ပဲခူးတိုင်းတွင် ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်း ခွဲ၍ ကျင်းပမည်

 235

Pearl (NP News) - စက်တင်ဘာ ၁၄
ပဲခူးတိုင်းတွင် ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်း ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၁)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ် တို့တွင်လည်းကောင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ထည့်သွင်းထားပြီးဖြစ် သည့်အပြင် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကိုလည်း အတိအကျ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပသွား မည်ကာ ပြည်သူများ အေးချမ်းခြုံလုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့် မဲရုံ လုံခြုံရေးများကို အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရန် ပြောကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စေနိုင်ရေး ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများကလည်း ကော်မတီအလိုက်ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားကြစေလို ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ကြိုတင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပဲခူးတိုင္းတြင္ ေ႐ြးေကာက္ပြဲကို အပိုင္း (၃)ပိုင္း ခြဲ၍ က်င္းပမည္
Pearl (NP News) - စက္တင္ဘာ ၁၄
ပဲခူးတိုင္းတြင္ ေ႐ြးေကာက္ပြဲကို အပိုင္း (၃)ပိုင္း ခြဲ၍ က်င္းပမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၁)ရက္ေန႔က ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၌ တိုင္းေဒသႀကီးအတြင္း ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရး လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးတြင္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ဦးတည္ခ်က္(၄)ရပ္ တို႔တြင္လည္းေကာင္း အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးတို႔ကို ထည့္သြင္းထားၿပီးျဖစ္ သည့္အျပင္ ေ႐ြးေကာက္ပြဲက်င္းပမည့္ အခ်ိန္ကာလကိုလည္း အတိအက် ထုတ္ျပန္ထားၿပီးျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ပဲခူးတိုင္းေဒသႀကီးတြင္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား အပိုင္း(၃)ပိုင္းခြဲ၍ က်င္းပသြား မည္ကာ ျပည္သူမ်ား ေအးခ်မ္းၿခဳံလုံစြာ ဆႏၵမဲေပးႏိုင္ေရး၊ ကိုယ္စားလွယ္ေလာင္းမ်ား၏ လုံၿခဳံေရးႏွင့္ မဲ႐ုံ လုံၿခဳံေရးမ်ားကို အျခားမိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ ရန္ ေျပာၾကားခဲ့သည္။

အလားတူ တိုင္းေဒသႀကီးအတြင္း ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ(၂၈)ရက္ေန႔တြင္ စတင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲ ေအာင္ျမင္ေစႏိုင္ေရး ဘက္ေပါင္းစုံမွ အေလးထားေဆာင္႐ြက္သြားမွာျဖစ္ၿပီး သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားကလည္း ေကာ္မတီအလိုက္ေပးအပ္ထားသည့္ လုပ္ငန္းတာဝန္မ်ားကို ပူးေပါင္း ေဆာင္႐ြက္သြားၾကေစလို ေၾကာင္းႏွင့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ေႏွာင့္ယွက္ ဟန႔္တား ဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္ပတ္သက္၍ အမ်ားျပည္သူ က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိေစေရး ႀကိဳတင္ေဆာင္႐ြက္သြားရန္ လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.