ရုရှားနိုင်ငံ ကမ်ချတ်ကာဒေသ အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ ပြင်းအား ၇.၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်

191
ရောင်နီ (NP News) - စက်တင်ဘာ ၁၄
ရုရှားနိုင်ငံ၊ ကန်ချက်ကာဒေသ အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ စနေနေ့(စက်တင်ဘာ ၁၃ ရက်) က ပြင်းအား ၇.၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဆူနာမီသတိပေးဌာနက ငလျင်ကြောင့် ဆူနာမီဖြစ်နိုင်တဲ့ခြိမ်းခြောက်မှုရှိတယ်လို့ အစောပိုင်းက သတိပေးခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါငလျင်ကြောင့် ဆူနာမီလာမယ့်အန္တရာယ်တော့ မရှိသေးဘူးလို့ ဟာဝိုင်အီ အမေရိကန်အမျိုးသားမိုးလေဝသဌာနရဲ့ပစိဖိတ်ဆူနာမီ သတိပေးချက်စင်တာက ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါအပြင် ကန်ချက်ကာ ကျွန်းဆွယ်ရဲ့အနောက်တောင်ဘက် ဂျပန်နယ်နိမိတ်ထဲမှာလည်း ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိဘူးလို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆိုပါတယ်။ ထိခိုက်ပျက်စီးဆုံးရှုံးမှု သတင်းတွေကတော့ မသိရှိရသေးပါဘူး။
အမေရိကန်ဘူမိဗေဒ တိုင်းတာရေးမှ ဖော်ပြချက်အရ ငလျင်ဟာ ပြင်းအား ၇.၄ ရှိပြီး မြေပြင်အနက် ၃၉.၅ ကီလိုမီတာ (၂၄.၅ မိုင်) မှ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
႐ုရွားႏိုင္ငံ ကမ္ခ်တ္ကာေဒသ အေရွ႕ဘက္ကမ္း႐ိုးတန္းအနီးမွာ ျပင္းအား ၇.၄ ရွိ ငလ်င္တစ္ခု လႈပ္ခတ္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄
႐ုရွားႏိုင္ငံ၊ ကန္ခ်က္ကာေဒသ အေရွ႕ဘက္ကမ္း႐ိုးတန္းအနီးမွာ စေနေန႔(စက္တင္ဘာ ၁၃ ရက္) က ျပင္းအား ၇.၄ ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။
ဆူနာမီသတိေပးဌာနက ငလ်င္ေၾကာင့္ ဆူနာမီျဖစ္ႏိုင္တဲ့ၿခိမ္းေျခာက္မႈရွိတယ္လို႔ အေစာပိုင္းက သတိေပးခဲ့ ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဆိုပါငလ်င္ေၾကာင့္ ဆူနာမီလာမယ့္အႏၲရာယ္ေတာ့ မရွိေသးဘူးလို႔ ဟာဝိုင္အီ အေမရိကန္အမ်ိဳးသားမိုးေလဝသဌာနရဲ႕ပစိဖိတ္ဆူနာမီ သတိေပးခ်က္စင္တာက ျပန္လည္ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ ကန္ခ်က္ကာ ကြၽန္းဆြယ္ရဲ႕အေနာက္ေတာင္ဘက္ ဂ်ပန္နယ္နိမိတ္ထဲမွာလည္း ငလ်င္ေၾကာင့္ ဆူနာမီ သတိေပးခ်က္ ထုတ္ျပန္ထားျခင္း မရွိဘူးလို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီက ဆိုပါတယ္။ ထိခိုက္ပ်က္စီးဆုံးရႈံးမႈ သတင္းေတြကေတာ့ မသိရွိရေသးပါဘူး။
အေမရိကန္ဘူမိေဗဒ တိုင္းတာေရးမွ ေဖာ္ျပခ်က္အရ ငလ်င္ဟာ ျပင္းအား ၇.၄ ရွိၿပီး ေျမျပင္အနက္ ၃၉.၅ ကီလိုမီတာ (၂၄.၅ မိုင္) မွ လႈပ္ခတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။