စစ်ပွဲကို အိန္ဒိယဘက်က စတင်ပြီ ပါကစ္စတန်ဘက် ချန်နက်မြစ်ရေ လျော့နည်းလာ၊ စာသင်ကျောင်းများ ပိတ်ထားလိုက်ရ

1563

Htay Oung (NP News) - မေ ၇
ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေနေရာအတွင်းရှိ အကြမ်းဖက်စစ်သွေး ကြွတို့ရဲ့ စခန်း(၉)ခုကို ယနေ့(မေလ ၇ ရက်) မှာ အိန္ဒိယက တိုက်ခိုက်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Bdnews 24 ဒစ်ဂျစ်တယ်သတင်းမီဒီယာက ယနေ့ ရေးသားပါတယ်။
အာရုံစူးစိုက် တိုင်းတာစစ်ဆေးပြီး ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယရဲ့အပြုအမူဟာ သဘောသဘာဝအရ ပြင်းထန်မှု မရှိ၊ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုလည်း ပစ်မှတ်ထားခြင်း မရှိကြောင်း၊ ပစ်မှတ်ရွေး ချယ်မှုနဲ့ ချေမှုန်းမှုနည်းလမ်းများမှာ အထူးတလည် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့လက ဟိန္ဒူခရီးသွားများကို တိုက်ခိုက်ခံရမှုအပြီး တင်းမာမှုတွေ မြင့်တက်နေခိုက် အိန္ဒိယရဲ့ ယခုတိုက်စစ်က အဲဒီတင်းမာမှုတွေကို အရှိန်မြင့်တက်လာစေခဲ့ပြီဖြစ်ပါ တယ်။ ဧပြီ ၂၂ ရက် အစ္စလာမ်မစ် အကြမ်းဖက်သမားတို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦး သေဆုံးခဲ့ပြီး လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၀ နီးပါးမှာ အိန္ဒိယနိုင်ငံအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။
ကာလနှစ်ရှည် ထိပ်တိုက်တွေခဲ့ကြတဲ့ အိမ်နီးချင်း ရန်ဘက်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး ထိုးနှက်လာမှုကြောင့် တုံ့ပြန်ရန် ရွေးချယ်မှုများလည်း တိုးမြင့်လာရတယ်လို့ ပါကစ္စတန်က ပြောပါတယ်။ အိန္ဒိယဘက် မစ်ဆိုင်းလ် (၃)စင်းပစ်ခတ်ခဲ့ကြောင်း၊ ပါကစ္စတန်ကို တိုက်ရိုက်တိုက်ခိုက်ရန် သရဲဘောကြောင်စွာ စီစဉ်ထားတဲ့ ယခုလုပ်ရပ်ကို “အကြမ်းဖက်အခြေခံ အဆောက်အအုံများအဖြစ် နယူးဒေလီက လုပ်ကြံပြောဆို ဖုံးကွယ်ခဲ့တယ်လို့ ရှင်းလင်း ချက်ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုများ၊ မီးတောက်မီးလျှံများနဲ့ ညဉ့်ကောင်းကင်ယံကို လှိမ့်တက်နေတဲ့ မီးခိုးလုံးကြီးများ၊ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအတော်များများမှာ လူအများပြေးလွှားနေကြပုံ ဗီဒီယိုကို အိန္ဒိ သတင်းမီဒီယာများက