မိုးကုတ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ရေးပြင်ဆင်မှုစတင်

843

Pearl (NP News)-ဇူလိုင် ၁၃
တပ်မတော်က မိုးကုတ်ကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်လာ ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့ နှင့် နောင်ချိုမြို့အနီးတို့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး TNLA ဘက်က အခိုင်အမာ ခံစစ်ပြင်၍ ပြန်လည် တိုက်ခိုက်နေ သော်လည်း အထိနာနေကာ တချို့နေရာများ လက်လွှတ်ပေးနေရပြီဖြစ်ကြောင်း သိရသည်။
“နောင်ချိုဘက်မှာ ကွင်းလမ်းတွေကိုတော့ ပိတ်လိုက်ပြီ။ မိုးကုတ်နဲ့ ကျောက်မဲဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ နောင်ချိုမြို့နဲ့ အနီးဆုံးနေရာမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ TNLA ကတော့ အထိနာတာပေါ့လေ။ သူတို့ကိုယ်တိုင်လည်း တချို့နေရာတွေကနေ ဆုတ်ခွာတယ်။ အရင်ကဆို ကျောက်မဲမှာ TNLA အများအပြားရှိတယ်။ အခု သိပ်မရှိတော့တဲ့ အနေအထားတွေ တွေ့လာရတယ်”ဟု စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးက NP News သို့ ပြောသည်။
တပ်မတော်အနေဖြင့် နောင်ချို၊ ကျောက်မဲ ဒေသများတွင် စစ်ရေးအသာရနေသည့် အပြင် TNLA များထိန်းချုပ်ကာ သယံဇာတများ အထိန်းအကွပ်မဲ့ တူးဖော်ခံနေရသည့် မန္တလေးတိုင်းဒေသကြီး၊ မိုး ကုတ်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရေး ပြင်ဆင်လာသည်ကို တွေ့ရကြောင်း သိရသည်။ “မိုးကုတ်၊ နောင်ချိုရယ်၊ ကျောက်မဲရယ် အနေအထားကတော့ နဂိုထက်စာရင် တိုက်ပွဲတွေ ခပ်စိပ်စိပ်တွေ့လာရ တယ်။ မိုးကုတ်ကို တပ်မတော်က ပြန်ပြီးထိန်းချုပ်ဖို့၊ ပြန်ပြီး စိုးမိုးဖို့ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်တိုက်ခိုက်မှု လေးတွေ တွေ့လာရတယ်။ လက်နက်ကိုင်တွေဘက်က အခုတော့ ခံစစ်အနေအထားရယ် တချို့နေရာ တွေ လက်လွှတ်လိုက်ရတဲ့အနေအထားရယ် တွေ့ရတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

Zawgyi Version:
မိုးကုတ္ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေရး စစ္ေရးျပင္ဆင္မႈစတင္
Pearl (NP News)-ဇူလိုင္ ၁၃
တပ္မေတာ္က မိုးကုတ္ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ေရး စစ္ေရးျပင္ဆင္မႈမ်ားလုပ္ေဆာင္လာ ေၾကာင္း စစ္ေရးေလ့လာသုံးသပ္သူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕ ႏွင့္ ေနာင္ခ်ိဳၿမိဳ႕အနီးတို႔တြင္ တပ္မေတာ္ႏွင့္ TNLA တို႔ တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားေနၿပီး TNLA ဘက္က အခိုင္အမာ ခံစစ္ျပင္၍ ျပန္လည္ တိုက္ခိုက္ေန ေသာ္လည္း အထိနာေနကာ တခ်ိဳ႕ေနရာမ်ား လက္လႊတ္ေပးေနရၿပီျဖစ္ေၾကာင္း သိရသည္။
“ေနာင္ခ်ိဳဘက္မွာ ကြင္းလမ္းေတြကိုေတာ့ ပိတ္လိုက္ၿပီ။ မိုးကုတ္နဲ႔ ေက်ာက္မဲဘက္ေတြမွာ တိုက္ပြဲေတြျဖစ္ေနတယ္။ ေနာင္ခ်ိဳၿမိဳ႕နဲ႔ အနီးဆုံးေနရာမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနတယ္။ TNLA ကေတာ့ အထိနာတာေပါ့ေလ။ သူတို႔ကိုယ္တိုင္လည္း တခ်ိဳ႕ေနရာေတြကေန ဆုတ္ခြာတယ္။ အရင္ကဆို ေက်ာက္မဲမွာ TNLA အမ်ားအျပားရွိတယ္။ အခု သိပ္မရွိေတာ့တဲ့ အေနအထားေတြ ေတြ႕လာရတယ္”ဟု စစ္ေရးေလ့လာ သုံးသပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
တပ္မေတာ္အေနျဖင့္ ေနာင္ခ်ိဳ၊ ေက်ာက္မဲ ေဒသမ်ားတြင္ စစ္ေရးအသာရေနသည့္ အျပင္ TNLA မ်ားထိန္းခ်ဳပ္ကာ သယံဇာတမ်ား အထိန္းအကြပ္မဲ့ တူးေဖာ္ခံေနရသည့္ မႏၲေလးတိုင္းေဒသႀကီး၊ မိုး ကုတ္ၿမိဳ႕ကိုလည္း ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေရး ျပင္ဆင္လာသည္ကို ေတြ႕ရေၾကာင္း သိရသည္။ “မိုးကုတ္၊ ေနာင္ခ်ိဳရယ္၊ ေက်ာက္မဲရယ္ အေနအထားကေတာ့ နဂိုထက္စာရင္ တိုက္ပြဲေတြ ခပ္စိပ္စိပ္ေတြ႕လာရ တယ္။ မိုးကုတ္ကို တပ္မေတာ္က ျပန္ၿပီးထိန္းခ်ဳပ္ဖို႔၊ ျပန္ၿပီး စိုးမိုးဖို႔ ဒီရက္ပိုင္းမွာ ခပ္စိပ္စိပ္တိုက္ခိုက္မႈ ေလးေတြ ေတြ႕လာရတယ္။ လက္နက္ကိုင္ေတြဘက္က အခုေတာ့ ခံစစ္အေနအထားရယ္ တခ်ိဳ႕ေနရာ ေတြ လက္လႊတ္လိုက္ရတဲ့အေနအထားရယ္ ေတြ႕ရတယ္” ဟု ၎က ဆက္လက္ ေျပာသည္။