ့္မယ္။ တခ်ိဳ႕ ေတြကေတာ့ ဒီအခ်ိန္မွာ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ယုံၾကည္ခ်င္မွယုံၾကည္လိမ့္မယ္။ တခ်ိဳ႕ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ယုံၾကည္ရမႈ မရွိဘူး လို႔ ေျပာေနေပမယ့္ ေ႐ြးေကာက္ပြဲသည္သာလွ်င္အေျဖတစ္ခုကိုေပးႏိုင္မယ္ဆိုတာ သူတို႔သိၿပီးသားျဖစ္တယ္။ ဒါကေတာ့ ေ႐ြးေကာက္ပြဲ ဟာ ႏိုင္ငံေရးအေျပာင္းအလဲအတြက္ မျဖစ္မေနလိုအပ္တဲ့ တစ္ခုလို႔ ကြၽန္ေတာ္တို႔ကျမင္ထားပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။