ထုတ်လွှင့်ပြသနေကြပါတယ်။ ရိုက်တာသတင်းအေဂျင်စီအနေနဲ့ အဲ့ဒီဗီဒီယိုဖိုင်ကို သီး ခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာရှစ်ကတော့ အိန္ဒိယက ပစ်မှတ်ထားခဲ့တဲ့ နေရာများ အားလုံးဟာ အရပ်ဖက်လူနေရပ်ကွက်များဖြစ်ပြီး စစ်သွေးကြွစခန်းများ မဟုတ်ဘူးလို့ Geo သတင်းအေဂျင်စီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။ အိန္ဒိယဘက်က တိုက်ခိုက်ခဲ့တဲ့နေရာများမှာ ဗလီနှစ်ခုပါဝင်ကြောင်း၊ သုံးဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူထံမှ သိရှိရပါ တယ်။
အိန္ဒိယဟာ သူတို့ရဲ့ လေကြောင်းပိုင်နက် အတွင်းမှ ဒုံးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အိန္ဒိယပြောသလို အကြမ်းဖက်သမား စခန်းတွေကို ပစ်မှတ်ထား တယ်ဆိုတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအပြီး အိန္ဒိယတပ်မတော်အနေနဲ့ တရားမျှတစွာ ဆောင်ရွက်ခဲ့တယ်လို့ နယူးဒေလီက ဗုဒ္ဓဟူးနေ့ X လူမှုကွန်ရက် ပလက်ဖောင်းမှာ ရေးပါတယ်။ ပြီးခဲ့တဲ့လက လူ ၂၆ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုအတွက် အိန္ဒိယက ပါကစ္စတန်အပေါ် အပြစ်တင်ခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။ သတ်ဖြတ်မှုများနဲ့ တစ်စုံတစ်ရာပတ်သက်ခြင်းမရှိကြောင်း ပါကစ္စ တန်က ငြင်းဆိုပြီး နယူးဒေလီက တိုက်ခိုက်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်းရရှိတယ်လို့ ပြောပါတယ်။
အိန္ဒိယတပ်မတော်ရဲ့ ယခု စစ်ဆင်ရေးအမည် Sindoor “ဆင်ဒိုး” ဆိုတာ ပြီးခဲ့တဲ့လ တိုက်ခိုက်မှုကြောင့် အိမ် ထောင်ဦးစီး ခင်ပွန်းသည် ဆုံးရှုံးရရှာသူ အမျိုးသမီးများကို ရည်ညွှန်းကြောင်း ထင်ရှားနေပါတယ်။ ဟိန္ဒူ ဘာ သာ ဆင်းဒိုး ဆိုတာ ဟိန္ဒူဘာသာဝင်အမျိုးသမီးများ မုဆိုးမဖြစ်သွားတဲ့အခါ နဖူးပြင်ပေါ်မှာ ဟင်္သပဒါးနဲ့ ရိုးရာ ဓလေ့ ခြယ်သလေ့ရှိတဲ့ အနီရောင် အမှတ်အသားဖြစ်ပါတယ်။ ပါကစ္စတန်ဘက်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက် ချန်နက်မြစ်ပေါ်ရှိ ရေအား လျှပ်စစ်ဆည်ကြီး (၂)ခုမှ ရေစီးဆင်းမှုကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယက စတင်ဖြတ်တောက်ခဲ့ပါတယ်။ ချန်နက်မြစ်ဟာ ပါကစ္စတန်တစ်နိုင်ငံ လုံးရဲ့ ၇၅% လူ သန်း ၂၀၀ ကျော်နဲ့ လယ်ယာမြေ ၉၀% တို့ အဓိက မှီခိုနေရတဲ့ အိန္ဒူမြစ်အတွင်း စီးဝင်တဲ့ မြစ်လက်တက်တစ်ခုဖြစ်ပါတယ်။
၁၉၆၀ ခုနှစ် အိန္ဒုမြစ်ရေသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြစ်ရေစီးဆင်းမှုကို ဖြတ်တောက်ခဲ့ရင် စစ်ပြုမှု အဖြစ် သတ်မှတ်မယ်လို့ အစ္စလာမ်မာဘတ်က ကြုံးဝါးနေစဉ် ပါကစ္စတန်ဘက် ချန်နက်မြစ်ရေဟာ ပုံမှန်ထက် ခန်းခြောက်စပြုလာနေကြောင်း ယခုအတိုင်းဆို ရေရရှိမှု ၂၁% ပြတ်လတ်သွားနိုင်တယ်လို့ “အိန္ဒုမြစ်အာဏာ ပိုင်အဖွဲ့” IRSA က ပြောဆိုကြောင်း “rediff”က ရေးပါတယ်။ အိန္ဒိယ ထောက်လှမ်းရေးဌာန သတင်းပြန်ကြားရေး စာမျက်နှာဖြစ်တဲ့ IDRW ရဲ့ ယနေ့နံနက်သတင်းတစ်ပုဒ်မှာတော့ နယူးဒေလီဟာ အာဖဂန်နစ္စတန်နိုင်ငံမှ ပါကစ္စတန်နိုင်ငံအတွင်းစီးဝင်နေတဲ့ မြစ်များအနက် သူ ငွေကြေး ထောက်ပံ့ထားတဲ့ ရေအားလျှပ်စစ်ဆည်များမှ ရေစီးဆင်းမှုကိုလည်း ဖြတ်တောက်ခြင်းဖြင့် အစ္စလာမ်မာဘတ်အပေါ် မဟာဗျူဟာမြောက် ဖိအားပေးလိမ့်မယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်က မစ်ဆိုင်းလ်များနဲ့ တိုက်ခိုက်အပြီး ယနေ့နံနက်ပိုင်းမှာ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထား တဲ့ ကက်ရှ်မီးယားဒေသအတွင်း စာသင်ကျောင်းများ ပိတ်ထားလိုက်ကြောင်း သတင်းများ တွေ့နေရပါတယ်။

zawgyi version
စစ္ပြဲကို အိႏၵိယဘက္က စတင္ၿပီ ပါကစၥတန္ဘက္ ခ်န္နက္ျမစ္ေရ ေလ်ာ့နည္းလာ၊ စာသင္ေက်ာင္းမ်ား ပိတ္ထားလိုက္ရ
Htay Oung (NP News) - ေမ ၇
ပါကစၥတန္ႏိုင္ငံနဲ႔ ပါကစၥတန္ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားနယ္ေျမေနရာအတြင္းရွိ အၾကမ္းဖက္စစ္ေသြး ႂကြတို႔ရဲ႕ စခန္း(၉)ခုကို ယေန႔(ေမလ ၇ ရက္) မွာ အိႏၵိယက တိုက္ခိုက္လိုက္တယ္လို႔ ဘဂၤလားေဒ့ရွ္အေျခစိုက္ Bdnews 24 ဒစ္ဂ်စ္တယ္သတင္းမီဒီယာက ယေန႔ ေရးသားပါတယ္။
အာ႐ုံစူးစိုက္ တိုင္းတာစစ္ေဆးၿပီး ေဆာင္႐ြက္ခဲ့တဲ့ အိႏၵိယရဲ႕အျပဳအမူဟာ သေဘာသဘာဝအရ ျပင္းထန္မႈ မရွိ၊ ပါကစၥတန္စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ားကိုလည္း ပစ္မွတ္ထားျခင္း မရွိေၾကာင္း၊ ပစ္မွတ္ေ႐ြး ခ်ယ္မႈနဲ႔ ေခ်မႈန္းမႈနည္းလမ္းမ်ားမွာ အထူးတလည္ ထိန္းသိမ္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း အိႏၵိယရဲ႕သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသမွာ ၿပီးခဲ့တဲ့လက ဟိႏၵဴခရီးသြားမ်ားကို တိုက္ခိုက္ခံရမႈအၿပီး တင္းမာမႈေတြ ျမင့္တက္ေနခိုက္ အိႏၵိယရဲ႕ ယခုတိုက္စစ္က အဲဒီတင္းမာမႈေတြကို အရွိန္ျမင့္တက္လာေစခဲ့ၿပီျဖစ္ပါ တယ္။ ဧၿပီ ၂၂ ရက္ အစၥလာမ္မစ္ အၾကမ္းဖက္သမားတို႔ရဲ႕ တိုက္ခိုက္မႈအတြင္း လူ ၂၆ ဦး ေသဆုံးခဲ့ၿပီး လြန္ခဲ့ တဲ့ ႏွစ္ေပါင္း ၂၀ နီးပါးမွာ အိႏၵိယႏိုင္ငံအတြင္း အရပ္သားမ်ားအေပၚ ပစ္မွတ္ထားတိုက္ခိုက္တဲ့ အဆိုး႐ြားဆုံး အၾကမ္းဖက္မႈလည္း ျဖစ္ပါတယ္။
ကာလႏွစ္ရွည္ ထိပ္တိုက္ေတြခဲ့ၾကတဲ့ အိမ္နီးခ်င္း ရန္ဘက္ႏွစ္ႏိုင္ငံအၾကား အဆိုး႐ြားဆုံး ထိုးႏွက္လာမႈေၾကာင့္ တုံ႔ျပန္ရန္ ေ႐ြးခ်ယ္မႈမ်ားလည္း တိုးျမင့္လာရတယ္လို႔ ပါကစၥတန္က ေျပာပါတယ္။ အိႏၵိယဘက္ မစ္ဆိုင္းလ္ (၃)စင္းပစ္ခတ္ခဲ့ေၾကာင္း၊ ပါကစၥတန္ကို တိုက္႐ိုက္တိုက္ခိုက္ရန္ သရဲေဘာေၾကာင္စြာ စီစဥ္ထားတဲ့ ယခုလုပ္ရပ္ကို “အၾကမ္းဖက္အေျခခံ အေဆာက္အအုံမ်ားအျဖစ္ နယူးေဒလီက လုပ္ႀကံေျပာဆို ဖုံးကြယ္ခဲ့တယ္လို႔ ရွင္းလင္း ခ်က္ထုတ္ျပန္ပါတယ္။
ေပါက္ကြဲမႈမ်ား၊ မီးေတာက္မီးလွ်ံမ်ားနဲ႔ ညဥ့္ေကာင္းကင္ယံကို လွိမ့္တက္ေနတဲ့ မီးခိုးလုံးႀကီးမ်ား၊ ပါကစၥတန္နဲ႔ ပါကစၥတန္ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသအေတာ္မ်ားမ်ားမွာ လူအမ်ားေျပးလႊားေနၾကပုံ ဗီဒီယိုကို အိႏၵိ သတင္းမီဒီယာမ်ားက ထုတ္လႊင့္ျပသေနၾကပါတယ္။ ႐ိုက္တာသတင္းေအဂ်င္စီအေနနဲ႔ အဲ့ဒီဗီဒီယိုဖိုင္ကို သီး ျခား အတည္ျပဳႏိုင္ျခင္း မရွိပါဘူး။ ပါကစၥတန္ ကာကြယ္ေရးဝန္ႀကီး ခါဝါဂ်ာ မိုဟာမက္ အာရွစ္ကေတာ့ အိႏၵိယက ပစ္မွတ္ထားခဲ့တဲ့ ေနရာမ်ား အားလုံးဟာ အရပ္ဖက္လူေနရပ္ကြက္မ်ားျဖစ္ၿပီး စစ္ေသြးႂကြစခန္းမ်ား မဟုတ္ဘူးလို႔ Geo သတင္းေအဂ်င္စီရဲ႕ ေမးျမန္းခ်က္ကို ျပန္လည္ေျဖဆိုပါတယ္။ အိႏၵိယဘက္က တိုက္ခိုက္ခဲ့တဲ့ေနရာမ်ားမွာ ဗလီႏွစ္ခုပါဝင္ေၾကာင္း၊ သုံးဦးထက္မနည္း ေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူထံမွ သိရွိရပါ တယ္။
အိႏၵိယဟာ သူတို႔ရဲ႕ ေလေၾကာင္းပိုင္နက္ အတြင္းမွ ဒုံးက်ည္မ်ားကို ပစ္ခတ္ခဲ့ျခင္းျဖစ္တယ္လို႔ ပါကစၥတန္ ကာကြယ္ေရးဝန္ႀကီးက အတည္ျပဳခဲ့ၿပီး အိႏၵိယေျပာသလို အၾကမ္းဖက္သမား စခန္းေတြကို ပစ္မွတ္ထား တယ္ဆိုတာ မဟုတ္ပါဘူးလို႔ ဆိုပါတယ္။ တိုက္ခိုက္မႈအၿပီး အိႏၵိယတပ္မေတာ္အေနနဲ႔ တရားမွ်တစြာ ေဆာင္႐ြက္ခဲ့တယ္လို႔ နယူးေဒလီက ဗုဒၶဟူးေန႔ X လူမႈကြန္ရက္ ပလက္ေဖာင္းမွာ ေရးပါတယ္။ ၿပီးခဲ့တဲ့လက လူ ၂၆ ဦး ေသဆုံးခဲ့ရတဲ့ အၾကမ္းဖက္မႈအတြက္ အိႏၵိယက ပါကစၥတန္အေပၚ အျပစ္တင္ခဲ့ၿပီး လက္တုံ႔ျပန္မယ္လို႔ ကတိျပဳခဲ့ပါတယ္။ သတ္ျဖတ္မႈမ်ားနဲ႔ တစ္စုံတစ္ရာပတ္သက္ျခင္းမရွိေၾကာင္း ပါကစၥ တန္က ျငင္းဆိုၿပီး နယူးေဒလီက တိုက္ခိုက္ရန္ စီစဥ္ေနေၾကာင္း ေထာက္လွမ္းေရးသတင္းရရွိတယ္လို႔ ေျပာပါတယ္။
အိႏၵိယတပ္မေတာ္ရဲ႕ ယခု စစ္ဆင္ေရးအမည္ Sindoor “ဆင္ဒိုး” ဆိုတာ ၿပီးခဲ့တဲ့လ တိုက္ခိုက္မႈေၾကာင့္ အိမ္ ေထာင္ဦးစီး ခင္ပြန္းသည္ ဆုံးရႈံးရရွာသူ အမ်ိဳးသမီးမ်ားကို ရည္ၫႊန္းေၾကာင္း ထင္ရွားေနပါတယ္။ ဟိႏၵဴ ဘာ သာ ဆင္းဒိုး ဆိုတာ ဟိႏၵဴဘာသာဝင္အမ်ိဳးသမီးမ်ား မုဆိုးမျဖစ္သြားတဲ့အခါ နဖူးျပင္ေပၚမွာ ဟသၤပဒါးနဲ႔ ႐ိုးရာ ဓေလ့ ျခယ္သေလ့ရွိတဲ့ အနီေရာင္ အမွတ္အသားျဖစ္ပါတယ္။ ပါကစၥတန္ဘက္က ဒုံးက်ည္စမ္းသပ္ပစ္လႊတ္ၿပီးေနာက္ ခ်န္နက္ျမစ္ေပၚရွိ ေရအား လွ်ပ္စစ္ဆည္ႀကီး (၂)ခုမွ ေရစီးဆင္းမႈကို ဗုဒၶဟူးေန႔မွာ အိႏၵိယက စတင္ျဖတ္ေတာက္ခဲ့ပါတယ္။ ခ်န္နက္ျမစ္ဟာ ပါကစၥတန္တစ္ႏိုင္ငံ လုံးရဲ႕ ၇၅% လူ သန္း ၂၀၀ ေက်ာ္နဲ႔ လယ္ယာေျမ ၉၀% တို႔ အဓိက မွီခိုေနရတဲ့ အိႏၵဴျမစ္အတြင္း စီးဝင္တဲ့ ျမစ္လက္တက္တစ္ခုျဖစ္ပါတယ္။
၁၉၆၀ ခုႏွစ္ အိႏၵဳျမစ္ေရသေဘာတူညီခ်က္ကို ေဖာက္ဖ်က္ၿပီး ျမစ္ေရစီးဆင္းမႈကို ျဖတ္ေတာက္ခဲ့ရင္ စစ္ျပဳမႈ အျဖစ္ သတ္မွတ္မယ္လို႔ အစၥလာမ္မာဘတ္က ႀကဳံးဝါးေနစဥ္ ပါကစၥတန္ဘက္ ခ်န္နက္ျမစ္ေရဟာ ပုံမွန္ထက္ ခန္းေျခာက္စျပဳလာေနေၾကာင္း ယခုအတိုင္းဆို ေရရရွိမႈ ၂၁% ျပတ္လတ္သြားႏိုင္တယ္လို႔ “အိႏၵဳျမစ္အာဏာ ပိုင္အဖြဲ႕” IRSA က ေျပာဆိုေၾကာင္း “rediff”က ေရးပါတယ္။ အိႏၵိယ ေထာက္လွမ္းေရးဌာန သတင္းျပန္ၾကားေရး စာမ်က္ႏွာျဖစ္တဲ့ IDRW ရဲ႕ ယေန႔နံနက္သတင္းတစ္ပုဒ္မွာေတာ့ နယူးေဒလီဟာ အာဖဂန္နစၥတန္ႏိုင္ငံမွ ပါကစၥတန္ႏိုင္ငံအတြင္းစီးဝင္ေနတဲ့ ျမစ္မ်ားအနက္ သူ ေငြေၾကး ေထာက္ပံ့ထားတဲ့ ေရအားလွ်ပ္စစ္ဆည္မ်ားမွ ေရစီးဆင္းမႈကိုလည္း ျဖတ္ေတာက္ျခင္းျဖင့္ အစၥလာမ္မာဘတ္အေပၚ မဟာဗ်ဴဟာေျမာက္ ဖိအားေပးလိမ့္မယ္လို႔ ဆိုပါတယ္။ အိႏၵိယဘက္က မစ္ဆိုင္းလ္မ်ားနဲ႔ တိုက္ခိုက္အၿပီး ယေန႔နံနက္ပိုင္းမွာ ပါကစၥတန္နဲ႔ ပါကစၥတန္ထိန္းခ်ဳပ္ထား တဲ့ ကက္ရွ္မီးယားေဒသအတြင္း စာသင္ေက်ာင္းမ်ား ပိတ္ထားလိုက္ေၾကာင္း သတင္းမ်ား ေတြ႕ေနရပါတယ္။